အိုဇေးလ်ကျော်ပြီး စမစ်-ရိုးကို အာတီတာ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ

[UNICODE]

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ခံစစ်မှူးဟောင်း မာတင် ကီယွန်က အသင်းရဲ့ နည်းပြဖြစ်သူ မာတင် ကီယွန်က အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက ဝါရင့်ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ထက် လူငယ်ကစားသမား အီမီလီ စမစ်-ရိုးကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။

နည်းပြဖြစ်သူ မီခယ် အာတီတာဟာ အာဆင်နယ်အသင်းရဲ့ ပထမရာသီ အပြီးသတ်လူစာရင်းတွေတင်သွင်းချိန်မှာ ဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား မီဆွတ် အိုဇေးလ်ကို ချန်လှပ်ခဲ့ပေမယ့် ဒါဏ်ရာရရှိနေတဲ့ လူငယ်ကစားသမား အီမီလီ စမစ်-ရိုးကိုတော့ ပရီးမီးယားလိဂ် လူစာရင်းမှာရော၊ ယူရိုပါလိဂ် လူစာရင်းမှာပါ ထည့်သွင်း ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့မတိုင်ခင်တုန်းကလည်း စမစ်-ရိုးကို အငှားချချင်နေတဲ့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကာ အသင်းမှာ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။

စမစ်-ရိုးတစ်ယောက် ဒါဏ်ရာပြဿနာ လုံးဝကင်းစင်ပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာချိန်မှာတော့ အသင်းရဲ့ ပထမလူစာရင်းမှာထည့်သွင်း ကစားစေခဲ့ပြီး အသက် ၂၀ အရွယ် အင်္ဂလိပ်ကွင်းလယ်လူကလည်း ပရိတ်သတ်တွေ နှစ်ထောင်းအားရဖြစ်စေတဲ့အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး နောက်ဆုံး ၃ ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

အာတီတာအနေနဲ့ ဘာကြောင့်ခုလိုမျိုး စမစ်-ရိုးကို အိုဇေးလ်ထက်ပိုပြီး ယုံကြည်မှုထားခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး ကီယွန်က ခုလို သုံးသပ်သွားခဲ့ပါတယ်။ “သူက မလိုအပ်ပဲ ပြေးလွှားနေတာမျိုးမဟုတ်ပါဘူး။ ရွေ့လျားမှုတွေက တော်တော်ကို ကောင်းတာပါ။ စမစ်-ရိုး လူစာရင်းထဲပါလာတော့ ကျွန်တော် တော်တော်လေး အံ့သြခဲ့မိပါတယ်။ အိုဇေးလ်လို ကစားသမားမျိုး အသင်းမှာရှိနေလျက်နဲ့တောင် နေရာမရတာ သူက ဘာလဲပေါ့။ ဒါပေမယ့် သူက အိုဇေးလ်နေရာကို အပြည့်အဝဖြည့်ဆည်းနိုင်ခဲ့သလို မန်နေဂျာအလိုရှိသလိုပါ ကစားပေးနိုင်ခဲ့တာပါ” လို့ ကီယွန်ကဆိုခဲ့တာပါ။

ဒါ့အပြင် ကီယွန်က “ဒါက အဖြေပါပဲ။ လူငယ်တစ်ယောက်ရဲ့ တက်ကြွမှုမျိုးနဲ့ ကြိုးစားအားထုတ်မှုမျိုးက အိုဇေးလ်မှာ ရှိမနေတော့ဘူးလေ။ ငယ်ရွယ်တက်ကြွပြီး မခိုမကပ်ကစားချင်တဲ့ စိတ်ထားက အရာရာကို အဆုံးအဖြတ်ပေးသွားခဲ့တာပါပဲ။ စမစ်-ရိုးမှာက ဒီအချက်တွေ ပိုင်ဆိုင်ထားတယ်လေ” လို့ ကီယွန်က BT Sport မှာ သုံးသပ်ခဲ့ပါတယ်။

BT sport ရဲ့ နောက်ထပ် သုံးသပ်သူတစ်ယောက်ဖြစ်တဲ့ ဂါရက်သ် ဘယ်ရီကလည်း စမစ်-ရိုးဟာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားဟန်ကို ခြားနားစွာ ထက်မြက်သွားစေတဲ့သူဖြစ်တယ်လို့ ဆိုခဲ့ပြီး No.10 တစ်ယောက်လို့ အကြမ်းဖျဉ်းမှတ်ယူနိုင်ပေမယ့် ကြိုးစားအားထုတ်မှုနဲ့ နေရာစုံရွေ့လျားမှုအပိုင်းမှာ No.10 တစ်ယောက်နဲ့ မတူညီစွာ ကစားနိုင်တာက ထူးခြားချက်ဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Source: Metro, BT sport

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ခံစစ္မွဴးေဟာင္း မာတင္ ကီယြန္က အသင္းရဲ႕ နည္းျပျဖစ္သူ မာတင္ ကီယြန္က အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ မီခယ္ အာတီတာက ဝါရင့္ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ထက္ လူငယ္ကစားသမား အီမီလီ စမစ္-ရိုးကို ဘာေၾကာင့္ ေရြးခ်ယ္ခဲ့တာလဲဆိုတာကို ရွင္းျပသြားခဲ့ပါတယ္။

