
[UNICODE]
အာဆင်နယ်အသင်းအနေနဲ့ ကစားသမား ခေါ်ယူဖြည့်တင်းရာမှာ လက်စတာစီးတီးအသင်းကို အတုယူပြီး ပြုမူလုပ်ဆောင်သင့်တယ်လို့ ဂန္တဝင်ဟောင်း ဆိုးလ် ကမ်းဘဲလ်က တိုက်တွန်းပြောဆိုသွားပါတယ်။
အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဆဲလ်တစ်တိုက်စစ်မှူး အော့ဒ်ဆွန်နီ အီဒူယာ့ဒ်ကို ပေါင် ၁၅ သန်းတည်းနဲ့ ခေါ်ယူဖို့သဘောတူညီချက် ရယူပြထားတဲ့ လက်စတာစီးတီးအသင်းဟာ ကင်းထောက်ကွန်ယက်ကို အခိုင်အမာဖွဲ့စည်းထားပြီး အလားအလာရှိတဲ့ ရွက်ပုံးသီးကြယ်ပွင့်တွေကို သင့်လျော်တဲ့တန်ကြေးမျိုးပေးချေကာ ရှာဖွေခေါ်ယူလေ့ရှိတဲ့အသင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း သူတို့ တန်ကြေးချိုချိုနဲ့ ခေါ်ယူခဲ့တဲ့ အန်ဂိုလို ကန်တေ၊ ရိယာ့ဒ် မာရက်ဇ်၊ ဂျေမီ ဗာဒီ၊ ကက်စပါ ရှမိုက်ကယ်စတဲ့ကစားသမားတွေဟာ သူတို့အသင်းကို အမှတ်ပေးချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသလို ခုနောက်ပိုင်း ခေါ်ယူထားတဲ့ ဂျိမ်းစ် မက်ဒီဆင်၊ ယူရီ တိုင်လီမန်းစ်၊ ဝီးလ်ဖရက် အန်ဒီဒီ၊ ကက်ဂ်လာ ဆိုယွန်ကူ၊ ကီလီချီ အီဟီယာနာချိုနဲ့ ဝက်စ်လေ ဖိုဖာနာတို့ကလည်း FA ဖလား ကိုင်မြှောက်နိုင်အောင် ကူညီနိုင်ခဲ့ကြပါတယ်။
လက်စတာအသင်းက မက်ဂွိုင်းယား၊ တိုင်လီမန်းစ်၊ ကန်တေ၊ မာရက်ဇ်တို့လိုကစားသမားမျိုးတွေကို ဈေးချိုချိုနဲ့ဝယ်ယူပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ပြန်လည်ရောင်းချနိုင်ခဲ့တဲ့အပြင် အမှတ်ပေးချန်ပီယံဆု၊ FA ဖလားနဲ ချန်ပီယံလိဂ်ဝင်ခွင့်တွေကိုပါ တဆင့်ခြင်းရယူနေချိန်မှာ အာဆင်နယ်အသင်းကတော့ နောက်ဆုံး ၄ ရာသီမှာ ပေါင် သန်း ၄၀၀ ကျော် သုံးစွဲထားပေမယ့် ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်တဲ့အထိဖြစ်နေတာကို ကမ်းဘဲလ်က နှိုင်းယှဉ်ပြသွားခဲ့တာပါ။

“ကျွန်တော့်အမြင်အရဆိုရင်တော့ အာဆင်နယ်အသင်းအနေနဲ့ ခုနှစ်နွေရာသီမှာ ကစားသမား ဝယ်ယူမှုတွေကို ပြတ်ပြတ်သားသားပြုလုပ်ဖို့ လိုအပ်နေပါပြီ။ သူတို့ရဲ့ ပြဿနာက သွေသုံးနိုင်စွမ်းမဟုတ်ပါဘူး။ သူတို့ထက် အဆင့်မြင့်တဲ့အသင်းတွေနဲ့ ရင်ဘောင်တန်းလုနီးပါးကို သူတို့ ငွေသုံးနိုင်ပါတယ်။ သုံးလဲ သုံးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ အဲ့ဒီကလပ်တွေလို အဆင့်မျိုးကို ရောက်မလာပါဘူး။ ဒါကမှ အဓိက ပြဿနာပါ။ သူတို့အနေနဲ့ အရည်အသွေးမြင့်ကစားသမားတွေကို လိုအပ်နေပါတယ်။ ဒါပေမယ့် အစုလိုက်အပြုံလုံ တစ်စုတစ်ဝေးကြီး ဝယ်ယူဖို့ဆိုတာလဲ မဖြစ်နိုင်ပါဘူး။ ဒါက ဘယ်အသင်းအတွက်မဆို ခက်ခဲတဲ့ အခြေအနေမျိုးပါ” လို့ ခံစစ်မှူးဟောင်းက ပြောဆိုသွားပါတယ်။
