
[UNICODE]
ဂန္တဝင်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က အာဆင်နယ်အသင်းက လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီကို ရော်နယ်ဒိုလက်သစ်လို့ နှိုင်းယှဉ်သုံးသပ်လိုက်ပြီး လက်ရှိလိုအသင်းရဲ့တိုက်စစ်ပိုင်း အားနည်းနေချိန်မှာ နည်းပြအာတီတာအနေနဲ့ သူ့ကို မျှော်လင့်နေလောက်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ ဒါဏ်ရာကြောင့် အနားယူနေရတဲ့ ဘရာဇီးလ်လူမျိုး လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီဟာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို လုံးဝပြောင်းလဲသွားအောင် အသွင်ပြောင်းလဲပေးနိုင်မယ့် သူဖြစ်တယ်လို့ ကမ်းဘဲလ်ကဆိုခဲ့ပါတယ်။

“မာတီနယ်လီက တကယ့်ကစားသမားပါ။ သူပြန်လာရင် အကောင်းဆုံးတွေ လုပ်ပြနိုင်မှာပါ။ သူ့ရဲ့ တိုက်ရိုက်ကျပြီး ထိရောက်တဲ့ကစားဟန်က ဘရာဇီးလ် ရော်နယ်ဒိုကို ပြန်သတိရစေပါတယ်။ တကယ်ကို အံ့ဘနန်းပါပဲ” လို့ ကမ်းဘဲလ်က Football Insider ကို ပြောဆိုခဲ့ပါတယ်။
“သူ့မှာ အနာဂတ်ကြီးကြီးမားမားရှိနေပါတယ်။ ကျွန်တော့်အနေနဲ့သူ့ကို ဖိအားတွေ တင်မပေးချင်ပါဘူး။ ခုချိန်မှာ သူက ကာလရှည်ဒါဏ်ရာကြီးနဲ့ပါ။ သူ့အတွက် အချိန်လိုအပ်ပါတယ်။ ပွဲတွေပြန်ကစားနိုင်ဖို့ ခြေစွမ်းတည်ငြိမ်အောင် ပြန်လုပ်နိုင်ဖို့ပေါ့။ ဒါပေမယ့် တဖက်မှာလည်း သူက အသင်းအတွက်ရော အာတီတာအတွက်ပါ အရမ်းလိုအပ်နေပါတယ်” လို့ ကမ်းဘဲလ်က ဆိုခဲ့ပါသေးတယ်။

အမြန်နှုန်းမြင့်မားပြီး အဆုံးသတ်စွမ်းရည်လည်းထက်မြက်တဲ့ မာတီနယ်လီဟာ ဘယ်တောင်ပံတိုက်စစ်မှာသာမက အထောင်တိုက်စစ်မှာလည်း ကစားနိုင်သူဖြစ်ပြီး လက်ရှိအာဆင်နယ်အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည် ကျဆင်းနေမှုကို အဆုံးသတ်ပေးနိုင်မယ့် ကစားသမားဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကလည်း TBR သတင်းဌာနက သုံးသပ်ခဲ့ပါတယ်။
အသက် ၁၉ နှစ်ရွယ်သာရှိသေးတဲ့ မာတီနယ်လီဟာ ယမန်နှစ်ရာသီအစတုန်းကမှ ဘရာဇီးလ်ကလပ် အီတူယာနိုအသင်းကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၂၆ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ထိခိုက်ဒါဏ်ရာရရှိခဲ့တာမို့ လက်ရှိမှာတော့ အနားယူနေရပြီး အပေါ့စားလေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။
Source: Football Insider, TBR, Mail
[ZAWGYI]
ဂႏၱဝင္တုိက္စစ္မွဴးေဟာင္း ကီဗင္ ကမ္းဘဲလ္က အာဆင္နယ္အသင္းက လူငယ္တိုက္စစ္မွဴး ဂါဘရီယယ္ မာတီနယ္လီကို ေရာ္နယ္ဒိုလက္သစ္လုိ႔ ႏိႈင္းယွဥ္သံုးသပ္လုိက္ျပီး လက္ရွိလိုအသင္းရဲ႕တိုက္စစ္ပိုင္း အားနည္းေနခ်ိန္မွာ နည္းျပအာတီတာအေနနဲ႔ သူ႔ကို ေမွ်ာ္လင့္ေနေလာက္တယ္လုိ႔ သံုးသပ္ေျပာဆိုလုိက္ပါတယ္။
လက္ရွိမွာ ဒါဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဘရာဇီးလ္လူမ်ိဳး လူငယ္တိုက္စစ္မႉး ဂါဘရီယယ္ မာတီနယ္လီဟာ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ကို လုံးဝေျပာင္းလဲသြားေအာင္ အသြင္ေျပာင္းလဲေပးႏိုင္မယ့္ သူျဖစ္တယ္လို႔ ကမ္းဘဲလ္ကဆိုခဲ့ပါတယ္။

