အိုဇေးလ်ကို အမှီပြုပြီး အသင်းကိုတည်ဆောက်ဖို့ အာတီတာကို အာဆင်းဝင်းဂါး တိုက်တွန်း

[UNICODE]

ဂန္တဝင်နည်းပြကြီး အာဆင်းဝင်းဂါးကတော့ အာဆင်နယ်အသင်းအနေနဲ့ ဝါရင့်ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို အမှီပြုပြီး အသင်းကို တည်ဆောက်သင့်တယ်လို့ လက်ရှိနည်းပြဖြစ်သူ မီခယ် အာတီတာကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အိုဇေးလ်ဟာ ခံစစ်ပိုင်းမှာ အားနည်းချက်တွေရှိနေတာမှန်ပေမယ့် သူ့ကို ဝန်းရံကစားမယ်ဆိုရင် သူ့ရဲ့ အဆိုပါ အားနည်းချက်ကို ကျန်တဲ့ကစားသမားတွေက ဝန်းရံဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး အသင်းအတွက်လည်း အိုဇေးလ်ရဲ့ အရည်အသွေးတွေကို အပြည့်အဝ ထုတ်ယူနိုင်မှာဖြစ်တယ်လို့ ပြင်သစ်သားကြီးကဆိုသွားခဲ့တာပါ။

“သူက ကိုင်တွယ်ရခက်ခဲတဲ့ ကစားသမားမျိုးမဟုတ်ပါဘူး။ သူကမှာ ထူးခြားတဲ့အရည်အသွေးတွေရှိသလို ဖန်တီးနိုင်စွမ်းလည်း မြင့်မားပါတယ်။ ပျော်ပျော်လည်းနေတတ်သူပါ။ သူက တကယ့်အနုပညာသမားပါ။ ဒီတော့ နည်းနည်းတော့ နူးနူးညံ့ညံ့ကိုင်တွယ်ဖို့ လိုတာပေါ့။ သူ့ကို အထောက်အကူပြုနိုင်တဲ့ ပတ်ဝန်းကျင်မျိုးဖန်တီးပြီး တွန်းအားပေးမယ်ဆိုရင် အကောင်းဆုံးတွေ ပေါ်ထွက်လာနိုင်ပါတယ်” လို့ အာဆင်းဝင်းဂါးက ESPN ရဲ့ Caught Offside podcast အစီအစဉ်မှာ ပြောဆိုသွားခဲ့ပါတယ်။

“အသင်းတစ်သင်းကို ကိုင်တွယ်မယ်ဆိုရင် နည်းလမ်း ၂ ခု ရှိပါတယ်။ အသင်းကို ကျစ်လစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်အောင်လုပ်မလား? ညက်ညောပြီး စုစည်းမှုရှိအောင် လုပ်မလား? ရွေးချယ်ရပါလိမ့်မယ်။ အသင်းမှာ ဖန်တီးနိုင်စွမ်းမြင့်မားပေမယ့် ခံစစ်ကို မကူညီနိုင်တဲ့ကစားသမားရှိနေပါတယ်။ တကယ်တမ်းက သူ့ကို ဝန်းရံကူညီပြီး အသင်းကိုတည်ဆောက်ရမှာပါ။ ဒါက သူတွေးသင့်တဲ့ နည်းလမ်းပါပဲ” လို့ ဂန္တဝင်နည်းပြကြီးကဆိုသွားပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မီဆွတ် အိုဇေးလ်ဟာ နည်းစနစ်ပိုင်း အကြောင်းပြချက်တွေကြောင့် အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်းနဲ့ ယူရိုပါလိဂ် လူစာရင်းတွေကနေ ချန်လှပ်ခံထားရသူဖြစ်ပြီး သူ့ကို လာမယ့်ရာသီဝက်မှာ ပြန်လည်အသုံးချဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိနေတဲ့ အိုဇေးလ်ဟာ လာမယ့်ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပြီး ယခုဇန်နဝါရီမှာတင် အမ်းမရိတ်အခြေစိုက်ကလပ်ကို စွန့်ခွာရလိမ့်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Source: Goal, Sky Sports, ESPN

[ZAWGYI]

ဂႏၱဝင္နည္းျပၾကီး အာဆင္းဝင္းဂါးကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ဝါရင့္ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို အမွီျပဳျပီး အသင္းကို တည္ေဆာက္သင့္တယ္လုိ႔ လက္ရွိနည္းျပျဖစ္သူ မီခယ္ အာတီတာကို တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

