အာဆင်နယ် ၃-၁ ဝက်စ်ဘရွန်းပွဲစဉ်က မှတ်မှတ်ထင်ထင် အချက် ၅ ချက်

[UNICODE]

အာဆင်နယ်အသင်းကတော့ တန်းဆင်းဖို့ တည်းတည်းလေးလိုတော့တဲ့ ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာ အနိုင်ယူပြီး တန်းဆင်းဖို့ သေချာသွားစေခဲ့ပါတယ်။ တန်းဆင်းဇုံအသင်းတိုင်းကို ကယ်တင်နိုင်ခဲ့တဲ့ ဆမ် အလာဒိုက်စ်တစ်ယောက် ဒီတစ်ကြိမ်မှာတော့ ဝက်စ်ဘရွန်းကို မကယ်နိုင်တော့ပါဘူး။

ဖိအားတွေအောက်က အာဆင်နယ်ကတော့ လက်ကျန် ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက် ပါးပါးလေးအတွက် အနိုင် ၃ မှတ်ရဖို့ အသေအချာပြင်ဆင်လာခဲ့ပြီး လိုအပ်တဲ့ အနိုင်ရလဒ်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကစားပုံနဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေကတော့ ထုံးစံအတိုင်း အီလည်လည်ပါပဲ။

ဝက်စ်ဘရွန်းကို အနိုင်ရခဲ့ပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ လီဗာပူးလ်၊ အဲဗာတန်တို့ ရလဒ်ကောင်းခဲ့ကြတဲ့အပြင် အဆိုပါအသင်းတွေက ပွဲကျန်တစ်ပွဲစီလည်း ပိုကန်ရဖို့ရှိနေတာမို့ ဥရောပဝင်ခွင့်မျှာ်လင့်ချက်က ဖြစ်နိုင်ခြေအလွန်နည်းလွန်းနေဆဲပါ။ အာဆင်နယ်က လက်ကျန်ပွဲစဉ်တွေအားလုံးကိုနိုင်ပြီး ပြိုင်ဘက်တွေက အနည်းဆုံး ၂ ပွဲစီလောက် ခြေချော်မှသာ ယူရိုပါလိဂ်ဝင်ခွင့်ရမှာမို့ မလွယ်ကူတဲ့အခြေအနေတစ်ရပ်လို့ပဲ ဆိုရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ယူရိုပါလိဂ်ရလဒ်ဆိုးအပြင်၊ ပရီးမီးယားလိဂ်မှာလည်း အိမ်ကွင်းမှတ်တမ်းဆိုးကို ပိုင်ဆိုင်ထားချိန်မှာ ဝက်စ်ဘရွန်းကို အမ်းမရိတ်မှာ ပြန်အနိုင်ယူနိုင်ခဲ့တာဟာ အဆိုးထဲက ကောင်းကွက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ ထုံးစံအတိုင်း ပြောစရာ ဆိုစရာ ထောက်ပြစရာလေးတွေ ရှိနေပြန်တာမို့ မှတ်မှတ်ထင်ထင်အချက်တွေအဖြစ် တင်ဆက်လိုက်ပါတယ်။

၁။ အဆိုးထဲက အကောင်း

အာဆင်နယ်အသင်းရဲ့ လက်ရှိရာသီ ပရီးမီးယားလိဂ် စွမ်းဆောင်ရည်ဟာ စိတ်ပျက်ဖွယ်ရာအတိလို့ ဆိုရမှာပါ။ ဒါပေမယ့် အလုံးစုံသော ကိစ္စတိုင်းမှာ အနှုတ်လက္ခဏာပြနေတာတော့မဟုတ်ပါဘူး။ အထူးသဖြင့် အာဆင်နယ်အသင်းရဲ့ ယခုနှစ် ပရီးမီးယားလိဂ် ခံစစ်စွမ်းဆောင်ရည်က လက်ခံနိုင်လောက်ဖွယ်အနေအထားဆိုတာထက်ပိုတာကို မြင်ရပါတယ်။ အမှတ်ပေးပွဲစဉ် ၃၄ ပွဲကစားပြီးချိန်မှာ ပေးဂိုး ၃၈ ဂိုးသာရှိထားပြီး ဒါက ပရီးမီးယားလိဂ်ရဲ့ ခံစစ်စွမ်းဆောင်ရည်အမြင့်ဆုံးအသင်းတွေထဲမှာ စတုတ္ထအကောင်းဆုံး ဖြစ်ပါတယ်။ ဂိုးသမားနဲ့ ခံစစ်မှူးတွေ မကြာခန အမှားအယွင်းကျူးလွန်ကြတာကြောင့် ဝေဖန်ခံနေရတဲ့ အာဆင်နယ်အသင်းရဲ့ ခံစစ်မှတ်တမ်းဟာ အတော်လေး အံ့ကြစရာကောင်းနေတာပါ။ အာဆင်နယ်ထက် ပေးဂိုးပိုနည်းတဲ့အသင်းတွေက အဆင့် ၁ ကနေ ၃ အထိ ရပ်တည်နေတဲ့ မန်စီးတီး၊ မန်ယူနဲ့ ချယ်လ်ဆီးတို့ပါ။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက တစ်ရာသီလုံးမှာ ပေးဂိုး ၄၈ ဂိုးအထိရှိခဲ့ပြီး ၂၀၁၈-၁၉ တုန်းကဆိုရင် ၅၁ ဂိုးအထိပေးခဲ့ရတာမို့ ခံစစ်စွမ်းဆောင်ရည် တဖြည်းဖြည်းချင်းတိုးတက်လာတာကိုတော့ အသိအမှတ်ပြုရပါမယ်။ တစ်ဆက်စပ်တည်းမှာပဲ ဒီရာသီအာဆင်နယ်အသင်းရဲ့ ကျရှုံးမှုဟာ ခံစစ်တန်းကြောင်းထက် တိုက်စစ်စွမ်းဆောင်ရည် ထက်မြက်မှုမရှိတာကြောင့်လို့လည်း သုံးသပ်ရပါတယ်။

၂။ အပြောင်းအလဲကြားက မပြောင်းလဲမှု

ဝက်စ်ဘရွန်းနဲ့ပွဲစဉ်မှာ နည်းပြ အာတီတာတစ်ယောက် လူစာရင်းကိုရော နည်းဗျူဟာပိုင်းကိုပါ အပြောင်းအလဲ ပြုလုပ်ပြီး ကစားခဲ့ပါတယ်။ အပြောင်းအလဲတာကတော့ အပြောင်းအလဲတွေကြားမှာ စိတ်ပျက်စရာ ကစားပုံကို ထပ်မံပြသခဲ့တာပါပဲ။ အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့သလို ဦးဆောင်ဂိုးလည်း ၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ကစားကွက်က ဦးတည်ချက်မဲ့နေသလို အချိတ်အဆက်လွဲချေ်ာမှုတွေလည်း မကြာခနဖြစ်နေခဲ့ပါတယ်။ အထူးသဖြင့် ကိုယ့်အသင်းဘက်က ဘောလုံးကိုင်ထားနိုင်ချိန်မှာ ပြိုင်ဘက်ရဲ့ တတိယဇုံထဲကို ထိုးဖောက်နိုင်မှုအပိုင်း အတော်လေး အားနည်းခဲ့တာက တစ်ရာသီလုံးမပြောင်းလဲသေးတဲ့ ပြဿနာရပ်ဖြစ်နေဆဲပါ။ ထိပ်တန်းတိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားပေမယ့် လုံလောက်တဲ့ ပံ့ပိုးမှုလုံလုံလောက်လောက် မဖန်တီးပေးနိုင်တာက ဒီရာသီတစ်လျှောက်လုံး အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို အသက်မဲ့သွားစေတဲ့ အချက်လို့ ဆိုရမှာပါ။

၃။ အတက်အကျ မမှန်သေးပြန်တဲ့ ပက်ပေ

ဝက်စ်ဘရွန်းနဲ့ပွဲမှာတင် ပက်ပေရဲ့ ခြေစွမ်းက ခန့်မှန့်ရခက်လောက်အောင် မတည်ငြိမ်ခဲ့ပါဘူး။ တစ်ချို့အချိန်တွေမှာ ပြိုင်ဘက်ကို တစ်ဦးချင်းတောင် မဖြတ်ကျော်နိုင်တဲ့အထိ ဆိုးရွားနေခဲ့သလို မထင်မှတ်ထားချိန်မှာလည်း လက်ဖျားခါလောက်တဲ့ ဝေ့ဝိုက်ကန်ချက်နဲ့ ဂိုးသွင်းပြသွားခဲ့ပြန်ပါတယ်။ တစ်ပွဲလုံးခြုံကြည့်ရင်တော့ ပက်ပေရဲ့ ခြေစွမ်းက အားရစရာမရှိဘူးလို့ပဲ ဆိုရမှာပါ။ သူအကျွမ်းကျင်ဆုံး ကိစ္စရပ်ဖြစ်တဲ့ တစ်ဦးချင်းဖြတ်ကျော်မှုပိုင်းမှာ အလုပ်မဖြစ်တာက အတော်လေးဆိုးရွားတဲ့ အခြေအနေတစ်ရပ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း တစ်ရာသီလုံခြုံပြောရမယ်ဆိုရင်တော့ ၁၂ ဂိုးသွင်း ၅ ဂိုးဖန်တီးထားတဲ့ စွမ်းဆောင်ရည်က လက်သင့်ခံနိုင်စရာ မှတ်တမ်းမျိုးပါ။ မနှစ်ကရာသီကထက် စွမ်းဆောင်ရည်ပိုတက်လာသလို ခြေစွမ်းတည်ငြိမ်မှုရှိချိန်တွေမှာ အသင်းအတွက် အရေးပါတဲ့နေရာကနေ အသုံးတော်ခံခဲ့တာလည်း အမှန်ပါပဲ။ ဒါပေမယ့်လည်း ယူရို သန်း ၈၀ တန်ကစားသမားတစ်ယောက်ဖြစ်တာမို့ ၂ ရာသီအထိ အချိန်ပေးခဲ့ပြီးချိန်အထိ အသင်းတိုက်စစ်ကို ကျကျနနဦးဆောင်နိုင်တဲ့ ကစားသမားမျိုး ဖြစ်မလာသေးတာကတော့ စိတ်တိုင်းမကျစရာ အချက်တစ်ခုလို့ ဆိုရပါလိမ့်မယ်။

၄။ အရွယ်နဲ့မလိုက်တဲ့ တာဝန်တွေနဲ့ ဆာကာ၊ စမစ်-ရိုး

အာဆင်နယ်အသင်းရဲ့ နိုင်ပွဲမှာ ထုံးစံအတိုင်း အရေးပါခဲ့ကြတာကတော့ ဆာကာနဲ့ စမစ်-ရိုးတို့ပါပဲ။ ပွဲစဉ်တစ်လျှောက်လုံးမှာ ဆာကာရဲ့ ဘယ်တောင်ပံတစ်လျှောက် လွန်းထိုးကစားနေမှုနဲ့ စမစ်-ရိုးရဲ့ တတိယဇုံ ၂ ခု အကြား တောက်လျှောက် အတက်အဆင်းကစားနိုင်မှုတွေက အာဆင်နယ်ကစားကွက်ကို အသက်သွင်းပေးခဲ့ပါတယ်။ အဖွင့်ဂိုးကလည်း ဆာကာရဲ့ ဖန်တီးမှုကို စမစ်-ရိုးက သွင်းယူပေးခဲ့တာပါ။ ဒီကစားသမားနှစ်ယောက်နဲ့ ဒီနေ့ပွဲမှာမှ ကောင်းနေတဲ့ ဝီလီယံတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အာဆင်နယ်အသင်းတိုက်စစ်က အသက်ဆက်ရှင်ခဲ့တာလို့တောင်ဆိုလို့ရပါတယ်။ စီဘာယော့စ်ကတော့ တစ်ပွဲလုံး လူပိုဖြစ်နေခဲ့ပါတယ်။ ဝေးလော့ခ်ကို အငှားချပြီး စီဘာယော့စ်ကို ပွဲကစားခွင့်တွေပေးနေတဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ဟာ ဒုတိယရာသီဝက်တစ်လျှောက်လုံး အတော်လေး မေးခွန်းထုတ်စရာကောင်းလွန်းနေခဲ့ပါတယ်။ အယ်လ်နီနီကတော့ ခံစစ်စွမ်းဆောင်ရည်အလွန်ကောင်းခဲ့ပေမယ့် Defensive Minded ကစားသမားပီပီ တိုက်စစ်ကိုတော့ မပံ့ပိုးနိုင်ခဲ့ပါဘူး။ တစ်ပွဲလုံးခြုံကြည့်ရင်တော့ ဆာကာ၊ စမစ်-ရိုးနဲ့ ဝီလီယံတို့ရဲ့ စွမ်းဆောင်ရည်တွေက အဓိကကျနေခဲ့တယ်ပဲဆိုရမှာပါ။ အချုပ်ပြောရရင် စမစ်-ရိုးနဲ့ ဆာကာတို့ရဲ့ ရုံးကန်အား၊ ကြိုးစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည်တွေ ဘယ်လောက်ကောင်းနေပါစေ သူတို့ကို နောက်တစ်ဆင့်ရောက်အောင် မြှင့်တင်ပေးမယ့် ကစားသမားမျိုးတွေ မရှိပဲ သူတို့နောက်ကနေ ခိုကပ်ကစားမယ့် ကစားသမားတွေ များနေသရွေ့ အာဆင်နယ်အသင်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ ခက်ပါလိမ့်မယ်။

