အာဆင်နယ် ပရိတ်သတ် ဘီလီယံနာရဲ့လက်ထဲကို အာဆင်နယ်အသင်း ရောက်ရှိတော့မလား

[UNICODE]

အာဆင်နယ်အသင်းကို ဝယ်ယူမယ်လို့ တရားဝင်ကြေညာခဲ့တဲ့ ဆွီဒင် ဘီလီယံနာ ဒန်နီယယ် အက်ခ်က သူဟာ ငယ်စဉ်ကလေးဘဝကတည်းက အာဆင်နယ်အသင်းကို အားပေးခဲ့တဲ့ ပရိတ်သတ်တစ်ဦးဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

သူ့အနေနဲ့ အသင်းကို ပြန်လည်ပြုပြင်ပြောင်းလဲကာ ထိုက်တန်တဲ့ ဂုဏ်သိက္ခာနဲ့ အောင်မြင်မှုတွေကို ပြန်လည်ရယူပေးချင်ကြောင်းလည်း Twitter ကနေတဆင့် အသင်းပရိတ်သတ်တွေကို အသိပေးစကားဆိုသွားခဲ့ပါတယ်။ “ကျွန်တော် ကလေးဘဝကတည်းက အာဆင်နယ်အသင်းကို အားပေးရင်းကြီးပြင်းလာတာပါ။ အမှတ်ရစရာအကောင်းဆုံး အခိုက်အတန့်တွေပါပဲ။ တကယ်လိုများ Kroenke Sports & Entertainment က အာဆင်နယ်ကို ရောင်းမယ်ဆိုရင် ကျွန်တော့်ဘက်က ချက်ချင်းဝယ်ယူဖို့ အဆင်သင့်ပဲဆိုတာ အသိပေးချင်ပါတယ်” လို့ သူကဆိုသွားခဲ့တာပါ။

အက်ခ်က သူ့အနေနဲ့ အာဆင်နယ်အသင်းကို လက်တလောမှာ ပိုင်ဆိုင်နေတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် စတန် ခရွန်ကီ ထံကနေ အသင်းကို လက်လွှဲဝယ်ယူချင်ကြောင်း အတိတလင်း ထုတ်ဖော် တောင်းဆိုလိုက်ပြီး ခရွန်ကီရဲ့ သဘောတူညီမှုကို စောင့်မျှော်နေတယ်လို့လည်း ဆိုခဲ့ပါတယ်။

အမေရိကန် ဘီလီယံနာ ခရွန်ကီဟာ ၂၀၁၁ ခုနှစ်မှာ အာဆင်နယ်အသင်းရဲ့ ပိုင်ရှင်ဖြစ်လာခဲ့ပြီး အဆိုပါကာကလကတည်းက အသင်းပရိတ်သတ်တွေနဲ့ ဆက်ဆံရေး ဆိုးရွားမှုတွေ ရှိနေခဲ့သူလည်းဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ်သာရှိသေးပြီး ကမ္ဘာ့ထိပ်တန်း ဂီတ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Spotify ရဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်အရာရှိလည်းဖြစ်တဲ့ အက်ခ်ဟာ အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ ကြွယ်ဝချမ်းသာသူဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ သူ ချစ်မြတ်နိုးတဲ့ အာဆင်နယ်အသင်းကို သူ့လက်နဲ့ ပြန်လည်တည်ဆောက်လိုကြောင်း ဝန်ခံထားပြီး အာဆင်နယ်ပရိတ်သတ်အများစုကတော့ သူ့ရဲ့ ကြိုးပမ်းမှုကို အပြည့်အဝထောက်ခံအားပေးကြောင်း ဆိုရှယ်မီဒီယာတွေကနေတဆင့် မှတ်ချက်ပြုကြိုဆိုနေကြပါတယ်။

အက်ခ် ပိုင်ဆိုင်ထားတဲ့ Spotify ကတော့ အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံအထိ တန်ကြေးရှိကာ အဆိုပါ ဂီတဝန်ဆောင်မှုမှာ သူ့ရဲ့ပိုင်ဆိုင်မှုက ၉% အထိရှိနေပါတယ်။ ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Spotify ဟာ ကမ္ဘာ့အကြီးဆုံး ဂီတဝန်ဆောင်မှု အက်ပလီကေးရှင်းတွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း အသုံးပြုသူပေါင်း ၁၅၅ သန်းအထိ ရှိပါတယ်။

Source: Express, Forbes

[ZAWGYI]

အာဆင္နယ္အသင္းကို ဝယ္ယူမယ္လို႔ တရားဝင္ေၾကညာခဲ့တဲ့ ဆီြဒင္ ဘီလီယံနာ ဒန္နီယယ္ အက္ခ္က သူဟာ ငယ္စဥ္ကေလးဘဝကတည္းက အာဆင္နယ္အသင္းကို အားေပးခဲ့တဲ့ ပရိတ္သတ္တစ္ဦးျဖစ္တယ္လုိ႔ ဝန္ခံေျပာဆိုလုိက္ပါတယ္။

