အာဆင်နယ်အသင်းကို ပြောင်းလဲဖို့ ပေါင် သန်း ၅၀၀ အထိလိုအပ်မှာလား

[UNICODE]

ဂန္တဝင်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က လက်ရှိအာဆင်နယ်အသင်းကို အလုံးစုံပြုပြင်ပြောင်းလဲမှုပြုလုပ်မယ်ဆိုရင် ပေါင် သန်း ၅၀၀ လောက်အထိ လိုအပ်နိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ်နွေရာသီမှာ အသင်းကို အကြီးစားပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတဲ့အသင်းဖြစ်ပြီး ထိပ်တန်းကစားသမားတွေ ခေါ်ယူဖို့ နည်းပြအာတီတာတစ်ယောက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၅၀ အထိ အသုံးပြုခွင့်ရလိမ်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ကမ်းဘဲလ်ကတော့ အသင်းရဲ့ ဘက်ဂျက်နဲ့ပတ်သက်ပြီး သူ့အမြင်ကို ခုလိုမျိုး ပြောဆိုသွားခဲ့ပါတယ်။ “အရိုးသားဆုံးပြောရရင် (လက်ရှိအာဆင်နယ်အသင်းကို ပြုပြင်ပြောင်းလဲဖို့ဆိုရင်) ပေါင် သန်း ၁၀၀၊ ၂၀၀ လောက်သုံးရုံနဲ့ လုံလောက်ပါ့မလား ကျွန်တော်တော့ မသေချာပါဘူး။ ပေါင် သန်း ၅၀၀ လောက် သုံးနိုင်မယ်ဆိုရင်တော့ တော်တော်လေး အိုခေပါလိမ့်မယ်” လို့ သူက Football Insider ကို ပြောခဲ့ပါတယ်။

“ပေါင် သန်း ၁၀၀၊ ၂၀၀ ဆိုတာ ဒီကနေ့ခေတ် အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဘာမှလုပ်မရတော့တဲ့ ပမာဏပါ။ တကယ်လို့ ပေါင် သန်း ၁၀၀ လောက်နဲ့ ကွာလတီပြည့်ကစားသမားမျိုး လိုချင်တယ်ဆိုရင် ၂ ယောက်လောက်ပဲ ခေါ်ခွင့်ရနိုင်ပါတယ်။ အာဆင်နယ်မှာ အရည်အသွေးမြင့်ကစားသမားတွေက ၂ ဦးထက်မက လိုအပ်နေတာပါ။ ဒီလိုမှမဟုတ်ပဲ ဂျက် ဂရီးလစ်ရှ်လိုကစားသမားမျိုးကို ခေါ်ချင်တယ်ဆိုရင် တစ်ယောက်တည်းနဲ့တောင် ပေါင် သန်း ၈၀ လောက် သုံးရနိုင်ပါတယ်” လို့ ကမ်းဘဲလ်က ဆိုသွားပါတယ်။

“တကယ်လို့ စတန် ခရွန်ကီက တကယ်ကို ပေါင် သန်း ၂၀၀ ပဲဖြစ်ဖြစ် ၃၀၀ ပဲဖြစ်ဖြစ် ပေးခဲ့မယ်ဆိုရင် ကျွန်တော်သာဆို တပြားမကျန် အသုံးချပစ်မှာပါ။ ပြောရရင် ဒီနှစ်ရာသီမှာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ငွေဘယ်လောက်သုံးလဲဆိုတဲ့ အချက်က အာဆင်နယ်အသင်းအတွက် အရေးပါလွန်းနေတာကြောင့်ပါပဲ။ ဒီနှစ်နွေရာသီက အာဆင်နယ်အတွက် အရမ်းအရေးပါတဲ့ နွေရာသီလို့ဆိုရပါလိမ့်မယ်” လို့လည်း တိုက်စစ်မှူးဟောင်းက ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နောက်ဆုံး ၃ ရာသီမှာ အပြောင်းအရွှေ့ အသုံးစားရိတ် ပေါင် ၂၉၂ သန်း အသုံးပြုခဲ့တဲ့အသင်းဖြစ်ပြီး ကစားသမား ၁၆ ဦးအထိ ခေါ်ယူဖြည့်တင်းခဲ့တာပါ။ အဆိုပါပမာဏဟာ လီဗာပူးလ်၊ စပါး၊ လက်စတာတို့ထက် သိသိသာသာ ပိုများပြီး မန်ယူ၊ မန်စီးတီးတို့သုံးခဲ့တဲ့ ပမာဏနဲ့ မတိမ်းမယိမ်းအနေအထားဖြစ်ပါတယ်။ ပေါင် ၄၃၂ သန်းအထိ သုံးခဲ့တဲ့ ချယ်လ်ဆီးနဲ့တော့ ကွာဟချက်ကြီးခဲ့ပါတယ်။

Source: Football Insider

[ZAWGYI]

