အိုဇေးလ်သာ တီယာနီလို ကြိုးစားရင် ဂန္တဝင်တကာ့ထိပ်ခေါင် ဖြစ်နေလောက်ပြီ – မာတင် ကီယွန်

[UNICODE]

ဂန္တဝင်တစ်ဦးဖြစ်တဲ့ မာတင် ကီယွန်က အသင်းနဲ့ လမ်းခွဲတော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ဟာ ဘယ်နောက်ခံလူ ကီယန် တီယာနီလို စိတ်ထားမျိုးနဲ့သာ နည်းနည်းလောက်ကြိုးစားခဲ့ဖူးမယ်ဆိုရင် ဂန္တဝင်တကာ့ ထိပ်ခေါင် ဖြစ်နေလောက်ပြီလို့ ဝေဇန်ပြောဆိုလိုက်ပါတယ်။

မာတင် ကီယွန်က အိုဇေးလ်ရဲ့ ကြိုးစားအားထုတ်လိုမှု၊ စိတ်အားထက်သန်မှုကင်းမဲ့တဲ့ ကစားဟန်နဲ့ နည်းစနစ်နဲ့ လိုက်လျောညီထွေရှိတဲ့ အပြောင်းအလဲတွေပြုလုပ်ဖို့ ငြင်းဆန်တတ်တဲ့ အကျင့်တွေကို ဦးတည်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ကီယန် တီယာနီဟာ ဘယ်နောက်ခံလူ တစ်ဦးဖြစ်ပေမယ့် နည်းနစ်ပိုင်း လိုအပ်ချက်အရ ဗဟိုခံစစ်မှူး၊ ဘယ်တောင်ပံအစွန်နောက်ခံလူစတဲ့နေရာတွေကို ပြောင်းရွှေ့ကစားခဲ့သလို ပွဲတိုင်းမှာလည်း မိနစ် ၉၀ လုံး မဆုတ်မနစ်အာရုံစိုက်ပြီး ကြိုးစားအားထုတ်လေ့ရှိတာကြောင့် ပရိတ်သတ်တွေရော နည်းပြတိုင်းရဲ့ ချစ်ခင်မှုကိုပါ ရရှိထားသူဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဂျာမန်လက်ရွေးစင်ဟောင်းဟာ အသင်းမှာ အဆင်မပြေမှုတွေရှိနေခဲ့ပြီး လူစာရင်းကနေလည်း ဖယ်ရှားခြင်းခံထားရသူဖြစ်ကာ လက်တလောမှာလည်း တူရကီကလပ် ဖီနာဘာချီ ဒါမှမဟုတ် အမေရိကန်ကလပ် ဒီစီယူနိုက်တက်ထံ ပြောင်းရွှေ့တော့မယ်လိ့ု သတင်းထွက်ပေါ်နေသူဖြစ်ပါတယ်။

ဒီလိုတွေဖြစ်လာရတာနဲ့ ပတ်သက်လို့ “သူ့ကို ပင်ကိုယ်ပါရမီရှိသူတစ်ယောက် ကွင်းထဲမှာ မမြင်ရတာဟာ ကျွန်တော့်ကို နာကျင်စေပါတယ်။ ဒါပေမယ့် ရှက်စရာလို့လည်း မြင်ပါတယ်။ ကျွန်တော့်အတွက်တော့ သူက ဂန္တဝင်မဖြစ်ထိုက်ပါဘူး။ သူ့မှာ ဂန္တဝင်တစ်ယောက်မှာရှိသင့်တဲ့ ကြိုးစားအားထုတ်မှု၊ မဆုတ်မနစ် အနစ်နာခံမှုတွေ ဘာမှ မရှိပါဘူး။ တီယာနီလို အားထုတ်မှုမျိုး၊ စိတ်နေစိတ်ထားမျိုး သူ့မှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး” လို့ ကီယွန်က talkSPORT ကို ပြောခဲ့ပါတယ်။

“သူ့မှာသာ တီယာနီလို စိတ်ထားမျိုး၊ နည်းနည်းလောက်ရှိခဲ့ပြီး သူ့ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့သာဆို အာဆင်နယ်သမိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်နေလောက်ပါပြီ။ သူက ခုတော့ တွစ်တာပေါ်မှာ Tweet တွေတင်ရင်း အသင်းကို ရွဲ့ရတာကိုပဲ ပျော်နေတဲ့သူဖြစ်နေပါတယ်။ သူ့အချိန်ကုန်ဆုံးသွားပြီလို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်” လို့လည်း ကီယွန်က ဆိုသွားခဲ့ပါသေးတယ်။

၂၀၁၃ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်းနဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ မီဆွတ် အိုဇေးလ်ဟာ အာဆင်နယ်အသင်းအတွက် ၂၅၄ ပွဲပါဝင်ကစားကာ ၄၄ ဂိုးသွင်းယူပြီး ၇၇ ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

Source: talkSPORT, Football 365

[ZAWGYI]

