
[UNICODE]
အာဆင်နယ်အသင်းဟာ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး အန်ဒရေ ဆေးလ်ဗားကို ခေါ်ယူဖို့ တရားဝင်စတင် ကြိုးပမ်းနေပြီဖြစ်ကြောင်း ဥရောပတစ်လွှားက ထိပ်တန်းမီဒီယာတွေက တညီတညွတ်တည်း ဖော်ပြခဲ့ကြပါတယ်။
တိုက်စစ်ပိုင်းမှာ အရည်အသွေးမြင်ကစားသမားတစ်ဦး ဖြည်တင်းချင်နေတဲ့ ဂန်းနားတွေဟာ အန်ဒရေ ဆေးလ်ဗားရဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းဖို့အတွက် ဘွန်ဒက်စ်လီဂါကလပ် အိန့်ထရက်ချ် ဖရန့်ဖတ်အသင်းနဲ့ စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။

လက်တလော ရရှိထားတဲ့သတင်းတွေအရ ဘွန်ဒက်စ်လီဂါကလပ်ဟာ ၂၅ နှစ်အရွယ် ပေါ်တူဂီသားအတွက် တန်ကြေး ပေါင် ၃၄ သန်း အလိုရှိနေပြီး အာဆင်နယ်အသင်းကတော့ ပေါင် သန်း ၃၀ နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းမှာရှိနေတဲ့ ဝါရင့်တိုက်စစ်မှူး အူဘာမီယန်းဟာ အသက် ၃၂ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်သလို ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ရဲ့ အနာဂတ်ကလည်း တည်ငြိမ်မှုမရှိတာမို့ ဆေးလ်ဗားကို ခေါ်ယူဖို့ကြိုးပမ်းလာတာပါ။

ယမန်နှစ်ရာသီအစမှာမှ အေစီမီလန်အသင်းကနေ ဖရန့်ဖတ်အသင်းထံ အန်တီ ရီဘစ်နဲ့ တိုက်ရိုက်အလဲအထပ်ပြုလုပ်ပြီး ပြောင်းရွှေ့လာခဲ့တဲ့ ဆေးလ်ဗားဟာ ဂျာမန်ကလပ်အတွက် ဘွန်ဒက်စ်လီဂါမှာ ၂၈ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး လီဝန်ဒေါစကီး (၄၁ ဂိုး) ရဲ့နောက် ဂိုးသွင်းအများဆုံးစာရင်းမှာ ဒုတိယနေရာ ရပ်တည်နိုင်ခဲ့သူပါ။ လက်ရှိဈေးကွက်မှာ ဟော့နေတဲ့ အာလင်း ဟာလန်း (၂၇ ဂိုး) ကတော့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
အန်ဒရေ ဆေးလ်ဗားဟာ ပေါ်တိုအကယ်ဒမီထွက် တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ၂၀၁၆-၁၇ ရာသီမှာတော့ ပေါ်တိုအသင်းကြီးမှာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူကာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ဥရောပမှာ နာမည်စတင်ထင်ရှားလာသူပါ။ အာဆင်နယ်အသင်းကသူ့ကို အဆိုပါရာသီကတည်းက မျက်စိကျနေခဲ့တာဖြစ်ပြီး ယခုတစ်ကြိမ်ဟာ တတိယအကြိမ် ချဉ်းကပ်မှုဖြစ်ပါတယ်။
Source: Football Insider, Daily Mail, Goal
[ZAWGYI]
အာဆင္နယ္အသင္းဟာ ေပၚတူဂီလက္ေရြးစင္တုိက္စစ္မွဴး အန္ဒေရ ေဆးလ္ဗားကို ေခၚယူဖို႔ တရားဝင္စတင္ ၾကိဳးပမ္းေနျပီျဖစ္ေၾကာင္း ဥေရာပတစ္လႊားက ထိပ္တန္းမီဒီယာေတြက တညီတညြတ္တည္း ေဖာ္ျပခဲ့ၾကပါတယ္။
တိုက္စစ္ပိုင္းမွာ အရည္အေသြးျမင္ကစားသမားတစ္ဦး ျဖည္တင္းခ်င္ေနတဲ့ ဂန္းနားေတြဟာ အန္ဒေရ ေဆးလ္ဗားရဲ႕ ေျပာင္းေရႊ႕ေၾကးကို ညွိႏိႈင္းဖို႔အတြက္ ဘြန္ဒက္စ္လီဂါကလပ္ အိန္႔ထရက္ခ်္ ဖရန္႔ဖတ္အသင္းနဲ႔ စတင္ေဆြးေႏြးေနျပီျဖစ္ပါတယ္။

