
[UNICODE]
အာဆင်နယ်အသင်းဟာ အသင်းက ဂျာမနီလက်ရွေးစင် ဂိုးသမား ဘန်း လီနိုကို ရောင်းထုတ်တော့မှာဖြစ်ပြီး ဝယ်လက်ရှာဖွေနေပြီဖြစ်တယ်လို့ The Daily Mirror က ဖော်ပြသွားပါတယ်။
အသက် ၂၉ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ဂိုးသမားဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက လေဗာကူဆင်အသင်းကနေ အာဆင်နယ်အသင်းထံကို ပေါင် ၁၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယမန်နှစ်ရာသီတုန်းကတော့ အမှားအယွင်းများခဲ့မှုကြောင့် ဝေဖန်မှုတွေ ခံနေရသူပါ။

လီနိုဟာ လက်စွမ်းထက်ဂိုးသမားဖြစ်ပေမယ့် ခုနောက်ပိုင်းနှစ်တွေမှာ ရေပန်းစားလာနေတဲ့ ခံစစ်ကနေ ကစားကွက်တည်ဆောက်တဲ့ နည်းလမ်းနဲ့ အကျွမ်းတဝင်မဖြစ်သူဖြစ်ပြီး ဘောလုံးပေးပို့ရာမှာ အားနည်းချက်တွေရှိနေခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီတုန်းက ပွဲစဉ်တစ်ချို့မှာ အမှားအယွင်းတွေ ကျူးလွန်ခဲ့မိသူပါ။
ခုချိန်မှာတော့ အာဆင်နယ်အသင်းဟာ အန်ဒရေ အိုနာနာ၊ မတ် ရိုင်ယန်အစရှိတဲ့ Offensive Keeper တွေကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ခေါ်ယူနိုင်ဖို့လည်း နီးစပ်မှုရှိနေတာကြောင့် လီနိုကို ပြန်လည်ရောင်းထုတ်ဖို့ စီစဉ်လာတာလို့ Sport Mole ကလည်း ဖော်ပြသွားပါတယ်။

ဂန်းနားတွေက လီနိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၂ .၅ သန်း သတ်မှတ်လိုက်ပြီဆိုတဲ့သတင်းတွေ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဂျာမန်သားကိုယ်တိုင် အသင်းကနေ ထွက်ခွာချင်နေတယ်ဆိုတဲ့သတင်းတွေကလည်း ပြီးခဲ့တဲ့ရာသီကုန်ကတည်းက ထွက်ပေါ်နေခဲ့တာပါ။
လန်ဒန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Football London ကတော့ အာဆင်နယ်သာ ဘန်းဒ် လီနိုကို ရောင်းထုတ်ဖို့ အမှန်တကယ် ဆုံးဖြတ်လိုက်မယ်ဆိုရင် ဝယ်ယူဖို့ မျက်စိကျနေတဲ့ ထိပ်သီးအသင်း အမြောက်အများရှိနေတယ်လို့ ယခုလဆန်းပိုင်းတုန်းက ဖော်ပြခဲ့ပါတယ်။
Source: Sport Mole, The Mirror
[ZAWGYI]
အာဆင္နယ္အသင္းဟာ အသင္းက ဂ်ာမနီလက္ေရြးစင္ ဂိုးသမား ဘန္း လီႏိုကို ေရာင္းထုတ္ေတာ့မွာျဖစ္ျပီး ဝယ္လက္ရွာေဖြေနျပီျဖစ္တယ္လုိ႔ The Daily Mirror က ေဖာ္ျပသြားပါတယ္။
အသက္ ၂၉ ႏွစ္အရြယ္ ဂ်ာမနီလက္ေရြးစင္ဂိုးသမားဟာ လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းက ေလဗာကူဆင္အသင္းကေန အာဆင္နယ္အသင္းထံကို ေပါင္ ၁၉ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး လက္စြမ္းေကာင္းေတြ ျပသႏုိင္ခဲ့ေပမယ့္ ယမန္ႏွစ္ရာသီတုန္းကေတာ့ အမွားအယြင္းမ်ားခဲ့မႈေၾကာင့္ ေဝဖန္မႈေတြ ခံေနရသူပါ။

လီႏိုဟာ လက္စြမ္းထက္ဂိုးသမားျဖစ္ေပမယ့္ ခုေနာက္ပိုင္းႏွစ္ေတြမွာ ေရပန္းစားလာေနတဲ့ ခံစစ္ကေန ကစားကြက္တည္ေဆာက္တဲ့ နည္းလမ္းနဲ႔ အကၽြမ္းတဝင္မျဖစ္သူျဖစ္ျပီး ေဘာလံုးေပးပို႔ရာမွာ အားနည္းခ်က္ေတြရွိေနခဲ့တာေၾကာင့္ ျပီးခဲ့တဲ့ရာသီတုန္းက ပြဲစဥ္တစ္ခ်ိဳ႕မွာ အမွားအယြင္းေတြ က်ဴးလြန္ခဲ့မိသူပါ။
ခုခ်ိန္မွာေတာ့ အာဆင္နယ္အသင္းဟာ အန္ဒေရ အိုနာနာ၊ မတ္ ရိုင္ယန္အစရွိတဲ့ Offensive Keeper ေတြကို ေခၚယူဖို႔ ၾကိဳးပမ္းေနျပီး ေခၚယူႏုိင္ဖို႔လည္း နီးစပ္မႈရွိေနတာေၾကာင့္ လီႏိုကို ျပန္လည္ေရာင္းထုတ္ဖို႔ စီစဥ္လာတာလို႔ Sport Mole ကလည္း ေဖာ္ျပသြားပါတယ္။

ဂန္းနားေတြက လီႏိုအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၂ .၅ သန္း သတ္မွတ္လိုက္ျပီဆိုတဲ့သတင္းေတြ လြန္ခဲ့တဲ့ ရက္အနည္းငယ္ကတည္းက ထြက္ေပၚေနခဲ့တာျဖစ္ျပီး ဂ်ာမန္သားကိုယ္တုိင္ အသင္းကေန ထြက္ခြာခ်င္ေနတယ္ဆိုတဲ့သတင္းေတြကလည္း ျပီးခဲ့တဲ့ရာသီကုန္ကတည္းက ထြက္ေပၚေနခဲ့တာပါ။
လန္ဒန္အေျခစိုက္ သတင္းဌာနတစ္ခုျဖစ္တဲ့ Football London ကေတာ့ အာဆင္နယ္သာ ဘန္းဒ္ လီႏုိကုိ ေရာင္းထုတ္ဖို႔ အမွန္တကယ္ ဆံုးျဖတ္လိုက္မယ္ဆိုရင္ ဝယ္ယူဖို႔ မ်က္စိက်ေနတဲ့ ထိပ္သီးအသင္း အေျမာက္အမ်ားရွိေနတယ္လုိ႔ ယခုလဆန္းပိုင္းတုန္းက ေဖာ္ျပခဲ့ပါတယ္။
Source: Sport Mole, The Mirror