အာရွန် ရမ်ဆေးနဲ့ နှိုင်းယှဉ်ခံရတဲ့ ဝေးလော့ခ်

[UNICODE]

အာဆင်နယ်အသင်းက လူငယ်ကွင်းလယ်လူ ဂျိုး ဝေးလော့ခ်ဟာ အာဆင်နယ်အသင်းလိုအပ်နေတဲ့ အာရွန် ရမ်ဆေးလို ကစားသမားမျိုးဖြစ်တယ်လို့ ဂန္တဝင်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

ကမ်းဘဲလ်ကတော့ အာတီတာအနေနဲ့ ဝေးလော့ခ်ကို ကောင်းမွန်စွာ ပျိုးထောင်နိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းတွေပေါ်ထွက်လာအောင် ကောင်းကောင်းလမ်းပြနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဝေးလော့ခ်ကို ယုံကြည်မှုထားပြီး အခွင့်အရေးပိုမိုပေးအပ်ဖို့ ကမ်းဘဲလ်က တိုက်တွန်းပြောဆိုခဲ့ပြီး ၂၁ နှစ်သားကွင်းလယ်လူရဲ့ ကစားဟန်ကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပိုမိုထိရောက်လာလိမ့်မယ်လို့ သူကဆိုသွားခဲ့တာပါ။

“ဂျိုး ဝေးလော့ခ် ဘယ်လောက်တိုးတက်လာတယ်ဆိုတာ လူတိုင်းမြင်နိုင်ပါတယ်။ ခုဆိုသူက ပထမအသင်းကိုတောင် တံခါးခေါက်နေပါပြီ။ သူက တိုက်စစ်မှူးတွေရဲ့ အိပ်မက်ပါ။ အရိုးသားဆုံးပြောရရင် သူ့ကို ထည့်ကစားမယ်ဆိုရင် လာကာဇက်တစ်ယောက် ၅၀% လောက် ကစားရပိုလွယ်သွားပါလိမ့်မယ်။ ဘာလို့လဲဆိုရင် ဝေးလော့ခ်က ဆက်တိုက်ပြေးလွှားပြီး လိုက်ဖြည့်ကစားနေတာပါ။ အာရွန် ရမ်ဆေးလို ကစားသမားမျိုးပါ” လို့ ကီဗင် ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။

“ဝေးလော့ခ်က ခွန်အားအပြည့်အဝနဲ့ ဆက်တိုက် ပြေးလွှားနေရာယူတတ်သူမျိုးပါ။ သူ့ကို ထိမ်းချုပ်ဖို့ အတော်လေး ခက်ခဲပါတယ်။ နောက်ပြီး သူက ငယ်ရွယ်ပြီး ထူးခြားသူတစ်ယောက်ပါ။ အသင်း ဂိုးတွေ ရယူနိုင်ဖို့ အမြဲတွန်းအားပေးနေသူမျိုးပါ” လို့လည်း ကမ်းဘဲလ်က သုံးသပ်သွားခဲ့ပါတယ်။

ဂျိုး ဝေးလော့ခ်ဟာ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အဓိကပွဲထွက်ကစားနေပြီး ယူရိုပါလိဂ်ပွဲထွက်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေသူဖြစ်သလို ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားဖြစ်လာတော့မယ်လို့ သတင်းပြေးနေသူလည်းဖြစ်ပါတယ်။

Source: The Mirror

[ZAWGYI]

အာဆင္နယ္အသင္းက လူငယ္ကြင္းလယ္လူ ဂ်ိဳး ေဝးေလာ့ခ္ဟာ အာဆင္နယ္အသင္းလိုအပ္ေနတဲ့ အာရြန္ ရမ္ေဆးလို ကစားသမားမ်ိဳးျဖစ္တယ္လုိ႔ ဂႏၱဝင္တုိက္စစ္မွဴးေဟာင္း ကီဗင္ ကမ္းဘဲလ္က သံုးသပ္ေျပာဆိုလုိက္ပါတယ္။

ကမ္းဘဲလ္ကေတာ့ အာတီတာအေနနဲ႔ ေဝးေလာ့ခ္ကို ေကာင္းမြန္စြာ ပ်ိဳးေထာင္ႏိုင္ခဲ့ျပီး အေကာင္းဆံုးေျခစြမ္းေတြေပၚထြက္လာေအာင္ ေကာင္းေကာင္းလမ္းျပႏုိင္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ေဝးေလာ့ခ္ကို ယံုၾကည္မႈထားျပီး အခြင့္အေရးပိုမိုေပးအပ္ဖို႔ ကမ္းဘဲလ္က တိုက္တြန္းေျပာဆိုခဲ့ျပီး ၂၁ ႏွစ္သားကြင္းလယ္လူရဲ႕ ကစားဟန္ေၾကာင့္ အသင္းရဲ႕ တုိက္စစ္ပိုင္းမွာ ပိုမိုထိေရာက္လာလိမ့္မယ္လုိ႔ သူကဆိုသြားခဲ့တာပါ။

“ဂ်ိဳး ေဝးေလာ့ခ္ ဘယ္ေလာက္တိုးတက္လာတယ္ဆိုတာ လူတုိင္းျမင္ႏုိင္ပါတယ္။ ခုဆိုသူက ပထမအသင္းကိုေတာင္ တံခါးေခါက္ေနပါျပီ။ သူက တုိက္စစ္မွဴးေတြရဲ႕ အိပ္မက္ပါ။ အရိုးသားဆံုးေျပာရရင္ သူ႔ကို ထည့္ကစားမယ္ဆုိရင္ လာကာဇက္တစ္ေယာက္ ၅၀% ေလာက္ ကစားရပိုလြယ္သြားပါလိမ့္မယ္။ ဘာလို႔လဲဆိုရင္ ေဝးေလာ့ခ္က ဆက္တုိက္ေျပးလႊားျပီး လိုက္ျဖည့္ကစားေနတာပါ။ အာရြန္ ရမ္ေဆးလို ကစားသမားမ်ိဳးပါ” လို႔ ကီဗင္ ကမ္းဘဲလ္က ဆိုခဲ့ပါတယ္။

“ေဝးေလာ့ခ္က ခြန္အားအျပည့္အဝနဲ႔ ဆက္တုိက္ ေျပးလႊားေနရာယူတတ္သူမ်ိဳးပါ။ သူ႔ကို ထိမ္းခ်ဳပ္ဖို႔ အေတာ္ေလး ခက္ခဲပါတယ္။ ေနာက္ျပီး သူက ငယ္ရြယ္ျပီး ထူးျခားသူတစ္ေယာက္ပါ။ အသင္း ဂိုးေတြ ရယူႏုိင္ဖို႔ အျမဲတြန္းအားေပးေနသူမ်ိဳးပါ” လို႔လည္း ကမ္းဘဲလ္က သံုးသပ္သြားခဲ့ပါတယ္။

ဂ်ိဳး ေဝးေလာ့ခ္ဟာ ယူရိုပါလိဂ္ပြဲစဥ္ေတြမွာ အဓိကပြဲထြက္ကစားေနျပီး ယူရိုပါလိဂ္ပြဲထြက္အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ ေျခစြမ္းျပသေနသူျဖစ္သလို ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားသမားျဖစ္လာေတာ့မယ္လုိ႔ သတင္းေျပးေနသူလည္းျဖစ္ပါတယ္။

Source: The Mirror

Leave a Reply