အိုဇေးလ် ဖီနာဘာချီနဲ့ သဘောတူညီချက်ရပြီဆိုတာ မှန်ရဲ့လား

[UNICODE]

အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်တစ်ယောက် တူရကီကလပ် ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီချက် ရရှိသွားခဲ့ပြီဖြစ်တယ်ဆိုတဲ့ သတင်းတစ်ပုဒ် ယမန်နေ့တုန်းက အွန်လိုင်းမှာ တက်လာခဲ့ပါတယ်။

တူရကီအခြေစိုက် မထင်မရှား သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ DHA Spor က စတင်ဖော်ပြခဲ့တာဖြစ်ပြီး ဂျာမန်သားဟာ ဖီနာဘာချီအသင်းထံကို တစ်နှစ်လုပ်ခ ပေါင် ၄.၅ သန်း (တစ်ပတ်လုပ်ခ ပေါင် ၈၇၀၀၀) နဲ့ ၃ နှစ်ခွဲစာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ကစားဖို့ သဘောတူညီခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ ဒါ့အပြင် လက်မှတ်ထိုးကြေးလည်း ပေါင် ၂.၂၅ သန်း ရရှိဦးမှာဖြစ်တယ်လို့ သတင်းမှာဖော်ပြခဲ့ပါတယ်။

အဆိုပါသတင်းအရ တူရကီကလပ်ရဲ့ တာဝန်ရှိသူတွေနဲ့ နီးစပ်မှုရှိနေတဲ့ အိုဇေးလ်ဟာ တူရကီမှာ ