အာတီတာ လက်အောက်မှာ အိုဒီဂတ် ပိုမိုတောက်ပလာမလား

[UNICODE]

ရှုံးပွဲမရှိချန်ပီယံ အသင်းသားဟောင်း လော်ရန်က ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် မာတင် အိုဒီဂတ်ဟာ နည်းပြဖြစ်သူ မီခယ် အာတီတာရဲ့ လက်အောက်မှာ ပိုမိုတောက်လာလိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

လူငယ်ကွင်းလယ်လူ အီမီလီ စမစ်-ရိုးကို အရောင်တင်ပေးနိုင်ခဲ့တဲ့ အာတီတာအနေနဲ့ နော်ဝေကြယ်ပွင့်လေး အိုဒီဂတ်ကိုလည်း အဆင့်တစ်ခုအထိရောက်အောင် မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ လော်ရန်က ယုံကြည်နေတာဖြစ်ပါတယ်။

odegaard

ဒါနဲ့ ပတ်သက်ပြီး ကင်မရွန်း ညာနောက်ခံလူဟောင်းက ခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။ “အရမ်းမိုက်တဲ့ ခေါ်ယူမှုပေါ့ဗျာ။ အိုဒီဂတ်က စိတ်လှုပ်ရှားစရာ ကစားသမားမျိုးဗျ။ သူအနေနဲ့ ၄၊ ၅၊ ၆ ပွဲလောက်သာ ဆက်တိုက် ကစားခွင့်ရမယ်ဆိုရင် သူ့ရဲ့ အရည်အသွေးကို အဆုံးအစွန်ထုတ်ပြလာနိုင်မှာပါ။ အိုဒီဂတ် ရီးရဲလ်မှာ နေရာရဖို့ ခက်ခဲခဲ့တာက သူ့ရှေ့မှာ မိုဒရစ်ရှိနေတာကြောင့်ပါ။ သူ့အနေနဲ့ ပွဲထွက်ခွင့်ပိုလိုအပ်တာကြောင့် ခုလိုပြောင်းရွှေ့လာတာပါ။ ပြောရမယ်ဆိုရင် သူ့ကစားဟန်က အာတီတာရဲ့ အကြိုက်ဆိုတာ သိသာပါတယ်။ သူ့လိုထူးချွန်တဲ့ ကစားသမားမျိုးကို အာတီတာက သေချာပေါက် အခွင့်အရေးပေးပါလိမ့်မယ်” လို့ ၄၄ နှစ်အရွယ် ခံစစ်မှူးဟောင်းက ပြောဆိုသွားခဲ့ပါတယ်။

၂၀၁၉-၂၀ ရာသီ ဆိုစီဒက်မှာ ကစားစဉ်က ခြေစွမ်းမျိုးကိုသာ ပြသနိုင်မယ်ဆိုရင် နော်ဝေကြယ်ပွင့်ဟာ အာဆင်နယ်အတွက် အဖိုးတန်ကွင်းလယ်လူ ဖြစ်လာနိုင်ကြောင်းလည်း လော်ရန်က ဆိုသွားခဲ့ပါတယ်။

odegaard

“သူ ဆိုစီဒက်မှာရှိနေစဉ်ကတည်းက သူ့ကို စောင့်ကြည့်ခဲ့တာပါ။ တကယ်ကို လက်ဖျားခါလောက်တဲ့ ခြေစွမ်းမျိုး သူ့မှာရှိထားပါတယ်။ အဲ့ဒီခြေစွမ်းမျိုးသာ သူပြန်ပြနိုင်မယ်ဆိုရင် အာဆင်နယ်အတွက် သူလုပ်ပေးနိုင်မယ့် အရာတွေက မနည်းမနောဖြစ်နေမှာပါပဲ။ သူက ပြိုင်ဘက် ဧရိယာထဲမှာ ဘာမဆိုလုပ်နိုင်တဲ့ ကစားသမားမျိုးလေ။ လာလီဂါမှာ ဒီလိုခြေစွမ်းမျိုးပြနိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး” လို့ သူကပြောသွားခဲ့တာပါ။

ဒါ့အပြင် အသင်းရဲ့ ဘယ်နေရာမှာ ထားကစားသင့်လဲဆိုတာနဲ့ ပတ်သက်လို့လည်း သူကခုလို မှတ်ချက်ပြုသွားခဲ့ပါသေးတယ်။ “အာတီတာက ကစားနေတဲ့ ၄-၂-၃-၁ ကစားကွက်မှာဆိုရင် သူ့အတွက် နေရာတွေ အများကြီးရှိနေပါတယ်။ တိုက်စစ်မှူးနောက်မှာ ကစားနိုင်သလို ရှာခါနဲ့ ပါတေးတို့ရဲ့ အရှေ့ကနေလည်း ကစားပေးနိုင်ပါတယ်။ အိုဒီဂတ်ကို တောင်ပံမှာထားကစားဖို့ ကျွန်တော် အကြံမပေးလိုပေမယ့် သူက အဲ့ဒီနေရာမှာလည်း ကစားနိုင်ပါသေးတယ်။ သူက No.10 တစ်ယောက်ဆိုတာထက်ပိုတဲ့ ကစားသမားပါ” လို့လည်း လော်ရန်ကဆိုခဲ့ပါသေးတယ်။

Source: Goal

[ZAWGYI]

ရံႈးပြဲမရွိခ်န္ပီယံ အသင္းသားေဟာင္း ေလာ္ရန္က ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္တုိက္စစ္ၾကယ္ပြင့္ မာတင္ အိုဒီဂတ္ဟာ နည္းျပျဖစ္သူ မီခယ္ အာတီတာရဲ႕ လက္ေအာက္မွာ ပိုမိုေတာက္လာလိမ့္မယ္လုိ႔ သံုးသပ္ေျပာဆိုလုိက္ပါတယ္။