၅။ တန်းဆင်းဇုံအသင်းများရဲ့ အိပ်မက်ဆိုး

အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ ဥရောပအောင်မြင်မှုနဲ့ ဝေးကွာခဲ့သလို အမှတ်ပေးဇယားမှာလည်း အတော်လး ရုပ်ပျက်ဆင်းပျက်ရပ်တည်မှုနဲ့ပါ။ ဒါပေမယ့် ဒီရာသီတစ်လျှောက်မှာ ထူးခြားတဲ့အချက်တစ်ခုကတော့ တန်းဆင်းခါနီးအသင်းတွေ အာဆင်နယ်နဲ့ရင်ဆိုင်တိုင်း တန်းဆင်းသွားကြတာပါပဲ။ ရှက်ဖီးလ်ဒ်ယူနိုက်တက်လည်း အာဆင်နယ်နဲ့ရင်ဆိုင်အပြီးမှာ တန်းဆင်းသွားခဲ့သလို ခုတဖန် ဝက်စ်ဘရွန်းလည်း အာဆင်နယ်နဲ့ကစားအပြီးမှာ တန်းဆင်းဖို့ သေချာသွားခဲ့ပါတယ်။ အထူးသဖြင့် နည်းပြသက်တမ်းတစ်လျှောက် တစ်ကြိမ်မှ တန်းမဆင်းဖူးသေးပဲ တန်းဆင်းခါနီးအသင်းတိုင်းကို ကယ်တင်နိုင်တယ်ဆိုတဲ့ မှတ်တမ်းကောင်းနဲ့ ဘစ်ဆမ်ကြီးကတော့ ဒီတစ်ကြိမ်မှာ တပ်ပျက်အာဆင်နယ်အသင်းကို မကျော်လွှားနိုင်ခဲ့တာမို့ အမှတ်ပေးပြိုင်ပွဲပြီးဖို့ ၃ ပွဲအလိုမှာ မျှော်လင့်ချက်တွေ အကုန်ပျက်သုန်းသွားရတယ်လို့ ဆိုရပါမယ်။

[ZAWGYI]

အာဆင္နယ္အသင္းကေတာ့ တန္းဆင္းဖို႔ တည္းတည္းေလးလိုေတာ့တဲ့ ဝက္စ္ဘရြန္းကို အိမ္ကြင္းမွာ အႏုိင္ယူျပီး တန္းဆင္းဖို႔ ေသခ်ာသြားေစခဲ့ပါတယ္။ တန္းဆင္းဇံုအသင္းတုိင္းကို ကယ္တင္ႏုိင္ခဲ့တဲ့ ဆမ္ အလာဒိုက္စ္တစ္ေယာက္ ဒီတစ္ၾကိမ္မွာေတာ့ ဝက္စ္ဘရြန္းကို မကယ္ႏုိင္ေတာ့ပါဘူး။

ဖိအားေတြေအာက္က အာဆင္နယ္ကေတာ့ လက္က်န္ ယူရိုပါလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ ပါးပါးေလးအတြက္ အႏဳိင္ ၃ မွတ္ရဖို႔ အေသအခ်ာျပင္ဆင္လာခဲ့ျပီး လိုအပ္တဲ့ အႏိုင္ရလဒ္ကိုလည္း ရယူႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ကစားပံုနဲ႔ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ေတြကေတာ့ ထံုးစံအတုိင္း အီလည္လည္ပါပဲ။

