
[UNICODE]
ချယ်လ်ဆီးဂန္တဝင်တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်ဘိန့်ခ်က မီခယ် အာတီတာရဲ့ လက်အောက်က အာဆင်နယ်အသင်းဟာ ဆိုးလ်ရှားလက်အောက်က မန်ယူအသင်းကို ရည်မှန်းချက်ပျောက်ဆုံးပြီး ကစားနေတဲ့အသင်းမဟုတ်ဘူးလို့ နှိုင်းယှဉ်သုံးသပ်သွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိမှာ ရှုံးပွဲတွေရင်ဆိုင်နေရတာမှန်ပေမယ့် ရည်မှန်းချက်အတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ ပုံစုံကိုမြင်နေရသလို တိုးတက်မှုတွေကိုလည်း တဖြည်းဖြည်းချင်းစီပြသနေတဲ့အသင်းဖြစ်တယ်လို့ ဟက်ဆယ်ဘိန့်ခ်က ဆိုသွားခဲ့ပါတယ်။

လက်တလောမှာ လိဂ်ပွဲစဉ် ၄ ပွဲအထိ ရှုံးနိမ့်ထားတဲ့ အာဆင်နယ်အသင်းဟာ ပရိတ်သတ်တွေနဲ့ မီဒီယာတွေရဲ့ဝေဖန်မှုကို ခံနေရတဲ့အသင်းဖြစ်ပြီး ဟက်ဆယ်ဘိန့်ခ်ကတော့ ဂန်းနားတွေဟာ သူ့အတိုင်းအထွာနဲ့သူ ပုံမှန်ချီတက်နေတာသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
“ကျွန်တော် မြင်တာကတော့ အာတီတာသွားနေတဲ့ လမ်းကြောင်းက ပြည့်စုံမှန်ကန်မှုရှိတယ် ဆိုတာပါပဲ။ တချို့က မန်ယူနဲ့နှိုင်းကြပေမယ့် တကယ်တော့ မတူညီပါဘူး။ အာဆင်နယ်က ပုံစံရှိပါတယ်။ သူတို့ပုံစံတစ်ခုကို ဖော်ဆောင်နေတာပါ။ လိဂ်မှာ ၄ ပွဲတောင် ရှုံးထားတာမှန်ပါတယ်။ ဒါပေမယ့် ဒီအချက်ကို ကိုင်စွဲပြီး သူတို့ ပရမ်းပတာလုပ်နေကြတယ်လို့ သတ်မှတ်လို့မရပါဘူး။ အာတီတာရဲ့အသင်းက ရှုံးပွဲတွေရင်ဆိုင်နေရပေမယ့် စနစ်တကျ လှမ်းလျှောက်နေတယ်ဆိုတာကို မြင်နိုင်ပါတယ်” လို့ ဟက်ဆယ်ဘိန့်ခ်က ဆိုသွားခဲ့ပါတယ်။

“ကျွန်တော်ကတော့ အာတီတာလက်အောက်က အာဆင်နယ်ကို သဘောကျပါတယ်။ သူတို့က တစ်စုံတစ်ခုအတွက် တိုက်ပွဲဝင်နေကြတာပါ။ သူ့အတွက် အဓိကပြဿနာက စိတ်တိုင်ကျ ငွေကြေးသုံးစွဲခွင့်မရှိသေးတာပါပဲ။ ဒါကြောင့် သူက အသင်းကို အချိန်ယူပြီးပျိုးထောင်နေရတာပါ။ သူ ဒီအသင်းကို ရောက်လာကတည်းက အသင်းတိုးတက်လာတာကို ဘယ်သူမှ ငြင်းဆိုလို့မရပါဘူး” လို့ နယ်သာလန်တိုက်စစ်မှူးဟောင်းက ဆိုသွားခဲ့ပါတယ်။
“မန်ယူဆိုကြည့်ဗျာ။ မော်ရင်ဟိုထွက်သွားပြီးတော့ ဆိုးလ်ရှားအစားဝင်လာတယ်။ ခုထိ ဘာတိုးတက်မှုမှ မရှိပါဘူး။ ဘာကိုရည်ရွယ်ကစားနေတာလဲတောင် ရေရေရာရာရှိဟန်မတူပါဘူး။ အာဆင်နယ်နဲ့ မန်ယူအကြားက ကွာခြားချက်က အဲ့ဒါပါပဲ။ အာတီတာရဲ့အသင်းက ရည်မှန်းချက်အတွက် ကြိုးစားနေကြတာပါ။ အသင်းတစ်သင်းမှာ အရေးအကြီးဆုံးက လတ်တလောရလဒ်တွေထက် ရေရှည်ခြေစွမ်းတည်ငြိမ်မှုရှိနေဖို့ပါပဲ။ ဒါက အရေးအကြီးဆုံးပါပဲ” လို့လည်း ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းက သုံးသပ်သွားခဲ့ပါတယ်။
Source: Daily Star, Mirror
[ZAWGYI]
ခ်ယ္လ္ဆီးဂႏၱဝင္တိုက္စစ္မွဴးေဟာင္း ဂ်င္မီ ဖလိြဳက္ ဟက္ဆယ္ဘိန္႔ခ္က မီခယ္ အာတီတာရဲ႕ လက္ေအာက္က အာဆင္နယ္အသင္းဟာ ဆိုးလ္ရွားလက္ေအာက္က မန္ယူအသင္းကို ရည္မွန္းခ်က္ေပ်ာက္ဆံုးျပီး ကစားေနတဲ့အသင္းမဟုတ္ဘူးလို႔ ႏိႈင္းယွဥ္သံုးသပ္သြားခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ လက္ရွိမွာ ရံႈးပြဲေတြရင္ဆုိင္ေနရတာမွန္ေပမယ့္ ရည္မွန္းခ်က္အတြက္ တုိက္ပြဲဝင္ေနၾကတယ္ဆိုတဲ့ ပံုစံုကိုျမင္ေနရသလို တိုးတက္မႈေတြကိုလည္း တျဖည္းျဖည္းခ်င္းစီျပသေနတဲ့အသင္းျဖစ္တယ္လုိ႔ ဟက္ဆယ္ဘိန္႔ခ္က ဆိုသြားခဲ့ပါတယ္။

