
[UNICODE]
အာဆင်နယ်အသင်းကနေ နိုက်စ်အသင်းထံ အငှားသွားရောက်ကစားနေတဲ့ လူငယ်ခံစစ်မှူး ဝီလီယံ ဆာလီဘားဟာ ပြင်သစ်ကလပ်မှာ မထင်မှတ်ထားလောက်အောင် ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပါတယ်။
လက်ရှိအချိန်မှာတော့ ဆာလီဘားရဲ့ ခြေစွမ်းဟာ အာဆင်နယ်အသင်းရဲ့ နည်းပြမီခယ် အာတီတာအတွက် မျှော်လင့်ချက်အသစ်တွေ ယူဆောင်လာပေးခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ အစီအစဉ်တွေကိုလည်း အပြောင်းအလဲဖြစ်သွားစေခဲ့တယ်လို့ Mirror နဲ့ Goal တို့က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မူလတုန်းက ဗဟိုခံစစ်ညာခြမ်းအတွက် ကစားသမားသစ် ရှာဖွေနေခဲ့ပေမယ့် နောက်ပိုင်း အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေမှာ အဆိုပါနေရာအတွက် ကစားသမားခေါ်ယူဖို့ အစီအစဉ်မပါရှိတော့ဘူးလို့ သတင်းတွေကဆိုပါတယ်။
လက်တလောမှာ Squawka က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရလည်း ဝီလီယံ ဆာလီဘားတစ်ယောက် လီဂူး-၁ ပွဲစဉ် ၁၀ ပွဲပါဝင်ကစားပြီးချိန်မှာ ပြိုင်ဘက်တိုက်စစ်မှူးတွေ လိမ်ခေါက်ဖြတ်ကျော်ခြင်းမခံရတာ မိနစ် ၉၀၀ ကျော်နေပြီဖြစ်ပြီး ဥရောပမှာ အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ထားတာဆိုလို့ အာဆင်နယ်က စီနီယာဖြစ်သူ ဒေးဗစ် လူးဝီးစ်နဲ့ ဘာစီလိုနာက ရိုနယ်ဒ် အရူယိုတို့သာရှိပါတယ်။ ဒါ့အပြင် ဆာလီဘားဟာ လီဂူး-၁ ရဲ့ အကောင်းဆုံး ဘောလုံးဖြန့်ဝေသူတွေစာရင်းမှာလည်း ပါဝင်နေတာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဆာလီဘားရဲ့ ဘာသာစကားအခက်အခဲနဲ့ မိခင်ဖြစ်သူရဲ့ နာရေးကြောင့် ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နိုက်စ်အသင်းထံ အငှားချထားခဲ့တာဖြစ်ပြီး မူလတုန်းက လာမယ့်နှစ်ရာသီအထိ အငှားချထားဖို့ စီစဉ်ခဲ့တာပါ။
ခုချိန်မှာတော့ ဆာလီဘားရဲ့ ခြေစွမ်းဟာ နည်းပြအာတီတာရဲ့ ခံစစ်တန်းပြုပြင်ရေးမှာ သွေးသစ် မျှော်လင့်ချက်သစ်ဖြစ်လာနေပြီဖြစ်ပြီး ရာသီကုန်မှာ အသင်းထံပြန်လာရဖို့သေချာနေပြီဖြစ်သလို ပွဲထွက်ခွင့်မျှော်လင့်ချက်လည်း ပိုမိုအားကောင်းလာနေပြီလို့ ထိပ်တန်းမီဒီယာကြီးတွေက သုံးသပ်ဖော်ပြနေကြပါတယ်။
