
[UNICODE]
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူဟောင်း ရွိုင်းကိန်းက အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ဂန္တဝင်ကွင်းလယ်လူဟောင်း ပက်ထရစ် ဗီယာရာလို ကစားသမားမျိုးကို ပြန်လည်ပိုင်ဆိုင်သွားခဲ့ပြီလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
ရွိုင်ကိန်းဟာ မန်ယူအသင်းက အာဆင်နယ်အသင်းကို ဝ-၁ ရလဒ်နဲ့အရေးနိမ့်ခဲ့တဲ့ပွဲစဉ်က အာဆင်နယ်ကွင်းလယ်လူ သောမတ် ပါတေးရဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ပြီးတဲ့နောက်မှာ ခုလို သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းကွင်းလယ်က ပါတေးနဲ့ အယ်လ်နီနီတို့ဟာ ပွဲတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး Man of the Match ဆု ရရှိခဲ့တဲ့ သောမတ်ပါတေးရဲ့ စွမ်းဆောင်ရည်ဟာလည်း သိသာထင်ရှားစွာ ကောင်းမွန်လွန်းနေခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့ ကိန်းက ခုလို သုံးသပ်ခဲ့ပါတယ်။ “သူက တကယ်ကို ကောင်းလွန်းတယ်ဗျာ။ အသင်းကြီးအချင်းချင်းရင်ဆိုင်တဲ့ ပွဲကြီးတွေအတွက် ဘယ်လောက်တောင် အဆင့်သင့်ဖြစ်နေလဲဆိုတာကို မြင်နိုင်ပါတယ်။ သူက မာကျောတယ်၊ အင်တိုက်အားတိုက်ကစားတယ်၊ ကြံ့ခိုင်တယ်။ ရှေ့ကို ဘောလုံးပို့နိုင်သလို ပြိုင်ဘက်ဆီကလည်း လုယူနိုင်တယ်။ သူ့ကို မန်ယူမှာ မြင်ချင်ခဲ့တာဗျ” လို့ ကိန်းက told Sky Sports ကို ပြောခဲ့တာပါ။

ဒါ့အပြင် ကိန်းက ပါတေးဟာ ဗီယာရာနဲ့ အရမ်းတူတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။ “ကျွန်တော်နဲ့ ဗီယာရာအကြားမှာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာတွေ အများကြီးပါ။ ပြောနိုင်တာကတော့ ဒီကောင်လေးဟာ ဗီယာရာနဲ့ အရမ်းတူပါတယ်။ နောက်ထပ်ဗီယာရာဖြစ်လာမယ့် အခွင့်အလမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်” လို့လည်း ဆိုသွားခဲ့ပါတယ်။
ရွိုင်းကိန်းနဲ့ ပက်ထရစ် ဗီယာရာတို့ဟာ ဖာဂူဆန်-ဝင်းဂါးခေတ်တုန်းက ပရီးမီးယားလိဂ်ရဲ့ အင်အားအကြီးဆုံးအသင်း ၂ သင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူတွေဖြစ်ကြပြီး သူတို့ နှစ်ဦးရဲ့ သက်ဆိုင်ရာအသင်းတွေကို ဦးဆောင်နိုင်စွမ်းနဲ့ အချင်းချင်းအကြား ပြိုင်ဆိုင်မှုတွေဟာ ဒီကနေ့အချိန်အထိ ပရီးမီးယားလိဂ် ပရိတ်သတ်တွေအကြား တမ်းတပြောဆိုနေရဆဲ အဖြစ်အပျက်တွေဖြစ်ပါတယ်။
Source: Mail, Star, Sky Sports
[ZAWGYI]
မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ ဂႏၱဝင္ကြင္းလယ္လူေဟာင္း ရိြဳင္းကိန္းက အာဆင္နယ္အသင္းဟာ သူတို႔ရဲ႕ ဂႏၱဝင္ကြင္းလယ္လူေဟာင္း ပက္ထရစ္ ဗီယာရာလို ကစားသမားမ်ိဳးကို ျပန္လည္ပိုင္ဆိုင္သြားခဲ့ျပီလို႔ သံုးသပ္ေျပာဆိုလိုက္ပါတယ္။
ရိြဳင္ကိန္းဟာ မန္ယူအသင္းက အာဆင္နယ္အသင္းကို ၀-၁ ရလဒ္နဲ႔အေရးနိမ့္ခဲ့တဲ့ပြဲစဥ္က အာဆင္နယ္ကြင္းလယ္လူ ေသာမတ္ ပါေတးရဲ႕ ေျခစြမ္းကို ျမင္ေတြ႕ခဲ့ျပီးတဲ့ေနာက္မွာ ခုလို သံုးသပ္ေျပာဆိုလုိက္တာျဖစ္ပါတယ္။

