
[UNICODE]
ESPN သတင်းဌာနကတော့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် ဘရူနို ဖာနန်ဒက်စ် တစ်ယောက်တော့ မဖြစ်မနေ ဖြည့်ဆည်းနိုင်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ သုံးသပ်ဖော်ပြလိုက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ကစားသမားတွေ စာရင်းကိုပါ ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နှစ်ရာသီ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက နည်းပြ ဆိုးလ်ရှားရဲ့ ထိပ်တန်းပစ်မှတ် ဖာနန်ဒက်စ်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် ရလဒ်တွေဆိုး ရွားခဲ့ပြီးတဲ့နောက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါ်တူဂီသားကို ခေါ်ယူခဲ့သလို ဖာနန်ဒက်စ်ဟာလည်း မန်ယူအသင်းအတွက် အရေးအပါဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
ESPN သတင်းဌာနကတော့ အာဆင်နယ်အသင်းအနေနဲ့လည်း ခုလို အပြောင်းအရွှေ့မျိုး ပြုလုပ်နိုင်ဖို့ လိုအပ်နေပြီလို့ ဆိုလိုက်ပါတယ်။ နည်းပြအာတီတာဟာ ကွင်းလယ်ဖန်တီးရှင်ဖြည့်ဆည်းပေးဖို့ ပြီးခဲ့တဲ့ နွေရာသီတည်းက တောင်းဆိုခဲ့တာဖြစ်ပေမယ့် အကောင်အထည်ပေါ်မလာခဲ့တာက လက်ရှိရာသီ အာဆင်နယ်အသင်းရဲ့ ကစားကွက်အပေါ် ထိခိုက်မှုတွေ ဖြစ်စေခဲ့ပြီး တခြားသော ပြင်ပပြဿနာတွေပါပေါ်လာချိန်မှာ အသင်းဟာ တန်းဆင်းဇုံထဲမှာ ရုံးကန်ရတဲ့အထိ အခြေအနေဆိုးရွားသွားခဲ့ပါတယ်။

ထိပ်တန်းသတင်းဌာနကြီး ESPN က အာဆင်နယ်အသင်းအတွက် ဘရူနို ဖာနန်ဒက်စ် လက်သစ်ဖြစ်လာနိုင်ခြေရှိတဲ့ ကစားသမားတွေရဲ့ စာရင်းကိုလည်း ဖော်ပြခဲ့ပြီး လာမယ့် ဇန်နဝါရီမှာ ဘယ်ကစားသမား ရောက်ရှိလာမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
