အာဆင်နယ်အသင်း မဖြစ်မနေ ဖြည့်တင်းရမယ့် ၆ နေရာ

[UNICODE]

နည်းပြဖြစ်သူ မီခယ် အာတီတာက လာမယ့်နွေရာသီမှာ အသင်းအနေနဲ့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ အလုပ်များလိမ့်မယ်လို့ ပြောဆိုထားပါတယ်။ တကယ်လည်း အလုပ်များသင့်တဲ့အခြေအနေမျိုးပါ။ အသင်းမှာ ကစားသမား ၃၀ ကျော်အထိ ရှိနေပေမယ့် နည်းစနစ်ပိုင်းအရ အံမဝင်သူတွေ၊ ခြေစွမ်းတက်မလာတော့သူတွေနဲ့ အတွေ့အကြုံနုနယ်သူတွေများပြားနေပြီး ဦးဆောင်နိုင်သူကလည်း ကင်းမဲ့နေပါတယ်။

ဒီလိုအခြေအနေတွေကြောင့်လည်း အာဆင်နယ်အသင်း ယခုနှစ်ရာသီမှာ ခုလောက် အခြေအနေဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအာဆင်နယ်အသင်းရဲ့ အခြေအနေတွေကနေ ရုံးထွက်နိုင်ဖို့ဆိုရင် နေရာ ၆ နေရာလောက်မှာ လူအင်အားဖြည့်တင်းဖို့ လိုအပ်လိမ့်မယ်လို့ ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ထောက်ပြပါတယ်။ Forbes က ဖော်ပြသွားတဲ့ အာဆင်နယ်ဖြည့်တင်းရမယ့် ၆ နေရာကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

ဂိုးသမား – ပြီးခဲ့တဲ့နွေရာသီတုန်းက အီမီလီယာနို မာတီနက်ဇ်ကို လက်လွှတ်ခဲ့ပြီး လီနိုကို တစ်ဦးတည်းသော ဦးစားပေးအဖြစ် သတ်မှတ်ခဲ့တာဟာ အာတီတာရဲ့ အမှားတွေထဲက တစ်ခုပါ။ ဖိအားမရှိတော့တဲ့နောက်ပိုင်း လီနိုလည်း အမှားအယွင်းတွေ ပိုများလာခဲ့ပါတယ်။ လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ လီနိုကို ဖိအားပေးနိုင်မယ့် ဂိုးသမား တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပါတယ်။

ဘယ်နောက်ခံလူ – အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့မှားတွေထဲက နောက်ထပ်တစ်ခုကတော့ ကီယန် တီယာနီတစ်ယောက်တည်းရှိနေတဲ့ ဘယ်နောက်ခံလူနေရာကို ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက လူအင်အားမဖြည့်တင်းခဲ့တာပါပဲ။ လက်ကျန်ရာသီဝက်တစ်လျှောက်လုံးမှာ အဲ့ဒီဒါဏ်ကို ခံစားခဲ့ရပါတယ်။ ဒါကြောင့်လည်း ခုချိန်မှာ အာဆင်နယ်တာဝန်ရှိသူတွေက ဘယ်နောက်ခံလူ အသစ်တစ်ဦးကို အပူတပြင်းရှာဖွေနေကြတာပါ။

ညာနောက်ခံလူ – ဟက်တာ ဘယ်လာရင်နဲ့ အိန်းစလေ မိတ်လန်း-နိုင်းလ်စ်တို့အသင်းကနေ ထွက်ခွာတော့မှာဖြစ်တာကြောင့် အသင်းမှာ ညာနောက်ခံလူအနေနဲ့ ဆီဒရစ် ဆိုအာရက်စ်နဲ့ ကာလမ် ချမ်ဘာစ်တို့သာ ကျန်ရှိတော့မှာပါ။ သူတို့ နှစ်ဦးလုံးကလည်း ထိပ်တန်းအဆင့်ကစားသမားတွေမဟုတ်တာမို့ ထိပ်တန်းအဆင့် ညာနောက်ခံလူ ၁ ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်ပါလိမ့်မယ်။

