
[UNICODE]
အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ဗဟိုခံစစ်မှူးဟောင်း ဆိုးလ် ကမ်းဘဲလ်က လက်ရှိရာသီမှာ အာဆင်နယ်အသင်းရဲ့ ခံစစ်စွမ်းဆောင်ရည် သိသိသာသာတိုးတက်လာတာဟာ ဗဟိုခံစစ်မှူး ရော့ဘ် ဟိုးလ်ဒင်းရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကြောင့်ဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။
ရာသီအစကာလမှာ အငှားချထားခံရဖို့အထိ နီးစပ်ခဲ့ပေမယ့် နည်းပြအာတီတာတစ်ယောက် အသင်းမှာ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ချက်ကြောင့် အသင်းမှာ နေရာပြန်ရလာခဲ့တဲ့ ဟိုးလ်ဒင်းဟာ လက်ရှိရာသီအာဆင်နယ်အသင်းရဲ့ ခံစစ်မှာ အဓိကျတဲ့ ကစားသမားအဖြစ် ခြေစွမ်းတွေ ဆက်တိုက်ပြသနေသူဖြစ်ပါတယ်။

ဒါကြောင့်လည်း ကမ်းဘဲလ်က ခုလို မှတ်ချက်ပြုခဲ့တာပါ။ “သူ့အနေနဲ့ ဒါဏ်ရာပြဿနာတွေနဲ့ ရုံးကန်ခဲ့ရဖူးပါတယ်။ ကစားခွင့်ရလိုက် မရလိုက်နဲ့ပေါ့။ ဒါပေမယ့် သူတဖြည်းဖြည်းတိုးတက်လာတာကို ငြင်းမရပါဘူး။ သူ့ခြေထောက်ပေါ်သူ ခိုင်ခိုင်မာမာရပ်တည်နိုင်တဲ့အထိ ပြန်ကြိုးစားပြခဲ့တာပါ။ မန်ယူနဲ့ပွဲတုန်းကဆို သူ့ရဲ့ ခံစစ်စွမ်းဆောင်ရည်က အရမ်းကောင်းမွန်ခဲ့ပါတယ်။ အထူးသဖြင့် အန္တရာယ်ဇုံထဲက အမြင့်ဘောရှင်းထုတ်မှုတွေမှာ ဆိုရင်ပေါ့။ နောက်ပြီး အဲ့ဒီဧရိယာထဲမှာ ဘောလုံးကိုင်တွယ်ပုံလည်း အရမ်းကို ကျင်လည်လှပါတယ်။ ဒါ သိသာထင်ရှားတဲ့ တိုးတက်မှုတွေပါ” လို့ ဂန္တဝင်ခံစစ်မှူးကြီးက ဆိုပါတယ်။
“ဟိုးလ်ဒင်းတစ်ယောက် သူနဲ့ထိုက်တန်တဲ့ ခြေစွမ်းအဆင့်အတန်းမျိုးကို ပြသလာနိုင်တာကို ကျွန်တော် ပျော်ရွှင်ရပါတယ်။ ဘာလို့လဲဆိုရင် သူ အရမ်းခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရသလို ဒါဏ်ရာပြဿနာတွေကြောင့် အာဆင်နယ်ကနေ စွန့်ခွာရလုနီးပါးအခြေအနေမျိုးလည်း ရင်ဆိုင်ခဲ့ရဖူးလို့ပါ။ ခုတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာလိုပဲ မာမာချာချာနဲ့ ပြန်လာနိုင်ခဲ့ပါပြီ။ သေချာတာကတော့ အာဆင်နယ်ခံစစ်က သူပြန်လာနိုင်ကတည်းက အပေါင်းလက္ခဏာပြသနေတယ်ဆိုတာပါပဲ” လို့ ကမ်းဘဲလ်က ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ခံစစ်တန်းမှာ အဓိကပွဲထွက်ကစားသမားအဖြစ် ပုံမှန်ပွဲထွက်နေပြီး ဂါဘရီယယ်၊ မာရီ၊ လူးဝီးစ်စတဲ့ တွဲဖက်ကစားခွင့်ရသူတွေအားလုံးနဲ့ တွဲဖက်မိပြီး ဟန်ချက်ညီအောင် ထိမ်းကြောင်းကစားနိုင်နေတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်သ်ဂိတ်ရဲ့ စောင့်ကြည့်မှုကိုပါ ခံနေရသူပါ။
၂၀၁၆ ခုနှစ်တုန်းက ဘော်လ်တန်ကနေ အာဆင်နယ်အသင်းထံ ပေါင် ၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူ ရော့ဘ် ဟိုးလ်ဒင်းဟာ ယခင်ရာသီတွေတုန်းက ဒါဏ်ရာပြဿနာတွေနဲ့ လုံးပန်းခဲ့ရဖူးသူဖြစ်ပေမယ့် လက်ရှိရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲစဉ်ပေါင်း ၂၃ ပွဲအထိ ပါဝင်ကစားပေးထားပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားကာ ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ခြေစွမ်းပြသနေပါတယ်။
