
[UNICODE]
ရလဒ်ဆိုးတွေကြောင့် အနာဂတ်မရေမရာဖြစ်နေတဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာရဲ့ နေရာမှာ အစားဝင်လာဖွယ်ရှိနေတယ်လို့ သတင်းကြီးနေတဲ့ အီတလီလူမျိုးနည်းပြ အယ်လီဂရီက သူ့အနေနဲ့ အင်္ဂလန်ကိုလာရောက်နည်းပြဖို့ စိတ်ဝင်စားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လာမယ့်နှစ်မှာ အင်္ဂလန်ကိုခြေချပြီး နည်းပြလောကထဲပြန်လည်ဝင်ရောက်လာဖို့ စိတ်ကူးနေတဲ့ ဂျူဗင်တပ်နည်းပြဟောင်းဟာ လက်တလောမှာ နည်းပြရာထူးအပြောင်းအလဲဖြစ်နိုင်ခြေများနေတဲ့ အာဆင်နယ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေတာဖြစ်နိုင်တယ်လို့ အင်္ဂလိပ်မီဒီယာတွေက ထင်ကြေးပေးနေကြပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိနည်းပြအာတီတာဟာ ၁၁ လတာ ကာလအတွင်းမှာ ဆုဖလားအောင်မြင်မှု ၂ ခု ရယူပေးထားပေမယ့် လက်ရှိရာသီသစ်မှာတော့ ရလဒ်တွေဆက်တိုက်ဆိုးရွားနေပြီး တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းနှုန်း သိသိသာသာကျဆင်းနေတာကြောင့် နည်းပြရာထူး လက်လွှတ်ရနိုင်ခြေမြင့်မားနေတယ်လို့ သတင်းကြီးနေပါတယ်။
ဒီလိုအခြေအနေမှာ အယ်လီဂရီက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ခုလို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ “လာမယ့်နှစ်က ကျွန်တော့်အတွက် အရေးပါတဲ့နှစ်ဖြစ်လာမှာပါ။ (အသင်းသစ်) ရွေးချယ်မှုပြုလုပ်ဖို့လည်း စီစဉ်နေပါတယ်။ ကျွန်တော် တစ်နှစ်ကျော်ကြာ အနားယူနေခဲ့ပါတယ်။ ကစားပွဲတွေဆီကို အကောင်းဆုံးအခြေအနေမျိုးနဲ့ ပြန်သွားချင်လို့ အချိန်ယူခဲ့တာပါ။ ကျွန်တော် ဘာတွေလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ခေါင်းထဲမှာ အဆင်သင့်တွေးထားပြီးသားပါ။ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံယူချင်တဲ့ စိတ်ကူးရှိပါတယ်။ ကျွန်တော် အီတလီမှာ အချိန်အတော်ကြာနေခဲ့ပြီးပါပြီ။ ခု ကျွန်တော် နည်းပြလောကထဲပြန်ဝင်မယ်ဆိုရင် အီတလီထက် ပိုခက်ခဲနိုင်တဲ့ အင်္ဂလန်ကို သွားချင်ပါတယ်” လို့ သူက ESPN ကို ပြောဆိုသွားခဲ့တာပါ။

“အင်္ဂလိပ်ဘောလုံးလောက တိုးတက်လာတာက နိုင်ငံခြားသားနည်းပြတွေကြောင့်ပါ။ အင်္ဂလန်က ခုဆိုရင် ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာသလို နည်းစနစ်ပိုင်းအားပြိုင်မှုတွေလည်း ပိုများလာနေပါတယ်။ အင်္ဂလန်ဘောလုံးလောကကလည်း လေးစားစရာနယ်ပယ်တစ်ခုပါ။ နည်းပြတိုင်းမှာ အရည်အသွေးသစ်တွေ၊ နည်းဗျူဟာသစ်တွေနဲ့မို့ စိတ်ဝင်စားစရာကောင်းပါတယ်” လို့လည်း အယ်လီဂရီက ပြောခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာ စီးရီးဒီ ကလပ် အဂ္ဂလီယန်းနီးစ်အသင်းနဲ့ နည်းပြဘဝကို စတင်ဝင်ရောက်လာခဲ့တဲ့ အယ်လီဂရီဟာ အေစီမီလန်နဲ့ ဂျူဗင်တပ်အသင်းတွေကို ကိုင်တွယ်စဉ်မှာ စီးရီးအေ ဆုဖလား ၆ ကြိမ်၊ ကိုပါအီတလီယာဖလား ၄ ကြိမ်နဲ့ အီတလီစူပါဖလား ၃ ကြိမ်ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂ ကြိမ်တက်ရောက်နိုင်ခဲ့ပါတယ်။
