
[UNICODE]
အာဆင်နယ်အသင်းအနေနဲ့ အသင်းကို ရလဒ်တွေကောင်းမွန်အောင် ဦးဆောင်နိုင်စွမ်းမရှိတဲ့ နည်းပြ မီခယ် အာတီတာကို ထုတ်ပါယ်ပြီး အင်တာမီလန်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ အန်တိုနီယို ကွန်တီနဲ့ အစားထိုးသင့်တယ်လို့ စပါးတိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်ခ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီတလီလူမျိုးနည်းပြဟာ အင်တာမီလန်အသင်းကို ၁၁ နှစ်ကြာ စီးရီးအေဆုဖလားနဲ့ ဝေးကွာနေမှုကို အဆုံးသတ်ပေးနိုင်ခဲ့သူဖြစ်ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ သဘောထားခြင်းမတိုက်ဆိုင်တာကြောင့် ချန်ပီယံဖြစ်ပြီး ရက်ပိုင်းအတွင်း အသင်းကနေ နှုတ်ထွက်ခဲ့သူပါ။

ကွန်တီဟာ အာဆင်နယ်အသင်းရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကို ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ FA ဖလားတွေကို ရယူပေးခဲ့ဖူးပါတယ်။ ဒါ့အပြင် ကွန်တီဟာ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်စဉ်တုန်းကလည်း အမှတ်ပေးချန်ပီယံဆု ၃ ကြိမ်ရယူပေးနိုင်ခဲ့သူပါ။
အာဆင်နယ်အသင်းကတော့ ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိမှတ်တမ်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူပြီးကတည်းက အမှတ်ပေးချန်ပီယံဘွဲ့နဲ့ ၁၇ နှစ်ကြာ ဝေးကွာနေတဲ့အသင်းဖြစ်ပြီး နောက်ပိုင်းကာလတွေမှာ ဥရောပဝင်ခွင့်အတွက်ပါ ရုံးကန်နေရတဲ့အသင်းဖြစ်ပါတယ်။

ဒါကြောင့်လည်း နာမည်ကျော် အာဆင်နယ်ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ဘန့်ခ်က အာဆင်နယ်နည်းပြထိုင်ခုံမှာ ကွန်တီနဲ့ စားထိုးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ “ရိုးသားဆုံး ပြောရမယ်ဆိုရင် ကွန်တီသာ ရောက်လာမယ်ဆိုရင် ကျွန်တော်တို့အသင်း အများကြီးပိုကောင်းလာပါလိမ့်မယ်။ ကွန်တီက ကျွန်တော်တို့အသင်းအတွက် အသင့်လျော်ဆုံးလူပါပဲ။ ဒါပေမယ့် သူ့အနေနဲ့ ပိုကြီးတဲ့အသင်းတွေဆီ သွားမလားတော့မသိနိုင်ပါဘူး။ သူကလည်း ထိပ်တန်းနည်းပြကိုး” လု့ိ သူကဆိုခဲ့တာပါ။
“၂၀၁၆ တုန်းက သူ အင်္ဂလန်ကို အစိမ်းသက်သက်ကြီးလာခဲ့တယ်၊ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ဖလားရတယ်။ အီတလီကိုပြန်သွားတယ်၊ အင်တာကို အမှန်ပေးချန်ပီယံဖြစ်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ အာဆင်နယ်ဆီကို သူရောက်လာမယ်ဆိုရင်ရော။ ကျွန်တော်ကတော့ တကယ်သာ သူ့ကို ခေါ်နိုင်ရင် အကျိုးဖြစ်ထွန်းမှာသေချာတယ်လို့ ယုံကြည်ပါတယ်” လို့ ဘန့်ခ်က ပြောဆိုသွားပါတယ်။
Source: Football 365
[ZAWGYI]
အာဆင္နယ္အသင္းအေနနဲ႔ အသင္းကို ရလဒ္ေတြေကာင္းမြန္ေအာင္ ဦးေဆာင္ႏုိင္စြမ္းမရွိတဲ့ နည္းျပ မီခယ္ အာတီတာကို ထုတ္ပါယ္ျပီး အင္တာမီလန္အသင္းနဲ႔ လမ္းခြဲလိုက္ျပီျဖစ္တဲ့ အန္တိုနီယို ကြန္တီနဲ႔ အစားထိုးသင့္တယ္လို႔ စပါးတုိက္စစ္မွဴးေဟာင္း ဒါရင္း ဘန္႔ခ္က တုိက္တြန္းေျပာဆိုလိုက္ပါတယ္။
အသက္ ၅၁ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ အီတလီလူမ်ိဳးနည္းျပဟာ အင္တာမီလန္အသင္းကို ၁၁ ႏွစ္ၾကာ စီးရီးေအဆုဖလားနဲ႔ ေဝးကြာေနမႈကို အဆံုးသတ္ေပးႏုိင္ခဲ့သူျဖစ္ေပမယ့္ အသင္းတာဝန္ရွိသူေတြနဲ႔ သေဘာထားျခင္းမတုိက္ဆုိင္တာေၾကာင့္ ခ်န္ပီယံျဖစ္ျပီး ရက္ပိုင္းအတြင္း အသင္းကေန ႏႈတ္ထြက္ခဲ့သူပါ။