ဝက္စ္ဘရြန္းကို အႏုိင္ရခဲ့ေပမယ့္ ယူရိုပါလိဂ္ဝင္ခြင့္အတြက္ အျပိဳင္ျဖစ္ေနတဲ့ လီဗာပူးလ္၊ အဲဗာတန္တို႔ ရလဒ္ေကာင္းခဲ့ၾကတဲ့အျပင္ အဆုိပါအသင္းေတြက ပြဲက်န္တစ္ပြဲစီလည္း ပိုကန္ရဖို႔ရွိေနတာမို႔ ဥေရာပဝင္ခြင့္မွ်ာ္လင့္ခ်က္က ျဖစ္ႏုိင္ေျခအလြန္နည္းလြန္းေနဆဲပါ။ အာဆင္နယ္က လက္က်န္ပြဲစဥ္ေတြအားလံုးကိုႏုိင္ျပီး ျပိဳင္ဘက္ေတြက အနည္းဆံုး ၂ ပြဲစီေလာက္ ေျခေခ်ာ္မွသာ ယူရိုပါလိဂ္ဝင္ခြင့္ရမွာမို႔ မလြယ္ကူတဲ့အေျခအေနတစ္ရပ္လို႔ပဲ ဆိုရပါလိမ့္မယ္။

ဘာပဲျဖစ္ျဖစ္ ယူရိုပါလိဂ္ရလဒ္ဆိုးအျပင္၊ ပရီးမီးယားလိဂ္မွာလည္း အိမ္ကြင္းမွတ္တမ္းဆိုးကို ပိုင္ဆုိင္ထားခ်ိန္မွာ ဝက္စ္ဘရြန္းကို အမ္းမရိတ္မွာ ျပန္အႏုိင္ယူႏုိင္ခဲ့တာဟာ အဆုိးထဲက ေကာင္းကြက္တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္အသင္းရဲ႕ ထံုးစံအတုိင္း ေျပာစရာ ဆိုစရာ ေထာက္ျပစရာေလးေတြ ရွိေနျပန္တာမို႔ မွတ္မွတ္ထင္ထင္အခ်က္ေတြအျဖစ္ တင္ဆက္လုိက္ပါတယ္။

၁။ အဆိုးထဲက အေကာင္း

အာဆင္နယ္အသင္းရဲ႕ လက္ရွိရာသီ ပရီးမီးယားလိဂ္ စြမ္းေဆာင္ရည္ဟာ စိတ္ပ်က္ဖြယ္ရာအတိလို႔႔ ဆိုရမွာပါ။ ဒါေပမယ့္ အလံုးစံုေသာ ကိစၥတုိင္းမွာ အႏႈတ္လကၡဏာျပေနတာေတာ့မဟုတ္ပါဘူး။ အထူးသျဖင့္ အာဆင္နယ္အသင္းရဲ႕ ယခုႏွစ္ ပရီးမီးယားလိဂ္ ခံစစ္စြမ္းေဆာင္ရည္က လက္ခံႏုိင္ေလာက္ဖြယ္အေနအထားဆိုတာထက္ပိုတာကို ျမင္ရပါတယ္။ အမွတ္ေပးပြဲစဥ္ ၃၄ ပြဲကစားျပီးခ်ိန္မွာ ေပးဂိုး ၃၈ ဂိုးသာရွိထားျပီး ဒါက ပရီးမီးယားလိဂ္ရဲ႕ ခံစစ္စြမ္းေဆာင္ရည္အျမင့္ဆံုးအသင္းေတြထဲမွာ စတုတၳအေကာင္းဆံုး ျဖစ္ပါတယ္။ ဂိုးသမားနဲ႔ ခံစစ္မွဴးေတြ မၾကာခန အမွားအယြင္းက်ဴးလြန္ၾကတာေၾကာင့္ ေဝဖန္ခံေနရတဲ့ အာဆင္နယ္အသင္းရဲ႕ ခံစစ္မွတ္တမ္းဟာ အေတာ္ေလး အံ့ၾကစရာေကာင္းေနတာပါ။ အာဆင္နယ္ထက္ ေပးဂိုးပိုနည္းတဲ့အသင္းေတြက အဆင့္ ၁ ကေန ၃ အထိ ရပ္တည္ေနတဲ့ မန္စီးတီး၊ မန္ယူနဲ႔ ခ်ယ္လ္ဆီးတို႔ပါ။ အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ရာသီတုန္းက တစ္ရာသီလံုးမွာ ေပးဂိုး ၄၈ ဂိုးအထိရွိခဲ့ျပီး ၂၀၁၈-၁၉ တုန္းကဆိုရင္ ၅၁ ဂိုးအထိေပးခဲ့ရတာမို႔ ခံစစ္စြမ္းေဆာင္ရည္ တျဖည္းျဖည္းခ်င္းတိုးတက္လာတာကိုေတာ့ အသိအမွတ္ျပဳရပါမယ္။ တစ္ဆက္စပ္တည္းမွာပဲ ဒီရာသီအာဆင္နယ္အသင္းရဲ႕ က်ရံႈးမႈဟာ ခံစစ္တန္းေၾကာင္းထက္ တုိက္စစ္စြမ္းေဆာင္ရည္ ထက္ျမက္မႈမရွိတာေၾကာင့္လို႔လည္း သံုးသပ္ရပါတယ္။