Source: The Mirror
[ZAWGYI]
အာဆင္နယ္အသင္းကေန ႏုိက္စ္အသင္းထံ အငွားသြားေရာက္ကစားေနတဲ့ လူငယ္ခံစစ္မွဴး ဝီလီယံ ဆာလီဘားဟာ ျပင္သစ္ကလပ္မွာ မထင္မွတ္ထားေလာက္ေအာင္ ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသေနပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဆာလီဘားရဲ႕ ေျခစြမ္းဟာ အာဆင္နယ္အသင္းရဲ႕ နည္းျပမီခယ္ အာတီတာအတြက္ ေမွ်ာ္လင့္ခ်က္အသစ္ေတြ ယူေဆာင္လာေပးခဲ့ျပီး ေႏြရာသီအေျပာင္းအေရႊ႕ အစီအစဥ္ေတြကိုလည္း အေျပာင္းအလဲျဖစ္သြားေစခဲ့တယ္လုိ႔ Mirror နဲ႔ Goal တို႔က ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ မူလတုန္းက ဗဟိုခံစစ္ညာျခမ္းအတြက္ ကစားသမားသစ္ ရွာေဖြေနခဲ့ေပမယ့္ ေနာက္ပိုင္း အာဆင္နယ္အသင္းရဲ႕ အေျပာင္းအေရႊ႕ အစီအစဥ္ေတြမွာ အဆုိပါေနရာအတြက္ ကစားသမားေခၚယူဖို႔ အစီအစဥ္မပါရွိေတာ့ဘူးလို႔ သတင္းေတြကဆိုပါတယ္။
လက္တေလာမွာ Squawka က ထုတ္ျပန္ခဲ့တဲ့ အခ်က္အလက္ေတြအရလည္း ဝီလီယံ ဆာလီဘားတစ္ေယာက္ လီဂူး-၁ ပြဲစဥ္ ၁၀ ပြဲပါဝင္ကစားျပီးခ်ိန္မွာ ျပိဳင္ဘက္တုိက္စစ္မွဴးေတြ လိမ္ေခါက္ျဖတ္ေက်ာ္ျခင္းမခံရတာ မိနစ္ ၉၀၀ ေက်ာ္ေနျပီျဖစ္ျပီး ဥေရာပမွာ အဆုိပါမွတ္တမ္းကို ပိုင္ဆိုင္ထားတာဆိုလို႔ အာဆင္နယ္က စီနီယာျဖစ္သူ ေဒးဗစ္ လူးဝီးစ္နဲ႔ ဘာစီလိုနာက ရိုနယ္ဒ္ အရူယိုတို႔သာရွိပါတယ္။ ဒါ့အျပင္ ဆာလီဘားဟာ လီဂူး-၁ ရဲ႕ အေကာင္းဆံုး ေဘာလံုးျဖန္႔ေဝသူေတြစာရင္းမွာလည္း ပါဝင္ေနတာပါ။

အာဆင္နယ္အသင္းအေနနဲ႔ ဆာလီဘားရဲ႕ ဘာသာစကားအခက္အခဲနဲ႔ မိခင္ျဖစ္သူရဲ႕ နာေရးေၾကာင့္ ခံစားေနရတဲ့ စိတ္ပိုင္းဆုိင္ရာ ျပႆနာေတြကို ေျဖရွင္းႏုိင္ဖို႔ ႏုိက္စ္အသင္းထံ အငွားခ်ထားခဲ့တာျဖစ္ျပီး မူလတုန္းက လာမယ့္ႏွစ္ရာသီအထိ အငွားခ်ထားဖို႔ စီစဥ္ခဲ့တာပါ။
ခုခ်ိန္မွာေတာ့ ဆာလီဘားရဲ႕ ေျခစြမ္းဟာ နည္းျပအာတီတာရဲ႕ ခံစစ္တန္းျပဳျပင္ေရးမွာ ေသြးသစ္ ေမွ်ာ္လင့္ခ်က္သစ္ျဖစ္လာေနျပီျဖစ္ျပီး ရာသီကုန္မွာ အသင္းထံျပန္လာရဖို႔ေသခ်ာေနျပီျဖစ္သလို ပြဲထြက္ခြင့္ေမွ်ာ္လင့္ခ်က္လည္း ပိုမိုအားေကာင္းလာေနျပီလို႔ ထိပ္တန္းမီဒီယာၾကီးေတြက သံုးသပ္ေဖာ္ျပေနၾကပါတယ္။
Source: The Mirror