
[UNICODE]
အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း တိုနီ အဒမ်စ်က သူ့ရဲ့အသင်းဟောင်းအနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူနိုင်ဖို့ဆိုရင် နေရာ ၂ နေရာကိုသာ ထပ်မံဖြည့်တင်းဖို့ လိုအပ်တော့တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
တိုနီ အဒမ်စ်ကတော့ နည်းပြအာတီတာလက်အောက်က အာဆင်နယ်အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ပိုင်းက အားရစရာအခြေအနေမှာရှိနေပြီဖြစ်တာမို့ တိုက်စစ်ကို ပိုမိုထက်မြက်အောင်ကူညီပေးနိုင်မယ့် ကွင်းလယ်တိုက်စစ်နေရာနဲ့ စိတ်ချရတဲ့ ဂိုးသမားနေရာတွေကို ဖြည့်ဆည်းလိုက်မယ်ဆိုရင် လာမယ့်ရာသီတွေမှာ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်လိမ့်မယ်လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“သူတို့မှာ လိုအပ်နေတာက ဂိုးသမားနဲ့ No.10 Role ကစားသမားပါ။ ဒီနေရာတွေကိုသာ ဖြည့်တင်းနိုင်ရင် သူတို့ ချန်ပီယံဖြစ်နိုင်ပါတယ်။ ဒီလိုပြောလို့ ခုခေါ်ယူမှုတွေက မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ခုဖြည့်ဆည်းထားတဲ့ ကစားသမားတွေကလည်း ကောင်းကြပါတယ်။ ခုဆို ခံစစ်နဲ့ ကွင်းလယ်မှာ ကစားသမားကောင်းတွေ ပိုင်ဆိုင်နေပါပြီ” လို့ အဒမ်စ်က ဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် မီဆွတ် အိုဇေးလ်ရှိပေမယ့် နည်းပြဖြစ်သူ အာတီတာက ကြိုးစားအားထုတ်မှုကို သဘောမကျတာကြောင့် လူစာရင်းကနေ ချန်လှပ်ထားပါတယ်။ ဂိုးသမားနေရာမှာတော့ ဂျာမန်ကစားသမား ဘန်းဒ် လီနိုက အဓိကတာဝန်ယူနေပြီး အဒမ်စ်ကတော့ လီနိုရဲ့ လက်စွမ်းဟာ တည်ငြိမ်မှုမရှိဘူးလို့ တောက်လျှောက်ဝေဖန်နေခဲ့တာပါ။

ဒါ့အပြင် ဒီရာသီကုန်မှာ ရပ်တည်နိုင်မယ့် အဆင့်နဲ့ပတ်သက်လို့လည်း အဒမ်စ်က ခုလို ခန့်မှန်းသွားခဲ့ပါတယ်။ “သူတို့ (ဒီရာသီကုန်မှာ) သေချာပေါက် မန်ယူရဲ့ အထက်မှာ ရပ်တည်နိုင်ပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ သူတို့က ထိပ်သီးအသင်းဖြစ်နေပါပြီ။ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းရောမှာ တိုးတက်မှု လက္ခဏာတွေ ပြသနေတာကြောင့်ပါ” လို့ အဒမ်စ်က ဆိုသွားခဲ့ပါသေးတယ်။
အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်း အမှတ်ပေးချန်ပီယံဆုနဲ့ ဆက်တိုက်ဝေးကွာနေတဲ့အသင်းဖြစ်ပြီး ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးအဖြစ် ၂၀၀၄-၀၅ ရာသီနဲ့ ၂၀၁၅-၁၆ ရာသီတွေမှာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
Source: Metro, Stadium Astro
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ ခံစစ္မွဴးေဟာင္း တိုနီ အဒမ္စ္က သူ႔ရဲ႕အသင္းေဟာင္းအေနနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို ရယူႏိုင္ဖို႔ဆိုရင္ ေနရာ ၂ ေနရာကိုသာ ထပ္မံျဖည့္တင္းဖို႔ လိုအပ္ေတာ့တယ္လို႔ သံုးသပ္ေျပာဆိုလိုက္ပါတယ္။
တိုနီ အဒမ္စ္ကေတာ့ နည္းျပအာတီတာလက္ေအာက္က အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္နဲ႔ ခံစစ္ပိုင္းက အားရစရာအေျခအေနမွာရွိေနျပီျဖစ္တာမို႔ တုိက္စစ္ကို ပိုမိုထက္ျမက္ေအာင္ကူညီေပးႏုိင္မယ့္ ကြင္းလယ္တုိက္စစ္ေနရာနဲ႔ စိတ္ခ်ရတဲ့ ဂိုးသမားေနရာေတြကို ျဖည့္ဆည္းလိုက္မယ္ဆိုရင္ လာမယ့္ရာသီေတြမွာ အမွတ္ေပးခ်န္ပီယံဆုကို ရယူႏုိင္လိမ့္မယ္လို႔ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