သူ႔အေနနဲ႔ အသင္းကို ျပန္လည္ျပဳျပင္ေျပာင္းလဲကာ ထိုက္တန္တဲ့ ဂုဏ္သိကၡာနဲ႔ ေအာင္ျမင္မႈေတြကို ျပန္လည္ရယူေပးခ်င္ေၾကာင္းလည္း Twitter ကေနတဆင့္ အသင္းပရိတ္သတ္ေတြကို အသိေပးစကားဆိုသြားခဲ့ပါတယ္။ “ကၽြန္ေတာ္ ကေလးဘဝကတည္းက အာဆင္နယ္အသင္းကို အားေပးရင္းၾကီးျပင္းလာတာပါ။ အမွတ္ရစရာအေကာင္းဆံုး အခုိက္အတန္႔ေတြပါပဲ။ တကယ္လိုမ်ား Kroenke Sports & Entertainment က အာဆင္နယ္ကို ေရာင္းမယ္ဆိုရင္ ကၽြန္ေတာ့္ဘက္က ခ်က္ခ်င္းဝယ္ယူဖို႔ အဆင္သင့္ပဲဆိုတာ အသိေပးခ်င္ပါတယ္” လို႔ သူကဆိုသြားခဲ့တာပါ။

အက္ခ္က သူ႔အေနနဲ႔ အာဆင္နယ္အသင္းကို လက္တေလာမွာ ပိုင္ဆုိင္ေနတဲ့ အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ စတန္ ခရြန္ကီ ထံကေန အသင္းကို လက္လႊဲဝယ္ယူခ်င္ေၾကာင္း အတိတလင္း ထုတ္ေဖာ္ ေတာင္းဆိုလုိက္ျပီး ခရြန္ကီရဲ႕ သေဘာတူညီမႈကို ေစာင့္ေမွ်ာ္ေနတယ္လုိ႔လည္း ဆိုခဲ့ပါတယ္။

အေမရိကန္ ဘီလီယံနာ ခရြန္ကီဟာ ၂၀၁၁ ခုႏွစ္မွာ အာဆင္နယ္အသင္းရဲ႕ ပိုင္ရွင္ျဖစ္လာခဲ့ျပီး အဆုိပါကာကလကတည္းက အသင္းပရိတ္သတ္ေတြနဲ႔ ဆက္ဆံေရး ဆိုးရြားမႈေတြ ရွိေနခဲ့သူလည္းျဖစ္ပါတယ္။

အသက္ ၃၈ ႏွစ္အရြယ္သာရွိေသးျပီး ကမၻာ့ထိပ္တန္း ဂီတ အက္ပလီေကးရွင္းတစ္ခုျဖစ္တဲ့ Spotify ရဲ႕ ပူးတြဲတည္ေထာင္သူနဲ႔ အမႈေဆာင္အရာရွိလည္းျဖစ္တဲ့ အက္ခ္ဟာ အေမရိကန္ေဒၚလာ ၄.၇ ဘီလီယံ ၾကြယ္ဝခ်မ္းသာသူျဖစ္ပါတယ္။ သူ႔အေနနဲ႔ကေတာ့ သူ ခ်စ္ျမတ္ႏိုးတဲ့ အာဆင္နယ္အသင္းကို သူ႔လက္နဲ႔ ျပန္လည္တည္ေဆာက္လိုေၾကာင္း ဝန္ခံထားျပီး အာဆင္နယ္ပရိတ္သတ္အမ်ားစုကေတာ့ သူ႔ရဲ႕ ၾကိဳးပမ္းမႈကို အျပည့္အဝေထာက္ခံအားေပးေၾကာင္း ဆိုရွယ္မီဒီယာေတြကေနတဆင့္ မွတ္ခ်က္ျပဳၾကိဳဆိုေနၾကပါတယ္။

အက္ခ္ ပိုင္ဆုိင္ထားတဲ့ Spotify ကေတာ့ အေမရိကန္ေဒၚလာ ၅၄ ဘီလီယံအထိ တန္ေၾကးရွိကာ အဆုိပါ ဂီတဝန္ေဆာင္မႈမွာ သူ႔ရဲ႕ပိုင္ဆုိင္မႈက ၉% အထိရွိေနပါတယ္။ ၂၀၀၆ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တဲ့ Spotify ဟာ ကမၻာ့အၾကီးဆံုး ဂီတဝန္ေဆာင္မႈ အက္ပလီေကးရွင္းေတြထဲက တစ္ခုျဖစ္ျပီး ကမၻာတစ္ဝွမ္း အသံုးျပဳသူေပါင္း ၁၅၅ သန္းအထိ ရွိပါတယ္။

Source: Express, Forbes

Leave a Reply