၂။ အေျပာင္းအလဲၾကားက မေျပာင္းလဲမႈ

ဝက္စ္ဘရြန္းနဲ႔ပြဲစဥ္မွာ နည္းျပ အာတီတာတစ္ေယာက္ လူစာရင္းကိုေရာ နည္းဗ်ဴဟာပိုင္းကိုပါ အေျပာင္းအလဲ ျပဳလုပ္ျပီး ကစားခဲ့ပါတယ္။ အေျပာင္းအလဲတာကေတာ့ အေျပာင္းအလဲေတြၾကားမွာ စိတ္ပ်က္စရာ ကစားပံုကို ထပ္မံျပသခဲ့တာပါပဲ။ အာဆင္နယ္အသင္းဟာ ပထမပိုင္းမွာ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္မ်ိဳးျပသႏုိင္ခဲ့သလို ဦးေဆာင္ဂိုးလည္း ၂ ဂိုးအထိသြင္းယူႏုိင္ခဲ့ေပမယ့္ ကစားကြက္က ဦးတည္ခ်က္မဲ့ေနသလို အခ်ိတ္အဆက္လြဲေခ်္ာမႈေတြလည္း မၾကာခနျဖစ္ေနခဲ့ပါတယ္။ အထူးသျဖင့္ ကိုယ့္အသင္းဘက္က ေဘာလံုးကိုင္ထားႏုိင္ခ်ိန္မွာ ျပိဳင္ဘက္ရဲ႕ တတိယဇံုထဲကုိ ထိုးေဖာက္ႏုိင္မႈအပိုင္း အေတာ္ေလး အားနည္းခဲ့တာက တစ္ရာသီလံုးမေျပာင္းလဲေသးတဲ့ ျပႆနာရပ္ျဖစ္ေနဆဲပါ။ ထိပ္တန္းတုိက္စစ္မွဴးေတြ ပုိင္ဆုိင္ထားေပမယ့္ လံုေလာက္တဲ့ ပံ့ပိုးမႈလံုလံုေလာက္ေလာက္ မဖန္တီးေပးႏုိင္တာက ဒီရာသီတစ္ေလွ်ာက္လံုး အာဆင္နယ္အသင္းရဲ႕ တုိက္စစ္ကို အသက္မဲ့သြားေစတဲ့ အခ်က္လို႔ ဆိုရမွာပါ။

