
[UNICODE]
အာဆင်နယ်ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဝေဖန်ပြစ်တင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်သင့်တယ်လို့ ၂၀၀၃-၀၄ ရာသီ ရှုံးပွဲမရှိချန်ပီယံ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူဟောင်း လော်ရန်က ပြောဆိုလိုက်ပါတယ်။
ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် လူစာရင်းနဲ့ ယူရိုပါလိဂ် လူစာရင်းတွေကနေ ဖယ်ရှားခံထားရပြီး အသင်းနဲ့ အဆင်မပြေမှုတွေ၊ ထိုက်တိုက်ရင်ဆိုင်မှုတွေ မကြာခဏဖြစ်နေသူဖြစ်ပါတယ်။

လောရန်ကတော့ ၃၂ နှစ်အရွယ် ဂျာမန်ကွင်းလယ်လူအနေနဲ့ အသင်းကနေ ထွက်ခွာဖို့လိုအပ်နေပြီလို့ ဆိုသွားခဲ့သလို လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေမှာ သူကိုယ်တိုင်ရဲ့ အပြစ်လည်း မကင်းဘူးလို့ Sky Sports ကို ပြောဆိုသွားခဲ့ပါတယ်။
“အိုဇေးလ်က ထိပ်တန်းကစားသမားပါ။ သူ ခုလိုဖြစ်နေတာကို မြင်ရတာဟာ ဝမ်းနည်းစရာဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းအကောင်းဆုံးထုတ်ဖော်နိုင်ဖို့ အားလုံးက အလိုရှိကြပါတယ်။ ဒါပေမယ့် အူနိုင်းလက်ထက်မှာရော အာတီတာလက်ထက်မှာရော ဖြစ်မလာခဲ့ပါဘူး။ အာတီတာက ကစားသမားတိုင်း အကောင်းဆုံးဖြစ်စေဖို့ အလိုရှိနေတာ သေချာပါတယ်။ အိုဇေးလ်က သူ့ရဲ့ သူ့လက်နဲ့သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ ပြဿနာတွေရဲ့ နောက်ဆက်တွဲတွေကို ခံစားနေရတာပါ” လို့ လော်ရန်ကဆိုခဲ့ပါတယ်။

“ပြောရမယ်ဆိုရင် သူက လွဲချော်နေတဲ့ကစားသမားဖြစ်နေပြီလို့ ဆိုရမလားပဲ။ သူ့ရဲ့ အရည်အသွေးကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် လူစာရင်းမှာ မပါတော့တာဟာ သူ့ရဲ့ ကိုယ်ပိုင် အမှားတွေကြောင့်လည်းပါတယ်ဆိုတာကို သူလက်ခံဖို့ လိုအပ်ပါတယ်။ အာဆင်နယ်ဘက်က ဆက်ဆံပုံက အမျှတဘူးဆိုရင်တောင်မှ သူကိုယ်တိုင်လည်း ခြေစွမ်းတည်ငြိမ်မှုရှိအောင် မနေခဲ့တာကို မေ့ထားလို့မမရပါဘူး။ နောက်ပြီး သူတစ်ယောက်ကို အလျှော့ပေးလိုက်ရင် မန်နေဂျာကို ကစားသမားက ကျော်လို့ရတယ်ဆိုတဲ့ လမ်းစကို ဖော်ပေးသလိုဖြစ်သွားနိုင်တယ်လေ” လို့လည်း လော်ရန်က ဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ ၈ ရာသီမြောက်ကစားသမားဘဝကို ဖြတ်သန်းနေတဲ့ မီဆွတ် အိုဇေးလ်ဟာ လက်ရှိအသင်းရဲ့ လူစာရင်းမှာ သက်တမ်းအရှည်ဆုံး ကစားသမားဖြစ်ပြီး အသင်းအတွက် ၂၅၄ ပွဲပါဝင်ကစားပေးထားကာ ၄၄ ဂိုးသွင်းယူပေးထားပါတယ်။
Source: Goal, Sky Sports
[ZAWGYI]
အာဆင္နယ္ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အေနနဲ႔ လက္ရွိရင္ဆုိင္ေနရတဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ ေဝဖန္ျပစ္တင္မယ္ဆိုရင္ ကိုယ့္ကိုယ္ကိုသာ အျပစ္တင္သင့္တယ္လုိ႔ ၂၀၀၃-၀၄ ရာသီ ရံႈးပြဲမရွိခ်န္ပီယံ အာဆင္နယ္အသင္းရဲ႕ ညာေနာက္ခံလူေဟာင္း ေလာ္ရန္က ေျပာဆိုလုိက္ပါတယ္။
ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ဟာ အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ လူစာရင္းနဲ႔ ယူရိုပါလိဂ္ လူစာရင္းေတြကေန ဖယ္ရွားခံထားရျပီး အသင္းနဲ႔ အဆင္မေျပမႈေတြ၊ ထိုက္တုိက္ရင္ဆုိင္မႈေတြ မၾကာခဏျဖစ္ေနသူျဖစ္ပါတယ္။

