အာဆင်နယ်အသင်း ဒိုမီနစ် ဆိုဘိုဇ်လိုင်ကို မခေါ်ယူဖြစ်စေမယ့် အကြောင်းအရင်း ၃ ချက်

[UNICODE]

အာဆင်နယ်အသင်းဟာ ကွင်းလယ်ဖန်တီးရှင် ဖြည့်တင်းဖို့ စီစဉ်နေတဲ့အသင်းဖြစ်ပြီးတော့ ဂန်းနားတွေဆီကို ရောက်ရှိဖို့ အနီးစပ်ဆုံးကစားသမားအဖြစ် ဆားလ်ဘတ်အသင်းက ကွင်းလယ်လူ ဒိုမီနစ် ဆိုဘိုဇ်လိုင်က ရေပန်းစားနေပါတယ်။

အသက် ၂၀ အရွယ် ဟန်ဂေရီလက်ရွေးစင်ဟာ သြစတြီယန်းလိဂ်မှာရော ချန်ပီယံလိဂ်မှာပါခြေစွမ်းပြသနေသူဖြစ်ပြီး တန်ကြေးကလည်း ပေါင် ၂၆ သန်းသာ သတ်မှတ်ထားတာမို့ အာဆင်နယ်အသင်း အနေနဲ့ ခေါ်ယူဖို့ အခက်အခဲမရှိလောက်ဘူးလို့ သုံးသပ်ခံထားရသူပါ။

အေးဂျင့်ဖြစ်သူကိုယ်တိုင်က အာဆင်နယ်အသင်းက သူ့ရဲ့ ကစားသမားကို ခေါ်ယူဖို့ ချဉ်းကပ်နေကြောင်း ဝန်ခံထားပြီး အသင်းပိုင်ရှင် စတန် ခရွန်ကီကလည်း ငွေကြေး ထောက်ပံ့မှုပေးအပ်သွားဖို့ ကတိကဝတ်ပြုထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လို့နေပါတယ်။

ဒါပေမယ့်လည်း The Athletic အပါအဝင် ထိပ်တန်းမီဒီယာတစ်ချို့ကတော့ အာဆင်နယ်အသင်းရဲ့ ဒိုမီနစ် ဆိုဘိုဇ်လိုင်ကို ခေါ်ယူရေးအစီအစဉ်ကို ပျက်ယွင်းသွားစေမယ့် အကြောင်းပြချက် တစ်ချို့ရှိနေတယ်လို့ ဆိုထားကြပါတယ်။

သူတို့ကတော့ ခုလိုမျိုးဖော်ပြထားပါတယ်။

၁။ အဲရစ်ဆင်၊ အူဝါတို့လိုမျိုး ပိုပြီး အတွေ့အကြုံရင့်တဲ့ ရွေးခယ်စရာတွေရှိနေတာ၊

၂။ အာရုံစူးစိုက်မှု အားနည်းတာနဲ့

၃။ ဆိုဘိုဇ်လိုင်ဟာ အိုဇေးလ်လိုပဲ ခံစစ်ကို လိုက်ပါကစားလိုခြင်းမရှိတာဆိုတဲ့ အချက် ၃ ချက်ဖြစ်ပါတယ်။

The Athletic သတင်းဌာနကတော့ အာဆင်နယ်အသင်းဟာ အဆိုပါအချက် ၃ ချက်ကြောင့် ဒိုမီနစ် ဆိုဘိုဇ်လိုင်အစား တခြားပစ်မှတ်ကို ရွေးချယ်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

Source: Caught Offside, HITC

[ZAWGYI]

အာဆင္နယ္အသင္းဟာ ကြင္းလယ္ဖန္တီးရွင္ ျဖည့္တင္းဖို႔ စီစဥ္ေနတဲ့အသင္းျဖစ္ျပီးေတာ့ ဂန္းနားေတြဆီကို ေရာက္ရွိဖို႔ အနီးစပ္ဆံုးကစားသမားအျဖစ္ ဆားလ္ဘတ္အသင္းက ကြင္းလယ္လူ ဒိုမီနစ္ ဆိုဘိုဇ္လုိင္က ေရပန္းစားေနပါတယ္။

အသက္ ၂၀ အရြယ္ ဟန္ေဂရီလက္ေရြးစင္ဟာ ၾသစၾတီယန္းလိဂ္မွာေရာ ခ်န္ပီယံလိဂ္မွာပါေျခစြမ္းျပသေနသူျဖစ္ျပီး တန္ေၾကးကလည္း ေပါင္ ၂၆ သန္းသာ သတ္မွတ္ထားတာမို႔ အာဆင္နယ္အသင္း အေနနဲ႔ ေခၚယူဖို႔ အခက္အခဲမရွိေလာက္ဘူးလို႔ သံုးသပ္ခံထားရသူပါ။

ေအးဂ်င့္ျဖစ္သူကိုယ္တုိင္က အာဆင္နယ္အသင္းက သူ႔ရဲ႕ ကစားသမားကို ေခၚယူဖို႔ ခ်ဥ္းကပ္ေနေၾကာင္း ဝန္ခံထားျပီး အသင္းပိုင္ရွင္ စတန္ ခရြန္ကီကလည္း ေငြေၾကး ေထာက္ပံ့မႈေပးအပ္သြားဖို႔ ကတိကဝတ္ျပဳထားတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚလို႔ေနပါတယ္။

ဒါေပမယ့္လည္း The Athletic အပါအဝင္ ထိပ္တန္းမီဒီယာတစ္ခ်ိဳ႕ကေတာ့ အာဆင္နယ္အသင္းရဲ႕ ဒိုမီနစ္ ဆိုဘိုဇ္လုိင္ကို ေခၚယူေရးအစီအစဥ္ကို ပ်က္ယြင္းသြားေစမယ့္ အေၾကာင္းျပခ်က္ တစ္ခ်ိဳ႕ရွိေနတယ္လုိ႔ ဆိုထားၾကပါတယ္။

သူတို႔ကေတာ့ ခုလိုမ်ိဳးေဖာ္ျပထားပါတယ္။

၁။ အဲရစ္ဆင္၊ အူဝါတို႔လိုမ်ိဳး ပိုျပီး အေတြ႕အၾကံဳရင့္တဲ့ ေရြးခယ္စရာေတြရွိေနတာ၊

၂။ အာရံုစူးစိုက္မႈ အားနည္းတာနဲ႔

၃။ ဆိုဘိုဇ္လိုင္ဟာ အိုေဇးလ္လိုပဲ ခံစစ္ကို လုိက္ပါကစားလိုျခင္းမရွိတာဆိုတဲ့ အခ်က္ ၃ ခ်က္ျဖစ္ပါတယ္။

The Athletic သတင္းဌာနကေတာ့ အာဆင္နယ္အသင္းဟာ အဆုိပါအခ်က္ ၃ ခ်က္ေၾကာင့္ ဒိုမီနစ္ ဆိုဘုိဇ္လုိင္အစား တျခားပစ္မွတ္ကို ေရြးခ်ယ္လိမ့္မယ္လုိ႔ သံုးသပ္ထားပါတယ္။

Source: Caught Offside, HITC

Leave a Reply