၃။ အတက္အက် မမွန္ေသးျပန္တဲ့ ပက္ေပ

ဝက္စ္ဘရြန္းနဲ႔ပြဲမွာတင္ ပက္ေပရဲ႕ ေျခစြမ္းက ခန္႔မွန္႔ရခက္ေလာက္ေအာင္ မတည္ျငိမ္ခဲ့ပါဘူး။ တစ္ခ်ိဳ႕အခ်ိန္ေတြမွာ ျပိဳင္ဘက္ကို တစ္ဦးခ်င္းေတာင္ မျဖတ္ေက်ာ္ႏုိင္တဲ့အထိ ဆိုးရြားေနခဲ့သလို မထင္မွတ္ထားခ်ိန္မွာလည္း လက္ဖ်ားခါေလာက္တဲ့ ေဝ့ဝိုက္ကန္ခ်က္နဲ႔ ဂိုးသြင္းျပသြားခဲ့ျပန္ပါတယ္။ တစ္ပြဲလံုးျခံဳၾကည့္ရင္ေတာ့ ပက္ေပရဲ႕ ေျခစြမ္းက အားရစရာမရွိဘူးလို႔ပဲ ဆိုရမွာပါ။ သူအကၽြမ္းက်င္ဆံုး ကိစၥရပ္ျဖစ္တဲ့ တစ္ဦးခ်င္းျဖတ္ေက်ာ္မႈပိုင္းမွာ အလုပ္မျဖစ္တာက အေတာ္ေလးဆိုးရြားတဲ့ အေျခအေနတစ္ရပ္လို႔ ဆုိရမွာပါ။ ဒါေပမယ့္လည္း တစ္ရာသီလံုျခံဳေျပာရမယ္ဆိုရင္ေတာ့ ၁၂ ဂိုးသြင္း ၅ ဂိုးဖန္တီးထားတဲ့ စြမ္းေဆာင္ရည္က လက္သင့္ခံႏုိင္စရာ မွတ္တမ္းမ်ိဳးပါ။ မႏွစ္ကရာသီကထက္ စြမ္းေဆာင္ရည္ပိုတက္လာသလို ေျခစြမ္းတည္ျငိမ္မႈရွိခ်ိန္ေတြမွာ အသင္းအတြက္ အေရးပါတဲ့ေနရာကေန အသံုးေတာ္ခံခဲ့တာလည္း အမွန္ပါပဲ။ ဒါေပမယ့္လည္း ယူရို သန္း ၈၀ တန္ကစားသမားတစ္ေယာက္ျဖစ္တာမို႔ ၂ ရာသီအထိ အခ်ိန္ေပးခဲ့ျပီးခ်ိန္အထိ အသင္းတိုက္စစ္ကို က်က်နနဦးေဆာင္ႏုိင္တဲ့ ကစားသမားမ်ိဳး ျဖစ္မလာေသးတာကေတာ့ စိတ္တိုင္းမက်စရာ အခ်က္တစ္ခုလို႔ ဆိုရပါလိမ့္မယ္။

