
[UNICODE]
ထိပ်တန်းသတင်းစာကြီးတစ်စောင်ဖြစ်တဲ့ Independent က အာဆင်နယ်အသင်းမှာ ရေသာခိုအချောင်လိုက်ပြီး မှေးကစားနေတဲ့ ကစားသမားတွေရှိနေတယ်လို့ ဖော်ပြခဲ့ပြီး နည်းပြအာတီတာကိုယ်တိုင်လည်း ဒီအချက်ကို ခံစားမိနေတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။
Independent က ကစားသမားတွေကို နာမည်တပ်ပြီး ထုတ်ဖော်ရေးသားခဲ့ခြင်းမရှိပေမယ့် အနည်းဆုံး ၂ ဦးထက်မနည်းရှိနေတာဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး နည်းပြဖြစ်သူ အာတီတာဟာ အဆိုပါကစားသမားတွေကို လာမယ့် ဇန်နဝါရီမှာ ရှင်းထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ရေးသားခဲ့ပါတယ်။ ဒါပေမယ့် တခြားမီဒီယာတွေရဲ့ အရိပ်အမြွက် ဖော်ပြချက်တွေမှာတော့ မူစတာဖီ၊ ကိုလာစီနက်၊ ဆိုကရားတစ်၊ အိုဇေးလ်၊ ရှာခါ၊ ချမ်ဘာစ်တို့ ပါဝင်နေဖွယ်ရှိတယ်လို့ ဆိုနေကြပါတယ်။

အာတီတာအနေနဲ့ အဆိုပါအချောင်သမားအုပ်စုကို ပြီးခဲ့တဲ့ရာသီကုန်ကတည်းက ရှင်းထုတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် အသင်းရဲ့ အပြောင်းအရွှေ့စီမံမှုတွေဟာ ထင်သလောက်အလုပ်မဖြစ်ခဲ့တာမို့ ၎င်းကစားသမားတွေကို ရောင်းချမှုတွေ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
လက်ရှိမှာတော့ နည်းပြဖြစ်သူ အာတီတာဟာ လေ့ကျင့်ရေးကွင်းမှာလည်း လုံလောက်တဲ့ကြိုးစားအားထုတ်မှုမပြသနိုင်သလို ပွဲထွက်ခွင့်ရဖို့အထိလည်း အားထုတ်မှုမရှိကြတဲ့အပြင် အသင်းကနေလည်း ထွက်ခွာခြင်းမရှိပဲ ပေကပ်နေနေတဲ့ အဆိုပါကစားသမားတွေကို ဇန်နဝါရီအပြောင်းအရွှေ့ကာလ နောက်ဆုံးထားပြီး အပြီးသတ်ရှင်းထုတ်ဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်ထားကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

အဆိုပါ အချောင်ခိုနေတဲ့ကစားသမားတွေကြောင့် အာဆင်နယ်အသင်းမှာ ဒါဏ်ရာပြဿနာတွေဆက်တိုက်ရင်ဆိုင်နေရချိန်၊ ၃ ရက်တစ်ပွဲနှုန်းကစားနေရချိန်တွေ တိုက်ဆိုင်သွားချိန်မှာတော့ ပထမ ၁၁ ယောက်အတွက် လူရွေးချယ်ရေးအပိုင်း အတော်လေးအကျပ်တွေ့ခဲ့ရပြီး အာတီတာသာမက အသင်းပါ အတော်လေးဒုက္ခများခဲ့တယ်လို့ သတင်းတစ်ချို့ကလည်း ဖော်ပြသွားခဲ့ကြပါတယ်။
နည်းပြဖြစ်သူ မီခယ် အာတီတာဟာ သူ့ရဲ့ စိတ်ကြိုက်အသင်းကို ဖန်တီးဖို့အတွက် အသင်းမှာပိုလျှံနေတဲ့ ကစားသမားတစ်ချို့ကို ရှင်းထုတ်ဖို့ လိုအပ်နေပြီး ကစားသမားသစ် ၅ ဦး ၆ ဦးလောက် ခေါ်ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကတင် ထုတ်ဖော်ပြောဆိုထားပါသေးတယ်။
Source: Independent
[ZAWGYI]
ထိပ္တန္းသတင္းစာႀကီးတစ္ေစာင္ျဖစ္တဲ့ Independent က အာဆင္နယ္အသင္းမွာ ေရသာခိုအေခ်ာင္လိုက္ၿပီး ေမွးကစားေနတဲ့ ကစားသမားေတြရွိေနတယ္လို႔ ေဖာ္ျပခဲ့ၿပီး နည္းျပအာတီတာကိုယ္တိုင္လည္း ဒီအခ်က္ကို ခံစားမိေနတယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။
Independent က ကစားသမားေတြကို နာမည္တပ္ၿပီး ထုတ္ေဖာ္ေရးသားခဲ့ျခင္းမရွိေပမယ့္ အနည္းဆံုး ၂ ဦးထက္မနည္းရွိေနတာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၿပီး နည္းျပျဖစ္သူ အာတီတာဟာ အဆိုပါကစားသမားေတြကို လာမယ့္ ဇန္နဝါရီမွာ ရွင္းထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔လည္း ေရးသားခဲ့ပါတယ္။ ဒါေပမယ့္ တျခားမီဒီယာေတြရဲ႕ အရိပ္အႁမြက္ ေဖာ္ျပခ်က္ေတြမွာေတာ့ မူစတာဖီ၊ ကိုလာစီနက္၊ ဆိုကရားတစ္၊ အိုေဇးလ္၊ ရွာခါ၊ ခ်မ္ဘာစ္တို႔ ပါဝင္ေနဖြယ္ရွိတယ္လို႔ ဆိုေနၾကပါတယ္။