လက္တေလာမွာ လိဂ္ပြဲစဥ္ ၄ ပြဲအထိ ရံႈးနိမ့္ထားတဲ့ အာဆင္နယ္အသင္းဟာ ပရိတ္သတ္ေတြနဲ႔ မီဒီယာေတြရဲ႕ေဝဖန္မႈကို ခံေနရတဲ့အသင္းျဖစ္ျပီး ဟက္ဆယ္ဘိန္႔ခ္ကေတာ့ ဂန္းနားေတြဟာ သူ႔အတုိင္းအထြာနဲ႔သူ ပံုမွန္ခ်ီတက္ေနတာသာျဖစ္တယ္လုိ႔ ဆိုခဲ့ပါတယ္။
“ကၽြန္ေတာ္ ျမင္တာကေတာ့ အာတီတာသြားေနတဲ့ လမ္းေၾကာင္းက ျပည့္စံုမွန္ကန္မႈရွိတယ္ ဆုိတာပါပဲ။ တခ်ိဳ႕က မန္ယူနဲ႔ႏိႈင္းၾကေပမယ့္ တကယ္ေတာ့ မတူညီပါဘူး။ အာဆင္နယ္က ပံုစံရွိပါတယ္။ သူတို႔ပံုစံတစ္ခုကို ေဖာ္ေဆာင္ေနတာပါ။ လိဂ္မွာ ၄ ပြဲေတာင္ ရံႈးထားတာမွန္ပါတယ္။ ဒါေပမယ့္ ဒီအခ်က္ကို ကိုင္စြဲျပီး သူတို႔ ပရမ္းပတာလုပ္ေနၾကတယ္လုိ႔ သတ္မွတ္လို႔မရပါဘူး။ အာတီတာရဲ႕အသင္းက ရံႈးပြဲေတြရင္ဆုိင္ေနရေပမယ့္ စနစ္တက် လွမ္းေလွ်ာက္ေနတယ္ဆုိတာကို ျမင္ႏုိင္ပါတယ္” လို႔ ဟက္ဆယ္ဘိန္႔ခ္က ဆိုသြားခဲ့ပါတယ္။

“ကၽြန္ေတာ္ကေတာ့ အာတီတာလက္ေအာက္က အာဆင္နယ္ကို သေဘာက်ပါတယ္။ သူတို႔က တစ္စံုတစ္ခုအတြက္ တုိက္ပြဲဝင္ေနၾကတာပါ။ သူ႔အတြက္ အဓိကျပႆနာက စိတ္တုိင္က် ေငြေၾကးသံုးစြဲခြင့္မရွိေသးတာပါပဲ။ ဒါေၾကာင့္ သူက အသင္းကို အခ်ိန္ယူျပီးပ်ိဳးေထာင္ေနရတာပါ။ သူ ဒီအသင္းကို ေရာက္လာကတည္းက အသင္းတုိးတက္လာတာကို ဘယ္သူမွ ျငင္းဆိုလို႔မရပါဘူး” လို႔ နယ္သာလန္တုိက္စစ္မွဴးေဟာင္းက ဆိုသြားခဲ့ပါတယ္။
“မန္ယူဆိုၾကည့္ဗ်ာ။ ေမာ္ရင္ဟိုထြက္သြားျပီးေတာ့ ဆိုးလ္ရွားအစားဝင္လာတယ္။ ခုထိ ဘာတိုးတက္မႈမွ မရွိပါဘူး။ ဘာကိုရည္ရြယ္ကစားေနတာလဲေတာင္ ေရေရရာရာရွိဟန္မတူပါဘူး။ အာဆင္နယ္နဲ႔ မန္ယူအၾကားက ကြာျခားခ်က္က အဲ့ဒါပါပဲ။ အာတီတာရဲ႕အသင္းက ရည္မွန္းခ်က္အတြက္ ၾကိဳးစားေနၾကတာပါ။ အသင္းတစ္သင္းမွာ အေရးအၾကီးဆံုးက လတ္တေလာရလဒ္ေတြထက္ ေရရွည္ေျခစြမ္းတည္ျငိမ္မႈရွိေနဖို႔ပါပဲ။ ဒါက အေရးအၾကီးဆံုးပါပဲ” လို႔လည္း ခ်ယ္လ္ဆီးတုိက္စစ္မွဴးေဟာင္းက သံုးသပ္သြားခဲ့ပါတယ္။
Source: Daily Star, Mirror