
[UNICODE]
ဆားလ်ဘတ်အသင်းက ကွင်းလယ်ကစားသမား ဒိုမီနစ် ဆိုဘိုဇ်လိုင်ရဲ့ အေးဂျင့်ဖြစ်သူ မတ်ယျာစ် အက်စ်တာဟာဇီက သူ့ရဲ့ကစားသမားကို အာဆင်နယ်အသင်းက ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေက မှန်ကန်ကြောင်း အတည်ပြုလိုက်ပါတယ်။
ဒါ့အပြင် အက်စ်တာဟာဇီက အာဆင်နယ်အသင်းနဲ့အပြိုင် ဆိုဘိုဇ်လိုင်ကို ခေါ်ယူဖို့ စီစဉ်နေတယ်ဆိုတဲ့ အေစီမီလန်အသင်းနဲ့သတင်းတွေကိုတော့ မှန်ကန်ခြင်းမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဟန်ဂေရီသားကို ခေါ်ယူနိုင်ဖို့ အခြေအနေ ပိုမိုအားကောင်းသွားခဲ့ပါတယ်။

လက်ရှိမှာ သြစတြီယန်းကလပ် ဆားလ်ဘတ်အသင်းက ဆိုဘိုဇ်လိုင်ရဲ့ တန်ကြေးကို ပေါင် ၂၆ သန်း သတ်မှတ်ထားပြီး ပြောင်းရွှေ့ကြေးကို ၃ ကြိမ်အရစ်ကျပေးချေကာခေါ်ယူခွင့်ရှိကြောင်းလည်း သိထားရပါတယ်။
အာဆင်နယ်အသင်းဟာ ဟန်ဂေရီလူမျိုး ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဒိုမီနစ် ဆိုဘိုဇ်လိုင်ကို ခေါ်ယူဖို့ ယမန်နှစ်ရာသီကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ယခုနှစ်ရာသီမှာတော့ ကွင်းလယ်တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပိုမိုလိုအပ်လာတာမို့ ဆိုဘိုဇ်လိုင်ကိုခေါ်ယူရေး အရှိန်မြှင့်တင်ကြိုးပမ်းလာနေတာဖြစ်ပါတယ်။

ဆားလ်ဘတ်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဆိုဘိုဇ်လိုင်ဟာ ဘယ်တောင်ပံနဲ့ ကွင်းလယ်ဗဟိုတွေမှာလည်း ပြောင်းရွှေ့ကစားနိုင်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ထင်ရှားတဲ့အမှတ်အသားကတော့ ပြစ်ဒါဏ်ဘောကန်သွင်းရာမှာ တိကျတာပဲဖြစ်ပါတယ်။
ဂန်းနားတွေဟာ ဆိုဘိုဇ်လိုင်အပြင် လိုင်ယွန်အသင်းက ကွင်းလယ်လူ ဟူဆန် အူဝါကိုလည်း အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဂျူဗင်တပ်အသင်းက ဒီယန် ကူလူဆက်ဗ်စကီးနဲ့ အင်တာမီလန်အသင်းက နီကိုလို ဘာရယ်လာတို့ကိုတော့ အရံပစ်မှတ်တွေအဖြစ် စောင့်ကြည့်နေပါတယ်။
Source: Football London, Sport Witness
[ZAWGYI]
ဆားလ္ဘတ္အသင္းက ကြင္းလယ္ကစားသမား ဒိုမီနစ္ ဆိုဘိုဇ္လိုင္ရဲ႕ ေအးဂ်င့္ျဖစ္သူ မတ္ယ်ာစ္ အက္စ္တာဟာဇီက သူ႔ရဲ႕ကစားသမားကို အာဆင္နယ္အသင္းက ခ်ိတ္ဆက္ေနတယ္ဆိုတဲ့သတင္းေတြက မွန္ကန္ေၾကာင္း အတည္ျပဳလိုက္ပါတယ္။
ဒါ့အျပင္ အက္စ္တာဟာဇီက အာဆင္နယ္အသင္းနဲ႔အၿပိဳင္ ဆိုဘိုဇ္လိုင္ကို ေခၚယူဖို႔ စီစဥ္ေနတယ္ဆိုတဲ့ ေအစီမီလန္အသင္းနဲ႔သတင္းေတြကိုေတာ့ မွန္ကန္ျခင္းမရွိဘူးလို႔ ျငင္းဆိုလိုက္ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ဟန္ေဂရီသားကို ေခၚယူႏိုင္ဖို႔ အေျခအေန ပိုမိုအားေကာင္းသြားခဲ့ပါတယ္။

လက္ရွိမွာ ၾသစႀတီယန္းကလပ္ ဆားလ္ဘတ္အသင္းက ဆိုဘိုဇ္လိုင္ရဲ႕ တန္ေၾကးကို ေပါင္ ၂၆ သန္း သတ္မွတ္ထားၿပီး ေျပာင္းေ႐ႊ႕ေၾကးကို ၃ ႀကိမ္အရစ္က်ေပးေခ်ကာေခၚယူခြင့္ရွိေၾကာင္းလည္း သိထားရပါတယ္။
အာဆင္နယ္အသင္းဟာ ဟန္ေဂရီလူမ်ိဳး ကြင္းလယ္တိုက္စစ္ၾကယ္ပြင့္ ဒိုမီနစ္ ဆိုဘိုဇ္လိုင္ကို ေခၚယူဖို႔ ယမန္ႏွစ္ရာသီကတည္းက စိတ္ဝင္စားေနခဲ့တာျဖစ္ၿပီး ယခုႏွစ္ရာသီမွာေတာ့ ကြင္းလယ္တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ ပိုမိုလိုအပ္လာတာမို႔ ဆိုဘိုဇ္လိုင္ကိုေခၚယူေရး အရွိန္ျမႇင့္တင္ႀကိဳးပမ္းလာေနတာျဖစ္ပါတယ္။

ဆားလ္ဘတ္အသင္းရဲ႕ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကြင္းလယ္တိုက္စစ္ကစားသမား ဆိုဘိုဇ္လိုင္ဟာ ဘယ္ေတာင္ပံနဲ႔ ကြင္းလယ္ဗဟိုေတြမွာလည္း ေျပာင္းေ႐ႊ႕ကစားႏိုင္သူတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ထင္ရွားတဲ့အမွတ္အသားကေတာ့ ျပစ္ဒါဏ္ေဘာကန္သြင္းရာမွာ တိက်တာပဲျဖစ္ပါတယ္။
ဂန္းနားေတြဟာ ဆိုဘိုဇ္လိုင္အျပင္ လိုင္ယြန္အသင္းက ကြင္းလယ္လူ ဟူဆန္ အူဝါကိုလည္း အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားၿပီး ဂ်ဴဗင္တပ္အသင္းက ဒီယန္ ကူလူဆက္ဗ္စကီးနဲ႔ အင္တာမီလန္အသင္းက နီကိုလို ဘာရယ္လာတို႔ကိုေတာ့ အရံပစ္မွတ္ေတြအျဖစ္ ေစာင့္ၾကည့္ေနပါတယ္။
Source: Football London, Sport Witness