အိုေဇးလ္ဟာ ခံစစ္ပိုင္းမွာ အားနည္းခ်က္ေတြရွိေနတာမွန္ေပမယ့္ သူ႔ကို ဝန္းရံကစားမယ္ဆိုရင္ သူ႔ရဲ႕ အဆုိပါ အားနည္းခ်က္ကို က်န္တဲ့ကစားသမားေတြက ဝန္းရံျဖည့္ဆည္းေပးႏုိင္မွာျဖစ္ျပီး အသင္းအတြက္လည္း အိုေဇးလ္ရဲ႕ အရည္အေသြးေတြကို အျပည့္အဝ ထုတ္ယူႏုိင္မွာျဖစ္တယ္လုိ႔ ျပင္သစ္သားၾကီးကဆိုသြားခဲ့တာပါ။

“သူက ကိုင္တြယ္ရခက္ခဲတဲ့ ကစားသမားမ်ိဳးမဟုတ္ပါဘူး။ သူကမွာ ထူးျခားတဲ့အရည္အေသြးေတြရွိသလို ဖန္တီးႏုိင္စြမ္းလည္း ျမင့္မားပါတယ္။ ေပ်ာ္ေပ်ာ္လည္းေနတတ္သူပါ။ သူက တကယ့္အႏုပညာသမားပါ။ ဒီေတာ့ နည္းနည္းေတာ့ ႏူးႏူးညံ့ညံ့ကိုင္တြယ္ဖို႔ လိုတာေပါ့။ သူ႔ကို အေထာက္အကူျပဳႏုိင္တဲ့ ပတ္ဝန္းက်င္မ်ိဳးဖန္တီးျပီး တြန္းအားေပးမယ္ဆုိရင္ အေကာင္းဆံုးေတြ ေပၚထြက္လာႏုိင္ပါတယ္” လို႔ အာဆင္းဝင္းဂါးက ESPN ရဲ႕ Caught Offside podcast အစီအစဥ္မွာ ေျပာဆိုသြားခဲ့ပါတယ္။

“အသင္းတစ္သင္းကို ကိုင္တြယ္မယ္ဆိုရင္ နည္းလမ္း ၂ ခု ရွိပါတယ္။ အသင္းကို က်စ္လစ္ျပီး ျပိဳင္ဆိုင္မႈျပင္းထန္ေအာင္လုပ္မလား? ညက္ေညာျပီး စုစည္းမႈရွိေအာင္ လုပ္မလား? ေရြးခ်ယ္ရပါလိမ့္မယ္။ အသင္းမွာ ဖန္တီးႏုိင္စြမ္းျမင့္မားေပမယ့္ ခံစစ္ကို မကူညီႏုိင္တဲ့ကစားသမားရွိေနပါတယ္။ တကယ္တမ္းက သူ႔ကို ဝန္းရံကူညီျပီး အသင္းကိုတည္ေဆာက္ရမွာပါ။ ဒါက သူေတြးသင့္တဲ့ နည္းလမ္းပါပဲ” လို႔ ဂႏၱဝင္နည္းျပၾကီးကဆိုသြားပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ရွိေနျပီျဖစ္တဲ့ မီဆြတ္ အိုေဇးလ္ဟာ နည္းစနစ္ပိုင္း အေၾကာင္းျပခ်က္ေတြေၾကာင့္ အသင္းရဲ႕ ပရီးမီးယားလိဂ္ လူစာရင္းနဲ႔ ယူရိုပါလိဂ္ လူစာရင္းေတြကေန ခ်န္လွပ္ခံထားရသူျဖစ္ျပီး သူ႔ကို လာမယ့္ရာသီဝက္မွာ ျပန္လည္အသံုးခ်ဖို႔ တုိက္တြန္းမႈေတြ ရွိေနပါတယ္။

တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ ရရွိေနတဲ့ အိုေဇးလ္ဟာ လာမယ့္ရာသီကုန္မွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ ကစားသမားျဖစ္ျပီး ယခုဇန္နဝါရီမွာတင္ အမ္းမရိတ္အေျခစိုက္ကလပ္ကို စြန္႔ခြာရလိမ့္မယ္လုိ႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

Source: Goal, Sky Sports, ESPN

Leave a Reply