ဗဟိုကွင်းလယ်လူ – ပြီးခဲ့တဲ့နွေမှာ သောမတ် ပါတေးနဲ့ ဟူဆန် အူဝါတို့ ၂ ဦးလုံးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပါတေး တစ်ယောက်ကိုသာ ခေါ်ယူနိုင်ခဲ့တာက အာတီတာရဲ့ ၂၀၂၀-၂၁ ရာသီ အစီအမံတွေကို ပရမ်းပတာဖြစ်သွားစေပါတယ်။ အထူးသဖြင့် တော်ရဲယား၊ ဂွမ်ဒူဇီနဲ့ ဝေးလော့ခ်တို့အပေါ် ယုံကြည်မှုမရှိသလို လက်ကျန် စီဘာယော့စ်နဲ့ ရှာခါတို့ကလည်း ခြေစွမ်းမတည်ငြိမ်ချိန်မှာ အာဆင်နယ်ကွင်းလယ်က အတော်လေး အခြေအနေဆိုးသွားခဲ့တာပါ။ ခုချိန်မှာတော့ အာဆင်နယ်အသင်းရဲ့ အဓိက အကျဆုံး အပြောင်းအရွှေ့ ဦးတည်ချက်ဟာ ပါတေးနဲ့ တွဲဖက်နိုင်မယ့် ကွင်းလယ်လူသစ် ရှာဖွေဖို့ ဖြစ်နေပါပြီ။

ကွင်းလယ်တိုက်စစ် – အိုဇေးလ်ထွက်ခွာသွားချိန်မှာ မာတင် အိုဒီဂတ်ကို အစားထိုးခဲ့သလို အီမီလီ စမစ်-ရိုးလည်း ခြေစွမ်းတက်လာတာမို့ အာဆင်နယ်အသင်းရဲ့ No.10 role နေရာက ရုတ်တရက်ကြည့်ရင် မလိုအပ်လောက်ဘူးလို့ ထင်ချင်စရာရှိပါတယ်။ ဒါပေမယ့် အိုဒီဂတ်က ရီးရဲလ်ကို ပြန်ဖို့များနေသလို စမစ်-ရိုးကလည်း အတွေ့အကြုံနုနယ်သေးတာမို့ နောက်ထပ် ကွင်းလယ်တိုက်စစ်တစ်ဦး မဖြစ်မနေ လိုအပ်နေပါတယ်။

တိုက်စစ်မှူး – လာကာဇက်က အနာဂတ်မတည်ငြိမ်တော့ပါဘူး။ အူဘာမီယန်းက ခြေစွမ်းကျဆင်းနေပါပြီ။ လူငယ်တွေထဲမှာဆိုရင်လည်း နကီတီယာက ထွက်ခွာရတော့မှာဖြစ်သလို မာတီနယ်လီက N0.9 နေရာနဲ့ အသားမကျသေးပါဘူး။ ဘိုလာရင်က ပွဲအတွေ့အကြုံ လုံးဝနီးပါးမရှိသေးတာပါ။ ဒီအခြေအနေမှာ အာဆင်နယ်အသင်းအနေနဲ့ လာကာနဲ့ အူဘာတို့နေရာကို တိုက်ရိုက်အစားထိုးနိုင်မယ့် တိုက်စစ်မှူး လိုအပ်နေပါတယ်။

Source: Forbes

[ZAWGYI]

