
[UNICODE]
အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘလိုဂန်က အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာကို ကျေးဇူးတင်စကားဆိုလိုက်ပြီး နည်းပြနဲ့ ပရိတ်သတ်တွေအတွက် အကောင်းဆုံးကြိုးစားကစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
အသင်းနဲ့ စာချုပ်သက်တမ်း ၈ လသာ ကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စ မတင်မကျဖြစ်နေတဲ့ ဘလိုဂန်ရဲ့ ခုလိုပြောဆိုလိုက်မှုဟာ သူ့ရဲ့အနာဂတ် အသင်းမှာဆက်ရှိနေသေးတယ်ဆိုတာကို အရိပ်အမြွက် ထုတ်ဖော်လှစ်ဟပြလိုက်ရာရောက်တယ်လို့ မီဒီယာတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ နည်းပြဖြစ်သူ အာတီတာက သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေသလို ကာယကံရှင်ကြယ်ပွင့်ကိုယ်တိုင်ကလည်း အသင်းမှာ ဆက်နေလိုတဲ့ အရိပ်အယောင်တွေ ပြသလာတာပါ။

အာဆင်နယ်အသင်းရဲ့ မန်နေဂျာဖြစ်သူ အာတီတာက ဒန်းဒါ့ခ်နဲ့ပွဲစဉ်မှာ ဘလိုဂန်ကို လူစားဝင်ကစားခွင့်ပေးခဲ့သလို နောက်ထပ်ကစားရဖို့ရှိနေတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေနဲ့ တခြားပွဲစဉ်တွေမှာလည်း သူ့ကို အခွင့်အရေးပေးသွားဖိုရည်ရွယ်ထားတယ်လို့လည်း ပြောဆိုထားပါတယ်။
၁၉ နှစ်သားတိုက်စစ်မှူးကတော့ ဒီအတွေ့အကြုံက သူ့အတွက် မမေ့နိုင်စရာလို့ ဆိုသွားခဲ့ပါတယ်။ “ဒီခံစားချက်က တကယ်မိုက်ပါတယ်။ ဒီလို အခွင့်အရေးမျိုး ရလာဖို့ ကျွန်တော် အချိန်အကြာကြီး စောင့်ခဲ့ရတာပါ။ ခုတော့ အခွင့်အရေးရလာပါပြီ။ ဒီအတွက် အရမ်းပျော်ပါတယ်။ ကျွန်တော် မီခယ့်ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီလို အခွင့်အရေးမျိုးပေးတဲ့အတွက်ကြောင့်ပါ။ ကျွန်တော် အသင်းမှာ မကြာခနပါဝင်ကစားခွင့်ရဖို့နဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ဖို့ ဆက်ပြီး ကြိုးစားသွားမှာပါ” လို့လလည်း သူကဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် သူ့ကို အခွင့်အရေးပေးခဲ့တဲ့ နည်းပြအာတီတာနဲ့ သူ့အပေါ် ယုံကြည်မှုထားခဲ့ကြတဲ့ ပရိတ်သတ်တွေအတွက် ခုထက်ပိုပြီး ကြိုးစားအားထုတ်သွားမယ်လို့လည်း ၁၉ နှစ်သားတိုက်စစ်မှူးလေးက ပြောဆိုသွားခဲ့ပါသေးတယ်။ “သူတို့တွေက ကျွန်တော့်ကို ခွန်အားတွေပေးပါတယ်။ ဒီခွန်အားတွေကပဲ သွင်းဂိုးတွေ ဖြစ်လာစေတာပါ။ ကျွန်တော့်ရဲ့ လူငယ်အသင်းက ခြေစွမ်းကို လူကြီးအသင်းဆီ ယူဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်က အရေးအကြီးဆုံးအချက်ပါပဲ” လို့လည်း ဘလိုဂန်က ဆိုသွားခဲ့ပါတယ်။
အမေရိကန်-ဗြိတိန်နွယ်ဖွား ဖိုလာရင် ဘလိုဂန်ဟာ အာဆင်နယ် လူငယ်အသင်းထံ အသက် ၁၀ နှစ်သားအရွယ်ကတည်းက စတင်ရောက်ရှိနေခဲ့သူဖြစ်ပြီး အသင်းရဲ့လူငယ်အဆင့် သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ သွင်းဂိုး ၆၀ ကျော်သွင်းယူကာ ခြေစွမ်းကောင်းပြသထားသူဖြစ်ပါတယ်။
Source: Arsenal
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ လူငယ္တုိက္စစ္မွဴး ဖိုလာရင္ ဘလိုဂန္က အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာကို ေက်းဇူးတင္စကားဆိုလုိက္ျပီး နည္းျပနဲ႔ ပရိတ္သတ္ေတြအတြက္ အေကာင္းဆံုးၾကိဳးစားကစားသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။
အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၈ လသာ က်န္ရွိေတာ့ျပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကိစၥ မတင္မက်ျဖစ္ေနတဲ့ ဘလိုဂန္ရဲ႕ ခုလိုေျပာဆိုလုိက္မႈဟာ သူ႔ရဲ႕အနာဂတ္ အသင္းမွာဆက္ရွိေနေသးတယ္ဆိုတာကို အရိပ္အျမြက္ ထုတ္ေဖာ္လွစ္ဟျပလိုက္ရာေရာက္တယ္လုိ႔ မီဒီယာေတြက သံုးသပ္ေျပာဆိုေနၾကပါတယ္။ နည္းျပျဖစ္သူ အာတီတာက သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ဆႏၵရွိေနသလို ကာယကံရွင္ၾကယ္ပြင့္ကိုယ္တုိင္ကလည္း အသင္းမွာ ဆက္ေနလိုတဲ့ အရိပ္အေယာင္ေတြ ျပသလာတာပါ။

