အာဆင်နယ်ခံစစ်မှူး တီယာနီကို ခေါ်ယူဖို့ မန်ယူ စတင်ကြိုးပမ်း

k. tierney

[UNICODE]

အာဆင်နယ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ စကော့တလန် လက်ရွေးစင် ခံစစ်မှူး ကီယန် တီယာနီကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းက စောင့်ကြည့်မှု စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Goal သတင်းဌာနက ရေးသားလိုက်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ခါးသီးလှတဲ့ ပြိုင်ဘက်အသင်းတွေအဖြစ် တည်ရှိနေတဲ့အသင်းဖြစ်ပြီး နှစ်သင်းအကြားမှာ အငြင်းပွားဖွယ်ရာ အပြောင်းအရွှေ့ တစ်ချို့လည်း ရှိခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာလည်း အာဆင်နယ်အသင်းမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတဲ့ တီယာနီကို စောင့်ကြည့်မှုပြုလုပ်နေတယ်ဆိုတဲ့သတင်းဟာ အာဆင်နယ်-မန်ယူ ပွဲစဉ်မတိုင်ခင်မှာ ချိန်ကိုက် ထွက်ပေါ်လာခဲ့တာပါ။

တောင်ပံခံစစ်ကို အပြောင်းအလဲတွေပြုလုပ်ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကစားသမား အမြောက်အများကို စောင့်ကြည့်မှုပြုလုပ်နေပြီး ဘယ်တောင်ပံခံစစ်အတွက် ကီယန် တီယာနီနဲ့ ညာတောင်ပံခံစစ်အတွက် မက်ဇ် အာရွန်တို့က ဦးစားပေးဖြစ်တယ်လို့ Forbes ရဲ့ သတင်းမှ ဖော်ပြထားပါတယ်။

အသက် ၂၃ နှစ်အရွယ် စကော့တလန်လူမျိုး ခံစစ်မှူး ကီယန် တီယာနီဟာ ၂၀၁၉-၂၀ ရာသီအစတုန်းက ဆဲလ်တစ်အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒါဏ်ရာပြဿနာတွေ ကင်းစင်သွားချိန်ကနေစလို့ အကောင်းဆုံးခြေစွမ်းတွေ ဆက်တိုက်ပြသနေခဲ့သူဖြစ်ပါတယ်။

ဂန်းနားပရိတ်သတ်တွေရဲ့ အချစ်တော် ဘယ်ခြမ်းခံစစ်မှူး ကီယန် တီယာနီဟာ အသင်းအတွက် ၄၆ ပွဲ ပါဝင်ကစားပေးထားပြီး ၂ ဂိုးသွင်းယူကာ ၄ ဂိုးဖန်တီးပေးထားပါတယ်။

Source: Forbes, Goal

[ZAWGYI]

အာဆင္နယ္အသင္းမွာ ေျခစြမ္းျပသေနတဲ့ စေကာ့တလန္ လက္ေရြးစင္ ခံစစ္မွဴး ကီယန္ တီယာနီကို ေခၚယူဖုိ႔ မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ေစာင့္ၾကည့္မႈ စတင္ျပဳလုပ္ေနျပီျဖစ္တယ္လို႔ ကမၻာေက်ာ္ Forbes မဂၢဇင္းရဲ႕ ေဖာ္ျပခ်က္ကို ကိုးကားျပီး Goal သတင္းဌာနက ေရးသားလိုက္ပါတယ္။

ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ အာဆင္နယ္အသင္းနဲ႔ ခါးသီးလွတဲ့ ျပိဳင္ဘက္အသင္းေတြအျဖစ္ တည္ရွိေနတဲ့အသင္းျဖစ္ျပီး ႏွစ္သင္းအၾကားမွာ အျငင္းပြားဖြယ္ရာ အေျပာင္းအေရႊ႕ တစ္ခ်ိဳ႕လည္း ရွိခဲ့ဖူးပါတယ္။

လက္ရွိအခ်ိန္မွာလည္း အာဆင္နယ္အသင္းမွာ အေကာင္းဆံုး ေျခစြမ္းေတြ ျပသေနတဲ့ တီယာနီကို ေစာင့္ၾကည့္မႈျပဳလုပ္ေနတယ္ဆိုတဲ့သတင္းဟာ အာဆင္နယ္-မန္ယူ ပြဲစဥ္မတုိင္ခင္မွာ ခ်ိန္ကိုက္ ထြက္ေပၚလာခဲ့တာပါ။

ေတာင္ပံခံစစ္ကို အေျပာင္းအလဲေတြျပဳလုပ္ခ်င္ေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ကစားသမား အေျမာက္အမ်ားကို ေစာင့္ၾကည့္မႈျပဳလုပ္ေနျပီး ဘယ္ေတာင္ပံခံစစ္အတြက္ ကီယန္ တီယာနီနဲ႔ ညာေတာင္ပံခံစစ္အတြက္ မက္ဇ္ အာရြန္တို႔က ဦးစားေပးျဖစ္တယ္လုိ႔ Forbes ရဲ႕ သတင္းမွ ေဖာ္ျပထားပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ စေကာ့တလန္လူမ်ိဳး ခံစစ္မွဴး ကီယန္ တီယာနီဟာ ၂၀၁၉-၂၀ ရာသီအစတုန္းက ဆဲလ္တစ္အသင္းကေန အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး ဒါဏ္ရာျပႆနာေတြ ကင္းစင္သြားခ်ိန္ကေနစလို႔ အေကာင္းဆံုးေျခစြမ္းေတြ ဆက္တုိက္ျပသေနခဲ့သူျဖစ္ပါတယ္။

ဂန္းနားပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္ ဘယ္ျခမ္းခံစစ္မွဴး ကီယန္ တီယာနီဟာ အသင္းအတြက္ ၄၆ ပြဲ ပါဝင္ကစားေပးထားျပီး ၂ ဂိုးသြင္းယူကာ ၄ ဂိုးဖန္တီးေပးထားပါတယ္။

Source: Forbes, Goal

Leave a Reply