
[UNICODE]
အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဟောင်း မာတင် ကီယွန်က အာဆင်နယ်အသင်းရဲ့ တကယ့်လိုအပ်ချက်က ဟိုကစားသမားဒီကစားသမားဆိုပြီး ခေါင်းစဉ်တပ်နေရမယ့်အရာမျိုးမဟုတ်ပဲ ဘောလုံးဦးနှောက်ရှိတဲ့ ကစားသမားမျိုးတွေ လိုအပ်နေတာဖြစ်တယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မြို့ခံပြိုင်ဘက်စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပေါင်ခြံဒါဏ်ရာကနေ သက်သာကာစ သောမတ် ပါတေးကို ထည့်သွင်းကစားခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဒါဏ်ရာပြန်လည်ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ပါတေးပါဝင်ကစားနေချိန်မှာ အာဆင်နယ်အသင်းရဲ့ ကစားကွက်နဲ့ တိုက်စစ်ထိုးဖောက်ဟန်တွေက ပရိတ်သတ်တွေရော ဘောလုံးသုံးသပ်သူတွေပါ ကျေနပ်လက်ခံတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်ခဲ့ပါတယ်။

ပါတေးဟာ အဆိုပါအခိုက်အတန့်အတွင်း အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကို ကောင်းကောင်းဦးဆောင်နိုင်ခဲ့သလို ပြိုင်ဘက် ကွင်းလယ်ကိုလည်း အကောင်းဆုံး ထိမ်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ခံစစ်ပိုင်း အမှားအယွင်းတွေနဲ့ သူကိုယ်တိုင် ဒါဏ်ရာရသွားခြင်းတွေက အာဆင်နယ်အတွက် ကံဆိုးမှုတွေကို ယူဆောင်လာခဲ့တယ်လို့ ကီယွန်က ယုံကြည်နေတာဖြစ်ပါတယ်။
ဒါကြောင့်လည်း ကီယွန်က အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ သောမတ် ပါတေး၊ ဟူဆန် အူဝါတို့လိုကစားသမားတွေကို အာတီတာ အလိုရှိနေတာ မဆန်းဘူးလို့ သုံးသပ်သွားခဲ့ပြီး တစ်သင်းလုံးမှာ လုပ်အားနှုန်းထက် ဘောလုံးဦးနှောက်ကို ကောင်းကောင်းအသုံးချနိုင်တဲ့ ကစားသမားမျိုးတွေ ပိုမိုလိုအပ်နေတယ်လို့ ဆိုသွားခဲ့တာပါ။

“ဒုတိယ ဂိုးကိုကြည့်။ အာဆင်နယ်အသင်းရဲ့ နေရာယူပုံတွေက သိပ်ကို ဆိုးရွားလွန်းနေခဲ့တာပါ။ သောမတ် ပါတေး ဒါဏ်ရာရနေချိန်မှာ ဝင်ထောက်ထားမယ့်သူမရှိဘူး။ ဖိအားတက်ပေးနေပေမယ့် တန်ပြန်တိုက်စစ်ကို ကာကွယ်ဖို့ ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ဒါက ဘာကိုပြလဲဆိုရင် အာဆင်နယ်မှာ လုပ်အားနှုန်းကောင်းတဲ့သူတွေထက် ဘောလုံးဦးနှောက်ရှိတဲ့ကစားသမားတွေ ပိုလိုအပ်တယ်ဆိုတာပါပဲ” လို့ ကီယွန်က ဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက အသင်းကို အပြောင်းအလဲလုပ်ဖို့ နောက်ထပ် ကစားသမား ၆ ဦးလောက်ထပ်ပြီး ဖြည့်တင်းရလိမ့်မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထုတ်ဖော်ပြောဆိုထားသလို အသင်းမှာ အချောင်ခိုပြီး ကစားနေတဲ့ကစားသမားတွေများနေတယ်လို့လည်း Independent သတင်းစာက မကြာသေးခင်တုန်းက ဖွင့်ချထားပါတယ်။
Source: Goal
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ေဟာင္း မာတင္ ကီယြန္က အာဆင္နယ္အသင္းရဲ႕ တကယ့္လိုအပ္ခ်က္က ဟိုကစားသမားဒီကစားသမားဆိုျပီး ေခါင္းစဥ္တပ္ေနရမယ့္အရာမ်ိဳးမဟုတ္ပဲ ေဘာလံုးဦးေႏွာက္ရွိတဲ့ ကစားသမားမ်ိဳးေတြ လိုအပ္ေနတာျဖစ္တယ္လုိ႔ ေထာက္ျပေျပာဆိုသြားခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ျမိဳ႕ခံျပိဳင္ဘက္စပါးအသင္းကို အေရးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ေပါင္ျခံဒါဏ္ရာကေန သက္သာကာစ ေသာမတ္ ပါေတးကို ထည့္သြင္းကစားခဲ့ျပီး ပထမပိုင္းျပီးခါနီးမွာ ဒါဏ္ရာျပန္လည္ရရွိသြားခဲ့ပါတယ္။ ဒါေပမယ့္ ပါေတးပါဝင္ကစားေနခ်ိန္မွာ အာဆင္နယ္အသင္းရဲ႕ ကစားကြက္နဲ႔ တုိက္စစ္ထိုးေဖာက္ဟန္ေတြက ပရိတ္သတ္ေတြေရာ ေဘာလံုးသံုးသပ္သူေတြပါ ေက်နပ္လက္ခံတဲ့ စြမ္းေဆာင္ရည္မ်ိဳးကို ျပသႏုိင္ခဲ့ပါတယ္။