ခရစ္စတီယန် အဲရစ်ဆင်၊ ၂၈ နှစ်၊ အင်တာမီလန် – အင်တာမီလန်ဘက်က အရောင်းစာရင်းတင်လိုက်ပြီမို့ အဲရစ်ဆင်က အာဆင်နယ်ကစားသမား ဖြစ်လာနိုင်ခြေမြင့်မားတဲ့ ကစားသမားဖြစ်ပေမယ့် ကစားသမားရဲ့ လက်ရှိ Form အရ ဒီအပြောင်းအရွှေ့ဟာ လောင်းကစားဆန်လွန်းတယ်လို့ ESPN က သုံးသပ်ခဲ့ပါတယ်။ ဒါပေမယ့် ခြေစွမ်းမှန်ပြန်ရခဲ့မယ်ဆိုရင်တော့ဖြင့် ရွှေဖြစ်မယ့်ကစားသမားပါတဲ့။
အစ္စကို၊ ၂၈၊ ရီးရဲလ်မက်ဒရစ် – ဖန်တီးနိုင်စွမ်းနဲ့ ကွင်းလယ်ကို ထိမ်းကျောင်းနိုင်စွမ်းမြင့်မားပေမယ့် အစ္စကိုဟာလည်း အဲရစ်ဆင်လိုပဲ အရွယ်မတိုင်ခင် အကျပိုင်းရောက်နေတဲ့ ကစားသမားတစ်ဦးပါ။ သူ့ကို ခေါ်ယူတာကလည်း Risk များပေမယ့် နည်းပြအာတီတာရဲ့ စိတ်ကြိုက်ပစ်မှတ်တစ်ဦးဖြစ်နေတာမို့ အဲရစ်ဆင်ထက်စာရင်တော့ ပိုပြီး အဆင်ပြေနိုင်ခြေရှိပါတယ်တဲ့။

ရိုဒရီဂို ဒီပေါလ်၊ ၂၆၊ ယူဒီးနီးစ် – ပြင်သစ်သားကို နွေရာသီတုန်းက ပစ်မှတ်ထားဖူးပါတယ်။ ဒီကစားသမားရဲ့ အားသာချက်က တိုက်စစ်ကနေ ကွင်းလယ်အထိ နေရာစုံကစားနိုင်တာပါ။ တိုက်စစ်ပိုင်းနဲ့ ဖန်တီးနိုင်စွမ်း အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့အပြင် ဦးဆောင်နိုင်စွမ်းလည်းရှိတဲ့ ကစားသမားမျိုးပါ။
အလီဂျန်ဒရို ဂိုမက်၊ ၃၂၊ အတ္တလန်တာ – အတ္တလန်တာကို အကျပ်အတည်းတွေထဲကနေ ချန်ပီယံလိဂ်ဆီ တွန်းတင်ပေးခဲ့တဲ့ အာဂျင်တီးနားသားဟာ အသက်အရွယ်ပိုင်းအရတော့ အကျပိုင်းရောက်နေပါပြီ။ ဒါပေမယ့် ခြေစွမ်းကတော့ မကျသေးတာက ထူးခြားချက်ပါ။ ဂိုမက်ဇ်ရဲ့ အားသာချက်က ရုံးကန်အားကောင်းမွန်တာဖြစ်ပြီး အာဆင်နယ်မှာလိုအပ်နေတဲ့ ကစားသမားမျိုးပါ။ ဒါပေမယ့် ရေတိုပဲ အဆင်ပြေပါလိမ့်မယ်။
ဟူဆန် အူဝါ၊ ၂၂၊ လိုင်ယွန် – အူဝါဟာ အာဆင်နယ် နည်းပြအဆက်ဆက်ရဲ့ ထိပ်တန်းပစ်မှတ်ပါ။ ဒါပေမယ့် ခုချိန်အထိ မခေါ်ယူနိုင်သေးပါဘူး။ တကယ်လို့ အူဝါကိုခေါ်ယူမယ်ဆိုရင် ခုဇန်နဝါရီက အဖြစ်သင့်ဆုံးပါပဲ။ ခြေစွမ်း၊ ရုံးကန်ပေါက်ကွဲအားနဲ့ ကွင်းလယ်ဖန်တီးရှင်နေရာရော၊ ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနိုင်စွမ်းတွေအားလုံးက ပြီးပြည့်စုံတဲ့ အခြေအနေပါ။ တကယ့်ပြဿနာက အာဆင်နယ်ဘက်က ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ပေးနိုင်ပါ့မလားဆိုတာပါပဲ။
