
[UNICODE]
လက်ရှိရာသီမှာ အာဆင်နယ်အသင်းရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေဟာ အသင်းရဲ့အတွင်းစည်းထဲကလူတွေက ဒုက္ခပြန်ပေးခဲ့တာသာဖြစ်တယ်လို့ နည်းပြဖြစ်သူ မီခယ် အာတီတာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ပထမရာသီဝက်မှာ ပြဿနာမျိုးစုံရင်ဆိုင်ခဲ့ရပြီး အသင်းရဲ့ထိပ်ပိုင်းမှာ အပြောင်းအရွှေ့ မူဝါဒမှားတွေ၊ အာဏာလုပွဲတွေဖြစ်ပေါ်ခဲ့သလို အဝတ်လဲခန်းအတွင်းထဲမှာလည်း စီနီယာ-ဂျူနီယာ ခွဲခြားဆက်ဆံမှုတွေ၊ အုပ်စုဖွဲ့တစ်စင်ထောင်မှုတွေ ဖြစ်ပျက်ခဲ့ပါတယ်။

ဒီအခြေအနေဆိုးတွေဟာ အသင်းရဲ့ ရလဒ်ပိုင်းတွေအပေါ် ကြီးကြီးမားမားသက်ရောက်ခဲ့ပြီး ရလဒ်တွေဆက်တိုက်ဆိုးရွားခဲ့ကာ အမှတ်ပေးဇယားမှာလည်း တန်းဆင်းဇုံထိပ်နားအထိ ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီကာလတွေမှာ အသင်းတွင်းပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို စတင်နိုင်ခဲ့ပေမယ့် ရာသီကုန်ချိန်မှာတော့ ပထမရာသီဝက်က အမှားတွေကို လုံလုံလောက်လောက် ပြန်အဖတ်ဆယ်နိုင်ခြင်းမရှိတော့ပါဘူး။
အဆိုပါကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းတရားတွေနဲ့ပတ်သက်ပြီး နည်းပြအာတီတာက ပထမဆုံးအကြိမ်ဖြစ် ထုတ်ဖော်ဝန်ခံမှုပြုလုပ်လာခဲ့ပါတယ်။ “ခုချိန်မှာ အကောင်းဆုံးကိစ္စကတော့ အသင်းအတွက် ပေးဆပ်ချင်တဲ့လူတွေကို ဆက်လက်စုစည်းထားနိုင်ခဲ့တာပါပဲ။ အဲဒီမတိုင်ခင်တုန်းကတော့ အတွင်းလူတွေနဲ့ အပြင်ကပါဝင်ပတ်သက်သူတချို့က အသင်းကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ခဲ့ကြဖူးပါတယ်” လို့ မီဒီယာတွေကို တရားဝင်ဖြေဆိုသွားခဲ့ပါတယ်။

“စိတ်ထားမှန်တဲ့လူတွေကို စုစည်းထားပြီး စေတနာမမှန်သူတွေကို ဖယ်ရှားလိုက်နိုင်တာကလည်း ကောင်းမွန်တဲ့အချက်ပါပဲ။ ဒီရာသီအတွက် အောင်မြင်မှုလို့တောင် ဆိုလို့ရပါတယ်။ ဒီလိုပြဿနာမျိုး ကြုံဆုံလာရင် ခပ်မြန်မြန် ဖြေရှင်းပယ်သတ်နိုင်ဖို့က သိပ်အရေးကြီးပါတယ်။ အက်ကြောင်းတွေဟာ တဖြည်းဖြည်းပိုကြီးထွားလာပြီး အရာအားလုံးကျဆုံးသွားအောင် လုပ်နိုင်တာကြောင့်ပါ။ ကျွန်တော်တို့ ဒီအခြေအနေအထိ မရောက်အောင် ကာကွယ်နိုင်ခဲ့ပါတယ်” လို့လည်း သူကဆိုခဲ့ပါသေးတယ်။ ခုချိန်မှာ အသင်းကို ဒုက္ခပေးခဲ့တဲ့ အတွင်းလူတွေ ရှိနေသေးလားဆိုတဲ့ မေးခွန်းကိုတော့ “မရှိတော့ဘူး” လို့ အာတီတာက ဖြေဆိုသွားခဲ့ပါတယ်။
မီဒီယာတွေကတော့ လက်ရှိရာသီရဲ့ ပထမရာသီဝက်မှာ အာဆင်နယ်အသင်းရင်ဆိုင်ခဲ့ရတဲ့ အရှုပ်အထွေးတွေမှာ အားကစားဒါရိုက်တာဟောင်း ရာအူးလ် ဆန်လက်ဟီ၊ ကစားသမားတွေဖြစ်ကြတဲ့ မီဆွတ် အိုဇေးလ်၊ ရှကိုဒရန် မူစတာဖီ၊ ဆေယက် ကိုလာစီနက်နဲ့ အိုဇေးလ်ရဲ့ အေးဂျင့်ဖြစ်သူ ဒေါက်တာ အာကွတ် ဆိုဂွတ်တို့ ပါဝင်ပတ်သက်နေတယ်လို့ အခိုင်အမာဆိုနေကြပါတယ်။
Source: Goal, ESPN
[ZAWGYI]
လက္ရွိရာသီမွာ အာဆင္နယ္အသင္းရင္ဆုိင္ခဲ့ရတဲ့ ျပႆနာေတြဟာ အသင္းရဲ႕အတြင္းစည္းထဲကလူေတြက ဒုကၡျပန္ေပးခဲ့တာသာျဖစ္တယ္လုိ႔ နည္းျပျဖစ္သူ မီခယ္ အာတီတာက ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။
အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ ပထမရာသီဝက္မွာ ျပႆနာမ်ိဳးစံုရင္ဆုိင္ခဲ့ရျပီး အသင္းရဲ႕ထိပ္ပိုင္းမွာ အေျပာင္းအေရႊ႕ မူဝါဒမွားေတြ၊ အာဏာလုပြဲေတြျဖစ္ေပၚခဲ့သလို အဝတ္လဲခန္းအတြင္းထဲမွာလည္း စီနီယာ-ဂ်ဴနီယာ ခြဲျခားဆက္ဆံမႈေတြ၊ အုပ္စုဖြဲ႕တစ္စင္ေထာင္မႈေတြ ျဖစ္ပ်က္ခဲ့ပါတယ္။

