အာဆင်နယ်အသင်းဆီကို ပြေင်းရွှေ့လာမယ့် ကွင်းလယ်လူက ဘယ်သူဖြစ်မလဲ

[UNICODE]

ထိပ်တန်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနက နာမည်ကျော်သတင်းထောက် ဒေးဗစ် အွန်းစတိန်းက လာမယ့်ဇန်နဝါရီမှာ အာဆင်နယ်အသင်းထံ ရောက်ရှိလာဖို့ ဖြစ်နိုင်ခြေအမြင့်မားဆုံး ကွင်းလယ် ကစားသမား ၅ ဦးကို ထုတ်နှုတ်ရွေးချယ်ပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ် ဖန်တီးရှင်သစ် ခေါ်ယူဖို့ စီစဉ်နေပြီး ဒီအစီအစဉ်ဟာ ယခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ မဖြစ်မနေ ပြုလုပ်သွားမယ့် အပြောင်းအရွှေ့ အစီအစဉ်ဖြစ်တယ်လို့ အွန်းစတိန်းက ဆိုပါတယ်။

ဂန်းနားတွေဟာ ဥရောပတစ်လွှားထိပ်တန်းလိဂ်တွေက ကွင်းလယ်လူ အမြောက်အများကို စောင့်ကြည့်မှုတွေပြုလုပ်နေပေမယ့် အွန်းစတိန်းရဲ့ ရွေးချယ်မှုအရ အသင်းကို ရောက်ရှိလာနိုင်ခြေ အများဆုံး ကစားသမားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ခရစ္စတီယန် အဲရစ်ဆင် (၂၈ နှစ်၊ အင်တာမီလန်၊ တန်ကြေး ပေါင် ၁၈ သန်း)

၂။ အီမီလီယာနို ဘူယွန်ဒီယာ (၂၃ နှစ်၊ နော်ဝစ်ချ်၊ တန်ကြေး ပေါင် ၁၅ သန်း)

၃။ ရီကီ ပူယစ် (၂၁ နှစ်၊ ဘာစီလိုနာ၊ တန်ကြေး ပေါင် ၁၈.၅ သန်း)

၄။ ခရစ်တိုဖီ အန်ကွန်ကူ (၂၄ နှစ်၊ လိုက်ပ်ဇစ်၊ တန်ကြေး ပေါင် သန်း ၄၀)

၅။ ဂျူလီယန် ဘရန့်ဒ် (၂၄ နှစ်၊ ဒေါ့မွန်၊ တန်ကြေး ပေါင် သန်း ၃၅ သန်း) တို့ဖြစ်ပါတယ်။

အွန်းစတိန်းကတော့ အဲရစ်ဆင်ဟာ ရောက်နိုင်ခြေ အမြင့်မားဆုံးလို့ ဆိုခဲ့ပြီး ရီကီ ပူယစ်ကတော့ ဘာစီလိုနာအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသူဖြစ်တာမို့ အငှားခေါ်ယူဖို့ ဦးစားပေးချဉ်းကပ်နေတယ်လို့ ဆိုသွားခဲ့ပါတယ်။ နော်ဝစ်ချ်ကွင်းလယ်လူ ဘူယွန်ဒီယာကတော့ အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုကို သိသိသာသာရရှိနေသူဖြစ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့လည်း သတင်းထွက်ပေါ်နေပါတယ်။

ဒါပေမယ့် တခြားသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ဆိုရင်တော့ လိုင်ယွန်က ဟူဆန် အူဝါ၊ ဆီဗီလာက ယိုအန် ဂျော်ဒန်၊ ရီးရဲလ်က အစ္စကို၊ လိုက်ပ်ဇစ်က မာဆယ် ဆဘစ်တာ၊ ဘရိုက်တန်က ယီးဗစ် ဘစ်ဆူးမားနဲ့ ဆားလ်ဘတ်က ဒိုမီနစ် ဆိုဘိုဇ်လိုင်တို့ကလည်း အာဆင်နယ်ပစ်မှတ်စာရင်းထဲမှာရှိနေဆဲလို့ သိထားရပါတယ်။

Source: The Athletic

[ZAWGYI]