Source: ESPN
[ZAWGYI]
ESPN သတင္းဌာနကေတာ့ အာဆင္နယ္အသင္းဟာ သူတို႔ရဲ႕ ကိုယ္ပိုင္ ဘရူႏုိ ဖာနန္ဒက္စ္ တစ္ေယာက္ေတာ့ မျဖစ္မေန ျဖည့္ဆည္းႏုိင္ဖို႔ လိုအပ္ေနျပီျဖစ္တယ္လုိ႔ သံုးသပ္ေဖာ္ျပလိုက္ျပီး ျဖစ္ႏုိင္ေျခရွိတဲ့ ကစားသမားေတြ စာရင္းကိုပါ ေဖာ္ျပခဲ့ပါတယ္။
မန္ခ်က္စတာ ယူႏုိက္တက္အသင္းဟာ ယမန္ႏွစ္ရာသီ ေႏြရာသီအေျပာင္းအေရႊ႕ကာလတုန္းက နညး္ျပ ဆိုးလ္ရွားရဲ႕ ထိပ္တန္းပစ္မွတ္ ဖာနန္ဒက္စ္ကို မေခၚယူႏုိင္ခဲ့ေပမယ့္ ရလဒ္ေတြဆိုး ရြားခဲ့ျပီးတဲ့ေနာက္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေပၚတူဂီသားကို ေခၚယူခဲ့သလို ဖာနန္ဒက္စ္ဟာလည္း မန္ယူအသင္းအတြက္ အေရးအပါဆံုးကစားသမားျဖစ္လာခဲ့ပါတယ္။
ESPN သတင္းဌာနကေတာ့ အာဆင္နယ္အသင္းအေနနဲ႔လည္း ခုလို အေျပာင္းအေရႊ႕မ်ိဳး ျပဳလုပ္ႏုိင္ဖို႔ လိုအပ္ေနျပီလို႔ ဆိုလုိက္ပါတယ္။ နည္းျပအာတီတာဟာ ကြင္းလယ္ဖန္တီးရွင္ျဖည့္ဆည္းေပးဖို႔ ျပီးခဲ့တဲ့ ေႏြရာသီတည္းက ေတာင္းဆိုခဲ့တာျဖစ္ေပမယ့္ အေကာင္အထည္ေပၚမလာခဲ့တာက လက္ရွိရာသီ အာဆင္နယ္အသင္းရဲ႕ ကစားကြက္အေပၚ ထိခုိက္မႈေတြ ျဖစ္ေစခဲ့ျပီး တျခားေသာ ျပင္ပျပႆနာေတြပါေပၚလာခ်ိန္မွာ အသင္းဟာ တန္းဆင္းဇံုထဲမွာ ရံုးကန္ရတဲ့အထိ အေျခအေနဆိုးရြားသြားခဲ့ပါတယ္။

ထိပ္တန္းသတင္းဌာနၾကီး ESPN က အာဆင္နယ္အသင္းအတြက္ ဘရူႏို ဖာနန္ဒက္စ္ လက္သစ္ျဖစ္လာႏုိင္ေျခရွိတဲ့ ကစားသမားေတြရဲ႕ စာရင္းကိုလည္း ေဖာ္ျပခဲ့ျပီး လာမယ့္ ဇန္နဝါရီမွာ ဘယ္ကစားသမား ေရာက္ရွိလာမလဲဆိုတာကေတာ့ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။
ခရစၥတီယန္ အဲရစ္ဆင္၊ ၂၈ ႏွစ္၊ အင္တာမီလန္ – အင္တာမီလန္ဘက္က အေရာင္းစာရင္းတင္လိုက္ျပီမို႔ အဲရစ္ဆင္က အာဆင္နယ္ကစားသမား ျဖစ္လာႏုိင္ေျချမင့္မားတဲ့ ကစားသမားျဖစ္ေပမယ့္ ကစားသမားရဲ႕ လက္ရွိ Form အရ ဒီအေျပာင္းအေရႊ႕ဟာ ေလာင္းကစားဆန္လြန္းတယ္လို႔ ESPN က သံုးသပ္ခဲ့ပါတယ္။ ဒါေပမယ့္ ေျခစြမ္းမွန္ျပန္ရခဲ့မယ္ဆုိရင္ေတာ့ျဖင့္ ေရႊျဖစ္မယ့္ကစားသမားပါတဲ့။