ေလာရန္ကေတာ့ ၃၂ ႏွစ္အရြယ္ ဂ်ာမန္ကြင္းလယ္လူအေနနဲ႔ အသင္းကေန ထြက္ခြာဖို႔လိုအပ္ေနျပီလို႔ ဆိုသြားခဲ့သလို လက္ရွိျဖစ္ေပၚေနတဲ့ ျပႆနာေတြမွာ သူကိုယ္တုိင္ရဲ႕ အျပစ္လည္း မကင္းဘူးလုိ႔ Sky Sports ကို ေျပာဆိုသြားခဲ့ပါတယ္။
“အိုေဇးလ္က ထိပ္တန္းကစားသမားပါ။ သူ ခုလိုျဖစ္ေနတာကို ျမင္ရတာဟာ ဝမ္းနည္းစရာျဖစ္ပါတယ္။ သူ႔ရဲ႕ ေျခစြမ္းအေကာင္းဆံုးထုတ္ေဖာ္ႏုိင္ဖို႔ အားလံုးက အလိုရွိၾကပါတယ္။ ဒါေပမယ့္ အူႏုိင္းလက္ထက္မွာေရာ အာတီတာလက္ထက္မွာေရာ ျဖစ္မလာခဲ့ပါဘူး။ အာတီတာက ကစားသမားတုိင္း အေကာင္းဆံုးျဖစ္ေစဖို႔ အလိုရွိေနတာ ေသခ်ာပါတယ္။ အိုေဇးလ္က သူ႔ရဲ႕ သူ႔လက္နဲ႔သူကိုယ္တုိင္ဖန္တီးခဲ့တဲ့ ျပႆနာေတြရဲ႕ ေနာက္ဆက္တြဲေတြကို ခံစားေနရတာပါ” လို႔ ေလာ္ရန္ကဆိုခဲ့ပါတယ္။

“ေျပာရမယ္ဆိုရင္ သူက လြဲေခ်ာ္ေနတဲ့ကစားသမားျဖစ္ေနျပီလို႔ ဆိုရမလားပဲ။ သူ႔ရဲ႕ အရည္အေသြးကို ကၽြန္ေတာ္ ယံုၾကည္ပါတယ္။ ဒါေပမယ့္ လူစာရင္းမွာ မပါေတာ့တာဟာ သူ႔ရဲ႕ ကိုယ္ပိုင္ အမွားေတြေၾကာင့္လည္းပါတယ္ဆိုတာကို သူလက္ခံဖို႔ လိုအပ္ပါတယ္။ အာဆင္နယ္ဘက္က ဆက္ဆံပံုက အမွ်တဘူးဆိုရင္ေတာင္မွ သူကိုယ္တိုင္လည္း ေျခစြမ္းတည္ျငိမ္မႈရွိေအာင္ မေနခဲ့တာကို ေမ့ထားလို႔မမရပါဘူး။ ေနာက္ျပီး သူတစ္ေယာက္ကို အေလွ်ာ့ေပးလိုက္ရင္ မန္ေနဂ်ာကို ကစားသမားက ေက်ာ္လို႔ရတယ္ဆိုတဲ့ လမ္းစကို ေဖာ္ေပးသလိုျဖစ္သြားႏုိင္တယ္ေလ” လို႔လည္း ေလာ္ရန္က ဆိုသြားခဲ့ပါတယ္။
အာဆင္နယ္အသင္းမွာ ၈ ရာသီေျမာက္ကစားသမားဘဝကို ျဖတ္သန္းေနတဲ့ မီဆြတ္ အိုေဇးလ္ဟာ လက္ရွိအသင္းရဲ႕ လူစာရင္းမွာ သက္တမ္းအရွည္ဆံုး ကစားသမားျဖစ္ျပီး အသင္းအတြက္ ၂၅၄ ပြဲပါဝင္ကစားေပးထားကာ ၄၄ ဂိုးသြင္းယူေပးထားပါတယ္။
Source: Goal, Sky Sports