နည္းျပျဖစ္သူ မီခယ္ အာတီတာဟာ အာဆင္နယ္အသင္းရဲ႕ ပထမရာသီ အျပီးသတ္လူစာရင္းေတြတင္သြင္းခ်ိန္မွာ ဝါရင့္ကြင္းလယ္တုိက္စစ္ကစားသမား မီဆြတ္ အိုေဇးလ္ကို ခ်န္လွပ္ခဲ့ေပမယ့္ ဒါဏ္ရာရရွိေနတဲ့ လူငယ္ကစားသမား အီမီလီ စမစ္-ရိုးကိုေတာ့ ပရီးမီးယားလိဂ္ လူစာရင္းမွာေရာ၊ ယူရိုပါလိဂ္ လူစာရင္းမွာပါ ထည့္သြင္း ေရြးခ်ယ္ခဲ့ပါတယ္။ ဒါ့အျပင္ အဲ့မတိုင္ခင္တုန္းကလည္း စမစ္-ရိုးကို အငွားခ်ခ်င္ေနတဲ့ ဘုတ္အဖြဲ႕ရဲ႕ ဆံုးျဖတ္ခ်က္ကို ဆန္႔က်င္ကာ အသင္းမွာ ဆက္လက္ထားရွိဖို႔ ဆံုးျဖတ္ခဲ့ပါေသးတယ္။

စမစ္-ရိုးတစ္ေယာက္ ဒါဏ္ရာျပႆနာ လံုးဝကင္းစင္ျပီး ၾကံ့ခုိင္မႈျပန္လည္ျပည့္ဝလာခ်ိန္မွာေတာ့ အသင္းရဲ႕ ပထမလူစာရင္းမွာထည့္သြင္း ကစားေစခဲ့ျပီး အသက္ ၂၀ အရြယ္ အဂၤလိပ္ကြင္းလယ္လူကလည္း ပရိတ္သတ္ေတြ ႏွစ္ေထာင္းအားရျဖစ္ေစတဲ့အထိ ေျခစြမ္းေကာင္းေတြ ျပသႏုိင္ခဲ့ျပီး ေနာက္ဆံုး ၃ ပြဲမွာ ဂိုးဖန္တီးမႈ ၂ ၾကိမ္ျပဳလုပ္ႏုိင္ခဲ့ပါတယ္။

အာတီတာအေနနဲ႔ ဘာေၾကာင့္ခုလိုမ်ိဳး စမစ္-ရိုးကို အိုေဇးလ္ထက္ပိုျပီး ယံုၾကည္မႈထားခဲ့တာလဲဆုိတာနဲ႔ ပတ္သက္ျပီး ကီယြန္က ခုလို သံုးသပ္သြားခဲ့ပါတယ္။ “သူက မလိုအပ္ပဲ ေျပးလႊားေနတာမ်ိဳးမဟုတ္ပါဘူး။ ေရြ႕လ်ားမႈေတြက ေတာ္ေတာ္ကို ေကာင္းတာပါ။ စမစ္-ရိုး လူစာရင္းထဲပါလာေတာ့ ကၽြန္ေတာ္ ေတာ္ေတာ္ေလး အံ့ၾသခဲ့မိပါတယ္။ အိုေဇးလ္လို ကစားသမားမ်ိဳး အသင္းမွာရွိေနလ်က္နဲ႔ေတာင္ ေနရာမရတာ သူက ဘာလဲေပါ့။ ဒါေပမယ့္ သူက အိုေဇးလ္ေနရာကို အျပည့္အဝျဖည့္ဆည္းႏိုင္ခဲ့သလို မန္ေနဂ်ာအလိုရွိသလိုပါ ကစားေပးႏုိင္ခဲ့တာပါ” လို႔ ကီယြန္ကဆိုခဲ့တာပါ။

ဒါ့အျပင္ ကီယြန္က “ဒါက အေျဖပါပဲ။ လူငယ္တစ္ေယာက္ရဲ႕ တက္ၾကြမႈမ်ိဳးနဲ႔ ၾကိဳးစားအားထုတ္မႈမ်ိဳးက အိုေဇးလ္မွာ ရွိမေနေတာ့ဘူးေလ။ ငယ္ရြယ္တက္ၾကြျပီး မခိုမကပ္ကစားခ်င္တဲ့ စိတ္ထားက အရာရာကို အဆံုးအျဖတ္ေပးသြားခဲ့တာပါပဲ။ စမစ္-ရိုးမွာက ဒီအခ်က္ေတြ ပိုင္ဆုိင္ထားတယ္ေလ” လို႔ ကီယြန္က BT Sport မွာ သံုးသပ္ခဲ့ပါတယ္။

BT sport ရဲ႕ ေနာက္ထပ္ သံုးသပ္သူတစ္ေယာက္ျဖစ္တဲ့ ဂါရက္သ္ ဘယ္ရီကလည္း စမစ္-ရိုးဟာ အာဆင္နယ္အသင္းရဲ႕ တုိက္စစ္ကစားဟန္ကို ျခားနားစြာ ထက္ျမက္သြားေစတဲ့သူျဖစ္တယ္လုိ႔ ဆိုခဲ့ျပီး No.10 တစ္ေယာက္လို႔ အၾကမ္းဖ်ဥ္းမွတ္ယူႏုိင္ေပမယ့္ ၾကိဳးစားအားထုတ္မႈနဲ႔ ေနရာစံုေရြ႕လ်ားမႈအပိုင္းမွာ No.10 တစ္ေယာက္နဲ႔ မတူညီစြာ ကစားႏုိင္တာက ထူးျခားခ်က္ျဖစ္တယ္လုိ႔ သံုးသပ္သြားခဲ့ပါတယ္။

Source: Metro, BT sport

Leave a Reply