အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ပေါချောင်ကောင်း ကွင်းလယ်ဖန်တီးရှင် ၃ ဦး

[UNICODE]

အာဂျင်တီးနား ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား အီမီလ် ဘူယွန်ဒီယာကို လက်လွှတ်လိုက်ရတဲ့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ဖန်တီးရှင် ရှာဖွေနေမှုကို ရပ်တန့်ခြင်းမရှိသေးပါဘူး။ မာတင် အိုဒီဂတ်၊ နဘီးလ် ဖက်ကီးယားနဲ့ ဟူဆန် အူဝါတို့လို ထိပ်တန်းပစ်မှတ်တွေကို ဆက်လက်ပစ်မှတ်ထားနေဆဲဖြစ်သလို တန်ကြေးချိုသာပြီး အရည်အသွေးမြင့်မားတဲ့ အချိုအချောင် ကြယ်ပွင့်တွေကိုလည်း ချိတ်ဆက်နေပါတယ်။

အာဆင်နယ်အသင်းဟာ ပေါင် သန်း ၄၀ တန် အီမီလ် ဘူယွန်ဒီယာကို အက်စတွန်ဗီလာအသင်းထံ လက်လွှတ်လိုက်ရပေမယ့် ဘူယွန်ဒီယာထက် ပိုကြမ်းပြီး အာဂျင်တိုင်းသားလောက် တန်ကြေးမြင့်တဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ချို့ကို ပစ်မှတ်ထားနေတာကို Football London က သတိထားမိခဲ့ပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ဈေးချိုချို ခြေစွမ်းကောင်းကောင်းနဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကွင်းလယ် ဖန်တီးရှင် ၃ ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မားသီးယပ်စ် ပါရဲယား – ဝက်စ်ဘရွမ်းအသင်း တန်းဆင်းသွားခဲ့ပေမယ့် ပါရဲယားရဲ့ ခြေစွမ်း၊ တစ်ဦးချင်းစွမ်းရည်နဲ့ စွမ်းဆောင်ရည်တွေကို ပရီးမီးယားလိဂ်ပရိတ်သတ်တွေက မမေ့ကြသေးပါဘူး။ ၂၅ နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ ၃၃ ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး ၁၁ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီစွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ်မှာ ဘောင်ဝင်တန်းဝင် စွမ်းဆောင်ရည်လို့ ဆိုရမှာပါ။ အာတီတာစိတ်ကြိုက် ၄-၂-၃-၁ ကစားကွက်ရဲ့ No.10 role မှာ အကောင်းဆုံးကစားပြနေသူ ပါရဲယားအတွက် ဝက်စ်ဘရွမ်းက သတ်မှတ်ထားတဲ့ တန်ကြေးဟာ ပေါင် ၁၁.၇ သန်းသာ ရှိပါတယ်။

ရိုမိန်း ဖိုင်ဗျဲ – ရိုမိန်း ဖိုင်ဗျဲဟာ လီဂူး-၁ ကလပ် ဘရက်စ်အသင်းကပါ။ ဆမီယာ နာဆရီလက်သစ်လို့ တင်စားခံထားရတဲ့ ဖိုင်ဗျဲဟာ သက် ၂၂ နှစ်အရွယ်သာရှိသေးပြီး ဂျရူး၊ ကိုစီယယ်နီတို့လို အာဆင်နယ် ကစားသမားဟောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့ တိုးရ်စ်အကယ်ဒမီထွက် ကွင်းလယ်ဖန်တီးရှင်တစ်ယောက်ပါ။ ကွင်းလယ်တိုက်စစ်တကျောလုံးမှာ လွတ်လွတ်လပ်လပ်ကစားတတ်ပြီး ဖန်တီးနိုင်စွမ်းလည်း မြင့်မားပါတယ်။ မနှစ်ကရာသီ တစ်ရာသီတည်းမှာတင် လီဂူး-၁ မှာ အခွင့်အရေးဖန်တီးမှု အကြိမ် ၁၅၀ အထိ ပြုလုပ်နိုင်ခဲ့သူပါ။ အဆိုပါပမာဏဟာ ဘယ်အာဆင်နယ်ကစားသမားထက်မဆို အကြိမ် ၅၀ လောက်ပိုများနေတဲ့ စွမ်းဆောင်ရည်မျိုးဖြစ်ပါတယ်။ မိုနာကိုကနေ ဘရက်စ်ကို ပေါင် ၆ သိန်းခွဲတည်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဖိုင်ဗျဲရဲ့ လက်ရှိတန်ကြေးက ပေါင် ၁၂ သန်းပါ။

