အာတီတာကို ထုတ်ပယ်ရန် မရှိ၊ ဇန်နဝါရီမှာ စိတ်ကြိုက် ငွေကြေးအသုံးပြုခွင့်ရမယ်

[UNICODE]

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက အသင်းကနေ ထုတ်ပယ်ခံရဖို့မရှိပဲ လာမယ့်အပြောင်းအရွှေ့ရာသီမှာ စိတ်တိုင်းကျကစားသမားခေါ်ယူခွင့်ရရှိသွားမှာဖြစ်တယ်လို့ Goal သတင်းဌာနနဲ့ Daily Mail သတင်းဌာနတွေက အတည်ပြုဖော်ပြခဲ့ကြပါတယ်။

အာဆင်နယ်အသင်းရဲ့ ပိုင်ရှင်တွေဖြစ်ကြတဲ့ ခရွန်ကီ မိသားစုဟာ အာတီတာရဲ့ အနာဂတ်လမ်းပြမြေပုံကို အထူးတလည် သဘောကျနေကြပြီး စပိန်လူမျိးနည်းပြတောင်းဆိုထားတဲ့အတိုင်း လာမယ့် အပြောင်းအရွှေ့ကာလ ၂ ခုမှာ အသင်းကို ဖြည့်ဆည်းမှုတွေ ပြုလုပ်ပေးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

အသင်းတာဝန်ရှိသူတွေဟာ အသင်းကို တန်းဆင်းဇုံထိပ်ဝကိုရောက်နေတဲ့ အခြေအနေကနေ ဆွဲထုတ်နိုင်ဖို့နဲ့ ရာသီကုန်မှာ ဥရောပဝင်ခွင့်ရရှိဖို့ရည်မှန်းချက်ထားနေပြီး အဲ့ဒီအချက်တွေကို ပြုလုပ်နိုင်ဖို့ အာတီတာအလိုရှိနေတဲ့ ကစားသမားတွေကို ခေါ်ယူပေးသွားမှာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

အာတီတာကတော့ လိုအပ်တဲ့ ဖြည့်ဆည်းမှုတွေ ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ ကစားကွက်ပိုင်းနဲ့ လုပ်အားနှုန်းပိုင်း ပြောင်းလဲသွားမယ်လို့ ယုံကြည်နေပြီး အသင်းရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်လိ့မ်မယ်လို့ ယူဆနေတာဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြဖြစ်သူ မီခယ် အာတီတာဟာ အသင်းကို ပြောင်းလဲနိုင်ဖို့ ကွင်းလယ်ဖန်တီးရှင်နေရာနဲ့ ညာခြမ်း ဗဟိုခံစစ်နေရာတွေမှာ ကစားသမားသစ်တွေ ဖြည့်တင်းဖို့ စိတ်ဆန္ဒရှိနေပြီး ဈေးကွက်အခြေအနေပေါ်မူတည်ပြီး တိုက်စစ်မှူးတစ်ဦးလည်း ထပ်မံခေါ်ယူဖို့ စိတ်ကူးရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ လက်တလောမှာ ကွင်းလယ်ဖန်တီးရှင် နေရာအတွက် ဟူဆန် အူဝါ၊ ဒိုမီနစ် ဆိုဘိုဇ်လိုင်၊ အီမီလီယာနို ဘူယွန် ဒီယာ၊ ခရစ္စတီယန် အဲရစ်ဆင်၊ ဖေဘီယို ဗီယာရာ စတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေပြီး ဗဟိုခံစစ်အတွက်တော့ ဂျွန် စတုန်းစ်၊ အဲရစ် ဂါစီယာ၊ ဒါယုတ် အူပါမီကာနိုစတဲ့ကစားသမားတွေကို မျက်စိကျနေတာပါ။