၄။ အရြယ္နဲ႔မလိုက္တဲ့ တာဝန္ေတြနဲ႔ ဆာကာ၊ စမစ္-ရိုး

အာဆင္နယ္အသင္းရဲ႕ ႏိုင္ပြဲမွာ ထံုးစံအတုိင္း အေရးပါခဲ့ၾကတာကေတာ့ ဆာကာနဲ႔ စမစ္-ရိုးတို႔ပါပဲ။ ပြဲစဥ္တစ္ေလွ်ာက္လံုးမွာ ဆာကာရဲ႕ ဘယ္ေတာင္ပံတစ္ေလွ်ာက္ လြန္းထိုးကစားေနမႈနဲ႔ စမစ္-ရိုးရဲ႕ တတိယဇံု ၂ ခု အၾကား ေတာက္ေလွ်ာက္ အတက္အဆင္းကစားႏုိင္မႈေတြက အာဆင္နယ္ကစားကြက္ကို အသက္သြင္းေပးခဲ့ပါတယ္။ အဖြင့္ဂိုးကလည္း ဆာကာရဲ႕ ဖန္တီးမႈကို စမစ္-ရိုးက သြင္းယူေပးခဲ့တာပါ။ ဒီကစားသမားႏွစ္ေယာက္နဲ႔ ဒီေန႔ပြဲမွာမွ ေကာင္းေနတဲ့ ဝီလီယံတို႔ရဲ႕ ၾကိဳးစားအားထုတ္မႈေတြေၾကာင့္ အာဆင္နယ္အသင္းတုိက္စစ္က အသက္ဆက္ရွင္ခဲ့တာလို႔ေတာင္ဆိုလို႔ရပါတယ္။ စီဘာေယာ့စ္ကေတာ့ တစ္ပြဲလံုး လူပိုျဖစ္ေနခဲ့ပါတယ္။ ေဝးေလာ့ခ္ကို အငွားခ်ျပီး စီဘာေယာ့စ္ကို ပြဲကစားခြင့္ေတြေပးေနတဲ့ အာတီတာရဲ႕ ဆံုးျဖတ္ခ်က္ဟာ ဒုတိယရာသီဝက္တစ္ေလွ်ာက္လံုး အေတာ္ေလး ေမးခြန္းထုတ္စရာေကာင္းလြန္းေနခဲ့ပါတယ္။ အယ္လ္နီနီကေတာ့ ခံစစ္စြမ္းေဆာင္ရည္အလြန္ေကာင္းခဲ့ေပမယ့္ Defensive Minded ကစားသမားပီပီ တုိက္စစ္ကိုေတာ့ မပံ့ပိုးႏုိင္ခဲ့ပါဘူး။ တစ္ပြဲလံုးျခံဳၾကည့္ရင္ေတာ့ ဆာကာ၊ စမစ္-ရိုးနဲ႔ ဝီလီယံတို႔ရဲ႕ စြမ္းေဆာင္ရည္ေတြက အဓိကက်ေနခဲ့တယ္ပဲဆိုရမွာပါ။ အခ်ဳပ္ေျပာရရင္ စမစ္-ရိုးနဲ႔ ဆာကာတို႔ရဲ႕ ရံုးကန္အား၊ ၾကိဳးစားအားထုတ္မႈနဲ႔ စြမ္းေဆာင္ရည္ေတြ ဘယ္ေလာက္ေကာင္းေနပါေစ သူတို႔ကို ေနာက္တစ္ဆင့္ေရာက္ေအာင္ ျမွင့္တင္ေပးမယ့္ ကစားသမားမ်ိဳးေတြ မရွိပဲ သူတို႔ေနာက္ကေန ခုိကပ္ကစားမယ့္ ကစားသမားေတြ မ်ားေနသေရြ႕ အာဆင္နယ္အသင္း ေအာင္ျမင္မႈေတြ ရယူႏုိင္ဖို႔ ခက္ပါလိမ့္မယ္။

၅။ တန္းဆင္းဇံုအသင္းမ်ားရဲ႕ အိပ္မက္ဆိုး

အာဆင္နယ္အသင္းဟာ လက္ရွိရာသီမွာ ဥေရာပေအာင္ျမင္မႈနဲ႔ ေဝးကြာခဲ့သလို အမွတ္ေပးဇယားမွာလည္း အေတာ္လး ရုပ္ပ်က္ဆင္းပ်က္ရပ္တည္မႈနဲ႔ပါ။ ဒါေပမယ့္ ဒီရာသီတစ္ေလွ်ာက္မွာ ထူးျခားတဲ့အခ်က္တစ္ခုကေတာ့ တန္းဆင္းခါနီးအသင္းေတြ အာဆင္နယ္နဲ႔ရင္ဆုိင္တုိင္း တန္းဆင္းသြားၾကတာပါပဲ။ ရွက္ဖီးလ္ဒ္ယူႏုိက္တက္လည္း အာဆင္နယ္နဲ႔ရင္ဆုိင္အျပီးမွာ တန္းဆင္းသြားခဲ့သလို ခုတဖန္ ဝက္စ္ဘရြန္းလည္း အာဆင္နယ္နဲ႔ကစားအျပီးမွာ တန္းဆင္းဖို႔ ေသခ်ာသြားခဲ့ပါတယ္။ အထူးသျဖင့္ နည္းျပသက္တမ္းတစ္ေလွ်ာက္ တစ္ၾကိမ္မွ တန္းမဆင္းဖူးေသးပဲ တန္းဆင္းခါနီးအသင္းတုိင္းကို ကယ္တင္ႏုိင္တယ္ဆိုတဲ့ မွတ္တမ္းေကာင္းနဲ႔ ဘစ္ဆမ္ၾကီးကေတာ့ ဒီတစ္ၾကိမ္မွာ တပ္ပ်က္အာဆင္နယ္အသင္းကို မေက်ာ္လႊားႏုိင္ခဲ့တာမို႔ အမွတ္ေပးျပိဳင္ပြဲျပီးဖို႔ ၃ ပြဲအလိုမွာ ေမွ်ာ္လင့္ခ်က္ေတြ အကုန္ပ်က္သုန္းသြားရတယ္လို႔ ဆိုရပါမယ္။

Leave a Reply