အာဆင်နယ်က ထွက်ခွာမယ့် ထိပ်တန်းကစားသမား ၅ ဦးကို The Athletic ဖော်ပြ

[UNICODE]

နာမည်ကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနက လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းကနေ ထိပ်တန်းကစားသမား ၅ ဦး ထွက်ခွာသွားဖို့ရှိနေတယ်လို့ အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အဆိုပါ ကစားသမား ၅ ဦးကတော့ ဂိုးသမား ဘန်းဒ် လီနို၊ ခံစစ်မှူးတွေဖြစ်ကြတဲ့ ဒေးဗစ် လူးဝီးစ်နဲ့ ဟက်တာ ဘယ်လာရင်၊ ကွင်းလယ်လူ ဂရာနစ် ရှာခါနဲ့ တောင်ပံလူ ဝီလီယံတို့ဖြစ်တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြသွားပါတယ်။

၎င်းကစားသမားတွေထဲက ဒေးဗစ် လူးဝီးစ်ဟာ ရာသီကုန်ချိန်မှာ အသင်းနဲ့လမ်းခွဲတော့မှာဖြစ်ကြောင်း အတည်ပြုထားပြီး ဟက်တာ ဘယ်လာရင်ကလည်း ပီအက်စ်ဂျီထံပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ခိုင်ခိုင်မာမာထွက်ပေါ်နေပေမယ့် ကျန်ကစားသမားတွေကတော့ အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ ယခုရက်ပိုင်းမှာတင် ငြင်းဆိုထားကြသူတွေပါ။

ဒါပေမယ့်လည်း The Athletic နဲ့ Football Insider တို့ကတော့ အဆိုပါကစားသမား ၅ ဦးဟာ လာမယ့်နွေရာသီမှာ အမ်းမရိတ်ကနေ သေချာပေါက် ထွက်ခွာကြလိမ့်မယ်လို့ အခိုင်အမာ ဆိုနေကြပါတယ်။ ၎င်း ကစားသမား ၅ ဦးဟာ အာဆင်နယ်အသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်ကြပြီး ၅ ဦးပေါင်းဆိုရင် အသင်းအတွက် ပွဲပေါင်း ၆၈၂ ပွဲအထိ ကစားပေးထားကြသူတွေပါ။

Football Insider က သုံသပ်သူတွေဖြစ်ကြတဲ့ ပက်ဒီ ကန်နီနဲ့ အဒမ်စ် ဝီလီယံစ်တို့ကတော့ အဆိုပါကစားသမား ၅ ဦးရဲ့ လက်ရှိရာသီ စွမ်းဆောင်ရည်တွေအရ သူတို့ဘာသာ အသင်းကနေ မထွက်ခွာတောင် အာဆင်နယ်ဘက်က ရောင်းထုတ်သင့်တဲ့ကစားသမားတွေလို ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီမှာ နေရာ ၆ နေရာလောက်အထိ ကစားသမားဖြည့်တင်းဖို့ စီစဉ်နေတဲ့အသင်းဖြစ်ပြီး သူတို့ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကြောင့် အသင်းက ကစားသမား အမြောက်အများ ထွက်ခွာရဖို့ ရှိနေကြောင်းလည်း သတင်းထွက်ပေါ်နေတဲ့အသင်းဖြစ်ပါတယ်။

Source: The Athletic, Football Insider

[ZAWGYI]

နာမည္ေက်ာ္ သတင္းဌာနတစ္ခုျဖစ္တဲ့ The Athletic သတင္းဌာနက လာမယ့္ေႏြရာသီမွာ အာဆင္နယ္အသင္းကေန ထိပ္တန္းကစားသမား ၅ ဦး ထြက္ခြာသြားဖို႔ရွိေနတယ္လုိ႔ အခုိင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

အဆိုပါ ကစားသမား ၅ ဦးကေတာ့ ဂိုးသမား ဘန္းဒ္ လီႏို၊ ခံစစ္မွဴးေတြျဖစ္ၾကတဲ့ ေဒးဗစ္ လူးဝီးစ္နဲ႔ ဟက္တာ ဘယ္လာရင္၊ ကြင္းလယ္လူ ဂရာနစ္ ရွာခါနဲ႔ ေတာင္ပံလူ ဝီလီယံတို႔ျဖစ္တယ္လုိ႔ အဆုိပါသတင္းဌာနက ေဖာ္ျပသြားပါတယ္။

၎ကစားသမားေတြထဲက ေဒးဗစ္ လူးဝီးစ္ဟာ ရာသီကုန္ခ်ိန္မွာ အသင္းနဲ႔လမ္းခြဲေတာ့မွာျဖစ္ေၾကာင္း အတည္ျပဳထားျပီး ဟက္တာ ဘယ္လာရင္ကလည္း ပီအက္စ္ဂ်ီထံေျပာင္းေရႊ႕ေတာ့မယ္လုိ႔ သတင္းေတြ ခိုင္ခိုင္မာမာထြက္ေပၚေနေပမယ့္ က်န္ကစားသမားေတြကေတာ့ အသင္းကေန ထြက္ခြာမွာမဟုတ္ဘူးလို႔ ယခုရက္ပိုင္းမွာတင္ ျငင္းဆိုထားၾကသူေတြပါ။

ဒါေပမယ့္လည္း The Athletic နဲ႔ Football Insider တို႔ကေတာ့ အဆုိပါကစားသမား ၅ ဦးဟာ လာမယ့္ေႏြရာသီမွာ အမ္းမရိတ္ကေန ေသခ်ာေပါက္ ထြက္ခြာၾကလိမ့္မယ္လို႔ အခုိင္အမာ ဆိုေနၾကပါတယ္။ ၎ ကစားသမား ၅ ဦးဟာ အာဆင္နယ္အသင္းရဲ႕ ဝါရင့္ကစားသမားေတြျဖစ္ၾကျပီး ၅ ဦးေပါင္းဆိုရင္ အသင္းအတြက္ ပြဲေပါင္း ၆၈၂ ပြဲအထိ ကစားေပးထားၾကသူေတြပါ။

Football Insider က သံုသပ္သူေတြျဖစ္ၾကတဲ့ ပက္ဒီ ကန္နီနဲ႔ အဒမ္စ္ ဝီလီယံစ္တို႔ကေတာ့ အဆုိပါကစားသမား ၅ ဦးရဲ႕ လက္ရွိရာသီ စြမ္းေဆာင္ရည္ေတြအရ သူတို႔ဘာသာ အသင္းကေန မထြက္ခြာေတာင္ အာဆင္နယ္ဘက္က ေရာင္းထုတ္သင့္တဲ့ကစားသမားေတြလို ျပင္းျပင္းထန္ထန္ ေဝဖန္ေထာက္ျပခဲ့ၾကပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္ေႏြရာသီမွာ ေနရာ ၆ ေနရာေလာက္အထိ ကစားသမားျဖည့္တင္းဖို႔ စီစဥ္ေနတဲ့အသင္းျဖစ္ျပီး သူတို႔ရဲ႕ အေျပာင္းအေရႊ႕ အစီအစဥ္ေတြေၾကာင့္ အသင္းက ကစားသမား အေျမာက္အမ်ား ထြက္ခြာရဖို႔ ရွိေနေၾကာင္းလည္း သတင္းထြက္ေပၚေနတဲ့အသင္းျဖစ္ပါတယ္။

Source: The Athletic, Football Insider

Leave a Reply