အာဆင်နယ် ၃-၁ ချယ်လ်ဆီး ပွဲစဉ်က မှတ်မှတ်ထင်ထင် အချက် ၅ ချက်

[UNICODE]

အံ့အားသင့်ဖွယ် စိတ်ကျေနပ်ဖွယ် မနက်ခင်းတစ်ခုပါ။ နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်နေခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီကနေ့မနက်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ၃-၁ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

မန်ယူကို အိုးလ်ထရက်ဖို့မှာ အနိုင်ယူပြီးကတည်းက ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေမှုကို လန်ဒန်ဒါဘီပွဲစဉ်မှာ လှလှပပ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်မှာ အနိုင်ရရှိဖို့ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှုမျိုးနဲ့ ချယ်လ်ဆီးကို အနိုင်ယူနိုင်ခဲ့တာပါ။

အူဘာမီယန်း၊ သောမတ် ပါတေး၊ နီကိုလပ် ပက်ပေ၊ ဝီလီယံ၊ ဂါဘရီယယ် စတဲ့ ထိပ်တန်းကစားသမားတွေ ပွဲထွက်လူစာရင်းမှာ မပါဝင်နိုင်တဲ့ ပွဲစဉ်မှာ လတ်တလော နာမည်ကောင်းရနေတဲ့ ချယ်လ်ဆီးခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့သလို ဂိုးပေါက်တည့် ကန်ချက် ၇ ကြိမ်အထိ ရှိခဲ့တာက ထူးခြားချက်ဖြစ်ပါတယ်။

အထူးသဖြင့်တော့ ဆာကာ၊ စမစ်-ရိုး၊ မာတီနယ်လီတို့ရဲ့ Trio အတွဲအဖက်ဟာ ပွဲပြီးဆံုံးချိန်မှာတောင် ပြောစမှတ်တွင်စရာဖြစ်ခဲ့ပါတယ်။ နည်းပြအာတီတာရဲ့ အမြင်မှန်ရမှု၊ လူစာရင်းထုတ်ရာမှာ Risk ယူ စွန့်စားခဲ့မှုနဲ့ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေက ဒီပွဲကို ရလဒ်ကောင်းစေခဲ့တာဖြစ်ပါတယ်။ ဒီထူးခြားတဲ့ ပွဲစဉ်လေးထဲမှာ ပိုပြီးထူးခြားတဲ့ အခိုက်အတန့်လေးတွေ၊ အဖြစ်အပျက်လေးတွေ မြုပ်ဝင်လို့နေပါတယ်။ ဒီအချက်တွေအကြောင်း ပြောကြည့်ရအောင်။

၁။ ရှာခါ ပြန်လာပြီ (ယာယီ)

တကယ်ကို ရှာခါ ပြန်လာတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အယ်လ်နီနီနဲ့ ရှာခါတို့တွဲဖက်ပွဲထွက်လာတဲ့ ပွဲထွက်လူစာရင်းအပေါ် ယုံကြည်မှု များများစားစားမရှိခဲ့တဲ့ ပရိတ်သတ်တွေထဲမှာ ကျွန်တော်လည်း အပါအဝင်ပါပဲ။ ဒါပေမယ့် ဒီနေ့ပွဲစဉ်မှာတော့ ရှာခါရဲ့ ကြိုးစားအားထုတ်မှုက အသိအမှတ်ပြုချင်စရာဖြစ်ပါတယ်။ သေသပ်လှပတဲ့ ပြစ်ဒါဏ်ဘောကန်သွင်းချက်ကတော့ ထပ်ဆောင်းအပိုဆုဖြစ်ပါတယ်။ ဘောလုံးပေးပို့မှုတွေကလည်း ထူးထူးခြားခြားပဲ နောက်ပြန်ပေးတာမျိုးထက် ရှေ့ကို ဦးတည်ပေးပို့တာတွေ ပိုများခဲ့ပါတယ်။ ကစားပုံလည်း ကောင်းမွန်ခဲ့ပြီး သူ့ကြောင့်ပဲ ချယ်လ်ဆီးက ဒုတိယပိုင်းအစမှာ ကွင်းလယ်ကို ပြောင်းလဲခဲ့ရတဲ့အထိပါပဲ။ တစ်ခုရှိတာက ရှေ့က အနီကတ်ပြစ်ဒါဏ်ကြောင့် ခုလို Risk ယူ ကြိုးစားကစားတာလား၊ တွဲဖက်ကစားတဲ့ လူငယ်တွေရဲ့ အင်တိုက်အားတိုက် နေရာယူ ရွေ့လျားကစားကြတဲ့ ပုံစံကြောင့် ကစားပုံ ပိုလွတ်လပ်လာတာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၂။ အလုပ်ဖြစ်ခဲ့တဲ့ ကစားကွက်အပြောင်းအလဲ