အာဆင္နယ္အသင္းရဲ႕ မန္ေနဂ်ာျဖစ္သူ အာတီတာက ဒန္းဒါ့ခ္နဲ႔ပြဲစဥ္မွာ ဘလိုဂန္ကို လူစားဝင္ကစားခြင့္ေပးခဲ့သလို ေနာက္ထပ္ကစားရဖို႔ရွိေနတဲ့ ယူရိုပါလိဂ္ပြဲစဥ္ေတြနဲ႔ တျခားပြဲစဥ္ေတြမွာလည္း သူ႔ကို အခြင့္အေရးေပးသြားဖိုရည္ရြယ္ထားတယ္လုိ႔လည္း ေျပာဆိုထားပါတယ္။
၁၉ ႏွစ္သားတုိက္စစ္မွဴးကေတာ့ ဒီအေတြ႕အၾကံဳက သူ႔အတြက္ မေမ့ႏုိင္စရာလို႔ ဆိုသြားခဲ့ပါတယ္။ “ဒီခံစားခ်က္က တကယ္မုိက္ပါတယ္။ ဒီလို အခြင့္အေရးမ်ိဳး ရလာဖို႔ ကၽြန္ေတာ္ အခ်ိန္အၾကာၾကီး ေစာင့္ခဲ့ရတာပါ။ ခုေတာ့ အခြင့္အေရးရလာပါျပီ။ ဒီအတြက္ အရမ္းေပ်ာ္ပါတယ္။ ကၽြန္ေတာ္ မီခယ့္ကို အရမ္းေက်းဇူးတင္ပါတယ္။ ဒီလို အခြင့္အေရးမ်ိဳးေပးတဲ့အတြက္ေၾကာင့္ပါ။ ကၽြန္ေတာ္ အသင္းမွာ မၾကာခနပါဝင္ကစားခြင့္ရဖို႔နဲ႔ အခြင့္အေရးေတြကို အသံုးခ်ႏုိင္ဖို႔ ဆက္ျပီး ၾကိဳးစားသြားမွာပါ” လို႔လလည္း သူကဆိုခဲ့ပါေသးတယ္။

ဒါ့အျပင္ သူ႔ကို အခြင့္အေရးေပးခဲ့တဲ့ နည္းျပအာတီတာနဲ႔ သူ႔အေပၚ ယံုၾကည္မႈထားခဲ့ၾကတဲ့ ပရိတ္သတ္ေတြအတြက္ ခုထက္ပိုျပီး ၾကိဳးစားအားထုတ္သြားမယ္လို႔လည္း ၁၉ ႏွစ္သားတုိက္စစ္မွဴးေလးက ေျပာဆိုသြားခဲ့ပါေသးတယ္။ “သူတို႔ေတြက ကၽြန္ေတာ့္ကို ခြန္အားေတြေပးပါတယ္။ ဒီခြန္အားေတြကပဲ သြင္းဂိုးေတြ ျဖစ္လာေစတာပါ။ ကၽြန္ေတာ့္ရဲ႕ လူငယ္အသင္းက ေျခစြမ္းကို လူၾကီးအသင္းဆီ ယူေဆာင္လာႏုိင္မယ္လို႔ ယံုၾကည္ပါတယ္။ ဒီအခ်က္က အေရးအၾကီးဆံုးအခ်က္ပါပဲ” လို႔လည္း ဘလိုဂန္က ဆိုသြားခဲ့ပါတယ္။
အေမရိကန္-ျဗိတိန္ႏြယ္ဖြား ဖိုလာရင္ ဘလိုဂန္ဟာ အာဆင္နယ္ လူငယ္အသင္းထံ အသက္ ၁၀ ႏွစ္သားအရြယ္ကတည္းက စတင္ေရာက္ရွိေနခဲ့သူျဖစ္ျပီး အသင္းရဲ႕လူငယ္အဆင့္ သက္တမ္းအလိုက္ျပိဳင္ပြဲေတြမွာ သြင္းဂိုး ၆၀ ေက်ာ္သြင္းယူကာ ေျခစြမ္းေကာင္းျပသထားသူျဖစ္ပါတယ္။
Source: Arsenal