
[UNICODE]
The Athletic သတင်းဌာနက ထိပ်တန်းသတင်းထောက် ဒေးဗစ် အွန်းစတိန်းက လက်တလောမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာရဲ့ အနာဂတ်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အွန်းစတိန်းက Sunday Supplement podcast မှာ စပိန်လူမျိုးနည်းပြရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သုံးသပ်ဆွေးနွေးသွားခဲ့တာဖြစ်ပြီး အာတီတာအနေနဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြအဖြစ် ကာလရှည်ဆက်ရှိနေဦးမှာဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ရလဒ်ပိုင်းတွေဆက်တိုက်ဆိုးရွားနေပေမယ့် အသင်းရဲ့ဘုတ်အဖွဲ့နဲ့ ပိုင်ရှင်မိသားစုဆီကနေ ထောက်ခံမှုအပြည့်အဝရရှိထားပြီး သူ့ရဲ့ အနာဂတ်စီမံကိန်းတွေအပေါ် တာဝန်ရှိသူတွေက အပြည့်အဝယုံကြည်မှုရှိထားတာမို့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆက်လုပ်ပေးသွားလိမ့်မယ်လို့ အွန်းစတိန်းက ဆိုသွားခဲ့တာပါ။
“အာတီတာအပေါ်က ဖိအားက အသင်းရလဒ်တွေပဲရှိတာပါ။ တခြား ဖိအားမရှိပါဘူး။ လုံးဝအသင်းအတွင်က အခြေအနေကပဲ သူ့အတွက် ဖိအားဖြစ်ပါတယ်။ အကြောင်းကတော့ သူ့ကို အသင်းတာဝန်ရှိသူတိုင်းက အပြည့်အဝ ယုံကြည်မှုရှိနေကြဆဲပါ။ အာတီတာက အာဆင်နယ်အသင်းအတွက် ရေရှည်စီမံကိန်းတစ်ခုပါ။ သူတို့ လိုအပ်သလောက် ထပ်မံရင်းနှီးမြှုပ်နှံပေးသွားကြမှာဖြစ်သလို ခဏခဏနည်းပြတွေ ဖြုတ်ထုတ်သတ်လုပ်နေတာမျိုးလည်း လုပ်ဖို့ စိတ်ကူးမရှိပါဘူး” လို့ အွန်းစတိန်းကဆိုခဲ့ပါတယ်။

“အာဆင်နယ် အာဏာပိုင်တွေမှာ အာတီတာကို ထုတ်ပါယ်မယ်ဆိုရင် ဒါကမှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုပဲဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ အာဆင်နယ်က ခုထက်ပိုပြီး တိုးတက်လာဖို့ အလားအလာကောင်းတွေ ရှိထားပါတယ်။ အာတီတာက အရည်အသွေးရှိတဲ့ နည်းပြတစ်ယောက်ပါ။ သူ့ရဲ့ ဗဟုသုတနဲ့ နည်းပြအရည်အသွေးက မေးခွန်းထုတ်စရာမရှိပါဘူး။ ကမ္ဘာ့ထိပ်တန်းနည်းပြတစ်ယောက် ဖြစ်လာမယ့်သူပါ။ လက်ရှိအခြေအနေက အခိုက်အတန့်ပါ။ သူ လက်ရှိအခြေအနေကို အာဆင်နယ်နဲ့အတူ ကျော်ဖြတ်နိုင်ပါလိမ့်မယ်” လို့လည်း အွန်းစတိန်းက သူ့ရဲ့ အမြင်ကိုပါ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်သာရှိသေးတဲ့ စပိန်လူမျိုးနည်းပြ မီခယ် အာတီတာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကမှ အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး လက်တလောမှာ ရလဒ်တွေဆိုးရွားနေပေမယ့် နည်းပြသက်တမ်း ၁၁ လ တာကာလအတွင်းမှာ ဆုဖလားအောင်မြင်မှု ၂ ခု ရယူပေးထားသူဖြစ်ပါတယ်။
Source: The Athletic, Sunday Supplement podcast
[ZAWGYI]