နည်းပြအာတီတာဟာ ဒီနေ့ပွဲစဉ်မှာ ၄-၂-၃-၁ ကစားကွက်ကို ပုံသေသုံးခဲ့ပါတယ်။ အရင်လို ဘယ်ကစားကွက် အခြေခံနဲ့ ထွက်ထွက် အချိန်တန်ရင် ၃-၄-၃ ကို ပြန်ပြောင်းတဲ့ စနစ်ကို ဒီနေ့ပွဲစဉ်မှာ မသုံးခဲ့ပါဘူး။ ဒါက ထူးခြားချက်ဖြစ်သလို တစ်ဖက်မှာလည်း ကောင်းကျိုးဖြစ်ခဲ့တာက ကစားသမားတွေဟာ နည်းစနစ်အပြောင်းအလဲအတွက် အာရုံစိုက်နေစရာမလိုအပ်တော့ပဲ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ ကစားကွက်အတိုင်း လိုက်ပါကစားနိုင်ဖို့ကိုသာ အာရုံစိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကစားကွက်မှာ ကွင်းလယ်ဖန်တီးရှင် ကင်းမဲ့နေပေမယ့် ဆာကာ၊ မာတီနယ်လီနဲ့ စမစ်-ရိုးတို့ ၃ ဦးရဲ့ ကွင်းလယ်တိုက်စစ်တန်းက လုပ်အားနှုန်းနဲ့ ကြိုးစားအားထုတ်မှုကောင်းတွေကို တက်ညီလက်ညီပြနိုင်ခဲ့တာမို့ Creative Midfielder မပါဝင်မှုကို ကာနိုင်ခဲ့ပါတယ်။ ခံစစ်မှာဆိုရင်လည်း မာရီဟာ ဂါဘရီယယ်ရဲ့ နေရာကို အပြည့်အဝ အစားထိုးနိုင်ခဲ့သလို ဂိုးသမား ဘန်း လီနိုဟာလည်း ပင်နယ်တီ ကာကွယ်မှုလုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အာတီတာအနေနဲ့ အသင်းရဲ့ လက်ရှိပြဿနာတွေဟာ သူ့ရဲ့ ဦးဆောင်နိုင်စွမ်း၊ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေထက် သူချမှတ်ထားတဲ့ နည်းစနစ်ကသာ ပြဿနာဖြစ်နေတယ်ဆိုတာကို သဘောပေါက်သွားဖို့ မျှော်လင့်ရပါတယ်။ သေချာတာကတော့ အာတီတာအနေနဲ့ သူ့စိတ်ကြိုက်နည်းစနစ်တွေနဲ့ ကစားနိုင်ဖို့ဆိုရင် အသင်းမှာ လုံလောက်တဲ့ ဖြည့်တင်းမှုတွေ အပြောင်းအရွှေ့ ရာသီ ၂ ခု စာလောက် ဖြည့်တင်းဖို့ လိုအပ်ဦးမှာပါ။ လက်တလောမှာတော့ ဒီနေ့ပွဲစဉ်လိုမျိုး အသင်းက လက်ရှိလူစာရင်းနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာမျိုးကိုသာ ချမှတ်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။

၃။ The Trio

ချယ်လ်ဆီးနဲ့ပွဲစဉ် နိုင်ပွဲမှာ ကွင်းလယ်တိုက်စစ် ၃ ယောက်တန်းက လူငယ် ၃ ယောက်ရဲ့ ကြိုးစားအားထုတ်မှု၊ တစ်ဦးချင်း စွမ်းဆောင်ရည်နဲ့ အရည်အသွေးတွေကို မေ့ဖျောက်ထားလို့မရနိုင်ပါဘူး။ တစ်ပွဲလုံးရဲ့ အကောင်းဆုံးကစားသမား ၃ ဦးကလည်း သူတို့ ၃ယောက်ပါပဲ။ ဆာကာက အနိုင်ဂိုးနဲ့အတူ Man of the Match ရခဲ့သလို စမစ်-ရိုးနဲ့ မာတီနယ်လီတို့ကလည်း ခြေစွမ်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ အထူးသဖြင့်ဒီ လူငယ် ၃ ဦးဟာ ချယ်လ်ဆီး ခံစစ်လိုင်းရဲ့ ၄ ပုံ ၃ ပုံကို လွှမ်းမိုးနိုင်ခဲ့တာက ထူးခြားချက်တစ်ခုပါ။ အထူးသဖြင့် စမစ်-ရိုးရဲ့ ဘောလုံးအမြင်၊ ပေးပို့ပုံတိကျမှုနဲ့ ဘောလုံးလမ်းကြောင်းတွက်ဆနိုင်စွမ်းက ဂျိုး ဝေးလော့ခ်ထက်ပိုပြီး သာလွန်နေတာကို မြင်တွေ့ကြမှာပါ။ တစ်ခုရှိတာက စမစ်-ရိုးဟာ ကွင်းလယ်တိုက်စစ်ကစားသမားတွေရဲ့ ထုံးစံအတိုင်း ကစားပုံပျော့ပြီး ပွဲချိန်ပြည့်ကစားနိုင်တဲ့ ကြံ့ခိုင်မှုမျိုးမရှိနေတာကတော့ အားနည်းချက်လို့ဆိုရမှာပါ။ ဆာကာနဲ့ မာတီနယ်လီတို့ကတော့ ပထမကစားသမားဖြစ်ဖို့ ဒေါင်ဒေါင်မြည်အခြေအနေတစ်ရပ်မှာရှိနေပါပြီ။ ၃ ဦးပေါင်း ပျမ်းမျှအသက် ၁၉.၃ နှစ်သာရှိတဲ့ ဒီလူငယ်တွေဟာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ပက်ပေ၊ ဝီလီယံတို့ရဲ့ ပွဲထွက်ခွင့်ကို ကောင်းကောင်းချိန်ခြောက်နိုင်စွမ်းရှိနေတာကတော့ သေချာပါတယ်။ နောက်လာမယ့် ပွဲစဉ်တွေမှာ ဒီလူငယ်တွေကို နည်းပြအာတီတာတစ်ယောက် ဆက်လက်အသုံးချမလားဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။