နည္းျပျဖစ္သူ မီခယ္ အာတီတာက လာမယ့္ေႏြရာသီမွာ အသင္းအေနနဲ႔ အေျပာင္းအေရႊ႕ကိစၥေတြနဲ႔ အလုပ္မ်ားလိမ့္မယ္လုိ႔ ေျပာဆိုထားပါတယ္။ တကယ္လည္း အလုပ္မ်ားသင့္တဲ့အေျခအေနမ်ိဳးပါ။ အသင္းမွာ ကစားသမား ၃၀ ေက်ာ္အထိ ရွိေနေပမယ့္ နည္းစနစ္ပိုင္းအရ အံမဝင္သူေတြ၊ ေျခစြမ္းတက္မလာေတာ့သူေတြနဲ႔ အေတြ႕အၾကံဳႏုနယ္သူေတြမ်ားျပားေနျပီး ဦးေဆာင္ႏိုင္သူကလည္း ကင္းမဲ့ေနပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္လည္း အာဆင္နယ္အသင္း ယခုႏွစ္ရာသီမွာ ခုေလာက္ အေျခအေနဆိုးရြားသြားခဲ့တာျဖစ္ပါတယ္။ လက္ရွိအာဆင္နယ္အသင္းရဲ႕ အေျခအေနေတြကေန ရံုးထြက္ႏုိင္ဖို႔ဆိုရင္ ေနရာ ၆ ေနရာေလာက္မွာ လူအင္အားျဖည့္တင္းဖုိ႔ လိုအပ္လိမ့္မယ္လို႔ ကမၻာေက်ာ္ Forbes မဂၢဇင္းၾကီးက ေထာက္ျပပါတယ္။ Forbes က ေဖာ္ျပသြားတဲ့ အာဆင္နယ္ျဖည့္တင္းရမယ့္ ၆ ေနရာကို ေအာက္ပါအတုိင္း ေဖာ္ျပလိုက္ပါတယ္။

ဂိုးသမား – ျပီးခဲ့တဲ့ေႏြရာသီတုန္းက အီမီလီယာႏို မာတီနက္ဇ္ကို လက္လႊတ္ခဲ့ျပီး လီႏိုကို တစ္ဦးတည္းေသာ ဦးစားေပးအျဖစ္ သတ္မွတ္ခဲ့တာဟာ အာတီတာရဲ႕ အမွားေတြထဲက တစ္ခုပါ။ ဖိအားမရွိေတာ့တဲ့ေနာက္ပိုင္း လီႏိုလည္း အမွားအယြင္းေတြ ပိုမ်ားလာခဲ့ပါတယ္။ လာမယ့္ေႏြရာသီမွာ အာဆင္နယ္အသင္းအေနနဲ႔ လီႏိုကို ဖိအားေပးႏုိင္မယ့္ ဂိုးသမား တစ္ဦး မျဖစ္မေန ေခၚယူဖို႔ လိုအပ္ေနပါတယ္။

ဘယ္ေနာက္ခံလူ – အာဆင္နယ္အသင္းရဲ႕ အေျပာင္းအေရႊ႕မွားေတြထဲက ေနာက္ထပ္တစ္ခုကေတာ့ ကီယန္ တီယာနီတစ္ေယာက္တည္းရွိေနတဲ့ ဘယ္ေနာက္ခံလူေနရာကုိ ျပီးခဲ့တဲ့ ဇန္နဝါရီတုန္းက လူအင္အားမျဖည့္တင္းခဲ့တာပါပဲ။ လက္က်န္ရာသီဝက္တစ္ေလွ်ာက္လံုးမွာ အဲ့ဒီဒါဏ္ကို ခံစားခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ခုခ်ိန္မွာ အာဆင္နယ္တာဝန္ရွိသူေတြက ဘယ္ေနာက္ခံလူ အသစ္တစ္ဦးကို အပူတျပင္းရွာေဖြေနၾကတာပါ။

ညာေနာက္ခံလူ – ဟက္တာ ဘယ္လာရင္နဲ႔ အိန္းစေလ မိတ္လန္း-ႏိုင္းလ္စ္တုိ႔အသင္းကေန ထြက္ခြာေတာ့မွာျဖစ္တာေၾကာင့္ အသင္းမွာ ညာေနာက္ခံလူအေနနဲ႔ ဆီဒရစ္ ဆိုအာရက္စ္နဲ႔ ကာလမ္ ခ်မ္ဘာစ္တို႔သာ က်န္ရွိေတာ့မွာပါ။ သူတို႔ ႏွစ္ဦးလံုးကလည္း ထိပ္တန္းအဆင့္ကစားသမားေတြမဟုတ္တာမို႔ ထိပ္တန္းအဆင့္ ညာေနာက္ခံလူ ၁ ဦး မျဖစ္မေန ေခၚယူဖို႔ လိုအပ္ပါလိမ့္မယ္။