“သူတို႔မွာ လိုအပ္ေနတာက ဂိုးသမားနဲ႔ No.10 Role ကစားသမားပါ။ ဒီေနရာေတြကိုသာ ျဖည့္တင္းႏုိင္ရင္ သူတို႔ ခ်န္ပီယံျဖစ္ႏုိင္ပါတယ္။ ဒီလိုေျပာလို႔ ခုေခၚယူမႈေတြက မေကာင္းဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး။ ခုျဖည့္ဆည္းထားတဲ့ ကစားသမားေတြကလည္း ေကာင္းၾကပါတယ္။ ခုဆို ခံစစ္နဲ႔ ကြင္းလယ္မွာ ကစားသမားေကာင္းေတြ ပိုင္ဆုိင္ေနပါျပီ” လို႔ အဒမ္စ္က ဆိုခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ကြင္းလယ္တုိက္စစ္ပိုင္းအတြက္ မီဆြတ္ အိုေဇးလ္ရွိေပမယ့္ နည္းျပျဖစ္သူ အာတီတာက ၾကိဳးစားအားထုတ္မႈကို သေဘာမက်တာေၾကာင့္ လူစာရင္းကေန ခ်န္လွပ္ထားပါတယ္။ ဂိုးသမားေနရာမွာေတာ့ ဂ်ာမန္ကစားသမား ဘန္းဒ္ လီႏိုက အဓိကတာဝန္ယူေနျပီး အဒမ္စ္ကေတာ့ လီႏိုရဲ႕ လက္စြမ္းဟာ တည္ျငိမ္မႈမရွိဘူးလို႔ ေတာက္ေလွ်ာက္ေဝဖန္ေနခဲ့တာပါ။

ဒါ့အျပင္ ဒီရာသီကုန္မွာ ရပ္တည္ႏုိင္မယ့္ အဆင့္နဲ႔ပတ္သက္လို႔လည္း အဒမ္စ္က ခုလို ခန္႔မွန္းသြားခဲ့ပါတယ္။ “သူတို႔ (ဒီရာသီကုန္မွာ) ေသခ်ာေပါက္ မန္ယူရဲ႕ အထက္မွာ ရပ္တည္ႏုိင္ပါလိမ့္မယ္။ ကၽြန္ေတာ့္အတြက္ေတာ့ သူတို႔က ထိပ္သီးအသင္းျဖစ္ေနပါျပီ။ ေျခစြမ္းပိုင္းေရာ ရလဒ္ပိုင္းေရာမွာ တိုးတက္မႈ လကၡဏာေတြ ျပသေနတာေၾကာင့္ပါ” လို႔ အဒမ္စ္က ဆိုသြားခဲ့ပါေသးတယ္။
အာဆင္နယ္အသင္းဟာ ၂၀၀၃-၀၄ ရာသီမွာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမွာက္ႏုိင္ခဲ့ျပီးတဲ့ေနာက္ပိုင္း အမွတ္ေပးခ်န္ပီယံဆုနဲ႔ ဆက္တုိက္ေဝးကြာေနတဲ့အသင္းျဖစ္ျပီး ခ်န္ပီယံဆုနဲ႔ အနီးစပ္ဆံုးအျဖစ္ ၂၀၀၄-၀၅ ရာသီနဲ႔ ၂၀၁၅-၁၆ ရာသီေတြမွာ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာမွာ ရပ္တည္ႏုိင္ခဲ့ပါတယ္။
Source: Metro, Stadium Astro