ထိပ္တန္းသတင္းဌာနတစ္ခုျဖစ္တဲ့ The Athletic သတင္းဌာနက နာမည္ေက်ာ္သတင္းေထာက္ ေဒးဗစ္ အြန္းစတိန္းက လာမယ့္ဇန္နဝါရီမွာ အာဆင္နယ္အသင္းထံ ေရာက္ရွိလာဖို႔ ျဖစ္ႏုိင္ေျခအျမင့္မားဆံုး ကြင္းလယ္ ကစားသမား ၅ ဦးကို ထုတ္ႏႈတ္ေရြးခ်ယ္ေပးခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ကြင္းလယ္ ဖန္တီးရွင္သစ္ ေခၚယူဖို႔ စီစဥ္ေနျပီး ဒီအစီအစဥ္ဟာ ယခုႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႕ ကာလမွာ မျဖစ္မေန ျပဳလုပ္သြားမယ့္ အေျပာင္းအေရႊ႕ အစီအစဥ္ျဖစ္တယ္လုိ႔ အြန္းစတိန္းက ဆိုပါတယ္။

ဂန္းနားေတြဟာ ဥေရာပတစ္လႊားထိပ္တန္းလိဂ္ေတြက ကြင္းလယ္လူ အေျမာက္အမ်ားကို ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနေပမယ့္ အြန္းစတိန္းရဲ႕ ေရြးခ်ယ္မႈအရ အသင္းကို ေရာက္ရွိလာႏုိင္ေျခ အမ်ားဆံုး ကစားသမားေတြကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

၁။ ခရစၥတီယန္ အဲရစ္ဆင္ (၂၈ ႏွစ္၊ အင္တာမီလန္၊ တန္ေၾကး ေပါင္ ၁၈ သန္း)

၂။ အီမီလီယာႏို ဘူယြန္ဒီယာ (၂၃ ႏွစ္၊ ေနာ္ဝစ္ခ်္၊ တန္ေၾကး ေပါင္ ၁၅ သန္း)

၃။ ရီကီ ပူယစ္ (၂၁ ႏွစ္၊ ဘာစီလိုနာ၊ တန္ေၾကး ေပါင္ ၁၈.၅ သန္း)

၄။ ခရစ္တိုဖီ အန္ကြန္ကူ (၂၄ ႏွစ္၊ လိုက္ပ္ဇစ္၊ တန္ေၾကး ေပါင္ သန္း ၄၀)

၅။ ဂ်ဴလီယန္ ဘရန္႔ဒ္ (၂၄ ႏွစ္၊ ေဒါ့မြန္၊ တန္ေၾကး ေပါင္ သန္း ၃၅ သန္း) တို႔ျဖစ္ပါတယ္။

အြန္းစတိန္းကေတာ့ အဲရစ္ဆင္ဟာ ေရာက္ႏုိင္ေျခ အျမင့္မားဆံုးလို႔ ဆိုခဲ့ျပီး ရီကီ ပူယစ္ကေတာ့ ဘာစီလိုနာအသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနသူျဖစ္တာမို႔ အငွားေခၚယူဖို႔ ဦးစားေပးခ်ဥ္းကပ္ေနတယ္လုိ႔ ဆိုသြားခဲ့ပါတယ္။ ေနာ္ဝစ္ခ်္ကြင္းလယ္လူ ဘူယြန္ဒီယာကေတာ့ အာဆင္နယ္အသင္းရဲ႕ စိတ္ဝင္စားမႈကို သိသိသာသာရရွိေနသူျဖစ္ျပီး ေဆြးေႏြးမႈေတြ ျပဳလုပ္ေနျပီလို႔လည္း သတင္းထြက္ေပၚေနပါတယ္။

ဒါေပမယ့္ တျခားသတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ ဆိုရင္ေတာ့ လိုင္ယြန္က ဟူဆန္ အူဝါ၊ ဆီဗီလာက ယိုအန္ ေဂ်ာ္ဒန္၊ ရီးရဲလ္က အစၥကို၊ လိုက္ပ္ဇစ္က မာဆယ္ ဆဘစ္တာ၊ ဘရိုက္တန္က ယီးဗစ္ ဘစ္ဆူးမားနဲ႔ ဆားလ္ဘတ္က ဒိုမီနစ္ ဆိုဘိုဇ္လုိင္တို႔ကလည္း အာဆင္နယ္ပစ္မွတ္စာရင္းထဲမွာရွိေနဆဲလုိ႔ သိထားရပါတယ္။

Source: The Athletic

Leave a Reply