
[UNICODE]
ယူရိုပါလိဂ်ဖလားကို ၄ ကြိမ်မြောက်ကိုင်မြှောက်ကာ ပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်နေတဲ့ စပိန်လူမျိုးနည်းပြ အူနိုင်း အမ်မရီက သူ အာဆင်နယ်အသင်းမှာရှိနေစဉ်တုန်းက အတွေ့အကြုံတွေနဲ့ ရာထူးလက်လွှတ်ခါနီးအချိန် ပရိတ်သတ်တွေရဲ့ ဆက်ဆံပုံတွေကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။
အမ်မရီက သူ အာဆင်နယ်အသင်းကို ကိုင်တွယ်စဉ်တုန်းက ဆုဖလားအောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ခြင်းမရှိပေမယ့် အသင်းကို ရေရှည်အကျိုးရှိစေနိုင်မယ့် အခြေခံကောင်းတွေကိုတော့ ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ယူရိုပါလိဂ်ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် အဲ့ဒီနောက် ၂၀၁၉-၂၀ ရာသီမှာတော့ အသင်းဟာ ပြဿနာပေါင်းစုံကို ရင်ဆိုင်ခဲ့ရပြီး အဝတ်လဲခန်းအတွင်း ပြဿနာတွေ၊ ကွင်းပြင်ပပြဿနာတွေနဲ့ ပရိတ်သတ်တွေရဲ့ ဖိအားတွေကြောင့် အမ်မရီလည်း နည်းပြထိုင်ခုံကို စွန့်လွှတ်ခဲ့ရတာပါ။

ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး အမ်မရီက ခုလိုမျိုး ပြန်ပြောင်းပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော်က အသင်းကို ရောက်ရောက်ခြင်းမှာ ပြဿနာရဲ့ အရင်းအမြစ်တွေကို သိနားလည်ခဲ့တယ်။ အကောင်းဆုံးဖြစ်လာဖို့ အခြေခံကောင်းတွေ ဖန်တီးခဲ့တယ်။ ပြောရမယ်ဆိုရင် ပထမရာသီတုန်းက အခြေအနေက မဆိုးဘူးလို့ ဆိုနိုင်တယ်။ ပရီးမီးယားလိဂ်မှာရော ယူရိုပါလိဂ်မှာပါ ကောင်းကောင်းကစားပြနိုင်ခဲ့တယ်။ လုပ်ငန်းဆောင်ချက်တွေလည်း ကောင်းလာသလို ဖိအားပေးနိုင်စွမ်းလည်း တက်လာတယ်။ ဘောလုံးပိုင်ဆိုင်မှုနဲ့လည်း ကစားနိုင်ခဲ့တယ်” လို့ သူကဆိုသွားပါတယ်။
“ဒုတိယရာသီမှာတော့ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်တော့ဘူး။ ခံစစ်က ခုခံကာကွယ်နိုင်စွမ်း လျော့ပါးသွားတယ်။ ယှဉ်ပြိုင်နိုင်စွမ်းလည်း ကျဆင်းသွားတယ်။ ကျွန်တော်တို့ အဲ့ဒီကာလမှာ ပြဿနာပေါင်းစုံရင်ဆိုင်နေရတာပါ။ အိုဇေးလ်-ကိုလာစီနက်တို့ လူမိုက်တွေနဲ့ရန်ဖြစ်ခဲ့ကြသလို၊ ကက်ပတိန်ရွေးချယ်မှုပြဿနာ၊ ပက်ပေတစ်ယောက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ရောက်လာပြီး အထိုင်ကျဖို့ ခက်နေတာ စသဖြင့် စသဖြင့်ပေါ့” လို့ အမ်မရီက ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့တာ သေချာပါတယ်။ ရလဒ်တွေလည်း ဆိုးခဲ့ပါတယ်။ အသင်းက တိုးတက်မှုလက္ခဏာတွေမရှိခဲ့ပဲ ကျွန်တော်ကိုယ်တိုင်လည်း ပြဿနာပေါင်းစုံကို လိုက်ရှင်းနေခဲ့ရတာပါ။ အဲ့ဒီအချိန်မှာ ပရိတ်သတ်တွေက ကျွန်တော့်ကိုပဲ ပစ်မှတ်ထားခဲ့ကြပါတယ်။ ကစားသမားတွေက ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တယ်ဆိုတာကို သူတို့ မသိခဲ့ကြပါဘူး။ ကျွန်တော် ထွက်သွားချိန်မှာ အဲ့ဒီအခြေအနေကြီး တည်ငြိမ်အေးချမ်းသွားခဲ့ပါတယ်။ ဒါပေမယ့် ခနပါပဲ” လို့ သူက ပြန်ပြောင်းပြောပြခဲ့တာပါ။
၂၀၁၉ ခုနှစ် နှစ်ကုန်ခါနီးမှာ အူနိုင်း အမ်မရီတစ်ယောက် အာဆင်နယ်နည်းပြရာထူးကနေ ထုတ်ပါယ်ခံခဲ့ရပြီး ဒီဇင်ဘာလမှာတော့ သူ့နေရာကို အသင်းခေါင်းဆောင်ဟောင်း မီခယ် အာတီတာက တာဝန်ယူခဲ့ပါတယ်။ အာတီတာဟာ ၂၀၁၉-၂၀ ရာသီမှာ FA ဖလားနဲ့ ၂၀၂၀-၂၁ ရာသီမှာ ကွန်မြူနတီဒိုင်းအစရှိတဲ့ မေဂျာဆုဖလားတွေကို ရယူပေးနိုင်ခဲ့ပေမယ့်လည်း လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိတာကြောင့် လက်တလောမှာ ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။
Source: Express, Marca
[ZAWGYI]
ယူရိုပါလိဂ္ဖလားကို ၄ ၾကိမ္ေျမာက္ကိုင္ေျမွာက္ကာ ျပိဳင္ပြဲသမုိင္းမွာ အေအာင္ျမင္ဆံုးနည္းျပအျဖစ္ မွတ္တမ္းဝင္ေနတဲ့ စပိန္လူမ်ိဳးနည္းျပ အူႏိုင္း အမ္မရီက သူ အာဆင္နယ္အသင္းမွာရွိေနစဥ္တုန္းက အေတြ႕အၾကံဳေတြနဲ႔ ရာထူးလက္လႊတ္ခါနီးအခ်ိန္ ပရိတ္သတ္ေတြရဲ႕ ဆက္ဆံပံုေတြကို ဖြင့္ဟေျပာဆိုလာခဲ့ပါတယ္။
အမ္မရီက သူ အာဆင္နယ္အသင္းကို ကိုင္တြယ္စဥ္တုန္းက ဆုဖလားေအာင္ျမင္မႈေတြ ရယူေပးႏုိင္ခဲ့ျခင္းမရွိေပမယ့္ အသင္းကို ေရရွည္အက်ိဳးရွိေစႏုိင္မယ့္ အေျခခံေကာင္းေတြကိုေတာ့ ဖန္တီးေပးႏုိင္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ယူရိုပါလိဂ္ဖိုင္နယ္အထိ တက္ေရာက္ႏုိင္ခဲ့ေပမယ့္ အဲ့ဒီေနာက္ ၂၀၁၉-၂၀ ရာသီမွာေတာ့ အသင္းဟာ ျပႆနာေပါင္းစံုကို ရင္ဆုိင္ခဲ့ရျပီး အဝတ္လဲခန္းအတြင္း ျပႆနာေတြ၊ ကြင္းျပင္ပျပႆနာေတြနဲ႔ ပရိတ္သတ္ေတြရဲ႕ ဖိအားေတြေၾကာင့္ အမ္မရီလည္း နည္းျပထိုင္ခံုကို စြန္႔လႊတ္ခဲ့ရတာပါ။