အစၥကို၊ ၂၈၊ ရီးရဲလ္မက္ဒရစ္ – ဖန္တီးႏုိင္စြမ္းနဲ႔ ကြင္းလယ္ကို ထိမ္းေက်ာင္းႏုိင္စြမ္းျမင့္မားေပမယ့္ အစၥကိုဟာလည္း အဲရစ္ဆင္လိုပဲ အရြယ္မတိုင္ခင္ အက်ပိုင္းေရာက္ေနတဲ့ ကစားသမားတစ္ဦးပါ။ သူ႔႔ကို ေခၚယူတာကလည္း Risk မ်ားေပမယ့္ နည္းျပအာတီတာရဲ႕ စိတ္ၾကိဳက္ပစ္မွတ္တစ္ဦးျဖစ္ေနတာမို႔ အဲရစ္ဆင္ထက္စာရင္ေတာ့ ပိုျပီး အဆင္ေျပႏုိင္ေျခရွိပါတယ္တဲ့။

ရိုဒရီဂို ဒီေပါလ္၊ ၂၆၊ ယူဒီးနီးစ္ – ျပင္သစ္သားကို ေႏြရာသီတုန္းက ပစ္မွတ္ထားဖူးပါတယ္။ ဒီကစားသမားရဲ႕ အားသာခ်က္က တုိက္စစ္ကေန ကြင္းလယ္အထိ ေနရာစံုကစားႏုိင္တာပါ။ တုိက္စစ္ပိုင္းနဲ႔ ဖန္တီးႏုိင္စြမ္း အရည္အေသြးေကာင္းေတြ ပိုင္ဆုိင္ထားတဲ့အျပင္ ဦးေဆာင္ႏုိင္စြမ္းလည္းရွိတဲ့ ကစားသမားမ်ိဳးပါ။
အလီဂ်န္ဒရို ဂိုမက္၊ ၃၂၊ အတၱလန္တာ – အတၱလန္တာကို အက်ပ္အတည္းေတြထဲကေန ခ်န္ပီယံလိဂ္ဆီ တြန္းတင္ေပးခဲ့တဲ့ အာဂ်င္တီးနားသားဟာ အသက္အရြယ္ပိုင္းအရေတာ့ အက်ပိုင္းေရာက္ေနပါျပီ။ ဒါေပမယ့္ ေျခစြမ္းကေတာ့ မက်ေသးတာက ထူးျခားခ်က္ပါ။ ဂိုမက္ဇ္ရဲ႕ အားသာခ်က္က ရံုးကန္အားေကာင္းမြန္တာျဖစ္ျပီး အာဆင္နယ္မွာလိုအပ္ေနတဲ့ ကစားသမားမ်ိဳးပါ။ ဒါေပမယ့္ ေရတိုပဲ အဆင္ေျပပါလိမ့္မယ္။
ဟူဆန္ အူဝါ၊ ၂၂၊ လိုင္ယြန္ – အူဝါဟာ အာဆင္နယ္ နည္းျပအဆက္ဆက္ရဲ႕ ထိပ္တန္းပစ္မွတ္ပါ။ ဒါေပမယ့္ ခုခ်ိန္အထိ မေခၚယူႏုိင္ေသးပါဘူး။ တကယ္လို႔ အူဝါကိုေခၚယူမယ္ဆိုရင္ ခုဇန္နဝါရီက အျဖစ္သင့္ဆံုးပါပဲ။ ေျခစြမ္း၊ ရံုးကန္ေပါက္ကြဲအားနဲ႔ ကြင္းလယ္ဖန္တီးရွင္ေနရာေရာ၊ ကြင္းလယ္တုိက္စစ္ေနရာမွာ ကစားႏဳိင္စြမ္းေတြအားလံုးက ျပီးျပည့္စံုတဲ့ အေျခအေနပါ။ တကယ့္ျပႆနာက အာဆင္နယ္ဘက္က ထုိက္တန္တဲ့ ေျပာင္းေရႊ႕ေၾကး ေပးႏုိင္ပါ့မလားဆိုတာပါပဲ။
Source: ESPN