အာတီတာနေရာကို ဘယ်သူ အစားဝင်မလဲ

[UNICODE]

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လာမယ့်နှစ်ရာသီမှာ ဥရောပဝင်ခွင့်နဲ့ လွဲချော်ဖို့ သေချာသလောက်ရှိနေပြီဖြစ်သလို အမှတ်ပေးဇယားမှာလည်း ၁၉၉၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရပ်တည်မှုနဲ့ ရာသီသိမ်းဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ခုလိုမျိုး ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရာသီသိမ်းရဖို့ နီးစပ်လာချိန်မှာ အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ မီခယ် အာတီတာကို ထုတ်ပါယ်ပြီး နည်းပြသစ်ခန့်အပ်တော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာနေသလို ရေပန်းအစားဆုံး နည်းပြ စာရင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရေပမ်းအစားဆုံးဖြစ်နေတာက ဂျူဗင်တပ်နည်းပြဟောင်းဖြစ်တဲ့ အီတလီလူမျိုး မက်ဇ် အယ်လီဂရီဖြစ်တယ်လို့ သိရပါတယ်။ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ၅ ကြိမ်ဆက်ဆွတ်ခူးပြီးနောက်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက နည်းပြဘဝကနေ ခတ္တ အနားယူနေသူပါ။

အယ်လီဂရီရဲ့ နောက်မှာ ရေပန်းစားနေတာကတော့ အာဆင်နယ်နဲ့ မကြာခန သတင်းတွေ ထွက်လေ့ရှိတဲ့ ဘရန်ဒန် ရော်ဂျာစ်ပါ။ လက်စတာစီးတီးအသင်းနည်းပြ ရော်ဂျာစ်ဟာ အာဆင်နယ်ကို ကိုင်တွယ်လိုကြောင်း ဝန်ခံဖူးသူဖြစ်သလို အာဆင်နယ်ပရိတ်သတ်တွေ အလိုအရှိဆုံးနည်းပြလည်းဖြစ်ပါတယ်။

တတိယနေရာမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂို ဆီမြွန်နီက ရပ်တည်နေပြီး စတုတ္ထနေရာမှာတော့ အာဆင်နယ် ဂန္တဝင်ဟောင်း ပက်ထရစ် ဗီယာရာက နေရာယူထားပါတယ်။ ပဉ္စမနေရာမှာတော့ အာဆင်နယ်အသင်း မီခယ် အာတီတာကို မခန့်အပ်ခင်တုန်းက ဆက်သွယ်ခဲ့ဖူးတဲ့ ဝုလ်ဗ်အသင်းနည်းပြ နူနို ဆန်တို ရှိနေတာပါ။

Daily Mail ကတော့ အာဆင်နယ်အသင်းရဲ့ အာဏာပိုင်တွေဟာ နည်းပြသစ်ခန့်ထားဖို့ စိတ်ဆန္ဒရှိနေပြီး ရှာဖွေမှုတွေလည်း စတင်ပြုလုပ်နေပြီဖြစ်ပေမယ့် အလောသုံးဆယ် ခန့်အပ်တာမျိုး ပြုလုပ်သွားဖွယ်တော့ မရှိသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။ သူတို့အနေနဲ့ အာတီတာရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ကျေနပ်မှုမရှိကြတော့ပေမယ့် အချိန်ကာလတစ်ခု သတ်မှတ်ပြီး ဆက်လက်စောင့်ကြည့်ဖို့လည်း စီစဉ်နေတယ်လို့ သိထားရပါတယ်။

Source: The Daily Star, Daily Mail, ESPN

[ZAWGYI]

အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ ၂၆ ႏွစ္အတြင္း ပထမဆံုးအၾကိမ္အျဖစ္ လာမယ့္ႏွစ္ရာသီမွာ ဥေရာပဝင္ခြင့္နဲ႔ လြဲေခ်ာ္ဖို႔ ေသခ်ာသေလာက္ရွိေနျပီျဖစ္သလို အမွတ္ေပးဇယားမွာလည္း ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း အဆိုးရြားဆံုး ရပ္တည္မႈနဲ႔ ရာသီသိမ္းဖို႔ နီးစပ္ေနျပီျဖစ္ပါတယ္။