“မာတီနယ္လီက တကယ့္ကစားသမားပါ။ သူျပန္လာရင္ အေကာင္းဆံုးေတြ လုပ္ျပႏိုင္မွာပါ။ သူ႔ရဲ႕ တိုက္ရိုက္က်ျပီး ထိေရာက္တဲ့ကစားဟန္က ဘရာဇီးလ္ ေရာ္နယ္ဒိုကို ျပန္သတိရေစပါတယ္။ တကယ္ကို အံ့ဘနန္းပါပဲ” လို႔ ကမ္းဘဲလ္က Football Insider ကို ေျပာဆိုခဲ့ပါတယ္။
“သူ႔မွာ အနာဂတ္ၾကီးၾကီးမားမားရွိေနပါတယ္။ ကၽြန္ေတာ့္အေနနဲ႔သူ႔ကို ဖိအားေတြ တင္မေပးခ်င္ပါဘူး။ ခုခ်ိန္မွာ သူက ကာလရွည္ဒါဏ္ရာၾကီးနဲ႔ပါ။ သူ႔အတြက္ အခ်ိန္လိုအပ္ပါတယ္။ ပြဲေတြျပန္ကစားႏိုင္ဖို႔ ေျခစြမ္းတည္ျငိမ္ေအာင္ ျပန္လုပ္ႏုိင္ဖို႔ေပါ့။ ဒါေပမယ့္ တဖက္မွာလည္း သူက အသင္းအတြက္ေရာ အာတီတာအတြက္ပါ အရမ္းလိုအပ္ေနပါတယ္” လို႔ ကမ္းဘဲလ္က ဆိုခဲ့ပါေသးတယ္။

အျမန္ႏႈန္းျမင့္မားၿပီး အဆုံးသတ္စြမ္းရည္လည္းထက္ျမက္တဲ့ မာတီနယ္လီဟာ ဘယ္ေတာင္ပံတိုက္စစ္မွာသာမက အေထာင္တိုက္စစ္မွာလည္း ကစားႏိုင္သူျဖစ္ၿပီး လက္ရွိအာဆင္နယ္အသင္းရဲ႕ တိုက္စစ္စြမ္းေဆာင္ရည္ က်ဆင္းေနမႈကို အဆုံးသတ္ေပးႏိုင္မယ့္ ကစားသမားျဖစ္တယ္လို႔ ျပီးခဲ့တဲ့ရက္သတၱပတ္တုန္းကလည္း TBR သတင္းဌာနက သုံးသပ္ခဲ့ပါတယ္။
အသက္ ၁၉ ႏွစ္႐ြယ္သာရွိေသးတဲ့ မာတီနယ္လီဟာ ယမန္ႏွစ္ရာသီအစတုန္းကမွ ဘရာဇီးလ္ကလပ္ အီတူယာႏိုအသင္းကေန အာဆင္နယ္အသင္းထံကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အသင္းအတြက္ ၂၆ ပြဲပါဝင္ကစားေပးခဲ့ရာမွာ ၁၀ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၂ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လတုန္းကေတာ့ အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္မွာ ထိခိုက္ဒါဏ္ရာရရွိခဲ့တာမို႔ လက္ရွိမွာေတာ့ အနားယူေနရျပီး အေပါ့စားေလ့က်င့္ခန္းေတြ ျပန္လည္ျပဳလုပ္ႏုိင္ေနျပီျဖစ္ပါတယ္။
Source: Football Insider, TBR, Mail