၄။ အားနည်းချက် ၃ ခုနဲ့ ရှေ့ပွဲတွေအတွက် မေးခွန်းများ

အာဆင်နယ်က ချယ်လ်ဆီးကို အနိုင်ရခဲ့ပေမယ့် အဘက်ဘက်က သာလွန်ပြည့်စုံပြီး အနိုင်ယူသွားတာမျိုးတော့ မဟုတ်ပါဘူး။ ပွဲချိန်အတွင်းမှာ အားနည်းချက်တွေ ပြင်ဆင်ရမယ့် အချက်တွေလည်း ရှိနေခဲ့ပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာဆိုရင် လူငယ်တွေ ခြေစွမ်းပြသနိုင်ခဲ့ကြပေမယ့် သူတို့ကို နောက်ကနေလိုက်ထောက်ပြီး စုစည်းထိမ်းကြောင်းပေးမယ့် ကွင်းလယ်လူမရှိနေခဲ့ပါဘူး။ ဒါကြောင့် တိုက်စစ်ဟာ ထိရောက်သင့်သလောက် မထိရောက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ထူးထူးခြားခြား ဂိုးပေါက် ၇ ကြိမ်အထိ တည့်ခဲ့ပေမယ့် အသင်းရသွားတဲ့ ဂိုး ၃ ဂိုးမှာ ၂ ဂိုးက Set-picece ကနေဖြစ်ပြီးတော့ ဆာကာရဲ့ သွင်းဂိုးကလည်း ဖြတ်တင်ဘောလား တကယ်ကန်သွင်းတာလား အငြင်းပွားနေကြဆဲပါ။ ပြောရမယ်ဆိုရင် ဒီဂိုးကလည်း ကစားကွက်နဲ့ သွင်းယူခဲ့တယ်ဆိုတာထက် တစ်ဦးချင်းအရည်အသွေးကြောင့်ရတဲ့ ဂိုးလို့ဆိုရမှာပါ။ ဒါကြောင့် လာမယ့်ပွဲစဉ်တွေမှာ Set-piece တွေကနေ ဂိုးမသွင်းယူနိုင်ရင် အာဆင်နယ် ရလဒ်ပြန်ကောင်းပါ့မလားဆိုတာကို စောင့်ကြည့်ရပါဦးမယ်။ နောက်ထပ် အားနည်းချက်တစ်ခုကတော့ ဟိုးလ်ဒင်းပါ။ ဟိုးလ်ဒင်းဟာ စောင့်ဆိုင်းဖြတ်ထုတ်ပုံကောင်းပေမယ့် တကယ့် တင်းပြည့်ကျပ်ပြည့် ညာခြမ်းဗဟိုခံစစ်မှူးတစ်ယောက်တော့ မဟုတ်ပါဘူး။ အမြန်နှုန်းမြင့်ကစားသမားတွေကို တားဆီးရာမှာ အားနည်းချက်တွေရှိနေဆဲဖြစ်ပါတယ်။ ဇန်နဝါရီမှာ ဒီနေရာအတွက် ကစားသမားသစ်ဖြည့်တင်းဖို့ကြိုးစားရင် ကြိုးစား ဒါမှမဟုတ်လည်း ချမ်ဘာစ်ကို စမ်းသပ်သုံးကြည့်ဖို့ လိုအပ်နေတာကတော့ သေချာပါတယ်။ တတိယအားနည်းချက်ကတော့ ကွင်းလယ်ဗဟိုမှာ အားနည်းနေသေးတာပါပဲ။ သောမတ် ပါတေးကလွဲပြီး အာဆင်နယ်ကွင်းလယ်က ကစားသမားတိုင်းဟာ ခြေစွမ်းတည်ငြိမ်မှု မရှိပါဘူး။ ကောင်းချင်ရင် ထကောင်းနေတတ်ပြီး မကောင်းရင်လည်း သုံးစားမရတဲ့ အခြေအနေမျိုးပါ။ ခြေစွမ်းကောင်းနေချိန်မျိုးမှာတောင်မှ အမှားအယွင်းတွေ တခါတရံကျူးလွန်နေတတ်တာမျိုး။ ပါတေးပြန်ကစားနိုင်ရင်တောင်မှ တစ်ဦးတည်း အတော်လေးရုံးကန်ရနိုင်တာမို့ တွဲဖက်တစ်ဦး အလျှင်အမြန်ရှာဖွေနိုင်ဖို့လည်း လိုအပ်နေတယ်လို့ဆိုရမှာပါ။

၅။ အာတီတာ သင်ခန်းစာ ယူနိုင်ခဲ့ရဲ့လား

အာတီတာရဲ့ ပထမ ၁၂ လက အတက်အကျတွေကြမ်းခဲ့ပါတယ်။ သူရဲကောင်းဖြစ်လိုက် ဗီလိန်ဖြစ်လိုက်နဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် ၁၂ လ အတွင်းမှာ လီဗာပူးလ်ကို ၃ ကြိမ်၊ မန်ယူကို ၂ ကြိမ်၊ ချယ်လ်ဆီးကို ၂ ကြိမ်၊ မန်စီးတီးကို ၁ ကြိမ် အနိုင်ယူနိုင်ခဲ့တာကတော့ နည်းပြဟောင်း အာဆင်း၊ အမ်မရီတို့ထက် သာလွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့တာကို ငြင်းဆိုလို့ မရနိုင်ပါဘူး။ ဆုဖလား ၂ လုံးပါ ရယူပေးနိုင်ခဲ့တာကလည်း အသိအမှတ်ပြုစရာ စွမ်းဆောင်ရည်ပါ။ တစ်ဖက်မှာလည်း သူ့ရဲ့ နည်းစနစ်ပိုင်းခေါင်းမာမှုတွေကို လျှော့ချဖို့အတွက် ဒီမနက်ပွဲစဉ်က သင်ခန်းစာကောင်းတွေ ပေးနိုင်ခဲ့လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နည်းဗျူဟာအပြောင်းအလဲတွေဟာ အလုပ်ဖြစ်ခဲ့တယ်ဆိုတာကို အသင်းကို ဦးဆောင်နေတဲ့ သူက ကျွန်တော်တို့ထက် ပိုပြီး မြင်မိဖို့ မျှော်လင့်ပါတယ်။ အာတီတာရဲ့ ဆုဖလား ၂ လုံးဟာ အသင်းမှာရှိနေတဲ့ လူစာရင်းနဲ့ပဲ လှအောင်ဆင်ပြီး ရယူခဲ့တာပါ။ အဲ့ဒီတုန်းက ဂါဘရီယယ်တို့ ပါတေးတို့တောင်အသင်းမှာ မရှိသေးပါဘူး။ အသင်းရဲ့ လက်ရှိအခြေအနေက ရလဒ်ကောင်းဖို့ အဓိကဖြစ်ပြီးတော့ နည်းဗျူဟာပိုင်းမှာ ဘယ်လိုကြွယ်နိုင်တာတွေ၊ ကစားကွက်လှတာတွေက နောက်ကိစ္စဖြစ်နေတဲ့ အနေအထားမျိုးပါ။ မနှစ်ကရာသီဝက်တစ်ခုလုံး တန်ပြန်တိုက်စစ်နဲ့ ရလဒ်ကောင်းယူခဲ့ပြီးတဲ့နောက် ရာသီသစ်မှာ ဘောလုံးပိုင်ဆိုင်မှုနဲ့ အသင်းကြီးတစ်သင်းအထာ တည်ဆောက်ဖို ကြံစည်ခဲ့တဲ့ အာတီတာရဲ့ နည်းစနစ်က အာဆင်နယ်ကို ထိုးဆင်းသွားစေခဲ့တာလို့ ကျွန်တော်ကတော့ မြင်ပါတယ်။ အသင်းကို ခုချိန်မှာ အသင်းကြီးအသင်းသေး တံဆိပ်ကပ်နေတာထက် ရလဒ်ပိုင်းကို ဦးတည်ကစားပြီး အချိန်ယူတည်ဆောက်တာက ပိုမှန်ကန်တဲ့ လမ်းကြောင်းဖြစ်နိုင်ပါတယ်။ အာတီတာအတွက် ပြင်ဆင်ချိန်ရှိနေသေးတာမို့ သင်ခန်းစာယူနိုင်ဖို့လည်း မျှော်လင့်မိပါရဲ့။

[ZAWGYI]

အံ့အားသင့္ဖြယ္ စိတ္ေက်နပ္ဖြယ္ မနက္ခင္းတစ္ခုပါ။ ႏိုဝင္ဘာလ ၁ ရက္ေန႔ကတည္းက ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲေပ်ာက္ေနခဲ့တဲ့ အာဆင္နယ္အသင္းဟာ ဒီကေန႔မနက္ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ လန္ဒန္ျမိဳ႕ခံျပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းကို ၃-၁ ရလဒ္နဲ႔ အႏုိင္ယူႏုိင္ခဲ့ပါတယ္။

မန္ယူကို အိုးလ္ထရက္ဖို႔မွာ အႏိုင္ယူျပီးကတည္းက ၇ ပြဲဆက္တုိက္ ႏိုင္ပြဲေပ်ာက္ဆံုးေနမႈကို လန္ဒန္ဒါဘီပြဲစဥ္မွာ လွလွပပ အဆံုးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ဒီပြဲစဥ္မွာ အႏုိင္ရရွိဖို႔ ထိုက္တန္တဲ့ ၾကိဳးစားအားထုတ္မႈမ်ိဳးနဲ႔ ခ်ယ္လ္ဆီးကို အႏိုင္ယူႏုိင္ခဲ့တာပါ။