အဆုိပါပြဲစဥ္မွာ အာဆင္နယ္အသင္းကြင္းလယ္က ပါေတးနဲ႔ အယ္လ္နီနီတို႔ဟာ ပြဲတစ္ခုလံုးကို လႊမ္းမိုးထားႏုိင္ခဲ့ျပီး Man of the Match ဆု ရရွိခဲ့တဲ့ ေသာမတ္ပါေတးရဲ႕ စြမ္းေဆာင္ရည္ဟာလည္း သိသာထင္ရွားစြာ ေကာင္းမြန္လြန္းေနခဲ့ပါတယ္။
ဒါနဲ႔ပတ္သက္ျပီးေတာ့ ကိန္းက ခုလို သံုးသပ္ခဲ့ပါတယ္။ “သူက တကယ္ကို ေကာင္းလြန္းတယ္ဗ်ာ။ အသင္းၾကီးအခ်င္းခ်င္းရင္ဆုိင္တဲ့ ပြဲၾကီးေတြအတြက္ ဘယ္ေလာက္ေတာင္ အဆင့္သင့္ျဖစ္ေနလဲဆိုတာကို ျမင္ႏုိင္ပါတယ္။ သူက မာေက်ာတယ္၊ အင္တုိက္အားတုိက္ကစားတယ္၊ ၾကံ့ခိုင္တယ္။ ေရွ႕ကို ေဘာလံုးပို႔ႏုိင္သလို ျပိဳင္ဘက္ဆီကလည္း လုယူႏုိင္တယ္။ သူ႔ကို မန္ယူမွာ ျမင္ခ်င္ခဲ့တာဗ်” လို႔ ကိန္းက told Sky Sports ကို ေျပာခဲ့တာပါ။

ဒါ့အျပင္ ကိန္းက ပါေတးဟာ ဗီယာရာနဲ႔ အရမ္းတူတယ္လို႔လည္း ဆိုခဲ့ပါေသးတယ္။ “ကၽြန္ေတာ္နဲ႔ ဗီယာရာအၾကားမွာ ထိပ္တိုက္ရင္ဆုိင္ခဲ့ရတာေတြ အမ်ားၾကီးပါ။ ေျပာႏုိင္တာကေတာ့ ဒီေကာင္ေလးဟာ ဗီယာရာနဲ႔ အရမ္းတူပါတယ္။ ေနာက္ထပ္ဗီယာရာျဖစ္လာမယ့္ အခြင့္အလမ္းေကာင္းကို ပိုင္ဆိုင္ထားပါတယ္” လုိ႔လည္း ဆိုသြားခဲ့ပါတယ္။
ရိြဳင္းကိန္းနဲ႔ ပက္ထရစ္ ဗီယာရာတို႔ဟာ ဖာဂူဆန္-ဝင္းဂါးေခတ္တုန္းက ပရီးမီးယားလိဂ္ရဲ႕ အင္အားအၾကီးဆံုးအသင္း ၂ သင္းရဲ႕ အသင္းေခါင္းေဆာင္ ကြင္းလယ္လူေတြျဖစ္ၾကျပီး သူတို႔ ႏွစ္ဦးရဲ႕ သက္ဆုိင္ရာအသင္းေတြကို ဦးေဆာင္ႏုိင္စြမ္းနဲ႔ အခ်င္းခ်င္းအၾကား ျပိဳင္ဆုိင္မႈေတြဟာ ဒီကေန႔အခ်ိန္အထိ ပရီးမီးယားလိဂ္ ပရိတ္သတ္ေတြအၾကား တမ္းတေျပာဆိုေနရဆဲ အျဖစ္အပ်က္ေတြျဖစ္ပါတယ္။
Source: Mail, Star, Sky Sports