ပါေတးဟာ အဆုိပါအခိုက္အတန္႔အတြင္း အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ကို ေကာင္းေကာင္းဦးေဆာင္ႏုိင္ခဲ့သလို ျပိဳင္ဘက္ ကြင္းလယ္ကိုလည္း အေကာင္းဆံုး ထိမ္းခ်ဳပ္ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ခံစစ္ပိုင္း အမွားအယြင္းေတြနဲ႔ သူကိုယ္တုိင္ ဒါဏ္ရာရသြားျခင္းေတြက အာဆင္နယ္အတြက္ ကံဆိုးမႈေတြကို ယူေဆာင္လာခဲ့တယ္လုိ႔ ကီယြန္က ယံုၾကည္ေနတာျဖစ္ပါတယ္။
ဒါေၾကာင့္လည္း ကီယြန္က အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္မွာ ေသာမတ္ ပါေတး၊ ဟူဆန္ အူဝါတို႔လိုကစားသမားေတြကို အာတီတာ အလိုရွိေနတာ မဆန္းဘူးလို႔ သံုးသပ္သြားခဲ့ျပီး တစ္သင္းလံုးမွာ လုပ္အားႏႈန္းထက္ ေဘာလံုးဦးေႏွာက္ကို ေကာင္းေကာင္းအသံုးခ်ႏုိင္တဲ့ ကစားသမားမ်ိဳးေတြ ပိုမိုလိုအပ္ေနတယ္လုိ႔ ဆိုသြားခဲ့တာပါ။

“ဒုတိယ ဂိုးကိုၾကည့္။ အာဆင္နယ္အသင္းရဲ႕ ေနရာယူပံုေတြက သိပ္ကို ဆိုးရြားလြန္းေနခဲ့တာပါ။ ေသာမတ္ ပါေတး ဒါဏ္ရာရေနခ်ိန္မွာ ဝင္ေထာက္ထားမယ့္သူမရွိဘူး။ ဖိအားတက္ေပးေနေပမယ့္ တန္ျပန္တုိက္စစ္ကို ကာကြယ္ဖို႔ ဘယ္သူမွ စိတ္မဝင္စားၾကဘူး။ ဒါက ဘာကိုျပလဲဆိုရင္ အာဆင္နယ္မွာ လုပ္အားႏႈန္းေကာင္းတဲ့သူေတြထက္ ေဘာလံုးဦးေႏွာက္ရွိတဲ့ကစားသမားေတြ ပိုလိုအပ္တယ္ဆိုတာပါပဲ” လို႔ ကီယြန္က ဆိုသြားခဲ့ပါတယ္။
အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက အသင္းကို အေျပာင္းအလဲလုပ္ဖို႔ ေနာက္ထပ္ ကစားသမား ၆ ဦးေလာက္ထပ္ျပီး ျဖည့္တင္းရလိမ့္မယ္လုိ႔ ျပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ထုတ္ေဖာ္ေျပာဆိုထားသလို အသင္းမွာ အေခ်ာင္ခိုျပီး ကစားေနတဲ့ကစားသမားေတြမ်ားေနတယ္လို႔လည္း Independent သတင္းစာက မၾကာေသးခင္တုန္းက ဖြင့္ခ်ထားပါတယ္။
Source: Goal