အူဘာမီယန္း၊ ေသာမတ္ ပါေတး၊ နီကိုလပ္ ပက္ေပ၊ ဝီလီယံ၊ ဂါဘရီယယ္ စတဲ့ ထိပ္တန္းကစားသမားေတြ ပြဲထြက္လူစာရင္းမွာ မပါဝင္ႏုိင္တဲ့ ပြဲစဥ္မွာ လတ္တေလာ နာမည္ေကာင္းရေနတဲ့ ခ်ယ္လ္ဆီးခံစစ္ကို ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့သလို ဂိုးေပါက္တည့္ ကန္ခ်က္ ၇ ၾကိမ္အထိ ရွိခဲ့တာက ထူးျခားခ်က္ျဖစ္ပါတယ္။

အထူးသျဖင့္ေတာ့ ဆာကာ၊ စမစ္-ရိုး၊ မာတီနယ္လီတို႔ရဲ႕ Trio အတြဲအဖက္ဟာ ပြဲျပီးဆံံုးခ်ိန္မွာေတာင္ ေျပာစမွတ္တြင္စရာျဖစ္ခဲ့ပါတယ္။ နည္းျပအာတီတာရဲ႕ အျမင္မွန္ရမႈ၊ လူစာရင္းထုတ္ရာမွာ Risk ယူ စြန္႔စားခဲ့မႈနဲ႔ လူငယ္ေတြရဲ႕ ၾကိဳးစားအားထုတ္မႈေတြက ဒီပြဲကို ရလဒ္ေကာင္းေစခဲ့တာျဖစ္ပါတယ္။ ဒီထူးျခားတဲ့ ပြဲစဥ္ေလးထဲမွာ ပိုျပီးထူးျခားတဲ့ အခုိက္အတန္႔ေလးေတြ၊ အျဖစ္အပ်က္ေလးေတြ ျမဳပ္ဝင္လို႔ေနပါတယ္။ ဒီအခ်က္ေတြအေၾကာင္း ေျပာၾကည့္ရေအာင္။

၁။ ရွာခါ ျပန္လာျပီ (ယာယီ)

တကယ္ကို ရွာခါ ျပန္လာတဲ့ပြဲစဥ္ျဖစ္ခဲ့ပါတယ္။ ေျပာရမယ္ဆိုရင္ အယ္လ္နီနီနဲ႔ ရွာခါတို႔တြဲဖက္ပြဲထြက္လာတဲ့ ပြဲထြက္လူစာရင္းအေပၚ ယံုၾကည္မႈ မ်ားမ်ားစားစားမရွိခဲ့တဲ့ ပရိတ္သတ္ေတြထဲမွာ ကၽြန္ေတာ္လည္း အပါအဝင္ပါပဲ။ ဒါေပမယ့္ ဒီေန႔ပြဲစဥ္မွာေတာ့ ရွာခါရဲ႕ ၾကိဳးစားအားထုတ္မႈက အသိအမွတ္ျပဳခ်င္စရာျဖစ္ပါတယ္။ ေသသပ္လွပတဲ့ ျပစ္ဒါဏ္ေဘာကန္သြင္းခ်က္ကေတာ့ ထပ္ေဆာင္းအပိုဆုျဖစ္ပါတယ္။ ေဘာလံုးေပးပို႔မႈေတြကလည္း ထူးထူးျခားျခားပဲ ေနာက္ျပန္ေပးတာမ်ိဳးထက္ ေရွ႕ကို ဦးတည္ေပးပို႔တာေတြ ပိုမ်ားခဲ့ပါတယ္။ ကစားပံုလည္း ေကာင္းမြန္ခဲ့ျပီး သူ႔ေၾကာင့္ပဲ ခ်ယ္လ္ဆီးက ဒုတိယပိုင္းအစမွာ ကြင္းလယ္ကို ေျပာင္းလဲခဲ့ရတဲ့အထိပါပဲ။ တစ္ခုရွိတာက ေရွ႕က အနီကတ္ျပစ္ဒါဏ္ေၾကာင့္ ခုလို Risk ယူ ၾကိဳးစားကစားတာလား၊ တြဲဖက္ကစားတဲ့ လူငယ္ေတြရဲ႕ အင္တုိက္အားတုိက္ ေနရာယူ ေရြ႕လ်ားကစားၾကတဲ့ ပုံစံေၾကာင့္ ကစားပံု ပိုလြတ္လပ္လာတာလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၂။ အလုပ္ျဖစ္ခဲ့တဲ့ ကစားကြက္အေျပာင္းအလဲ

နည္းျပအာတီတာဟာ ဒီေန႔ပြဲစဥ္မွာ ၄-၂-၃-၁ ကစားကြက္ကုိ ပံုေသသံုးခဲ့ပါတယ္။ အရင္လို ဘယ္ကစားကြက္ အေျခခံနဲ႔ ထြက္ထြက္ အခ်ိန္တန္ရင္ ၃-၄-၃ ကို ျပန္ေျပာင္းတဲ့ စနစ္ကို ဒီေန႔ပြဲစဥ္မွာ မသံုးခဲ့ပါဘူး။ ဒါက ထူးျခားခ်က္ျဖစ္သလို တစ္ဖက္မွာလည္း ေကာင္းက်ိဳးျဖစ္ခဲ့တာက ကစားသမားေတြဟာ နည္းစနစ္အေျပာင္းအလဲအတြက္ အာရံုစိုက္ေနစရာမလိုအပ္ေတာ့ပဲ တစ္ဦးခ်င္းစြမ္းေဆာင္ရည္နဲ႔ ကစားကြက္အတုိင္း လုိက္ပါကစားႏဳိင္ဖုိ႔ကိုသာ အာရံုစိုက္ႏုိင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီကစားကြက္မွာ ကြင္းလယ္ဖန္တီးရွင္ ကင္းမဲ့ေနေပမယ့္ ဆာကာ၊ မာတီနယ္လီနဲ႔ စမစ္-ရိုးတို႔ ၃ ဦးရဲ႕ ကြင္းလယ္တုိက္စစ္တန္းက လုပ္အားႏႈန္းနဲ႔ ၾကိဳးစားအားထုတ္မႈေကာင္းေတြကို တက္ညီလက္ညီျပႏုိင္ခဲ့တာမို႔ Creative Midfielder မပါဝင္မႈကို ကာႏုိင္ခဲ့ပါတယ္။ ခံစစ္မွာဆိုရင္လည္း မာရီဟာ ဂါဘရီယယ္ရဲ႕ ေနရာကို အျပည့္အဝ အစားထိုးႏုိင္ခဲ့သလို ဂိုးသမား ဘန္း လီႏိုဟာလည္း ပင္နယ္တီ ကာကြယ္မႈလုပ္ႏုိင္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာ အာတီတာအေနနဲ႔ အသင္းရဲ႕ လက္ရွိျပႆနာေတြဟာ သူ႔ရဲ႕ ဦးေဆာင္ႏုိင္စြမ္း၊ ကစားသမားေတြရဲ႕ ၾကိဳးစားအားထုတ္မႈေတြထက္ သူခ်မွတ္ထားတဲ့ နည္းစနစ္ကသာ ျပႆနာျဖစ္ေနတယ္ဆိုတာကို သေဘာေပါက္သြားဖို႔ ေမွ်ာ္လင့္ရပါတယ္။ ေသခ်ာတာကေတာ့ အာတီတာအေနနဲ႔ သူ႔စိတ္ၾကိဳက္နည္းစနစ္ေတြနဲ႔ ကစားႏုိင္ဖို႔ဆုိရင္ အသင္းမွာ လံုေလာက္တဲ့ ျဖည့္တင္းမႈေတြ အေျပာင္းအေရႊ႕ ရာသီ ၂ ခု စာေလာက္ ျဖည့္တင္းဖို႔ လိုအပ္ဦးမွာပါ။ လက္တေလာမွာေတာ့ ဒီေန႔ပြဲစဥ္လိုမ်ိဳး အသင္းက လက္ရွိလူစာရင္းနဲ႔ ကိုက္ညီတဲ့ နည္းဗ်ဴဟာမ်ိဳးကိုသာ ခ်မွတ္ႏုိင္ဖို႔ ၾကိဳးစားရပါလိမ့္မယ္။

၃။ The Trio

ခ်ယ္လ္ဆီးနဲ႔ပြဲစဥ္ ႏုိင္ပြဲမွာ ကြင္းလယ္တုိက္စစ္ ၃ ေယာက္တန္းက လူငယ္ ၃ ေယာက္ရဲ႕ ၾကိဳးစားအားထုတ္မႈ၊ တစ္ဦးခ်င္း စြမ္းေဆာင္ရည္နဲ႔ အရည္အေသြးေတြကို ေမ့ေဖ်ာက္ထားလုိ႔မရႏုိင္ပါဘူး။ တစ္ပြဲလံုးရဲ႕ အေကာင္းဆံုးကစားသမား ၃ ဦးကလည္း သူတို႔ ၃ေယာက္ပါပဲ။ ဆာကာက အႏုိင္ဂိုးနဲ႔အတူ Man of the Match ရခဲ့သလို စမစ္-ရိုးနဲ႔ မာတီနယ္လီတို႔ကလည္း ေျခစြမ္ေကာင္းေတြျပသႏုိင္ခဲ့ပါတယ္။ အထူးသျဖင့္ဒီ လူငယ္ ၃ ဦးဟာ ခ်ယ္လ္ဆီး ခံစစ္လုိင္းရဲ႕ ၄ ပံု ၃ ပံုကုိ လႊမ္းမိုးႏုိင္ခဲ့တာက ထူးျခားခ်က္တစ္ခုပါ။ အထူးသျဖင့္ စမစ္-ရိုးရဲ႕ ေဘာလံုးအျမင္၊ ေပးပို႔ပံုတိက်မႈနဲ႔ ေဘာလံုးလမ္းေၾကာင္းတြက္ဆႏုိင္စြမ္းက ဂ်ိဳး ေဝးေလာ့ခ္ထက္ပိုျပီး သာလြန္ေနတာကို ျမင္ေတြ႕ၾကမွာပါ။ တစ္ခုရွိတာက စမစ္-ရိုးဟာ ကြင္းလယ္တုိက္စစ္ကစားသမားေတြရဲ႕ ထံုးစံအတုိင္း ကစားပံုေပ်ာ့ျပီး ပြဲခ်ိန္ျပည့္ကစားႏုိင္တဲ့ ၾကံ့ခိုင္မႈမ်ိဳးမရွိေနတာကေတာ့ အားနည္းခ်က္လို႔ဆိုရမွာပါ။ ဆာကာနဲ႔ မာတီနယ္လီတို႔ကေတာ့ ပထမကစားသမားျဖစ္ဖို႔ ေဒါင္ေဒါင္ျမည္အေျခအေနတစ္ရပ္မွာရွိေနပါျပီ။ ၃ ဦးေပါင္း ပ်မ္းမွ်အသက္ ၁၉.၃ ႏွစ္သာရွိတဲ့ ဒီလူငယ္ေတြဟာ ဝါရင့္ကစားသမားေတြျဖစ္တဲ့ ပက္ေပ၊ ဝီလီယံတို႔ရဲ႕ ပြဲထြက္ခြင့္ကို ေကာင္းေကာင္းခ်ိန္ေျခာက္ႏုိင္စြမ္းရွိေနတာကေတာ့ ေသခ်ာပါတယ္။ ေနာက္လာမယ့္ ပြဲစဥ္ေတြမွာ ဒီလူငယ္ေတြကို နည္းျပအာတီတာတစ္ေယာက္ ဆက္လက္အသံုးခ်မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရပါဦးမယ္။