ဂႏၱဝင္တစ္ဦးျဖစ္တဲ့ မာတင္ ကီယြန္က အသင္းနဲ႔ လမ္းခြဲေတာ့မယ္လုိ႔ သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚေနတဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ဟာ ဘယ္ေနာက္ခံလူ ကီယန္ တီယာနီလို စိတ္ထားမ်ိဳးနဲ႔သာ နည္းနည္းေလာက္ၾကိဳးစားခဲ့ဖူးမယ္ဆိုရင္ ဂႏၱဝင္တကာ့ ထိပ္ေခါင္ ျဖစ္ေနေလာက္ျပီလို႔ ေဝဇန္ေျပာဆိုလိုက္ပါတယ္။

မာတင္ ကီယြန္က အိုေဇးလ္ရဲ႕ ၾကိဳးစားအားထုတ္လိုမႈ၊ စိတ္အားထက္သန္မႈကင္းမဲ့တဲ့ ကစားဟန္နဲ႔ နည္းစနစ္နဲ႔ လိုက္ေလ်ာညီေထြရွိတဲ့ အေျပာင္းအလဲေတြျပဳလုပ္ဖို႔ ျငင္းဆန္တတ္တဲ့ အက်င့္ေတြကို ဦးတည္ေဝဖန္ခဲ့တာျဖစ္ပါတယ္။ ကီယန္ တီယာနီဟာ ဘယ္ေနာက္ခံလူ တစ္ဦးျဖစ္ေပမယ့္ နည္းနစ္ပိုင္း လိုအပ္ခ်က္အရ ဗဟိုခံစစ္မွဴး၊ ဘယ္ေတာင္ပံအစြန္ေနာက္ခံလူစတဲ့ေနရာေတြကို ေျပာင္းေရႊ႕ကစားခဲ့သလို ပြဲတုိင္းမွာလည္း မိနစ္ ၉၀ လံုး မဆုတ္မနစ္အာရံုစိုက္ျပီး ၾကိဳးစားအားထုတ္ေလ့ရွိတာေၾကာင့္ ပရိတ္သတ္ေတြေရာ နည္းျပတုိင္းရဲ႕ ခ်စ္ခင္မႈကိုပါ ရရွိထားသူျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ ဂ်ာမန္လက္ေရြးစင္ေဟာင္းဟာ အသင္းမွာ အဆင္မေျပမႈေတြရွိေနခဲ့ျပီး လူစာရင္းကေနလည္း ဖယ္ရွားျခင္းခံထားရသူျဖစ္ကာ လက္တေလာမွာလည္း တူရကီကလပ္ ဖီနာဘာခ်ီ ဒါမွမဟုတ္ အေမရိကန္ကလပ္ ဒီစီယူႏုိက္တက္ထံ ေျပာင္းေရႊ႕ေတာ့မယ္လိ႔ု သတင္းထြက္ေပၚေနသူျဖစ္ပါတယ္။

ဒီလိုေတြျဖစ္လာရတာနဲ႔ ပတ္သက္လို႔ “သူ႔ကို ပင္ကိုယ္ပါရမီရွိသူတစ္ေယာက္ ကြင္းထဲမွာ မျမင္ရတာဟာ ကၽြန္ေတာ့္ကို နာက်င္ေစပါတယ္။ ဒါေပမယ့္ ရွက္စရာလို႔လည္း ျမင္ပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ သူက ဂႏၱဝင္မျဖစ္ထိုက္ပါဘူး။ သူ႔မွာ ဂႏၱဝင္တစ္ေယာက္မွာရွိသင့္တဲ့ ၾကိဳးစားအားထုတ္မႈ၊ မဆုတ္မနစ္ အနစ္နာခံမႈေတြ ဘာမွ မရွိပါဘူး။ တီယာနီလို အားထုတ္မႈမ်ိဳး၊ စိတ္ေနစိတ္ထားမ်ိဳး သူ႔မွာ ဘယ္တုန္းကမွ မရွိခဲ့ပါဘူး” လို႔ ကီယြန္က talkSPORT ကို ေျပာခဲ့ပါတယ္။

“သူ႔မွာသာ တီယာနီလို စိတ္ထားမ်ိဳး၊ နည္းနည္းေလာက္ရွိခဲ့ျပီး သူ႔ရဲ႕ ပင္ကိုယ္အရည္အေသြးနဲ႔သာဆို အာဆင္နယ္သမုိင္းမွာ အေကာင္းဆံုးကစားသမားျဖစ္ေနေလာက္ပါျပီ။ သူက ခုေတာ့ တြစ္တာေပၚမွာ Tweet ေတြတင္ရင္း အသင္းကို ရြဲ႕ရတာကိုပဲ ေပ်ာ္ေနတဲ့သူျဖစ္ေနပါတယ္။ သူ႔အခ်ိန္ကုန္ဆံုးသြားျပီလို႔ပဲ ကၽြန္ေတာ္ကေတာ့ ျမင္ပါတယ္” လို႔လည္း ကီယြန္က ဆိုသြားခဲ့ပါေသးတယ္။

၂၀၁၃ ခုႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္အသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၂.၅ သန္းနဲ႔ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕လာခဲ့တဲ့ မီဆြတ္ အိုေဇးလ္ဟာ အာဆင္နယ္အသင္းအတြက္ ၂၅၄ ပြဲပါဝင္ကစားကာ ၄၄ ဂိုးသြင္းယူျပီး ၇၇ ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။

Source: talkSPORT, Football 365

Leave a Reply