လူငယ္ကြင္းလယ္လူ အီမီလီ စမစ္-ရိုးကို အေရာင္တင္ေပးႏုိင္ခဲ့တဲ့ အာတီတာအေနနဲ႔ ေနာ္ေဝၾကယ္ပြင့္ေလး အိုဒီဂတ္ကိုလည္း အဆင့္တစ္ခုအထိေရာက္ေအာင္ ျမွင့္တင္ေပးႏုိင္လိမ့္မယ္လို႔ ေလာ္ရန္က ယံုၾကည္ေနတာျဖစ္ပါတယ္။

odegaard

ဒါနဲ႔ ပတ္သက္ျပီး ကင္မရြန္း ညာေနာက္ခံလူေဟာင္းက ခုလို သုံးသပ္ေျပာဆိုခဲ့ပါတယ္။ “အရမ္းမိုက္တဲ့ ေခၚယူမႈေပါ့ဗ်ာ။ အိုဒီဂတ္က စိတ္လႈပ္ရွားစရာ ကစားသမားမ်ိဳးဗ်။ သူအေနနဲ႔ ၄၊ ၅၊ ၆ ပြဲေလာက္သာ ဆက္တိုက္ ကစားခြင့္ရမယ္ဆိုရင္ သူ႔ရဲ႕ အရည္အေသြးကို အဆံုးအစြန္ထုတ္ျပလာႏိုင္မွာပါ။ အိုဒီဂတ္ ရီးရဲလ္မွာ ေနရာရဖို႔ ခက္ခဲခဲ့တာက သူ႔ေရွ႕မွာ မိုဒရစ္ရွိေနတာေၾကာင့္ပါ။ သူ႔အေနနဲ႔ ပြဲထြက္ခြင့္ပိုလိုအပ္တာေၾကာင့္ ခုလိုေျပာင္းေရႊ႕လာတာပါ။ ေျပာရမယ္ဆိုရင္ သူ႔ကစားဟန္က အာတီတာရဲ႕ အၾကိဳက္ဆိုတာ သိသာပါတယ္။ သူ႔လိုထူးခၽြန္တဲ့ ကစားသမားမ်ိဳးကို အာတီတာက ေသခ်ာေပါက္ အခြင့္အေရးေပးပါလိမ့္မယ္” လို႔ ၄၄ ႏွစ္အရြယ္ ခံစစ္မွဴးေဟာင္းက ေျပာဆိုသြားခဲ့ပါတယ္။

၂၀၁၉-၂၀ ရာသီ ဆိုစီဒက္မွာ ကစားစဥ္က ေျခစြမ္းမ်ိဳးကိုသာ ျပသႏုိင္မယ္ဆိုရင္ ေနာ္ေဝၾကယ္ပြင့္ဟာ အာဆင္နယ္အတြက္ အဖိုးတန္ကြင္းလယ္လူ ျဖစ္လာႏုိင္ေၾကာင္းလည္း ေလာ္ရန္က ဆိုသြားခဲ့ပါတယ္။

odegaard

“သူ ဆိုစီဒက္မွာရွိေနစဥ္ကတည္းက သူ႔ကို ေစာင့္ၾကည့္ခဲ့တာပါ။ တကယ္ကို လက္ဖ်ားခါေလာက္တဲ့ ေျခစြမ္းမ်ိဳး သူ႔မွာရွိထားပါတယ္။ အဲ့ဒီေျခစြမ္းမ်ိဳးသာ သူျပန္ျပႏုိင္မယ္ဆိုရင္ အာဆင္နယ္အတြက္ သူလုုပ္ေပးႏုိင္မယ့္ အရာေတြက မနည္းမေနာျဖစ္ေနမွာပါပဲ။ သူက ျပိဳင္ဘက္ ဧရိယာထဲမွာ ဘာမဆိုလုပ္ႏုိင္တဲ့ ကစားသမားမ်ိဳးေလ။ လာလီဂါမွာ ဒီလိုေျခစြမ္းမ်ိဳးျပႏုိင္ဖို႔ဆိုတာ လြယ္တဲ့ကိစၥ မဟုတ္ပါဘူး” လို႔ သူကေျပာသြားခဲ့တာပါ။

ဒါ့အျပင္ အသင္းရဲ႕ ဘယ္ေနရာမွာ ထားကစားသင့္လဲဆိုတာနဲ႔ ပတ္သက္လို႔လည္း သူကခုလို မွတ္ခ်က္ျပဳသြားခဲ့ပါေသးတယ္။ “အာတီတာက ကစားေနတဲ့ ၄-၂-၃-၁ ကစားကြက္မွာဆိုရင္ သူ႔အတြက္ ေနရာေတြ အမ်ားၾကီးရွိေနပါတယ္။ တုိက္စစ္မွဴးေနာက္မွာ ကစားႏဳိင္သလို ရွာခါနဲ႔ ပါေတးတို႔ရဲ႕ အေရွ႕ကေနလည္း ကစားေပးႏုိင္ပါတယ္။ အိုဒီဂတ္ကို ေတာင္ပံမွာထားကစားဖို႔ ကၽြန္ေတာ္ အၾကံမေပးလိုေပမယ့္ သူက အဲ့ဒီေနရာမွာလည္း ကစားႏဳိင္ပါေသးတယ္။ သူက No.10 တစ္ေယာက္ဆိုတာထက္ပိုတဲ့ ကစားသမားပါ” လို႔လည္း ေလာ္ရန္ကဆိုခဲ့ပါေသးတယ္။

Source: Goal

Leave a Reply