ဒီအျဖစ္အပ်က္ေတြနဲ႔ပတ္သက္ျပီး အမ္မရီက ခုလိုမ်ိဳး ျပန္ေျပာင္းေျပာဆိုသြားခဲ့ပါတယ္။ “ကၽြန္ေတာ္က အသင္းကို ေရာက္ေရာက္ျခင္းမွာ ျပႆနာရဲ႕ အရင္းအျမစ္ေတြကို သိနားလည္ခဲ့တယ္။ အေကာင္းဆံုးျဖစ္လာဖို႔ အေျခခံေကာင္းေတြ ဖန္တီးခဲ့တယ္။ ေျပာရမယ္ဆိုရင္ ပထမရာသီတုန္းက အေျခအေနက မဆိုးဘူးလို႔ ဆိုႏိုင္တယ္။ ပရီးမီးယားလိဂ္မွာေရာ ယူရိုပါလိဂ္မွာပါ ေကာင္းေကာင္းကစားျပႏုိင္ခဲ့တယ္။ လုပ္ငန္းေဆာင္ခ်က္ေတြလည္း ေကာင္းလာသလို ဖိအားေပးႏုိင္စြမ္းလည္း တက္လာတယ္။ ေဘာလံုးပိုင္ဆုိင္မႈနဲ႔လည္း ကစားႏုိင္ခဲ့တယ္” လို႔ သူကဆိုသြားပါတယ္။
“ဒုတိယရာသီမွာေတာ့ ကၽြန္ေတာ္တို႔ ေကာင္းေကာင္းမကစားႏုိင္ေတာ့ဘူး။ ခံစစ္က ခုခံကာကြယ္ႏုိင္စြမ္း ေလ်ာ့ပါးသြားတယ္။ ယွဥ္ျပိဳင္ႏိုင္စြမ္းလည္း က်ဆင္းသြားတယ္။ ကၽြန္ေတာ္တုိ႔ အဲ့ဒီကာလမွာ ျပႆနာေပါင္းစံုရင္ဆုိင္ေနရတာပါ။ အိုေဇးလ္-ကိုလာစီနက္တို႔ လူမိုက္ေတြနဲ႔ရန္ျဖစ္ခဲ့ၾကသလို၊ ကက္ပတိန္ေရြးခ်ယ္မႈျပႆနာ၊ ပက္ေပတစ္ေယာက္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေရာက္လာျပီး အထုိင္က်ဖို႔ ခက္ေနတာ စသျဖင့္ စသျဖင့္ေပါ့” လို႔ အမ္မရီက ေျပာခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ေကာင္းေကာင္းမကစားႏုိင္ခဲ့တာ ေသခ်ာပါတယ္။ ရလဒ္ေတြလည္း ဆိုးခဲ့ပါတယ္။ အသင္းက တိုးတက္မႈလကၡဏာေတြမရွိခဲ့ပဲ ကၽြန္ေတာ္ကိုယ္တုိင္လည္း ျပႆနာေပါင္းစံုကို လိုက္ရွင္းေနခဲ့ရတာပါ။ အဲ့ဒီအခ်ိန္မွာ ပရိတ္သတ္ေတြက ကၽြန္ေတာ့္ကိုပဲ ပစ္မွတ္ထားခဲ့ၾကပါတယ္။ ကစားသမားေတြက ျပႆနာရဲ႕ အရင္းအျမစ္ျဖစ္တယ္ဆိုတာကို သူတို႔ မသိခဲ့ၾကပါဘူး။ ကၽြန္ေတာ္ ထြက္သြားခ်ိန္မွာ အဲ့ဒီအေျခအေနၾကီး တည္ျငိမ္ေအးခ်မ္းသြားခဲ့ပါတယ္။ ဒါေပမယ့္ ခနပါပဲ” လို႔ သူက ျပန္ေျပာင္းေျပာျပခဲ့တာပါ။
၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ခါနီးမွာ အူႏိုင္း အမ္မရီတစ္ေယာက္ အာဆင္နယ္နည္းျပရာထူးကေန ထုတ္ပါယ္ခံခဲ့ရျပီး ဒီဇင္ဘာလမွာေတာ့ သူ႔ေနရာကို အသင္းေခါင္းေဆာင္ေဟာင္း မီခယ္ အာတီတာက တာဝန္ယူခဲ့ပါတယ္။ အာတီတာဟာ ၂၀၁၉-၂၀ ရာသီမွာ FA ဖလားနဲ႔ ၂၀၂၀-၂၁ ရာသီမွာ ကြန္ျမဴနတီဒိုင္းအစရွိတဲ့ ေမဂ်ာဆုဖလားေတြကို ရယူေပးႏုိင္ခဲ့ေပမယ့္လည္း လာမယ့္ရာသီမွာ ဥေရာပဝင္ခြင့္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျခင္းမရွိတာေၾကာင့္ လက္တေလာမွာ ဖိအားေတြနဲ႔ရင္ဆုိင္ေနရပါတယ္။
Source: Express, Marca