The Athletic သတင္းဌာနက ထိပ္တန္းသတင္းေထာက္ ေဒးဗစ္ အြန္းစတိန္းက လက္တေလာမွာ ရလဒ္ေတြ ဆုိးရြားေနတဲ့ အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာရဲ႕ အနာဂတ္ကို ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။
အြန္းစတိန္းက Sunday Supplement podcast မွာ စပိန္လူမ်ိဳးနည္းျပရဲ႕ အနာဂတ္နဲ႔ပတ္သက္ျပီး သံုးသပ္ေဆြးေႏြးသြားခဲ့တာျဖစ္ျပီး အာတီတာအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ နည္းျပအျဖစ္ ကာလရွည္ဆက္ရွိေနဦးမွာျဖစ္တယ္လုိ႔ ဆိုသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ရလဒ္ပိုင္းေတြဆက္တုိက္ဆိုးရြားေနေပမယ့္ အသင္းရဲ႕ဘုတ္အဖြဲ႕နဲ႔ ပိုင္ရွင္မိသားစုဆီကေန ေထာက္ခံမႈအျပည့္အဝရရွိထားျပီး သူ႔ရဲ႕ အနာဂတ္စီမံကိန္းေတြအေပၚ တာဝန္ရွိသူေတြက အျပည့္အဝယံုၾကည္မႈရွိထားတာမုိ႔ ရင္းႏွီးျမွဳပ္ႏွံမႈေတြလည္း ဆက္လုပ္ေပးသြားလိမ့္မယ္လုိ႔ အြန္းစတိန္းက ဆိုသြားခဲ့တာပါ။
“အာတီတာအေပၚက ဖိအားက အသင္းရလဒ္ေတြပဲရွိတာပါ။ တျခား ဖိအားမရွိပါဘူး။ လံုးဝအသင္းအတြင္က အေျခအေနကပဲ သူ႔အတြက္ ဖိအားျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူ႔ကို အသင္းတာဝန္ရွိသူတုိင္းက အျပည့္အဝ ယံုၾကည္မႈရွိေနၾကဆဲပါ။ အာတီတာက အာဆင္နယ္အသင္းအတြက္ ေရရွည္စီမံကိန္းတစ္ခုပါ။ သူတို႔ လိုအပ္သေလာက္ ထပ္မံရင္းႏွီးျမွဳပ္ႏွံေပးသြားၾကမွာျဖစ္သလို ခဏခဏနည္းျပေတြ ျဖဳတ္ထုတ္သတ္လုပ္ေနတာမ်ိဳးလည္း လုပ္ဖို႔ စိတ္ကူးမရွိပါဘူး” လို႔ အြန္းစတိန္းကဆိုခဲ့ပါတယ္။

“အာဆင္နယ္ အာဏာပိုင္ေတြမွာ အာတီတာကို ထုတ္ပါယ္မယ္ဆိုရင္ ဒါကမွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ တစ္ခုပဲျဖစ္လာလိမ့္မယ္လုိ႔ ကၽြန္ေတာ္ ျမင္ပါတယ္။ အာဆင္နယ္က ခုထက္ပိုျပီး တိုးတက္လာဖို႔ အလားအလာေကာင္းေတြ ရွိထားပါတယ္။ အာတီတာက အရည္အေသြးရွိတဲ့ နည္းျပတစ္ေယာက္ပါ။ သူ႔ရဲ႕ ဗဟုသုတနဲ႔ နည္းျပအရည္အေသြးက ေမးခြန္းထုတ္စရာမရွိပါဘူး။ ကမၻာ့ထိပ္တန္းနည္းျပတစ္ေယာက္ ျဖစ္လာမယ့္သူပါ။ လက္ရွိအေျခအေနက အခုိက္အတန္႔ပါ။ သူ လက္ရွိအေျခအေနကို အာဆင္နယ္နဲ႔အတူ ေက်ာ္ျဖတ္ႏဳိင္ပါလိမ့္မယ္” လို႔လည္း အြန္းစတိန္းက သူ႔ရဲ႕ အျမင္ကိုပါ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
အသက္ ၃၈ ႏွစ္အရြယ္သာရွိေသးတဲ့ စပိန္လူမ်ိဳးနည္းျပ မီခယ္ အာတီတာဟာ ျပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကမွ အာဆင္နယ္အသင္းကို စတင္ကိုင္တြယ္ခဲ့သူျဖစ္ျပီး လက္တေလာမွာ ရလဒ္ေတြဆိုးရြားေနေပမယ့္ နည္းျပသက္တမ္း ၁၁ လ တာကာလအတြင္းမွာ ဆုဖလားေအာင္ျမင္မႈ ၂ ခု ရယူေပးထားသူျဖစ္ပါတယ္။
Source: The Athletic, Sunday Supplement podcast