ဗဟိုကြင္းလယ္လူ – ျပီးခဲ့တဲ့ေႏြမွာ ေသာမတ္ ပါေတးနဲ႔ ဟူဆန္ အူဝါတို႔ ၂ ဦးလံုးကို ေခၚယူဖို႔ ၾကိဳးပမ္းခဲ့ေပမယ့္ ပါေတး တစ္ေယာက္ကိုသာ ေခၚယူႏုိင္ခဲ့တာက အာတီတာရဲ႕ ၂၀၂၀-၂၁ ရာသီ အစီအမံေတြကို ပရမ္းပတာျဖစ္သြားေစပါတယ္။ အထူးသျဖင့္ ေတာ္ရဲယား၊ ဂြမ္ဒူဇီနဲ႔ ေဝးေလာ့ခ္တို႔အေပၚ ယံုၾကည္မႈမရွိသလို လက္က်န္ စီဘာေယာ့စ္နဲ႔ ရွာခါတို႔ကလည္း ေျခစြမ္းမတည္ျငိမ္ခ်ိန္မွာ အာဆင္နယ္ကြင္းလယ္က အေတာ္ေလး အေျခအေနဆိုးသြားခဲ့တာပါ။ ခုခ်ိန္မွာေတာ့ အာဆင္နယ္အသင္းရဲ႕ အဓိက အက်ဆုံး အေျပာင္းအေရႊ႕ ဦးတည္ခ်က္ဟာ ပါေတးနဲ႔ တြဲဖက္ႏုိင္မယ့္ ကြင္းလယ္လူသစ္ ရွာေဖြဖို႔ ျဖစ္ေနပါျပီ။

ကြင္းလယ္တုိက္စစ္ – အိုေဇးလ္ထြက္ခြာသြားခ်ိန္မွာ မာတင္ အိုဒီဂတ္ကို အစားထိုးခဲ့သလို အီမီလီ စမစ္-ရိုးလည္း ေျခစြမ္းတက္လာတာမို႔ အာဆင္နယ္အသင္းရဲ႕ No.10 role ေနရာက ရုတ္တရက္ၾကည့္ရင္ မလိုအပ္ေလာက္ဘူးလို႔ ထင္ခ်င္စရာရွိပါတယ္။ ဒါေပမယ့္ အိုဒီဂတ္က ရီးရဲလ္ကို ျပန္ဖို႔မ်ားေနသလို စမစ္-ရိုးကလည္း အေတြ႕အၾကံဳႏုနယ္ေသးတာမို႔ ေနာက္ထပ္ ကြင္းလယ္တုိက္စစ္တစ္ဦး မျဖစ္မေန လိုအပ္ေနပါတယ္။

တုိက္စစ္မွဴး – လာကာဇက္က အနာဂတ္မတည္ျငိမ္ေတာ့ပါဘူး။ အူဘာမီယန္းက ေျခစြမ္းက်ဆင္းေနပါျပီ။ လူငယ္ေတြထဲမွာဆိုရင္လည္း နကီတီယာက ထြက္ခြာရေတာ့မွာျဖစ္သလို မာတီနယ္လီက N0.9 ေနရာနဲ႔ အသားမက်ေသးပါဘူး။ ဘုိလာရင္က ပြဲအေတြ႕အၾကံဳ လံုးဝနီးပါးမရွိေသးတာပါ။ ဒီအေျခအေနမွာ အာဆင္နယ္အသင္းအေနနဲ႔ လာကာနဲ႔ အူဘာတို႔ေနရာကို တုိက္ရိုက္အစားထိုးႏုိင္မယ့္ တုိက္စစ္မွဴး လိုအပ္ေနပါတယ္။

Source: Forbes

Leave a Reply