“လက်စတာ လုပ်သွားတဲ့နည်းလမ်းဟာ နည်းလမ်းကောင်းပါ။ သူတို့က မှန်ကန်သင့်လျော်ပြီး အလားအလာကောင်းတဲ့ ရွက်ပုံးသီးလေးတွေကို အမိအရ ခေါ်ယူလေ့ရှိပါတယ်။ သူတို့ ခေါ်ခဲ့တဲ့ ကစားသမားတွေက တစ်ယောက်မှ ပေါင် သန်း ၅၀၊ ၆၀ မပေးခဲ့ရပါဘူး။ သူတို့ကိုယ်တိုင်လည်း ဒီလောက် မသုံးနိုင်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ အရည်အသွေးရှိတဲ့ကစားသမားတွေကို ပေါင် သန်း ၃၀ အောက် ပမာဏတွေနဲ့ချည်း ခေါ်ယူသွားတာပါ။ တကယ်တော့ ကစားသမားတစ်ယောက်ရဲ့ ခြေစွမ်းနဲ့ အံဝင်မှုက တန်ကြေးနဲ့ အမြဲထပ်တူမကျနေတတ်ပါဘူး။ ဒါကို သက်သေပြနေတာက အီတလီက အတ္တလန်တာနဲ့ နယ်သာလန်က အိုင်းယက်စ်တို့ပါပဲ။ ခုဆိုရင် လက်စတာပေါ့။ သူတို့က ဒီနည်းလမ်းနဲ့ အမှတ်ပေးဖလားရော၊ FA ဖလားပါ ယူသွားခဲ့တာပါ” လို့လည်း ကမ်းဘဲလ်က ဆိုသွားပါတယ်။
Source: The Sun, Metro, Football London
[ZAWGYI]
အာဆင္နယ္အသင္းအေနနဲ႔ ကစားသမား ေခၚယူျဖည့္တင္းရာမွာ လက္စတာစီးတီးအသင္းကို အတုယူျပီး ျပဳမူလုပ္ေဆာင္သင့္တယ္လုိ႔ ဂႏၱဝင္ေဟာင္း ဆိုးလ္ ကမ္းဘဲလ္က တိုက္တြန္းေျပာဆိုသြားပါတယ္။
အာဆင္နယ္အသင္းရဲ႕ အဓိကပစ္မွတ္ျဖစ္တဲ့ ဆဲလ္တစ္တုိက္စစ္မွဴး ေအာ့ဒ္ဆြန္နီ အီဒူယာ့ဒ္ကို ေပါင္ ၁၅ သန္းတည္းနဲ႔ ေခၚယူဖို႔သေဘာတူညီခ်က္ ရယူျပထားတဲ့ လက္စတာစီးတီးအသင္းဟာ ကင္းေထာက္ကြန္ယက္ကုိ အခိုင္အမာဖြဲ႕စည္းထားျပီး အလားအလာရွိတဲ့ ရြက္ပံုးသီးၾကယ္ပြင့္ေတြကို သင့္ေလ်ာ္တဲ့တန္ေၾကးမ်ိဳးေပးေခ်ကာ ရွာေဖြေခၚယူေလ့ရွိတဲ့အသင္းျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္း သူတို႔ တန္ေၾကးခ်ိဳခ်ိဳနဲ႔ ေခၚယူခဲ့တဲ့ အန္ဂိုလို ကန္ေတ၊ ရိယာ့ဒ္ မာရက္ဇ္၊ ေဂ်မီ ဗာဒီ၊ ကက္စပါ ရွမုိက္ကယ္စတဲ့ကစားသမားေတြဟာ သူတို႔အသင္းကို အမွတ္ေပးခ်န္ပီယံဆုရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၾကသလို ခုေနာက္ပိုင္း ေခၚယူထားတဲ့ ဂ်ိမ္းစ္ မက္ဒီဆင္၊ ယူရီ တိုင္လီမန္းစ္၊ ဝီးလ္ဖရက္ အန္ဒီဒီ၊ ကက္ဂ္လာ ဆိုယြန္ကူ၊ ကီလီခ်ီ အီဟီယာနာခ်ိဳနဲ႔ ဝက္စ္ေလ ဖိုဖာနာတို႔ကလည္း FA ဖလား ကိုင္ေျမွာက္ႏိုင္ေအာင္ ကူညီႏုိင္ခဲ့ၾကပါတယ္။