မိုက်ကယ် အိုလီဆေး – နည်းပြအာတီတာတစ်ယောက် မနှစ်ကတည်းက စောင့်ကြည့်နေတဲ့ ကွင်းလယ်ဖန်တီးရှင်လေးပါ။ ပြောရင် ချန်ပီယံရှစ်မှာ ဘူယွန်ဒီယာနဲ့အပြိုင် ကြမ်းပြခဲ့တဲ့ ကစားသမားလို့လည်း ဆိုနိုင်ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလိပ်ကြယ်ပွင့်လေးဟာ ယမန်နှစ်ရာသီတုန်းက ၇ ဂိုးသွင်းပြီး ၁၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အိုလီဆေးဟာ ဘောလုံးပေးပို့ချက်တိကျနှုန်းမှာ ဘူယွန်ဒီယာထက်တောင် သိသိသာသာပိုကောင်းပြခဲ့သူပါ။ ဒါပေမယ့်လည်း သူ့အသင်း ရက်ဒင်းက တန်းတက်ခွင့် ဆုံးရှုံးခဲ့တာမို့ တန်ကြေးချိုသာနေပြီး သူ့ကိုခေါ်ယူမယ်ဆိုရင် ပေါင် ၈ သန်းနဲ့ ၁၀ သန်းအကြားသာ သုံးစွဲဖို့ လိုပါလိမ့်မယ်။ အိုလီဆေးကို ခေါ်ယူရာမှာ ကြုံရမယ့် ပြဿနာကတော့ ပရီးမီးယားလိဂ်ရဲ့ ခေါင်အသင်းတွေအကုန်လုံး ဝိုင်းလုနေကြတာပါပဲ။

Source: Football London

[ZAWGYI]

အာဂ်င္တီးနား ကြင္းလယ္တုိက္စစ္နဲ႔ ေတာင္ပံကစားသမား အီမီလ္ ဘူယြန္ဒီယာကို လက္လႊတ္လုိက္ရတဲ့ အာဆင္နယ္အသင္းဟာ သူတို႔ရဲ႕ ကြင္းလယ္ဖန္တီးရွင္ ရွာေဖြေနမႈကို ရပ္တန္႔ျခင္းမရွိေသးပါဘူး။ မာတင္ အိုဒီဂတ္၊ နဘီးလ္ ဖက္ကီးယားနဲ႔ ဟူဆန္ အူဝါတို႔လို ထိပ္တန္းပစ္မွတ္ေတြကို ဆက္လက္ပစ္မွတ္ထားေနဆဲျဖစ္သလို တန္ေၾကးခ်ိဳသာျပီး အရည္အေသြးျမင့္မားတဲ့ အခ်ိဳအေခ်ာင္ ၾကယ္ပြင့္ေတြကိုလည္း ခ်ိတ္ဆက္ေနပါတယ္။

အာဆင္နယ္အသင္းဟာ ေပါင္ သန္း ၄၀ တန္ အီမီလ္ ဘူယြန္ဒီယာကို အက္စတြန္ဗီလာအသင္းထံ လက္လႊတ္လုိက္ရေပမယ့္ ဘူယြန္ဒီယာထက္ ပိုၾကမ္းျပီး အာဂ်င္တုိင္းသားေလာက္ တန္ေၾကးျမင့္တဲ့ ကြင္းလယ္ဖန္တီးရွင္တစ္ခ်ိဳ႕ကို ပစ္မွတ္ထားေနတာကို Football London က သတိထားမိခဲ့ပါတယ္။

ဒါေၾကာင့္လည္း အာဆင္နယ္အသင္း ပစ္မွတ္ထားေနတဲ့ ေစ်းခ်ိဳခ်ိဳ ေျခစြမ္းေကာင္းေကာင္းနဲ႔ အလားအလာေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ ကြင္းလယ္ ဖန္တီးရွင္ ၃ ဦးအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

မားသီးယပ္စ္ ပါရဲယား – ဝက္စ္ဘရြမ္းအသင္း တန္းဆင္းသြားခဲ့ေပမယ့္ ပါရဲယားရဲ႕ ေျခစြမ္း၊ တစ္ဦးခ်င္းစြမ္းရည္နဲ႔ စြမ္းေဆာင္ရည္ေတြကို ပရီးမီးယားလိဂ္ပရိတ္သတ္ေတြက မေမ့ၾကေသးပါဘူး။ ၂၅ ႏွစ္အရြယ္ ဘရာဇီးလ္ၾကယ္ပြင့္ဟာ ပရီးမီးယားလိဂ္မွာ ၃၃ ပြဲပါဝင္ကစားခြင့္ရခဲ့ျပီး ၁၁ ဂိုးသြင္းယူကာ ၆ ဂိုးဖန္တီးေပးႏုိင္ခဲ့ပါတယ္။ ဒီစြမ္းေဆာင္ရည္ဟာ ပရီးမီးယားလိဂ္မွာ ေဘာင္ဝင္တန္းဝင္ စြမ္းေဆာင္ရည္လို႔ ဆိုရမွာပါ။ အာတီတာစိတ္ၾကိဳက္ ၄-၂-၃-၁ ကစားကြက္ရဲ႕ No.10 role မွာ အေကာင္းဆံုးကစားျပေနသူ ပါရဲယားအတြက္ ဝက္စ္ဘရြမ္းက သတ္မွတ္ထားတဲ့ တန္ေၾကးဟာ ေပါင္ ၁၁.၇ သန္းသာ ရွိပါတယ္။

