အာတီတာအနေနဲ့ ဝေဖန်ခံရဖို့ထိုက်တန်တယ်၊ စော်ကားခံရဖို့တော့ မထိုက်တန်ဘူး – ဆိုင်မွန် ဂျော်ဒန်

[UNICODE]

အာတီတာဟာ လက်ရှိအခြေအနေတွေအရ ဝေဖန်ခံရဖို့ထိုက်တန်ပေမယ့် လိုအပ်တာထက်ပိုပြီး စော်ကားခံရဖို့တော့မထိုက်တန်ဘူးလို့ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူးဟောင်း ဆိုင်မွန် ဂျော်ဒန်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

စပိန်လူမျိုးနည်းပြရဲ့ အာဆင်နယ်အသင်းဟာ လက်တလော ဖလားပြိုင်ပွဲတွေမှာ ရလဒ်တွေဆက်တိုက်ကောင်းမွန်နေပေမယ့် အဓိက မေဂျာပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားနေခဲ့ပြီး ၈ ပွဲကစားထားရာမှာ ၄ ပွဲနိုင်ပြီး ၄ ပွဲ ရှုံးနိမ့်ထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့ ပရိတ်သတ်တွေနဲ့ ဂန္တဝင်တွေက အာတီတာအပေါ် ဝေဖန်မှုတွေပြုလုပ်နေကြပြီး နှုတ်ထွက်ဖို့တောင်းဆိုနေတဲ့ ပရိတ်သတ်တွေလည်း ရှိလာနေပါတယ်။

အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး ဆိုင်မွန်ကတော့ သူ့ရဲ့ အမြင်ကို ခုလိုပြောဆိုသွားခဲ့တာပါ။ “အာတီတာကို ဝေဖန်ကြတာ မမှားပါဘူး။ အငြင်းအခုန်နဲ့ ဝေဖန်မှုလေးတွေရှိမှလည်း တိုးတက်မှာပါ။ တိုက်ခိုက်မှုတွေတော့ မပါဖို့ လိုတာပေါ့” လို့ သူက talkSPORT ကို ပြောဆိုခဲ့ပါတယ်။

“လူတွေက သူ့ကို ထွက်သွားဖို့ တောင်းဆိုနေတာတွေရှိနေတယ်။ သူ စွမ်းဆောင်နိုင်တယ်၊ မစွမ်းဆောင်နိုင်ဘူးဆိုတာကို ခင်ဗျားတို့ ပြောလို့ရတယ်။ ဒါပေမယ့် ခင်ဗျားတို့ မမေ့ဖို့က သူက နည်းပြဘဝထဲကို စတင်ခြေချ,ချခြင်း ပထမ ၆ လ အတွင်းမှာတင် ဆုဖလား ၂ ခု ရယူပေးနိုင်ခဲ့တဲ့ နည်းပြဆိုတာပါပဲ။ လူတွေက ပြောကြတယ်။ ဒါမျိုးကို အာဆင်းဝင်းဂါးလည်း ခနနခနယူခဲ့တယ်။ တခြားမတူညီတာတွေလိုချင်တယ်ဆိုပြီးပေါ့။ ဒါဆို လွန်ခဲ့တဲ့ ၂ နှစ်က အာဆင်းဝင်းဂါးကို ဘာလို့ ထွက်ပါ ထွက်ပါလို့ ခင်ဗျားတို့ ပြောခဲ့လဲ” လို့ ဂျော်ဒန်က မေးခွန်းထုတ်သွားခဲ့ပါသေးတယ်။

ဒါ့အပြင် ဂျော်ဒန်က “အူနိုင်း အမ်မရီလက်ထက်မှာ အာဆင်နယ်အသင်းက အရာရာမကောင်းခဲ့ဘူး။ အာတီတာက ဒီအရှုပ်အထွေးတွေကို ဖြေရှင်းနေရတယ်။ သူက သူ့ရဲ့ အလုပ်သစ်ကို မှန်မှန်ကန်ကန်လုပ်နိုင်အောင်လည်း လေ့လာနေရသလို သပွတ်အူလို ပြဿနာတွေကိုလည်း ရှင်းပေးနေရတယ်။ သူ ဒီကိုရောက်တာလည်း တစ်နှစ်တောင် မပြည့်သေးဘူး။ လူငယ်မန်နေဂျာတစ်ယောက်ရဲ့ ပခုံးပေါ်ကို ခင်ဗျားတို့က ဘာတွေထပ်ပြီး တင်ချင်နေကြတာလဲ” လို့လည်း သူ့ရဲ့ အမြင်ကို သုံးသပ်သွားပါသေးတယ်။

Source: talkSPORT

[ZAWGYI]

အာတီတာဟာ လက္ရွိအေျခအေနေတြအရ ေဝဖန္ခံရဖို႔ထိုက္တန္ေပမယ့္ လိုအပ္တာထက္ပိုျပီး ေစာ္ကားခံရဖို႔ေတာ့မထုိက္တန္ဘူးလို႔ ခရစၥတယ္ပဲေလ့စ္တုိက္စစ္မွဴးေဟာင္း ဆုိင္မြန္ ေဂ်ာ္ဒန္က သံုးသပ္ေျပာဆိုလုိက္ပါတယ္။