လက္စတာအသင္းက မက္ဂိြဳင္းယား၊ တိုင္လီမန္းစ္၊ ကန္ေတ၊ မာရက္ဇ္တို႔လိုကစားသမားမ်ိဳးေတြကို ေစ်းခ်ိဳခ်ိဳနဲ႔ဝယ္ယူျပီး ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးေတြနဲ႔ျပန္လည္ေရာင္းခ်ႏိုင္ခဲ့တဲ့အျပင္ အမွတ္ေပးခ်န္ပီယံဆု၊ FA ဖလားနဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ေတြကိုပါ တဆင့္ျခင္းရယူေနခ်ိန္မွာ အာဆင္နယ္အသင္းကေတာ့ ေနာက္ဆံုး ၄ ရာသီမွာ ေပါင္ သန္း ၄၀၀ ေက်ာ္ သံုးစြဲထားေပမယ့္ ဥေရာပဝင္ခြင့္နဲ႔ပါ လြဲေခ်ာ္တဲ့အထိျဖစ္ေနတာကို ကမ္းဘဲလ္က ႏိႈင္းယွဥ္ျပသြားခဲ့တာပါ။

“ကၽြန္ေတာ့္အျမင္အရဆိုရင္ေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ခုႏွစ္ေႏြရာသီမွာ ကစားသမား ဝယ္ယူမႈေတြကို ျပတ္ျပတ္သားသားျပဳလုပ္ဖို႔ လိုအပ္ေနပါျပီ။ သူတို႔ရဲ႕ ျပႆနာက ေသြသံုးႏုိင္စြမ္းမဟုတ္ပါဘူး။ သူတို႔ထက္ အဆင့္ျမင့္တဲ့အသင္းေတြနဲ႔ ရင္ေဘာင္တန္းလုနီးပါးကို သူတို႔ ေငြသံုးႏုိင္ပါတယ္။ သံုးလဲ သံုးခဲ့ပါတယ္။ ဒါေပမယ့္ သူတုိ႔ အဲ့ဒီကလပ္ေတြလို အဆင့္မ်ိဳးကို ေရာက္မလာပါဘူး။ ဒါကမွ အဓိက ျပႆနာပါ။ သူတို႔အေနနဲ႔ အရည္အေသြးျမင့္ကစားသမားေတြကို လိုအပ္ေနပါတယ္။ ဒါေပမယ့္ အစုလိုက္အျပံဳလံု တစ္စုတစ္ေဝးၾကီး ဝယ္ယူဖို႔ဆိုတာလဲ မျဖစ္ႏုိင္ပါဘူး။ ဒါက ဘယ္အသင္းအတြက္မဆို ခက္ခဲတဲ့ အေျခအေနမ်ိဳးပါ” လို႔ ခံစစ္မွဴးေဟာင္းက ေျပာဆိုသြားပါတယ္။
“လက္စတာ လုပ္သြားတဲ့နည္းလမ္းဟာ နည္းလမ္းေကာင္းပါ။ သူတို႔က မွန္ကန္သင့္ေလ်ာ္ျပီး အလားအလာေကာင္းတဲ့ ရြက္ပံုးသီးေလးေတြကို အမိအရ ေခၚယူေလ့ရွိပါတယ္။ သူတို႔ ေခၚခဲ့တဲ့ ကစားသမားေတြက တစ္ေယာက္မွ ေပါင္ သန္း ၅၀၊ ၆၀ မေပးခဲ့ရပါဘူး။ သူတို႔ကိုယ္တုိင္လည္း ဒီေလာက္ မသံုးႏုိင္ပါဘူး။ ဒါေပမယ့္ ျပီးခဲ့တဲ့ႏွစ္ေတြမွာ အရည္အေသြးရွိတဲ့ကစားသမားေတြကို ေပါင္ သန္း ၃၀ ေအာက္ ပမာဏေတြနဲ႔ခ်ည္း ေခၚယူသြားတာပါ။ တကယ္ေတာ့ ကစားသမားတစ္ေယာက္ရဲ႕ ေျခစြမ္းနဲ႔ အံဝင္မႈက တန္ေၾကးနဲ႔ အျမဲထပ္တူမက်ေနတတ္ပါဘူး။ ဒါကို သက္ေသျပေနတာက အီတလီက အတၱလန္တာနဲ႔ နယ္သာလန္က အိုင္းယက္စ္တို႔ပါပဲ။ ခုဆိုရင္ လက္စတာေပါ့။ သူတို႔က ဒီနည္းလမ္းနဲ႔ အမွတ္ေပးဖလားေရာ၊ FA ဖလားပါ ယူသြားခဲ့တာပါ” လို႔လည္း ကမ္းဘဲလ္က ဆိုသြားပါတယ္။
Source: The Sun, Metro, Football London