
[UNICODE]
လန်ဒန်အခြေစိုက် အာဆင်နယ်အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ နိုက်ဂျီးရီးယားနိုင်ငံရဲ့ လွှတ်တော်အမတ်လည်းဖြစ် ဘီလီယံနာလည်းဖြစ်တဲ့ အော်ဂျီ အူဇာ ကာလူးက ဒေသခံမီဒီယာတွေနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အော်ဂျီ ကာလူးဟာ အာဖရိက ဘောလုံးလောကမှ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားသူဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ ရှယ်ယာ ၃၅% ကို စတင်ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာပါ။

“ကျွန်တော် အာဆင်နယ်အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားပါတယ်။ အန်ယင်ဘာအသင်းကို အောင်မြင်အောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ ဘောလုံးလောကထဲမှာ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးချဲ့ဖို့ စိတ်ကူးရှိပါတယ်။ အာဆင်နယ်မှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသလို ကနဦးမှာ ရှယ်ယာ ၃၅% လောက်ကို ဝယ်ယူဖို့ စိတ်ကူးရှိထားပါတယ်” လို့ ကာလူးကဆိုခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ ပစ်မှတ်က အာဆင်နယ်အသင်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဖြစ်တယ်လို့လည်း သူကဆိုခဲ့ပါသေးတယ်။ “ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ ပရီးမီးယားလိဂ် ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရအောင် ပံ့ပိုးပေးဖို့ပါပဲ။ အန်ယင်ဘာအသင်းကို အောင်မြင်အောင် လုပ်ပေးခဲ့သလိုမျိုးပေါ့” လို့ သူကဆိုခဲ့တာပါ။
အော်ဂျီ ကာလူးဟာ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင့် ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဒုတိမြောက် နိုက်ဂျီးရီးယား နိုင်ငံသား ဘီလီယံနာဖြစ်ပြီး သူ့အရင်တုန်းကတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် အလီကို ဒန်ဂေါ့တီဖြစ်ပြီး သူကတော့ ၂၀၂၁ မှာ အာဆင်နယ်ကို ဝယ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုထားပါတယ်။
Source: Vingard
[UNICODE]
လန္ဒန္အေျခစိုက္ အာဆင္နယ္အသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားေနတယ္လုိ႔ ႏုိက္ဂ်ီးရီးယားႏုိင္ငံရဲ႕ လႊတ္ေတာ္အမတ္လည္းျဖစ္ ဘီလီယံနာလည္းျဖစ္တဲ့ ေအာ္ဂ်ီ အူဇာ ကာလူးက ေဒသခံမီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။
ေအာ္ဂ်ီ ကာလူးဟာ အာဖရိက ေဘာလံုးေလာကမွ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ျပဳလုပ္ထားသူျဖစ္ျပီး လက္ရွိမွာေတာ့ အာဆင္နယ္အသင္းရဲ႕ ရွယ္ယာ ၃၅% ကို စတင္ဝယ္ယူဖို႔ စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္တာပါ။

“ကၽြန္ေတာ္ အာဆင္နယ္အသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားပါတယ္။ အန္ယင္ဘာအသင္းကို ေအာင္ျမင္ေအာင္ ကၽြန္ေတာ္တို႔ လုပ္ႏုိင္ခဲ့ပါျပီ။ ေဘာလံုးေလာကထဲမွာ ကၽြန္ေတာ့္ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို တိုးခ်ဲ႕ဖို႔ စိတ္ကူးရွိပါတယ္။ အာဆင္နယ္မွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ စဥ္းစားေနသလို ကနဦးမွာ ရွယ္ယာ ၃၅% ေလာက္ကို ဝယ္ယူဖို႔ စိတ္ကူးရွိထားပါတယ္” လို႔ ကာလူးကဆိုခဲ့ပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕ ပစ္မွတ္က အာဆင္နယ္အသင္း ေအာင္ျမင္မႈေတြ ရယူႏုိင္ဖို႔ ျဖစ္တယ္လုိ႔လည္း သူကဆိုခဲ့ပါေသးတယ္။ “ကၽြန္ေတာ့္ရဲ႕ ရည္မွန္းခ်က္ကေတာ့ ပရီးမီးယားလိဂ္ ဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမွာက္ခြင့္ရေအာင္ ပံ့ပိုးေပးဖို႔ပါပဲ။ အန္ယင္ဘာအသင္းကို ေအာင္ျမင္ေအာင္ လုပ္ေပးခဲ့သလိုမ်ိဳးေပါ့” လို႔ သူကဆိုခဲ့တာပါ။
ေအာ္ဂ်ီ ကာလူးဟာ အာဆင္နယ္အသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားေၾကာင့္ ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ ဒုတိေျမာက္ ႏုိက္ဂ်ီးရီးယား ႏုိင္ငံသား ဘီလီယံနာျဖစ္ျပီး သူ႔အရင္တုန္းကေတာ့ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းရွင္ အလီကို ဒန္ေဂါ့တီျဖစ္ျပီး သူကေတာ့ ၂၀၂၁ မွာ အာဆင္နယ္ကို ဝယ္ယူႏုိင္ဖို႔ ပစ္မွတ္ထားေနတယ္လုိ႔ ဆုိထားပါတယ္။
Source: Vingard