Source: The Sport Review
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ ဗဟိုခံစစ္မွဴးေဟာင္း ဆိုးလ္ ကမ္းဘဲလ္က လက္ရွိရာသီမွာ အာဆင္နယ္အသင္းရဲ႕ ခံစစ္စြမ္းေဆာင္ရည္ သိသိသာသာတိုးတက္လာတာဟာ ဗဟိုခံစစ္မွဴး ေရာ့ဘ္ ဟိုးလ္ဒင္းရဲ႕ တည္ျငိမ္တဲ့ ေျခစြမ္းေၾကာင့္ျဖစ္တယ္လုိ႔ ခ်ီးမြမ္းေျပာဆိုလိုက္ပါတယ္။
ရာသီအစကာလမွာ အငွားခ်ထားခံရဖို႔အထိ နီးစပ္ခဲ့ေပမယ့္ နည္းျပအာတီတာတစ္ေယာက္ အသင္းမွာ ဆက္လက္ထားရွိဖို႔ ဆံုးျဖတ္ခ်က္ေၾကာင့္ အသင္းမွာ ေနရာျပန္ရလာခဲ့တဲ့ ဟိုးလ္ဒင္းဟာ လက္ရွိရာသီအာဆင္နယ္အသင္းရဲ႕ ခံစစ္မွာ အဓိက်တဲ့ ကစားသမားအျဖစ္ ေျခစြမ္းေတြ ဆက္တုိက္ျပသေနသူျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ကမ္းဘဲလ္က ခုလို မွတ္ခ်က္ျပဳခဲ့တာပါ။ “သူ႔အေနနဲ႔ ဒါဏ္ရာျပႆနာေတြနဲ႔ ရံုးကန္ခဲ့ရဖူးပါတယ္။ ကစားခြင့္ရလုိက္ မရလိုက္နဲ႔ေပါ့။ ဒါေပမယ့္ သူတျဖည္းျဖည္းတိုးတက္လာတာကို ျငင္းမရပါဘူး။ သူ႔ေျခေထာက္ေပၚသူ ခုိင္ခုိင္မာမာရပ္တည္ႏုိင္တဲ့အထိ ျပန္ၾကိဳးစားျပခဲ့တာပါ။ မန္ယူနဲ႔ပြဲတုန္းကဆို သူ႔ရဲ႕ ခံစစ္စြမ္းေဆာင္ရည္က အရမ္းေကာင္းမြန္ခဲ့ပါတယ္။ အထူးသျဖင့္ အႏၱရာယ္ဇံုထဲက အျမင့္ေဘာရွင္းထုတ္မႈေတြမွာ ဆိုရင္ေပါ့။ ေနာက္ျပီး အဲ့ဒီဧရိယာထဲမွာ ေဘာလံုးကိုင္တြယ္ပံုလည္း အရမ္းကို က်င္လည္လွပါတယ္။ ဒါ သိသာထင္ရွားတဲ့ တိုးတက္မႈေတြပါ” လို႔ ဂႏၱဝင္ခံစစ္မွဴးၾကီးက ဆိုပါတယ္။
“ဟိုးလ္ဒင္းတစ္ေယာက္ သူနဲ႔ထုိက္တန္တဲ့ ေျခစြမ္းအဆင့္အတန္းမ်ိဳးကို ျပသလာႏုိင္တာကို ကၽြန္ေတာ္ ေပ်ာ္ရႊင္ရပါတယ္။ ဘာလို႔လဲဆိုရင္ သူ အရမ္းခက္ခဲတဲ့အခ်ိန္ေတြကို ရင္ဆုိင္ခဲ့ရသလို ဒါဏ္ရာျပႆနာေတြေၾကာင့္ အာဆင္နယ္ကေန စြန္႔ခြာရလုနီးပါးအေျခအေနမ်ိဳးလည္း ရင္ဆုိင္ခဲ့ရဖူးလို႔ပါ။ ခုေတာ့ သူ႔ရဲ႕ ရုပ္ပိုင္းဆုိင္ရာလိုပဲ မာမာခ်ာခ်ာနဲ႔ ျပန္လာႏုိင္ခဲ့ပါျပီ။ ေသခ်ာတာကေတာ့ အာဆင္နယ္ခံစစ္က သူျပန္လာႏုိင္ကတည္းက အေပါင္းလကၡဏာျပသေနတယ္ဆုိတာပါပဲ” လို႔ ကမ္းဘဲလ္က ဆိုသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ခံစစ္တန္းမွာ အဓိကပြဲထြက္ကစားသမားအျဖစ္ ပံုမွန္ပြဲထြက္ေနျပီး ဂါဘရီယယ္၊ မာရီ၊ လူးဝီးစ္စတဲ့ တြဲဖက္ကစားခြင့္ရသူေတြအားလံုးနဲ႔ တြဲဖက္မိျပီး ဟန္ခ်က္ညီေအာင္ ထိမ္းေၾကာင္းကစားႏုိင္ေနတာေၾကာင့္ အဂၤလန္လက္ေရြးစင္အသင္းနည္းျပ ေဆာက္သ္ဂိတ္ရဲ႕ ေစာင့္ၾကည့္မႈကိုပါ ခံေနရသူပါ။
၂၀၁၆ ခုႏွစ္တုန္းက ေဘာ္လ္တန္ကေန အာဆင္နယ္အသင္းထံ ေပါင္ ၂ သန္းနဲ႔ေျပာင္းေရႊ႕လာခဲ့သူ ေရာ့ဘ္ ဟိုးလ္ဒင္းဟာ ယခင္ရာသီေတြတုန္းက ဒါဏ္ရာျပႆနာေတြနဲ႔ လံုးပန္းခဲ့ရဖူးသူျဖစ္ေပမယ့္ လက္ရွိရာသီမွာ အာဆင္နယ္အသင္းအတြက္ ပြဲစဥ္ေပါင္း ၂၃ ပြဲအထိ ပါဝင္ကစားေပးထားျပီး ဂိုးဖန္တီးမႈ ၁ ၾကိမ္ ျပဳလုပ္ေပးထားကာ ၾကံ့ခုိင္မႈေကာင္းေကာင္းနဲ႔ ေျခစြမ္းျပသေနပါတယ္။
Source: The Sport Review