အိုဇေးလ်တစ်ယောက် ဖီနာဘာချီထံပြောင်းရွှေ့တော့မလား

[UNICODE]

အာဆင်နယ်အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခြင်းခံထားရတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေ ဆွေးနွေးနေပြီဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူ အာကွတ် ဆိုဂွတ်က အတည်ပြုပြောဆိုလိုက်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂျာမန်ကွင်းလယ်လူဟာ လက်တလောမှာ အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေသူဖြစ်ပြီး အသင်းကလည်း သူ့ကို ထွက်ခွာစေချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂျာမန်သားဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၆ လ သာကျန်ရှိတော့သူဖြစ်ပြီး ဖီနဘာချီနဲ့ ဆွေးနွေးနေတာမှန်ပေမယ့် ရာသီကုန်မှသာ အသင်းကနေ ထွက်ခွာမှာဖြစ်တယ်လို့လည်း အေးဂျင့်ဖြစ်သူက ဆိုသွားခဲ့ပါတယ်။

“ဖီနာဘာချီနဲ့ ကျွန်တော်တို့အကြားက အခြေအနေကို တိတိကျကျ သိစေချင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးမှုပြုလုပ်နေပါတယ်။ သူတို့အသင်းက ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ သီးသန့်ဆွေးနွေးမှုတွေ လုပ်နေတာပါ” လို့ ဒေါက်တာ ဆိုဂွတ်က တူရကီမီဒီယာ Fanatik ကို ပြောဆိုခဲ့ပါတယ်။

“ဒါပေမယ့်လည်း ဇန်နဝါရီမတိုင်ခင်အထိတော့ အပြောင်းအရွှေ့အတွက် တရားဝင်ဆွေးနွေးမှုတွေ စတင်ဦးမှာမဟုတ်ပါဘူး။ မီဆွတ်က ကမ္ဘာတစ်ဝှမ်းကနေ ကမ်းလှမ်းမှုတွေ ရရှိနေပါတယ်။ ဖီနာဘာချီကတော့ စိတ်ဝင်စားမှု အပြသဆုံးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအခြေအနေတွေကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ မီဆွတ်က ရာသီကုန်ချိန်အထိ အသင်းမှာ ဆက်နေသွားမှာပါ။ မီဆွတ်က အပြင်းအထန်ကြိုးစားနေပါတယ်။ သူက အာဆင်နယ်ဂျာစီကို နောက်တစ်ကြိမ်ပြန်ပြီး ဝတ်ဆင်ခွင့်ရဖို့ ဆန္ဒရှိနေဆဲပါ။သူလုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” လို့လည်း သူကပြောပြခဲ့ပါတယ်။

ဒါ့အပြင် မီဆွတ် အိုဇေးလ်တစ်ယောက် အာဆင်နယ်အသင်းမှာ ပါဝင်ကစားခွင့်မရရှိတာဟာ နည်းပြဖြစ်သူ မီခယ် အာတီတာရဲ့ ဆန္ဒမဟုတ်ပဲ စပိန်လူမျိုးနည်းပြဟာ ဂျာမန်သားကို အသုံးပြုခွင့်ပိတ်ပင်ခြင်းခံထားရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Source: Goal, Football London, BBC, Fanatik

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ လူစာရင္းကေန ဖယ္ရွားျခင္းခံထားရတဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အေနနဲ႔ တူရကီကလပ္ ဖီနာဘာခ်ီအသင္းနဲ႔ အေျပာင္းအေရႊ႕ကိစၥရပ္ေတြ ေဆြးေႏြးေနျပီျဖစ္တယ္လို႔ ေအးဂ်င့္ျဖစ္သူ အာကြတ္ ဆိုဂြတ္က အတည္ျပဳေျပာဆိုလိုက္ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ရွိေနျပီျဖစ္တဲ့ ဂ်ာမန္ကြင္းလယ္လူဟာ လက္တေလာမွာ အာဆင္နယ္အသင္းတာဝန္ရွိသူေတြနဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ေနသူျဖစ္ျပီး အသင္းကလည္း သူ႔ကို ထြက္ခြာေစခ်င္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ဂ်ာမန္သားဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၆ လ သာက်န္ရွိေတာ့သူျဖစ္ျပီး ဖီနဘာခ်ီနဲ႔ ေဆြးေႏြးေနတာမွန္ေပမယ့္ ရာသီကုန္မွသာ အသင္းကေန ထြက္ခြာမွာျဖစ္တယ္လို႔လည္း ေအးဂ်င့္ျဖစ္သူက ဆိုသြားခဲ့ပါတယ္။

“ဖီနာဘာခ်ီနဲ႔ ကၽြန္ေတာ္တို႔အၾကားက အေျခအေနကို တိတိက်က် သိေစခ်င္ပါတယ္။ ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ ေဆြးေႏြးမႈျပဳလုပ္ေနပါတယ္။ သူတို႔အသင္းက ထိပ္ပိုင္းပုဂၢိဳလ္ေတြနဲ႔ သီးသန္႔ေဆြးေႏြးမႈေတြ လုပ္ေနတာပါ” လုိ႔ ေဒါက္တာ ဆိုဂြတ္က တူရကီမီဒီယာ Fanatik ကို ေျပာဆိုခဲ့ပါတယ္။

“ဒါေပမယ့္လည္း ဇန္နဝါရီမတုိင္ခင္အထိေတာ့ အေျပာင္းအေရႊ႕အတြက္ တရားဝင္ေဆြးေႏြးမႈေတြ စတင္ဦးမွာမဟုတ္ပါဘူး။ မီဆြတ္က ကမၻာတစ္ဝွမ္းကေန ကမ္းလွမ္းမႈေတြ ရရွိေနပါတယ္။ ဖီနာဘာခ်ီကေတာ့ စိတ္ဝင္စားမႈ အျပသဆံုးပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ လက္ရွိအေျခအေနေတြကေတာ့ ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ မီဆြတ္က ရာသီကုန္ခ်ိန္အထိ အသင္းမွာ ဆက္ေနသြားမွာပါ။ မီဆြတ္က အျပင္းအထန္ၾကိဳးစားေနပါတယ္။ သူက အာဆင္နယ္ဂ်ာစီကို ေနာက္တစ္ၾကိမ္ျပန္ျပီး ဝတ္ဆင္ခြင့္ရဖို႔ ဆႏၵရွိေနဆဲပါ။သူလုပ္ေဆာင္ႏုိင္လိမ့္မယ္လို႔လည္း ယံုၾကည္ပါတယ္” လို႔လည္း သူကေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ မီဆြတ္ အိုေဇးလ္တစ္ေယာက္ အာဆင္နယ္အသင္းမွာ ပါဝင္ကစားခြင့္မရရွိတာဟာ နည္းျပျဖစ္သူ မီခယ္ အာတီတာရဲ႕ ဆႏၵမဟုတ္ပဲ စပိန္လူမ်ိဳးနည္းျပဟာ ဂ်ာမန္သားကို အသံုးျပဳခြင့္ပိတ္ပင္ျခင္းခံထားရတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

Source: Goal, Football London, BBC, Fanatik

Leave a Reply