Source: Mail, Goal

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက အသင္းကေန ထုတ္ပယ္ခံရဖို႔မရွိပဲ လာမယ့္အေျပာင္းအေရႊ႕ရာသီမွာ စိတ္တုိင္းက်ကစားသမားေခၚယူခြင့္ရရွိသြားမွာျဖစ္တယ္လုိ႔ Goal သတင္းဌာနနဲ႔ Daily Mail သတင္းဌာနေတြက အတည္ျပဳေဖာ္ျပခဲ့ၾကပါတယ္။

အာဆင္နယ္အသင္းရဲ႕ ပိုင္ရွင္ေတြျဖစ္ၾကတဲ့ ခရြန္ကီ မိသားစုဟာ အာတီတာရဲ႕ အနာဂတ္လမ္းျပေျမပံုကို အထူးတလည္ သေဘာက်ေနၾကျပီး စပိန္လူမ်ိးနည္းျပေတာင္းဆိုထားတဲ့အတိုင္း လာမယ့္ အေျပာင္းအေရႊ႕ကာလ ၂ ခုမွာ အသင္းကို ျဖည့္ဆည္းမႈေတြ ျပဳလုပ္ေပးသြားဖို႔ရွိေနတယ္လုိ႔ သိရပါတယ္။

အသင္းတာဝန္ရွိသူေတြဟာ အသင္းကို တန္းဆင္းဇံုထိပ္ဝကိုေရာက္ေနတဲ့ အေျခအေနကေန ဆြဲထုတ္ႏုိင္ဖို႔နဲ႔ ရာသီကုန္မွာ ဥေရာပဝင္ခြင့္ရရွိဖို႔ရည္မွန္းခ်က္ထားေနျပီး အဲ့ဒီအခ်က္ေတြကို ျပဳလုပ္ႏုိင္ဖို႔ အာတီတာအလိုရွိေနတဲ့ ကစားသမားေတြကို ေခၚယူေပးသြားမွာျဖစ္တယ္လုိ႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

အာတီတာကေတာ့ လိုအပ္တဲ့ ျဖည့္ဆည္းမႈေတြ ျပဳလုပ္ႏုိင္ခဲ့မယ္ဆိုရင္ အသင္းရဲ႕ ကစားကြက္ပိုင္းနဲ႔ လုပ္အားႏႈန္းပိုင္း ေျပာင္းလဲသြားမယ္လုိ႔ ယံုၾကည္ေနျပီး အသင္းရဲ႕ လက္ရွိအေျခအေနကို ေျပာင္းလဲႏုိင္လိ့မ္မယ္လို႔ ယူဆေနတာျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပျဖစ္သူ မီခယ္ အာတီတာဟာ အသင္းကို ေျပာင္းလဲႏိုင္ဖို႔ ကြင္းလယ္ဖန္တီးရွင္ေနရာနဲ႔ ညာျခမ္း ဗဟိုခံစစ္ေနရာေတြမွာ ကစားသမားသစ္ေတြ ျဖည့္တင္းဖို႔ စိတ္ဆႏၵရွိေနျပီး ေစ်းကြက္အေျခအေနေပၚမူတည္ျပီး တိုက္စစ္မွဴးတစ္ဦးလည္း ထပ္မံေခၚယူဖို႔ စိတ္ကူးရွိေနပါတယ္။

အာဆင္နယ္အသင္းဟာ လက္တေလာမွာ ကြင္းလယ္ဖန္တီးရွင္ ေနရာအတြက္ ဟူဆန္ အူဝါ၊ ဒိုမီနစ္ ဆိုဘုိဇ္လုိင္၊ အီမီလီယာႏို ဘူယြန္ ဒီယာ၊ ခရစၥတီယန္ အဲရစ္ဆင္၊ ေဖဘီယို ဗီယာရာ စတဲ့ ကစားသမားေတြကို ပစ္မွတ္ထားေနျပီး ဗဟိုခံစစ္အတြက္ေတာ့ ဂၽြန္ စတုန္းစ္၊ အဲရစ္ ဂါစီယာ၊ ဒါယုတ္ အူပါမီကာႏိုစတဲ့ကစားသမားေတြကို မ်က္စိက်ေနတာပါ။

Source: Mail, Goal

Leave a Reply