စပိန္လူမ်ိဳးနည္းျပရဲ႕ အာဆင္နယ္အသင္းဟာ လက္တေလာ ဖလားျပိဳင္ပြဲေတြမွာ ရလဒ္ေတြဆက္တုိက္ေကာင္းမြန္ေနေပမယ့္ အဓိက ေမဂ်ာျပိဳင္ပြဲျဖစ္တဲ့ ပရီးမီးယားလိဂ္မွာ ရလဒ္ေတြဆိုးရြားေနခဲ့ျပီး ၈ ပြဲကစားထားရာမွာ ၄ ပြဲႏုိင္ျပီး ၄ ပြဲ ရံႈးနိမ့္ထားပါတယ္။

ဒီအေျခအေနနဲ႔ ပတ္သက္ျပီး အာဆင္နယ္အသင္းရဲ႕ ပရိတ္သတ္ေတြနဲ႔ ဂႏၱဝင္ေတြက အာတီတာအေပၚ ေဝဖန္မႈေတြျပဳလုပ္ေနၾကျပီး ႏႈတ္ထြက္ဖို႔ေတာင္းဆိုေနတဲ့ ပရိတ္သတ္ေတြလည္း ရွိလာေနပါတယ္။

အဆုိပါအေျခအေနနဲ႔ ပတ္သက္ျပီး ဆိုင္မြန္ကေတာ့ သူ႔ရဲ႕ အျမင္ကို ခုလိုေျပာဆိုသြားခဲ့တာပါ။ “အာတီတာကို ေဝဖန္ၾကတာ မမွားပါဘူး။ အျငင္းအခုန္နဲ႔ ေဝဖန္မႈေလးေတြရွိမွလည္း တိုးတက္မွာပါ။ တိုက္ခိုက္မႈေတြေတာ့မ ပါဖို႔ လိုတာေပါ့” လို႔ သူက talkSPORT ကို ေျပာဆိုခဲ့ပါတယ္။

“လူေတြက သူ႔ကို ထြက္သြားဖို႔ ေတာင္းဆိုေနတာေတြရွိေနတယ္။ သူ စြမ္းေဆာင္ႏုိင္တယ္၊ မစြမ္းေဆာင္ႏုိင္ဘူးဆိုတာကို ခင္ဗ်ားတုိ႔ ေျပာလို႔ရတယ္။ ဒါေပမယ့္ ခင္ဗ်ားတို႔ မေမ့ဖို႔က သူက နည္းျပဘဝထဲကို စတင္ေျခခ်,ခ်ျခင္း ပထမ ၆ လ အတြင္းမွာတင္ ဆုဖလား ၂ ခု ရယူေပးႏုိင္ခဲ့တဲ့ နည္းျပဆိုတာပါပဲ။ လူေတြက ေျပာၾကတယ္။ ဒါမ်ိဳးကို အာဆင္းဝင္းဂါးလည္း ခနနခနယူခဲ့တယ္။ တျခားမတူညီတာေတြလိုခ်င္တယ္ဆိုျပီးေပါ့။ ဒါဆို လြန္ခဲ့တဲ့ ၂ ႏွစ္က အာဆင္းဝင္းဂါးကို ဘာလို႔ ထြက္ပါ ထြက္ပါလို႔ ခင္ဗ်ားတုိ႔ ေျပာခဲ့လဲ” လို႔ ေဂ်ာ္ဒန္က ေမးခြန္းထုတ္သြားခဲ့ပါေသးတယ္။

ဒါ့အျပင္ ေဂ်ာ္ဒန္က “အူႏုိင္း အမ္မရီလက္ထက္မွာ အာဆင္နယ္အသင္းက အရာရာမေကာင္းခဲ့ဘူး။ အာတီတာက ဒီအရႈပ္အေထြးေတြကို ေျဖရွင္းေနရတယ္။ သူက သူ႔ရဲ႕ အလုပ္သစ္ကို မွန္မွန္ကန္ကန္လုပ္ႏုိင္ေအာင္လည္း ေလ့လာေနရသလို သပြတ္အူလို ျပႆနာေတြကိုလည္း ရွင္းေပးေနရတယ္။ သူ ဒီကိုေရာက္တာလည္း တစ္ႏွစ္ေတာင္ မျပည့္ေသးဘူး။ လူငယ္မန္ေနဂ်ာတစ္ေယာက္ရဲ႕ ပခံုးေပၚကို ခင္ဗ်ားတုိ႔က ဘာေတြထပ္ျပီး တင္ခ်င္ေနၾကတာလဲ” လို႔လည္း သူ႔ရဲ႕ အျမင္ကို သံုးသပ္သြားပါေသးတယ္။

Source: talkSPORT

Leave a Reply