Source: Express, Football London
[UNICODE]
ရလဒ္ဆိုးေတြေၾကာင့္ အနာဂတ္မေရမရာျဖစ္ေနတဲ့ အာဆင္နယ္အသင္းရဲ႕ နည္းျပ အာတီတာရဲ႕ ေနရာမွာ အစားဝင္လာဖြယ္ရွိေနတယ္လုိ႔ သတင္းၾကီးေနတဲ့ အီတလီလူမ်ိဳးနည္းျပ အယ္လီဂရီက သူ႔အေနနဲ႔ အဂၤလန္ကိုလာေရာက္နည္းျပဖို႔ စိတ္ဝင္စားတယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။
လာမယ့္ႏွစ္မွာ အဂၤလန္ကိုေျခခ်ျပီး နည္းျပေလာကထဲျပန္လည္ဝင္ေရာက္လာဖို႔ စိတ္ကူးေနတဲ့ ဂ်ဴဗင္တပ္နည္းျပေဟာင္းဟာ လက္တေလာမွာ နည္းျပရာထူးအေျပာင္းအလဲျဖစ္ႏုိင္ေျခမ်ားေနတဲ့ အာဆင္နယ္အသင္းကို ကိုင္တြယ္ဖုိ႔ စိတ္ဝင္စားေနတာျဖစ္ႏုိင္တယ္လုိ႔ အဂၤလိပ္မီဒီယာေတြက ထင္ေၾကးေပးေနၾကျပီျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ လက္ရွိနည္းျပအာတီတာဟာ ၁၁ လတာ ကာလအတြင္းမွာ ဆုဖလားေအာင္ျမင္မႈ ၂ ခု ရယူေပးထားေပမယ့္ လက္ရွိရာသီသစ္မွာေတာ့ ရလဒ္ေတြဆက္တုိက္ဆိုးရြားေနျပီး တုိက္စစ္ပိုင္းကလည္း ဂိုးသြင္းႏႈန္း သိသိသာသာက်ဆင္းေနတာေၾကာင့္ နည္းျပရာထူး လက္လႊတ္ရႏိုင္ေျချမင့္မားေနတယ္လုိ႔ သတင္းၾကီးေနပါတယ္။
ဒီလိုအေျခအေနမွာ အယ္လီဂရီက သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီး ခုလို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။ “လာမယ့္ႏွစ္က ကၽြန္ေတာ့္အတြက္ အေရးပါတဲ့ႏွစ္ျဖစ္လာမွာပါ။ (အသင္းသစ္) ေရြးခ်ယ္မႈျပဳလုပ္ဖို႔လည္း စီစဥ္ေနပါတယ္။ ကၽြန္ေတာ္ တစ္ႏွစ္ေက်ာ္ၾကာ အနားယူေနခဲ့ပါတယ္။ ကစားပြဲေတြဆီကို အေကာင္းဆံုးအေျခအေနမ်ိဳးနဲ႔ ျပန္သြားခ်င္လို႔ အခ်ိန္ယူခဲ့တာပါ။ ကၽြန္ေတာ္ ဘာေတြလုပ္မယ္ဆိုတာနဲ႔ ပတ္သက္ျပီး ကၽြန္ေတာ့္ေခါင္းထဲမွာ အဆင္သင့္ေတြးထားျပီးသားပါ။ ပရီးမီးယားလိဂ္မွာ အေတြ႕အၾကံဳယူခ်င္တဲ့ စိတ္ကူးရွိပါတယ္။ ကၽြန္ေတာ္ အီတလီမွာ အခ်ိန္အေတာ္ၾကာေနခဲ့ျပီးပါျပီ။ ခု ကၽြန္ေတာ္ နည္းျပေလာကထဲျပန္ဝင္မယ္ဆိုရင္ အီတလီထက္ ပိုခက္ခဲႏုိင္တဲ့ အဂၤလန္ကို သြားခ်င္ပါတယ္” လုိ႔ သူက ESPN ကို ေျပာဆိုသြားခဲ့တာပါ။

“အဂၤလိပ္ေဘာလံုးေလာက တိုးတက္လာတာက ႏုိင္ငံျခားသားနည္းျပေတြေၾကာင့္ပါ။ အဂၤလန္က ခုဆိုရင္ ပိုျပီးျပိဳင္ဆိုင္မႈျပင္းထန္လာသလို နည္းစနစ္ပိုင္းအားျပိဳင္မႈေတြလည္း ပိုမ်ားလာေနပါတယ္။ အဂၤလန္ေဘာလံုးေလာကကလည္း ေလးစားစရာနယ္ပယ္တစ္ခုပါ။ နည္းျပတုိင္းမွာ အရည္အေသြးသစ္ေတြ၊ နည္းဗ်ဴဟာသစ္ေတြနဲ႔မို႔ စိတ္ဝင္စားစရာေကာင္းပါတယ္” လို႔လည္း အယ္လီဂရီက ေျပာခဲ့ပါတယ္။
၂၀၀၃ ခုႏွစ္မွာ စီးရီးဒီ ကလပ္ အဂၢလီယန္းနီးစ္အသင္းနဲ႔ နည္းျပဘဝကို စတင္ဝင္ေရာက္လာခဲ့တဲ့ အယ္လီဂရီဟာ ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္အသင္းေတြကို ကိုင္တြယ္စဥ္မွာ စီးရီးေအ ဆုဖလား ၆ ၾကိမ္၊ ကိုပါအီတလီယာဖလား ၄ ၾကိမ္နဲ႔ အီတလီစူပါဖလား ၃ ၾကိမ္ရယူႏိုင္ခဲ့ျပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ၂ ၾကိမ္တက္ေရာက္ႏုိင္ခဲ့ပါတယ္။
Source: Express, Football London