
[UNICODE]
Football Insider မှာ သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က လက်ရှိအသင်းက နည်းပြဖြစ်သူ မီခယ် အာတီတာတစ်ယောက် ရလဒ်တွေဆိုးရွားနေပေမယ့် ရာထူးကနေ ထုတ်ပါယ်ခြင်းမခံရသေးတာဟာ ဘာကြောင့်လဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။
ကမ်းဘဲလ်ကတော့ အာတီတာတစ်ယောက် နည်းပြရာထူးမှာဆက်ပြီး တည်မြဲနေတာဟာ ပြီးခဲ့တဲ့ရာသီအတွင်း အသင်းဖြတ်သန်းခဲ့ရတဲ့ အကျပ်အတည်းတွေကြောင့်သာမက ဖြစ်တန်စွမ်းတွက်ချက်မှု သီအိုရီတွေအရ ဆုံးဖြတ်ချက်ချခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ထောက်ပြသွားပါတယ်။

“တကယ်လို့ သူ့ကို ထုတ်ပါယ်လိုက်တယ်ပဲထား။ နောက်လာမယ့် မန်နေဂျာလည်း အရာအားလုံးကို အသစ်က ပြန်စရမယ်။ နောက်ပြီး နည်းပြသစ်က အိုင်ဒီယာသစ်နဲ့ အစီအစဉ်သစ်တွေကို အစကနေ ပြန်ဖန်တီးလိမ့်မယ်။ ဒီအတွက် ငွေကြေးလည်း ပိုလိုအပ်လိမ့်မယ်။ ဒီတော့ ရှိနှင့်ပြီးသားအစီအစဉ်တွေကို ပိုတိုးတက်အောင် ရင်းနှီးမြှုပ်နှံတာက ကုန်ကျစားရိတ်ပမာဏချင်းတူညီနေရင်တောင် ဖြစ်တန်စွမ်း ပိုမြင့်တယ်မဟုတ်လား။ ပိုင်ရှင်တွေက ဒီအချက်ကြောင့် အာတီတာကို အခွင့်အရေး ဆက်ပေးထားတာလို့ ယူဆပါတယ်” လို့ ကမ်းဘဲလ်က ဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းဟာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ဘေးအကျပ်အတည်းမှာ ဘဏ္ဍာရေးထိခိုက်မှုဒါဏ်ကို ကြီးကြီးမားမားခံခဲ့ရသလို ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အပြောင်းအရွှေ့ အမှားအယွင်းတွေကြောင့် ငွေကြေးဆုံးရှုံးမှုတွေလည်း ကြီးမားထားတဲ့အပြင် လာမယ့်ရာသီသစ်မှာ ဥရောပဝင်ခွင့်လည်း လွဲချော်ဖွယ်ရှိနေတဲ့အချက်တွေကြောင့် ငွေကုန်ကြေးကျများမယ့် ရွေးချယ်မှုတွေကို မလုပ်ဖြစ်အောင် တားဆီးနေတာဖြစ်နိုင်တယ်လို့လည်း ကမ်းဘဲလ်က ထောက်ပြခဲ့ပါတယ်။

ကမ်းဘဲလ်ကတော့ အာဆင်နယ်အသင်းရဲ့ အခြေအနေဟာ ယမန်နှစ်ရာသီနဲ့ ယခုနှစ်ရာသီ ကွာခြားသွားခြင်းမရှိဘူးလို့ ထောက်ပြခဲ့ပြီးတော့ ဆုဖလား ရယူနိုင်ခြင်းရှိတာနဲ့ မရှိတာသာ ခြားနားသွားတာဖြစ်တယ်လို့လည်း ဆိုသွားခဲ့ပါသေးတယ်။
“ဆုဖလားတွေ ရယူနိုင်မယ်ဆိုရင်တော့ အကူအညီဖြစ်တာပေါ့ဗျာ။ ဒါပေမယ့် ဒီကိစ္စကို မနှစ်က ရာသီတုန်းက သူ စွမ်းဆောင်ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ခင်ဗျားတို့သိတဲ့အတိုင်း ဘောလုံးဆိုတာ အရင်တုန်းက ဘာလုပ်ခဲ့တယ်ဆိုတာကို ထည့်တွက်ကြတဲ့ နယ်ပယ်မှမဟုတ်တာ။ မကြာသေးခင်က ဘာဖြစ်ခဲ့လဲဆိုတာပဲ လူတွေက စိတ်ဝင်စားကြတာမဟုတ်လား။ ဆုဖလားမရယူနိုင်ခဲ့ရင်တောင်မှ သူနဲ့ပတ်သက်ပြီး ပိုင်ရှင်တွေဆီမှာ အစီအစဉ်ရှိထားပုံပါပဲ။ ကျွန်တော် အဲဒီအတိုင်း ယုံကြည်ပါတယ်။ ဒါကြောင့်လည်း သူ ခုချိန်အထိ ထုတ်ပါယ်မခံရသေးတာပေါ့” လို့ သူကပြောသွားပါတယ်။
Source: Football Insider
[ZAWGYI]
Football Insider မွာ သံုးသပ္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္တုိက္စစ္မွဴးေဟာင္း ကီဗင္ ကမ္းဘဲလ္က လက္ရွိအသင္းက နည္းျပျဖစ္သူ မီခယ္ အာတီတာတစ္ေယာက္ ရလဒ္ေတြဆိုးရြားေနေပမယ့္ ရာထူးကေန ထုတ္ပါယ္ျခင္းမခံရေသးတာဟာ ဘာေၾကာင့္လဲဆုိတာကို ရွင္းျပသြားခဲ့ပါတယ္။
ကမ္းဘဲလ္ကေတာ့ အာတီတာတစ္ေယာက္ နည္းျပရာထူးမွာဆက္ျပီး တည္ျမဲေနတာဟာ ျပီးခဲ့တဲ့ရာသီအတြင္း အသင္းျဖတ္သန္းခဲ့ရတဲ့ အက်ပ္အတည္းေတြေၾကာင့္သာမက ျဖစ္တန္စြမ္းတြက္ခ်က္မႈ သီအိုရီေတြအရ ဆံုးျဖတ္ခ်က္ခ်ခဲ့တာလည္း ျဖစ္ႏုိင္တယ္လုိ႔ ေထာက္ျပသြားပါတယ္။