ဒီအေျခအေနဆိုးေတြဟာ အသင္းရဲ႕ ရလဒ္ပိုင္းေတြအေပၚ ၾကီးၾကီးမားမားသက္ေရာက္ခဲ့ျပီး ရလဒ္ေတြဆက္တုိက္ဆိုးရြားခဲ့ကာ အမွတ္ေပးဇယားမွာလည္း တန္းဆင္းဇံုထိပ္နားအထိ က်ဆင္းသြားခဲ့ပါတယ္။ ျပီးခဲ့တဲ့ ဒီဇင္ဘာနဲ႔ ဇန္နဝါရီကာလေတြမွာ အသင္းတြင္းျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ေတြကို စတင္ႏုိင္ခဲ့ေပမယ့္ ရာသီကုန္ခ်ိန္မွာေတာ့ ပထမရာသီဝက္က အမွားေတြကို လံုလံုေလာက္ေလာက္ ျပန္အဖတ္ဆယ္ႏုိင္ျခင္းမရွိေတာ့ပါဘူး။
အဆုိပါကိစၥေတြရဲ႕ ေနာက္ကြယ္က အေၾကာင္းတရားေတြနဲ႔ပတ္သက္ျပီး နည္းျပအာတီတာက ပထမဆံုးအၾကိမ္ျဖစ္ ထုတ္ေဖာ္ဝန္ခံမႈျပဳလုပ္လာခဲ့ပါတယ္။ “ခုခ်ိန္မွာ အေကာင္းဆံုးကိစၥကေတာ့ အသင္းအတြက္ ေပးဆပ္ခ်င္တဲ့လူေတြကို ဆက္လက္စုစည္းထားႏုိင္ခဲ့တာပါပဲ။ အဲဒီမတုိင္ခင္တုန္းကေတာ့ အတြင္းလူေတြနဲ႔ အျပင္ကပါဝင္ပတ္သက္သူတခ်ိဳ႕က အသင္းကို ထိခိုက္ပ်က္စီးေအာင္ လုပ္ေဆာင္ခဲ့ၾကဖူးပါတယ္” လို႔ မီဒီယာေတြကို တရားဝင္ေျဖဆိုသြားခဲ့ပါတယ္။

“စိတ္ထားမွန္တဲ့လူေတြကို စုစည္းထားျပီး ေစတနာမမွန္သူေတြကို ဖယ္ရွားလိုက္ႏုိင္တာကလည္း ေကာင္းမြန္တဲ့အခ်က္ပါပဲ။ ဒီရာသီအတြက္ ေအာင္ျမင္မႈလို႔ေတာင္ ဆိုလို႔ရပါတယ္။ ဒီလိုျပႆနာမ်ိဳး ၾကံဳဆံုလာရင္ ခပ္ျမန္ျမန္ ေျဖရွင္းပယ္သတ္ႏုိင္ဖို႔က သိပ္အေရးၾကီးပါတယ္။ အက္ေၾကာင္းေတြဟာ တျဖည္းျဖည္းပိုၾကီးထြားလာျပီး အရာအားလံုးက်ဆံုးသြားေအာင္ လုပ္ႏုိင္တာေၾကာင့္ပါ။ ကၽြန္ေတာ္တို႔ ဒီအေျခအေနအထိ မေရာက္ေအာင္ ကာကြယ္ႏိုင္ခဲ့ပါတယ္” လို႔လည္း သူကဆိုခဲ့ပါေသးတယ္။ ခုခ်ိန္မွာ အသင္းကို ဒုကၡေပးခဲ့တဲ့ အတြင္းလူေတြ ရွိေနေသးလားဆိုတဲ့ ေမးခြန္းကိုေတာ့ “မရွိေတာ့ဘူး” လို႔ အာတီတာက ေျဖဆုိသြားခဲ့ပါတယ္။
မီဒီယာေတြကေတာ့ လက္ရွိရာသီရဲ႕ ပထမရာသီဝက္မွာ အာဆင္နယ္အသင္းရင္ဆုိင္ခဲ့ရတဲ့ အရႈပ္အေထြးေတြမွာ အားကစားဒါရိုက္တာေဟာင္း ရာအူးလ္ ဆန္လက္ဟီ၊ ကစားသမားေတြျဖစ္ၾကတဲ့ မီဆြတ္ အိုေဇးလ္၊ ရွကိုဒရန္ မူစတာဖီ၊ ေဆယက္ ကိုလာစီနက္နဲ႔ အိုေဇးလ္ရဲ႕ ေအးဂ်င့္ျဖစ္သူ ေဒါက္တာ အာကြတ္ ဆိုဂြတ္တို႔ ပါဝင္ပတ္သက္ေနတယ္လုိ႔ အခိုင္အမာဆိုေနၾကပါတယ္။
Source: Goal, ESPN