ဂႏၱဝင္တုိက္စစ္မွဴးေဟာင္း ကီဗင္ ကမ္းဘဲလ္က လက္ရွိအာဆင္နယ္အသင္းကို အလံုးစံုျပဳျပင္ေျပာင္းလဲမႈျပဳလုပ္မယ္ဆိုရင္ ေပါင္ သန္း ၅၀၀ ေလာက္အထိ လိုအပ္ႏုိင္တယ္လုိ႔ သံုးသပ္ေျပာဆိုလုိက္ပါတယ္။

အာဆင္နယ္အသင္းဟာ ယခုႏွစ္ေႏြရာသီမွာ အသင္းကို အၾကီးစားျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္သြားဖို႔ စီစဥ္ေနတဲ့အသင္းျဖစ္ျပီး ထိပ္တန္းကစားသမားေတြ ေခၚယူဖို႔ နည္းျပအာတီတာတစ္ေယာက္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၂၅၀ အထိ အသံုးျပဳခြင့္ရလိမ္မယ္လုိ႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။

ကမ္းဘဲလ္ကေတာ့ အသင္းရဲ႕ ဘက္ဂ်က္နဲ႔ပတ္သက္ျပီး သူ႔အျမင္ကို ခုလိုမ်ိဳး ေျပာဆိုသြားခဲ့ပါတယ္။ “အရိုးသားဆံုးေျပာရရင္ (လက္ရွိအာဆင္နယ္အသင္းကို ျပဳျပင္ေျပာင္းလဲဖို႔ဆိုရင္) ေပါင္ သန္း ၁၀၀၊ ၂၀၀ ေလာက္သံုးရံုနဲ႔ လံုေလာက္ပါ့မလား ကၽြန္ေတာ္ေတာ့ မေသခ်ာပါဘူး။ ေပါင္ သန္း ၅၀၀ ေလာက္ သံုးႏိုင္မယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး အိုေခပါလိမ့္မယ္” လို႔ သူက Football Insider ကို ေျပာခဲ့ပါတယ္။

“ေပါင္ သန္း ၁၀၀၊ ၂၀၀ ဆိုတာ ဒီကေန႔ေခတ္ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ဘာမွလုပ္မရေတာ့တဲ့ ပမာဏပါ။ တကယ္လို႔ ေပါင္ သန္း ၁၀၀ ေလာက္နဲ႔ ကြာလတီျပည့္ကစားသမားမ်ိဳး လိုခ်င္တယ္ဆိုရင္ ၂ ေယာက္ေလာက္ပဲ ေခၚခြင့္ရႏုိင္ပါတယ္။ အာဆင္နယ္မွာ အရည္အေသြးျမင့္ကစားသမားေတြက ၂ ဦးထက္မက လိုအပ္ေနတာပါ။ ဒီလိုမွမဟုတ္ပဲ ဂ်က္ ဂရီးလစ္ရွ္လိုကစားသမားမ်ိဳးကို ေခၚခ်င္တယ္ဆိုရင္ တစ္ေယာက္တည္းနဲ႔ေတာင္ ေပါင္ သန္း ၈၀ ေလာက္ သံုးရႏုိင္ပါတယ္” လို႔ ကမ္းဘဲလ္က ဆိုသြားပါတယ္။

“တကယ္လုိ႔ စတန္ ခရြန္ကီက တကယ္ကို ေပါင္ သန္း ၂၀၀ ပဲျဖစ္ျဖစ္ ၃၀၀ ပဲျဖစ္ျဖစ္ ေပးခဲ့မယ္ဆိုရင္ ကၽြန္ေတာ္သာဆို တျပားမက်န္ အသံုးခ်ပစ္မွာပါ။ ေျပာရရင္ ဒီႏွစ္ရာသီမွာ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ေငြဘယ္ေလာက္သံုးလဲဆိုတဲ့ အခ်က္က အာဆင္နယ္အသင္းအတြက္ အေရးပါလြန္းေနတာေၾကာင့္ပါပဲ။ ဒီႏွစ္ေႏြရာသီက အာဆင္နယ္အတြက္ အရမ္းအေရးပါတဲ့ ေႏြရာသီလို႔ဆိုရပါလိမ့္မယ္” လို႔လည္း တုိက္စစ္မွဴးေဟာင္းက ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ ေနာက္ဆံုး ၃ ရာသီမွာ အေျပာင္းအေရႊ႕ အသံုးစားရိတ္ ေပါင္ ၂၉၂ သန္း အသံုးျပဳခဲ့တဲ့အသင္းျဖစ္ျပီး ကစားသမား ၁၆ ဦးအထိ ေခၚယူျဖည့္တင္းခဲ့တာပါ။ အဆုိပါပမာဏဟာ လီဗာပူးလ္၊ စပါး၊ လက္စတာတို႔ထက္ သိသိသာသာ ပိုမ်ားျပီး မန္ယူ၊ မန္စီးတီးတို႔သံုးခဲ့တဲ့ ပမာဏနဲ႔ မတိမ္းမယိမ္းအေနအထားျဖစ္ပါတယ္။ ေပါင္ ၄၃၂ သန္းအထိ သံုးခဲ့တဲ့ ခ်ယ္လ္ဆီးနဲ႔ေတာ့ ကြာဟခ်က္ၾကီးခဲ့ပါတယ္။

Source: Football Insider

Leave a Reply