“တကယ္လုိ႔ သူ႔ကို ထုတ္ပါယ္လိုက္တယ္ပဲထား။ ေနာက္လာမယ့္ မန္ေနဂ်ာလည္း အရာအားလံုးကို အသစ္က ျပန္စရမယ္။ ေနာက္ျပီး နည္းျပသစ္က အိုင္ဒီယာသစ္နဲ႔ အစီအစဥ္သစ္ေတြကို အစကေန ျပန္ဖန္တီးလိမ့္မယ္။ ဒီအတြက္ ေငြေၾကးလည္း ပိုလိုအပ္လိမ့္မယ္။ ဒီေတာ့ ရွိႏွင့္ျပီးသားအစီအစဥ္ေတြကို ပိုတိုးတက္ေအာင္ ရင္းႏွီးျမွဳပ္ႏွံတာက ကုန္က်စားရိတ္ပမာဏခ်င္းတူညီေနရင္ေတာင္ ျဖစ္တန္စြမ္း ပိုျမင့္တယ္မဟုတ္လား။ ပိုင္ရွင္ေတြက ဒီအခ်က္ေၾကာင့္ အာတီတာကို အခြင့္အေရး ဆက္ေပးထားတာလို႔ ယူဆပါတယ္” လို႔ ကမ္းဘဲလ္က ဆိုသြားခဲ့ပါတယ္။
ဒါ့အျပင္ အာဆင္နယ္အသင္းဟာ ကမၻာလံုးဆုိင္ရာ ကိုဗစ္ကပ္ေဘးအက်ပ္အတည္းမွာ ဘ႑ာေရးထိခိုက္မႈဒါဏ္ကို ၾကီးၾကီးမားမားခံခဲ့ရသလို ျပီးခဲ့တဲ့ ၃ ႏွစ္အတြင္း အေျပာင္းအေရႊ႕ အမွားအယြင္းေတြေၾကာင့္ ေငြေၾကးဆံုးရံႈးမႈေတြလည္း ၾကီးမားထားတဲ့အျပင္ လာမယ့္ရာသီသစ္မွာ ဥေရာပဝင္ခြင့္လည္း လြဲေခ်ာ္ဖြယ္ရွိေနတဲ့အခ်က္ေတြေၾကာင့္ ေငြကုန္ေၾကးက်မ်ားမယ့္ ေရြးခ်ယ္မႈေတြကို မလုပ္ျဖစ္ေအာင္ တားဆီးေနတာျဖစ္ႏုိင္တယ္လုိ႔လည္း ကမ္းဘဲလ္က ေထာက္ျပခဲ့ပါတယ္။

ကမ္းဘဲလ္ကေတာ့ အာဆင္နယ္အသင္းရဲ႕ အေျခအေနဟာ ယမန္ႏွစ္ရာသီနဲ႔ ယခုႏွစ္ရာသီ ကြာျခားသြားျခင္းမရွိဘူးလို႔ ေထာက္ျပခဲ့ျပီးေတာ့ ဆုဖလား ရယူႏုိင္ျခင္းရွိတာနဲ႔ မရွိတာသာ ျခားနားသြားတာျဖစ္တယ္လုိ႔လည္း ဆိုသြားခဲ့ပါေသးတယ္။
“ဆုဖလားေတြ ရယူႏုိင္မယ္ဆိုရင္ေတာ့ အကူအညီျဖစ္တာေပါ့ဗ်ာ။ ဒါေပမယ့္ ဒီကိစၥကို မႏွစ္က ရာသီတုန္းက သူ စြမ္းေဆာင္ေပးခဲ့ျပီးပါျပီ။ ဒါေပမယ့္ ခင္ဗ်ားတို႔သိတဲ့အတုိင္း ေဘာလံုးဆိုတာ အရင္တုန္းက ဘာလုပ္ခဲ့တယ္ဆိုတာကို ထည့္တြက္ၾကတဲ့ နယ္ပယ္မွမဟုတ္တာ။ မၾကာေသးခင္က ဘာျဖစ္ခဲ့လဲဆိုတာပဲ လူေတြက စိတ္ဝင္စားၾကတာမဟုတ္လား။ ဆုဖလားမရယူႏုိင္ခဲ့ရင္ေတာင္မွ သူနဲ႔ပတ္သက္ျပီး ပိုင္ရွင္ေတြဆီမွာ အစီအစဥ္ရွိထားပံုပါပဲ။ ကၽြန္ေတာ္ အဲဒီအတုိင္း ယံုၾကည္ပါတယ္။ ဒါေၾကာင့္လည္း သူ ခုခ်ိန္အထိ ထုတ္ပါယ္မခံရေသးတာေပါ့” လို႔ သူကေျပာသြားပါတယ္။
Source: Football Insider