ခုလိုမ်ိဳး ဆိုးရြားတဲ့အေျခအေနေတြနဲ႔ ရာသီသိမ္းရဖို႔ နီးစပ္လာခ်ိန္မွာ အသင္းကို ကိုင္တြယ္ေနတဲ့ နည္းျပ မီခယ္ အာတီတာကို ထုတ္ပါယ္ျပီး နည္းျပသစ္ခန္႔အပ္ေတာ့မယ္ဆိုတဲ့ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚလာေနသလို ေရပန္းအစားဆံုး နည္းျပ စာရင္းလည္း ထြက္ေပၚလာခဲ့ပါတယ္။

Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းရဲ႕ နည္းျပသစ္ျဖစ္လာဖို႔ ေရပမ္းအစားဆံုးျဖစ္ေနတာက ဂ်ဴဗင္တပ္နည္းျပေဟာင္းျဖစ္တဲ့ အီတလီလူမ်ိဳး မက္ဇ္ အယ္လီဂရီျဖစ္တယ္လုိ႔ သိရပါတယ္။ စီးရီးေအ အမွတ္ေပးခ်န္ပီယံဆုကို ၅ ၾကိမ္ဆက္ဆြတ္ခူးျပီးေနာက္မွာ ျပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကတည္းက နည္းျပဘဝကေန ခတၱ အနားယူေနသူပါ။

အယ္လီဂရီရဲ႕ ေနာက္မွာ ေရပန္းစားေနတာကေတာ့ အာဆင္နယ္နဲ႔ မၾကာခန သတင္းေတြ ထြက္ေလ့ရွိတဲ့ ဘရန္ဒန္ ေရာ္ဂ်ာစ္ပါ။ လက္စတာစီးတီးအသင္းနည္းျပ ေရာ္ဂ်ာစ္ဟာ အာဆင္နယ္ကို ကိုင္တြယ္လိုေၾကာင္း ဝန္ခံဖူးသူျဖစ္သလို အာဆင္နယ္ပရိတ္သတ္ေတြ အလိုအရွိဆံုးနည္းျပလည္းျဖစ္ပါတယ္။

တတိယေနရာမွာေတာ့ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ နည္းျပျဖစ္သူ ဒီေယဂို ဆီျမြန္နီက ရပ္တည္ေနျပီး စတုတၳေနရာမွာေတာ့ အာဆင္နယ္ ဂႏၱဝင္ေဟာင္း ပက္ထရစ္ ဗီယာရာက ေနရာယူထားပါတယ္။ ပဥၥမေနရာမွာေတာ့ အာဆင္နယ္အသင္း မီခယ္ အာတီတာကို မခန္႔အပ္ခင္တုန္းက ဆက္သြယ္ခဲ့ဖူးတဲ့ ဝုလ္ဗ္အသင္းနည္းျပ ႏူႏို ဆန္တို ရွိေနတာပါ။

Daily Mail ကေတာ့ အာဆင္နယ္အသင္းရဲ႕ အာဏာပိုင္ေတြဟာ နည္းျပသစ္ခန္႔ထားဖို႔ စိတ္ဆႏၵရွိေနျပီး ရွာေဖြမႈေတြလည္း စတင္ျပဳလုပ္ေနျပီျဖစ္ေပမယ့္ အေလာသံုးဆယ္ ခန္႔အပ္တာမ်ိဳး ျပဳလုပ္သြားဖြယ္ေတာ့ မရွိေသးဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။ သူတို႔အေနနဲ႔ အာတီတာရဲ႕ စြမ္းေဆာင္ရည္အေပၚ စိတ္ေက်နပ္မႈမရွိၾကေတာ့ေပမယ့္ အခ်ိန္ကာလတစ္ခု သတ္မွတ္ျပီး ဆက္လက္ေစာင့္ၾကည့္ဖို႔လည္း စီစဥ္ေနတယ္လုိ႔ သိထားရပါတယ္။

Source: The Daily Star, Daily Mail, ESPN

Leave a Reply