လက္တေလာ ရရွိထားတဲ့သတင္းေတြအရ ဘြန္ဒက္စ္လီဂါကလပ္ဟာ ၂၅ ႏွစ္အရြယ္ ေပၚတူဂီသားအတြက္ တန္ေၾကး ေပါင္ ၃၄ သန္း အလိုရွိေနျပီး အာဆင္နယ္အသင္းကေတာ့ ေပါင္ သန္း ၃၀ နဲ႔ ေခၚယူႏုိင္မယ္လို႔ ယံုၾကည္မႈရွိေနပါတယ္။
အာဆင္နယ္အသင္းဟာ အသင္းမွာရွိေနတဲ့ ဝါရင့္တုိက္စစ္မွဴး အူဘာမီယန္းဟာ အသက္ ၃၂ ႏွစ္အရြယ္ကို ေရာက္ရွိေနျပီျဖစ္သလို ျပင္သစ္တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ရဲ႕ အနာဂတ္ကလည္း တည္ျငိမ္မႈမရွိတာမို႔ ေဆးလ္ဗားကို ေခၚယူဖို႔ၾကိဳးပမ္းလာတာပါ။

ယမန္ႏွစ္ရာသီအစမွာမွ ေအစီမီလန္အသင္းကေန ဖရန္႔ဖတ္အသင္းထံ အန္တီ ရီဘစ္နဲ႔ တိုက္ရိုက္အလဲအထပ္ျပဳလုပ္ျပီး ေျပာင္းေရႊ႕လာခဲ့တဲ့ ေဆးလ္ဗားဟာ ဂ်ာမန္ကလပ္အတြက္ ဘြန္ဒက္စ္လီဂါမွာ ၂၈ ဂိုးအထိသြင္းယူေပးႏုိင္ခဲ့ျပီး လီဝန္ေဒါစကီး (၄၁ ဂိုး) ရဲ႕ေနာက္ ဂိုးသြင္းအမ်ားဆံုးစာရင္းမွာ ဒုတိယေနရာ ရပ္တည္ႏုိင္ခ့ဲသူပါ။ လက္ရွိေစ်းကြက္မွာ ေဟာ့ေနတဲ့ အာလင္း ဟာလန္း (၂၇ ဂိုး) ကေတာ့ တတိယေနရာမွာ ရပ္တည္ခဲ့ပါတယ္။
အန္ဒေရ ေဆးလ္ဗားဟာ ေပၚတိုအကယ္ဒမီထြက္ တုိက္စစ္မွဴးတစ္ဦးျဖစ္ျပီး ၂၀၁၆-၁၇ ရာသီမွာေတာ့ ေပၚတိုအသင္းၾကီးမွာ သြင္းဂိုးေတြ ဆက္တုိက္သြင္းယူကာ ေျခစြမ္းေကာင္းျပသႏိုင္ခဲ့ျပီး ဥေရာပမွာ နာမည္စတင္ထင္ရွားလာသူပါ။ အာဆင္နယ္အသင္းကသူ႔ကို အဆိုပါရာသီကတည္းက မ်က္စိက်ေနခဲ့တာျဖစ္ျပီး ယခုတစ္ၾကိမ္ဟာ တတိယအၾကိမ္ ခ်ဥ္းကပ္မႈျဖစ္ပါတယ္။
Source: Football Insider, Daily Mail, Goal