ရိုမိန္း ဖိုင္ဗ်ဲ – ရိုမိန္း ဖိုင္ဗ်ဲဟာ လီဂူး-၁ ကလပ္ ဘရက္စ္အသင္းကပါ။ ဆမီယာ နာဆရီလက္သစ္လို႔ တင္စားခံထားရတဲ့ ဖုိင္ဗ်ဲဟာ သက္ ၂၂ ႏွစ္အရြယ္သာရွိေသးျပီး ဂ်ရူး၊ ကိုစီယယ္နီတို႔လို အာဆင္နယ္ ကစားသမားေဟာင္းေတြကို ေမြးထုတ္ေပးခဲ့တဲ့ တိုးရ္စ္အကယ္ဒမီထြက္ ကြင္းလယ္ဖန္တီးရွင္တစ္ေယာက္ပါ။ ကြင္းလယ္တုိက္စစ္တေက်ာလံုးမွာ လြတ္လြတ္လပ္လပ္ကစားတတ္ျပီး ဖန္တီးႏုိင္စြမ္းလည္း ျမင့္မားပါတယ္။ မႏွစ္ကရာသီ တစ္ရာသီတည္းမွာတင္ လီဂူး-၁ မွာ အခြင့္အေရးဖန္တီးမႈ အၾကိမ္ ၁၅၀ အထိ ျပဳလုပ္ႏုိင္ခဲ့သူပါ။ အဆုိပါပမာဏဟာ ဘယ္အာဆင္နယ္ကစားသမားထက္မဆို အၾကိမ္ ၅၀ ေလာက္ပိုမ်ားေနတဲ့ စြမ္းေဆာင္ရည္မ်ိဳးျဖစ္ပါတယ္။ မိုနာကိုကေန ဘရက္စ္ကို ေပါင္ ၆ သိန္းခြဲတည္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဖိုင္ဗ်ဲရဲ႕ လက္ရွိတန္ေၾကးက ေပါင္ ၁၂ သန္းပါ။

မိုက္ကယ္ အိုလီေဆး – နည္းျပအာတီတာတစ္ေယာက္ မႏွစ္ကတည္းက ေစာင့္ၾကည့္ေနတဲ့ ကြင္းလယ္ဖန္တီးရွင္ေလးပါ။ ေျပာရင္ ခ်န္ပီယံရွစ္မွာ ဘူယြန္ဒီယာနဲ႔အျပိဳင္ ၾကမ္းျပခဲ့တဲ့ ကစားသမားလို႔လည္း ဆိုႏုိင္ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ အဂၤလိပ္ၾကယ္ပြင့္ေလးဟာ ယမန္ႏွစ္ရာသီတုန္းက ၇ ဂိုးသြင္းျပီး ၁၂ ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။ အိုလီေဆးဟာ ေဘာလံုးေပးပို႔ခ်က္တိက်ႏႈန္းမွာ ဘူယြန္ဒီယာထက္ေတာင္ သိသိသာသာပိုေကာင္းျပခဲ့သူပါ။ ဒါေပမယ့္လည္း သူ႔အသင္း ရက္ဒင္းက တန္းတက္ခြင့္ ဆံုးရံႈးခဲ့တာမို႔ တန္ေၾကးခ်ိဳသာေနျပီး သူ႔ကိုေခၚယူမယ္ဆိုရင္ ေပါင္ ၈ သန္းနဲ႔ ၁၀ သန္းအၾကားသာ သံုးစြဲဖို႔ လိုပါလိမ့္မယ္။ အိုလီေဆးကို ေခၚယူရာမွာ ၾကံဳရမယ့္ ျပႆနာကေတာ့ ပရီးမီးယားလိဂ္ရဲ႕ ေခါင္အသင္းေတြအကုန္လံုး ဝိုင္းလုေနၾကတာပါပဲ။

Source: Football London

Leave a Reply