အာတီတာအေနနဲ႔ အဆိုပါအေခ်ာင္သမားအုပ္စုကို ၿပီးခဲ့တဲ့ရာသီကုန္ကတည္းက ရွင္းထုတ္ဖို႔ စီစဥ္ခဲ့တာျဖစ္ေပမယ့္ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕စီမံမႈေတြဟာ ထင္သေလာက္အလုပ္မျဖစ္ခဲ့တာမို႔ ၎ကစားသမားေတြကို ေရာင္းခ်မႈေတြ အဆင္မေျပျဖစ္ခဲ့ရတယ္လို႔ သတင္းမွာေဖာ္ျပထားပါတယ္။
လက္ရွိမွာေတာ့ နည္းျပျဖစ္သူ အာတီတာဟာ ေလ့က်င့္ေရးကြင္းမွာလည္း လံုေလာက္တဲ့ၾကိဳးစားအားထုတ္မႈမျပသႏုိင္သလို ပြဲထြက္ခြင့္ရဖို႔အထိလည္း အားထုတ္မႈမရွိၾကတဲ့အျပင္ အသင္းကေနလည္း ထြက္ခြာျခင္းမရွိပဲ ေပကပ္ေနေနတဲ့ အဆိုပါကစားသမားေတြကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလ ေနာက္ဆုံးထားၿပီး အၿပီးသတ္ရွင္းထုတ္ဖို႔ ျပတ္ျပတ္သားသားဆုံးျဖတ္ထားေၾကာင္းလည္း ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ အေခ်ာင္ခိုေနတဲ့ကစားသမားေတြေၾကာင့္ အာဆင္နယ္အသင္းမွာ ဒါဏ္ရာျပႆနာေတြဆက္တိုက္ရင္ဆိုင္ေနရခ်ိန္၊ ၃ ရက္တစ္ပြဲႏႈန္းကစားေနရခ်ိန္ေတြ တိုက္ဆိုင္သြားခ်ိန္မွာေတာ့ ပထမ ၁၁ ေယာက္အတြက္ လူေ႐ြးခ်ယ္ေရးအပိုင္း အေတာ္ေလးအက်ပ္ေတြ႕ခဲ့ရၿပီး အာတီတာသာမက အသင္းပါ အေတာ္ေလးဒုကၡမ်ားခဲ့တယ္လို႔ သတင္းတစ္ခ်ိဳ႕ကလည္း ေဖာ္ျပသြားခဲ့ၾကပါတယ္။
နည္းျပျဖစ္သူ မီခယ္ အာတီတာဟာ သူ႔ရဲ႕ စိတ္ႀကိဳက္အသင္းကို ဖန္တီးဖို႔အတြက္ အသင္းမွာပိုလွ်ံေနတဲ့ ကစားသမားတစ္ခ်ိဳ႕ကို ရွင္းထုတ္ဖို႔ လိုအပ္ေနၿပီး ကစားသမားသစ္ ၅ ဦး ၆ ဦးေလာက္ ေခၚျပန္လည္ျဖည့္တင္းဖို႔ လိုအပ္ေနတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းကတင္ ထုတ္ေဖာ္ေျပာဆိုထားပါေသးတယ္။
Source: Independent