၄။ အားနည္းခ်က္ ၃ ခုနဲ႔ ေရွ႕ပြဲေတြအတြက္ ေမးခြန္းမ်ား

အာဆင္နယ္က ခ်ယ္လ္ဆီးကို အႏုိင္ရခဲ့ေပမယ့္ အဘက္ဘက္က သာလြန္ျပည့္စံုျပီး အႏုိင္ယူသြားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ပြဲခ်ိန္အတြင္းမွာ အားနည္းခ်က္ေတြ ျပင္ဆင္ရမယ့္ အခ်က္ေတြလည္း ရွိေနခဲ့ပါတယ္။ အထူးသျဖင့္ တုိက္စစ္ပိုင္းမွာဆိုရင္ လူငယ္ေတြ ေျခစြမ္းျပသႏိုင္ခဲ့ၾကေပမယ့္ သူတို႔ကို ေနာက္ကေနလုိက္ေထာက္ျပီး စုစည္းထိမ္းေၾကာင္းေပးမယ့္ ကြင္းလယ္လူမရွိေနခဲ့ပါဘူး။ ဒါေၾကာင့္ တုိက္စစ္ဟာ ထိေရာက္သင့္သေလာက္ မထိေရာက္ခဲ့တာေတြ ရွိခဲ့ပါတယ္။ အာဆင္နယ္ဟာ ထူးထူးျခားျခား ဂိုးေပါက္ ၇ ၾကိမ္အထိ တည့္ခဲ့ေပမယ့္ အသင္းရသြားတဲ့ ဂိုး ၃ ဂိုးမွာ ၂ ဂိုးက Set-picece ကေနျဖစ္ျပီးေတာ့ ဆာကာရဲ႕ သြင္းဂိုးကလည္း ျဖတ္တင္ေဘာလား တကယ္ကန္သြင္းတာလား အျငင္းပြားေနၾကဆဲပါ။ ေျပာရမယ္ဆိုရင္ ဒီဂိုးကလည္း ကစားကြက္နဲ႔ သြင္းယူခဲ့တယ္ဆိုတာထက္ တစ္ဦးခ်င္းအရည္အေသြးေၾကာင့္ရတဲ့ ဂိုးလို႔ဆိုရမွာပါ။ ဒါေၾကာင့္ လာမယ့္ပြဲစဥ္ေတြမွာ Set-piece ေတြကေန ဂိုးမသြင္းယူႏုိင္ရင္ အာဆင္နယ္ ရလဒ္ျပန္ေကာင္းပါ့မလားဆိုတာကို ေစာင့္ၾကည့္ရပါဦးမယ္။ ေနာက္ထပ္ အားနည္းခ်က္တစ္ခုကေတာ့ ဟိုးလ္ဒင္းပါ။ ဟိုးလ္ဒင္းဟာ ေစာင့္ဆုိင္းျဖတ္ထုတ္ပံုေကာင္းေပမယ့္ တကယ့္ တင္းျပည့္က်ပ္ျပည့္ ညာျခမ္းဗဟိုခံစစ္မွဴးတစ္ေယာက္ေတာ့ မဟုတ္ပါဘူး။ အျမန္ႏႈန္းျမင့္ကစားသမားေတြကို တားဆီးရာမွာ အားနည္းခ်က္ေတြရွိေနဆဲျဖစ္ပါတယ္။ ဇန္နဝါရီမွာ ဒီေနရာအတြက္ ကစားသမားသစ္ျဖည့္တင္းဖို႔ၾကိဳးစားရင္ ၾကိဳးစား ဒါမွမဟုတ္လည္း ခ်မ္ဘာစ္ကို စမ္းသပ္သံုးၾကည့္ဖို႔ လိုအပ္ေနတာကေတာ့ ေသခ်ာပါတယ္။ တတိယအားနည္းခ်က္ကေတာ့ ကြင္းလယ္ဗဟိုမွာ အားနည္းေနေသးတာပါပဲ။ ေသာမတ္ ပါေတးကလြဲျပီး အာဆင္နယ္ကြင္းလယ္က ကစားသမားတုိင္းဟာ ေျခစြမ္းတည္ျငိမ္မႈ မရွိပါဘူး။ ေကာင္းခ်င္ရင္ ထေကာင္းေနတတ္ျပီး မေကာင္းရင္လည္း သံုးစားမရတဲ့ အေျခအေနမ်ိဳးပါ။ ေျခစြမ္းေကာင္းေနခ်ိန္မ်ိဳးမွာေတာင္မွ အမွားအယြင္းေတြ တခါတရံက်ဴးလြန္ေနတတ္တာမ်ိဳး။ ပါေတးျပန္ကစားႏုိင္ရင္ေတာင္မွ တစ္ဦးတည္း အေတာ္ေလးရံုးကန္ရႏုိင္တာမို႔ တြဲဖက္တစ္ဦး အလွ်င္အျမန္ရွာေဖြႏုိင္ဖို႔လည္း လိုအပ္ေနတယ္လုိ႔ဆိုရမွာပါ။

