အာတီတာကို အကြံပေးစကားရော၊ ထောက်ခံစကားပါပြောသွားတဲ့ အာဆင်းဝင်းဂါး

[UNICODE]

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်း အာဆင်းဝင်းဂါးက လက်ရှိ နည်းပြဖြစ်သူ မီခယ် အာတီတာဟာ အာဆင်နယ်အသင်းကို အောင်မြင်အောင် ဦးဆောင်နိုင်မယ့်နည်းပြဖြစ်တယ်လို့ ထောက်ခံပြောဆိုလိုက်သလို အကြံပြုချက်လည်း ပေးသွားခဲ့ပါတယ်။

အာဆင်းက အာဆင်နယ်အသင်းအနေနဲ့ လက်တလောမှာ ခြေစွမ်းပိုင်းယိမ်းယိုင်နေပေမယ့် ဒီလိုအခြေအနေမျိုးကို နည်းပြတိုင်း ကြုံရမယ့်ကိစ္စမျိုးဖြစ်တယ်လို့ ထောက်ပြသွားခဲ့ပြီး အာတီတာအပေါ် သူ့အနေနဲ့ အပြည့်အဝ ယုံကြည်မှုရှိတယ်လို့ CBS Sports နဲ့ အင်တာဗျူးမှာ ထောက်ခံပြောဆိုသွားခဲ့တာပါ။

“သူတို့ ပိုအာရုံစိုက်ဖို့လိုအပ်သလို စိတ်ဓာတ်ပိုပြီးမြှင့်တင်ရပါမယ်။ ဘာမှမပြီးဆုံးသေးပါဘူး။ ခုမှစတင်နေတာပါ။ သူတို့ ဘယ်နားမှာရှိနေတယ်ဆိုပြီး ထိုင်ပြောနေရမှာမဟုတ်ပါဘူး။ အချိန်တန်ရင် သူတို့နဲ့ ထိုက်တန်တဲ့ အဆင့်ဆီကို ပြန်ရောက်မှာပါ။ အဓိကကျတာက အာဆင်နယ်အသင်းရဲ့ နည်လမ်းအတိုင်း ဆက်ပြီး လျှောက်လှမ်းနိုင်ဖို့ပါ” လို့ ပြင်သစ်လူမျိုးနည်းပြဟောင်းကြီးက ဆိုခဲ့ပါတယ်။

ဒါ့အပြင် “သူ့မှာ တိကျတဲ့ ကျင့်ဝတ်ပိုင်း စံနှုန်းတွေရှိပါတယ်။ ဒါက နည်းပြတစ်ယောက်အတွက် သိပ်ကိုကောင်းပါတယ်။ သူတို့ ပိုအာရုံစိုက်ပြီး ပိုစိတ်ဓာတ် ထက်သန်လာမယ်ဆိုရင် အကောင်းဆုံးတွေပြန်ဖြစ်လာမှာပါ။ သူက ထက်မြက်တဲ့နည်းပြတစ်ယောက်ပါ” လို့ အာဆင်းက ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်းက အချိန်ယူတည်ဆောက်တာကို လက်ခံပေမယ့် အချိန်အကြာကြီးတော့ အခွင့်အရေးရနိုင်မှာမဟုတ်ဘူးလို့လည်း အာတီတာကို သတိပေးသွားခဲ့ပါသေးတယ်။

“ဒီခေတ် ဘောလုံးလောမှာ စိတ်ရှည်သည်းခံမှုရှိနေသေးတယ်လို့ ကျွန်တော် မယုံကြည်တော့ပါဘူး။ ခင်ဗျားကို ၃၊ ၄ လ လောက်ပဲ လူတွေက သည်းခံချင်ကြပါတော့တယ်။ ကျွန်တော်ရောက်ကာစတုန်းကဆို ၃ နှစ်လောက်အထိ အချိန်ယူခဲ့ရဖူးပါတယ်။ ခုခေတ်မှာ ဒီလိုမဖြစ်နိုင်တော့ပါဘူး။ ခုချိန်မှာတော့ မြန်မြန်ပြောင်းနိုင်ဖို့ကြိုးစားရင်ကြိုးစား ဒါမှမဟုတ်ရင်တော့ ဘာမှဖြစ်လာတော့မှာမဟုတ်တော့ပါဘူး။ ကျွန်တော်မြင်တာတော့ အာတီတာက အသင်းကို လွှမ်းမိုးနိုင်စွမ်းရှိထားပါတယ်။ ဒါက တကယ်ကောင်းပါတယ်။ လက်ရှိရလဒ်တွေကို ပြောင်းလဲနိုင်ရင် သူအဆင်ပြေပါပြီ” လို့ အာဆင်းက အကြံပေးသွားခဲ့ပါတယ်။

Source: Football London

[UNICODE]

အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္နည္းျပေဟာင္း အာဆင္းဝင္းဂါးက လက္ရွိ နည္းျပျဖစ္သူ မီခယ္ အာတီတာဟာ အာဆင္နယ္အသင္းကို ေအာင္ျမင္ေအာင္ ဦးေဆာင္ႏုိင္မယ့္နည္းျပျဖစ္တယ္လုိ႔ ေထာက္ခံေျပာဆိုလုိက္သလို အၾကံျပဳခ်က္လည္း ေပးသြားခဲ့ပါတယ္။

အာဆင္းက အာဆင္နယ္အသင္းအေနနဲ႔ လက္တေလာမွာ ေျခစြမ္းပိုင္းယိမ္းယိုင္ေနေပမယ့္ ဒီလိုအေျခအေနမ်ိဳးကို နည္းျပတုိင္း ၾကံဳရမယ့္ကိစၥမ်ိဳးျဖစ္တယ္လို႔ ေထာက္ျပသြားခဲ့ျပီး အာတီတာအေပၚ သူ႔အေနနဲ႔ အျပည့္အဝ ယံုၾကည္မႈရွိတယ္လို႔ CBS Sports နဲ႔ အင္တာဗ်ဴးမွာ ေထာက္ခံေျပာဆိုသြားခဲ့တာပါ။

“သူတို႔ ပိုအာရံုစိုက္ဖို႔လိုအပ္သလို စိတ္ဓာတ္ပိုျပီးျမွင့္တင္ရပါမယ္။ ဘာမွမျပီးဆံုးေသးပါဘူး။ ခုမွစတင္ေနတာပါ။ သူတို႔ ဘယ္နားမွာရွိေနတယ္ဆိုျပီး ထိုင္ေျပာေနရမွာမဟုတ္ပါဘူး။ အခ်ိန္တန္ရင္ သူတို႔နဲ႔ ထိုက္တန္တဲ့ အဆင့္ဆီကို ျပန္ေရာက္မွာပါ။ အဓိကက်တာက အာဆင္နယ္အသင္းရဲ႕ နည္လမ္းအတုိင္း ဆက္ျပီး ေလွ်ာက္လွမ္းႏုိင္ဖို႔ပါ” လို႔ ျပင္သစ္လူမ်ိဳးနည္းျပေဟာင္းၾကီးက ဆိုခဲ့ပါတယ္။

ဒါ့အျပင္ “သူ႔မွာ တိက်တဲ့ က်င့္ဝတ္ပိုင္း စံႏႈန္းေတြရွိပါတယ္။ ဒါက နည္းျပတစ္ေယာက္အတြက္ သိပ္ကိုေကာင္းပါတယ္။ သူတို႔ ပိုအာရံုစိုက္ျပီး ပိုစိတ္ဓာတ္ ထက္သန္လာမယ္ဆိုရင္ အေကာင္းဆံုးေတြျပန္ျဖစ္လာမွာပါ။ သူက ထက္ျမက္တဲ့နည္းျပတစ္ေယာက္ပါ” လို႔ အာဆင္းက ဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္း အာဆင္းက အခ်ိန္ယူတည္ေဆာက္တာကို လက္ခံေပမယ့္ အခ်ိန္အၾကာၾကီးေတာ့ အခြင့္အေရးရႏုိင္မွာမဟုတ္ဘူးလုိ႔လည္း အာတီတာကို သတိေပးသြားခဲ့ပါေသးတယ္။

“ဒီေခတ္ ေဘာလံုးေလာမွာ စိတ္ရွည္သည္းခံမႈရွိေနေသးတယ္လုိ႔ ကၽြန္ေတာ္ မယံုၾကည္ေတာ့ပါဘူး။ ခင္ဗ်ားကို ၃၊ ၄ လ ေလာက္ပဲ လူေတြက သည္းခံခ်င္ၾကပါေတာ့တယ္။ ကၽြန္ေတာ္ေရာက္ကာစတုန္းကဆို ၃ ႏွစ္ေလာက္အထိ အခ်ိန္ယူခဲ့ရဖူးပါတယ္။ ခုေခတ္မွာ ဒီလိုမျဖစ္ႏုိင္ေတာ့ပါဘူး။ ခုခ်ိန္မွာေတာ့ ျမန္ျမန္ေျပာင္းႏိုင္ဖို႔ၾကိဳးစားရင္ၾကိဳးစား ဒါမွမဟုတ္ရင္ေတာ့ ဘာမွျဖစ္လာေတာ့မွာမဟုတ္ေတာ့ပါဘူး။ ကၽြန္ေတာ္ျမင္တာေတာ့ အာတီတာက အသင္းကို လႊမ္းမိုးႏဳိင္စြမ္းရွိထားပါတယ္။ ဒါက တကယ္ေကာင္းပါတယ္။ လက္ရွိရလဒ္ေတြကို ေျပာင္းလဲႏုိင္ရင္ သူအဆင္ေျပပါျပီ” လို႔ အာဆင္းက အၾကံေပးသြားခဲ့ပါတယ္။

Source: Football London

Leave a Reply