
[UNICODE]
မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်စ်က အာဆင်နယ်အသင်းဟာ ခြေစွမ်းထက်မြက်တဲ့ သူတို့ရဲ့ လူငယ်ကြယ်ပွင့်တစ်သိုက်ကြောင့် ယခုနှစ်ရာသီ ယူရိုပါလိဂ်ဆုဖလားကို ပိုင်ဆိုင်သွားနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
ယူရိုပါလိဂ်မှာ လူငယ်တွေနဲ့ အရံကစားသမားတွေကို အသုံးချပြီး ယှဉ်ပြိုင်ကစားခဲ့ပေမယ့် အဆိုပါကစားသမားတွေရဲ့ ပွဲကစားခွင့်အတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်မှုတွေကြောင့် အာဆင်နယ်အသင်းဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။
အိုဝင် ဟားဂရေ့ဗ်စ်ကတော့ အာဆင်နယ်အသင်း ခုလိုခြေစွမ်းပြသနိုင်တာဟာ လူငယ်တွေရဲ့ ပင်ကိုယ် အရည်အသွေးနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ဖြစ်တယ်လို့ ယုံကြည်နေပြီး ဒီလူငယ်တွေကို ဆက်လက်အသုံးချမယ်ဆိုရင် ပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်တယ်လို့ သုံးသပ်သွားတာဖြစ်ပါတယ်။
“အာဆင်နယ်အသင်းက ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အရေး ကောင်းကောင်းကြီးကို ရှိနေတာပါ။ ဘာလိုဂန်က သက်ရောက်မှုအကြီးကြီးတွေ လုပ်ပြနိုင်ပါတယ်။ ကျွန်တော်တို့ ဝေးလော့ခ် ဘယ်လောက်ကောင်းတယ်ဆိုတာကိုလည်း မြင်ခဲ့ပြီးပါပြီ။ ဆာကာဆိုရင်လည်း သူ့ကိုယ်သူ သက်သေပြခဲ့ပြီးသားပါ။ သူတို့တွေရဲ့ကြောင့် အောင်မြင်နိုင်ပါတယ်” လို့ ဟားဂရေ့ဗ်စ်က BT Sport ကို ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အာဆင်နယ်လူငယ်တွေနဲ့ ပတ်သက်လို့လည်း “အကယ်ဒမီကနေ ဒီလို အဆင့်အတန်းမျိုးတွေကို ပိုင်ဆိုင်ထားတဲ့ ကြယ်ပွင့်တွေ ထွက်ပေါ်လာခဲ့တာက တကယ်ကို အမိုက်စား အခြေအနေပါ။ နောက်ပြီး သူတို့မှာ နောက်ထပ် အရည်အသွေးမြင့်ကြယ်ပွင့်တွေ အမြောက်အများရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်လည်းဖြစ်ပါတယ်။ သူတို့တွေကလည်း အခိုက်အတန့်ကောင်းတွေ ဆက်ပြီးဖန်တီးပြကြဦးမှာပါ” လို့ အင်္ဂလန်ကွင်းလယ်လူဟောင်းက ဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အုပ်စု B မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လူငယ်တွေရဲ့ ခြေစွမ်းပြသမှုနဲ့အတူ ၂၀၂၀-၂၁ ရာသီ ယူရိုပါလိဂ် အုပ်စုအဆင့်ရဲ့ အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