၅။ အာတီတာ သင္ခန္းစာ ယူႏုိင္ခဲ့ရဲ႕လား

အာတီတာရဲ႕ ပထမ ၁၂ လက အတက္အက်ေတြၾကမ္းခဲ့ပါတယ္။ သူရဲေကာင္းျဖစ္လုိက္ ဗီလိန္ျဖစ္လိုက္နဲ႔ေပါ့။ ဘာပဲျဖစ္ျဖစ္ ၁၂ လ အတြင္းမွာ လီဗာပူးလ္ကို ၃ ၾကိမ္၊ မန္ယူကို ၂ ၾကိမ္၊ ခ်ယ္လ္ဆီးကို ၂ ၾကိမ္၊ မန္စီးတီးကို ၁ ၾကိမ္ အႏုိင္ယူႏုိင္ခဲ့တာကေတာ့ နည္းျပေဟာင္း အာဆင္း၊ အမ္မရီတို႔ထက္ သာလြန္တဲ့ စြမ္းေဆာင္ရည္ျဖစ္ခဲ့တာကို ျငင္းဆိုလို႔ မရႏုိင္ပါဘူး။ ဆုဖလား ၂ လံုးပါ ရယူေပးႏုိင္ခဲ့တာကလည္း အသိအမွတ္ျပဳစရာ စြမ္းေဆာင္ရည္ပါ။ တစ္ဖက္မွာလည္း သူ႔ရဲ႕ နည္းစနစ္ပိုင္းေခါင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ ဒီမနက္ပြဲစဥ္က သင္ခန္းစာေကာင္းေတြ ေပးႏုိင္ခဲ့လိမ့္မယ္လုိ႔ ယံုၾကည္ပါတယ္။ နည္းဗ်ဴဟာအေျပာင္းအလဲေတြဟာ အလုပ္ျဖစ္ခဲ့တယ္ဆုိတာကို အသင္းကို ဦးေဆာင္ေနတဲ့ သူက ကၽြန္ေတာ္တို႔ထက္ ပိုျပီး ျမင္မိဖို႔ ေမွ်ာ္လင့္ပါတယ္။ အာတီတာရဲ႕ ဆုဖလား ၂ လံုးဟာ အသင္းမွာရွိေနတဲ့ လူစာရင္းနဲ႔ပဲ လွေအာင္ဆင္ျပီး ရယူခဲ့တာပါ။ အဲ့ဒီတုန္းက ဂါဘရီယယ္တုိ႔ ပါေတးတို႔ေတာင္အသင္းမွာ မရွိေသးပါဘူး။ အသင္းရဲ႕ လက္ရွိအေျခအေနက ရလဒ္ေကာင္းဖို႔ အဓိကျဖစ္ျပီးေတာ့ နည္းဗ်ဴဟာပိုင္းမွာ ဘယ္လိုၾကြယ္ႏုိင္တာေတြ၊ ကစားကြက္လွတာေတြက ေနာက္ကိစၥျဖစ္ေနတဲ့ အေနအထားမ်ိဳးပါ။ မႏွစ္ကရာသီဝက္တစ္ခုလံုး တန္ျပန္တုိက္စစ္နဲ႔ ရလဒ္ေကာင္းယူခဲ့ျပီးတဲ့ေနာက္ ရာသီသစ္မွာ ေဘာလံုးပိုင္ဆုိင္မႈနဲ႔ အသင္းၾကီးတစ္သင္းအထာ တည္ေဆာက္ဖို ၾကံစည္ခဲ့တဲ့ အာတီတာရဲ႕ နည္းစနစ္က အာဆင္နယ္ကို ထုိးဆင္းသြားေစခဲ့တာလို႔ ကၽြန္ေတာ္ကေတာ့ ျမင္ပါတယ္။ အသင္းကို ခုခ်ိန္မွာ အသင္းၾကီးအသင္းေသး တံဆိပ္ကပ္ေနတာထက္ ရလဒ္ပိုင္းကို ဦးတည္ကစားျပီး အခ်ိန္ယူတည္ေဆာက္တာက ပိုမွန္ကန္တဲ့ လမ္းေၾကာင္းျဖစ္ႏုိင္ပါတယ္။ အာတီတာအတြက္ ျပင္ဆင္ခ်ိန္ရွိေနေသးတာမို႔ သင္ခန္းစာယူႏိုင္ဖို႔လည္း ေမွ်ာ္လင့္မိပါရဲ႕။

Leave a Reply