ကြန္တီဟာ အာဆင္နယ္အသင္းရဲ႕ ျမိဳ႕ခံျပိဳင္ဘက္ ခ်ယ္လ္ဆီးအသင္းကို ၂၀၁၆ ကေန ၂၀၁၈ ခုႏွစ္အထိ တာဝန္ယူကိုင္တြယ္ခဲ့ဖူးသူျဖစ္ျပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ FA ဖလားေတြကို ရယူေပးခဲ့ဖူးပါတယ္။ ဒါ့အျပင္ ကြန္တီဟာ ဂ်ဴဗင္တပ္အသင္းကို ကိုင္တြယ္စဥ္တုန္းကလည္း အမွတ္ေပးခ်န္ပီယံဆု ၃ ၾကိမ္ရယူေပးႏုိင္ခဲ့သူပါ။
အာဆင္နယ္အသင္းကေတာ့ ၂၀၀၃-၀၄ ရာသီမွာ ရံႈးပြဲမရွိမွတ္တမ္းနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူျပီးကတည္းက အမွတ္ေပးခ်န္ပီယံဘြဲ႕နဲ႔ ၁၇ ႏွစ္ၾကာ ေဝးကြာေနတဲ့အသင္းျဖစ္ျပီး ေနာက္ပိုင္းကာလေတြမွာ ဥေရာပဝင္ခြင့္အတြက္ပါ ရံုးကန္ေနရတဲ့အသင္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္း နာမည္ေက်ာ္ အာဆင္နယ္ပရိတ္သတ္တစ္ဦးျဖစ္တဲ့ ဘန္႔ခ္က အာဆင္နယ္နည္းျပထိုင္ခံုမွာ ကြန္တီနဲ႔ စားထိုးဖို႔ တုိက္တြန္းခဲ့တာျဖစ္ပါတယ္။ “ရိုးသားဆံုး ေျပာရမယ္ဆိုရင္ ကြန္တီသာ ေရာက္လာမယ္ဆိုရင္ ကၽြန္ေတာ္တို႔အသင္း အမ်ားၾကီးပိုေကာင္းလာပါလိမ့္မယ္။ ကြန္တီက ကၽြန္ေတာ္တို႔အသင္းအတြက္ အသင့္ေလ်ာ္ဆံုးလူပါပဲ။ ဒါေပမယ့္ သူ႔အေနနဲ႔ ပိုၾကီးတဲ့အသင္းေတြဆီ သြားမလားေတာ့မသိႏုိင္ပါဘူး။ သူကလည္း ထိပ္တန္းနည္းျပကိုး” လု႔ိ သူကဆိုခဲ့တာပါ။
“၂၀၁၆ တုန္းက သူ အဂၤလန္ကို အစိမ္းသက္သက္ၾကီးလာခဲ့တယ္၊ ခ်ယ္လ္ဆီးနဲ႔ ပရီးမီးယားလိဂ္ဖလားရတယ္။ အီတလီကိုျပန္သြားတယ္၊ အင္တာကို အမွန္ေပးခ်န္ပီယံျဖစ္ေအာင္ လုပ္ေပးႏိုင္ခဲ့တယ္။ ကၽြန္ေတာ္တို႔ အာဆင္နယ္ဆီကို သူေရာက္လာမယ္ဆိုရင္ေရာ။ ကၽြန္ေတာ္ကေတာ့ တကယ္သာ သူ႔ကို ေခၚႏိုင္ရင္ အက်ိဳးျဖစ္ထြန္းမွာေသခ်ာတယ္လုိ႔ ယံုၾကည္ပါတယ္” လို႔ ဘန္႔ခ္က ေျပာဆိုသြားပါတယ္။
Source: Football 365