Source: Independent
[ZAWGYI]
မန္ခ်က္စတာ ယူႏိုက္တက္ကြင္းလယ္လူေဟာင္း အိုဝင္ ဟားဂေရ႕ဗ္စ္က အာဆင္နယ္အသင္းဟာ ေျခစြမ္းထက္ျမက္တဲ့ သူတို႔ရဲ႕ လူငယ္ၾကယ္ပြင့္တစ္သိုက္ေၾကာင့္ ယခုႏွစ္ရာသီ ယူရိုပါလိဂ္ဆုဖလားကို ပိုင္ဆိုင္သြားႏုိင္တယ္လုိ႔ သံုးသပ္ေျပာဆိုလုိက္ပါတယ္။
ယူရုိပါလိဂ္မွာ လူငယ္ေတြနဲ႔ အရံကစားသမားေတြကို အသံုးခ်ျပီး ယွဥ္ျပိဳင္ကစားခဲ့ေပမယ့္ အဆုိပါကစားသမားေတြရဲ႕ ပြဲကစားခြင့္အတြက္ အင္တိုက္အားတုိက္ တိုက္ပြဲဝင္မႈေတြေၾကာင့္ အာဆင္နယ္အသင္းဟာ ေျခစြမ္းေကာင္းေတြ ျပသႏုိင္ခဲ့ပါတယ္။

အိုဝင္ ဟားဂေရ႕ဗ္စ္ကေတာ့ အာဆင္နယ္အသင္း ခုလိုေျခစြမ္းျပသႏုိင္တာဟာ လူငယ္ေတြရဲ႕ ပင္ကိုယ္ အရည္အေသြးနဲ႔ ၾကိဳးစားအားထုတ္မႈေတြေၾကာင့္ျဖစ္တယ္လုိ႔ ယံုၾကည္ေနျပီး ဒီလူငယ္ေတြကို ဆက္လက္အသံုးခ်မယ္ဆိုရင္ ျပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ႏုိင္တယ္လုိ႔ သံုးသပ္သြားတာျဖစ္ပါတယ္။
“အာဆင္နယ္အသင္းက ဒီျပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ႏုိင္တဲ့ အခြင့္အေရး ေကာင္းေကာင္းၾကီးကို ရွိေနတာပါ။ ဘာလိုဂန္က သက္ေရာက္မႈအၾကီးၾကီးေတြ လုပ္ျပႏုိင္ပါတယ္။ ကၽြန္ေတာ္တို႔ ေဝးေလာ့ခ္ ဘယ္ေလာက္ေကာင္းတယ္ဆိုတာကိုလည္း ျမင္ခဲ့ျပီးပါျပီ။ ဆာကာဆိုရင္လည္း သူ႔ကိုယ္သူ သက္ေသျပခဲ့ျပီးသားပါ။ သူတို႔ေတြရဲ႕ေၾကာင့္ ေအာင္ျမင္ႏုိင္ပါတယ္” လို႔ ဟားဂေရ႕ဗ္စ္က BT Sport ကို ေျပာဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ အာဆင္နယ္လူငယ္ေတြနဲ႔ ပတ္သက္လုိ႔လည္း “အကယ္ဒမီကေန ဒီလို အဆင့္အတန္းမ်ိဳးေတြကို ပိုင္ဆုိင္ထားတဲ့ ၾကယ္ပြင့္ေတြ ထြက္ေပၚလာခဲ့တာက တကယ္ကို အမိုက္စား အေျခအေနပါ။ ေနာက္ျပီး သူတို႔မွာ ေနာက္ထပ္ အရည္အေသြးျမင့္ၾကယ္ပြင့္ေတြ အေျမာက္အမ်ားရွိေနေသးတယ္ဆိုတဲ့ အဓိပၸါယ္လည္းျဖစ္ပါတယ္။ သူတို႔ေတြကလည္း အခုိက္အတန္႔ေကာင္းေတြ ဆက္ျပီးဖန္တီးျပၾကဦးမွာပါ” လို႔ အဂၤလန္ကြင္းလယ္လူေဟာင္းက ဆိုသြားခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ယူရိုပါလိဂ္ျပိဳင္ပြဲရဲ႕ အုပ္စု B မွာ ပါဝင္ယွဥ္ျပိဳင္ခဲ့ျပီး လူငယ္ေတြရဲ႕ ေျခစြမ္းျပသမႈနဲ႔အတူ ၂၀၂၀-၂၁ ရာသီ ယူရိုပါလိဂ္ အုပ္စုအဆင့္ရဲ႕ အေကာင္းဆံုးအသင္းအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။
Source: Independent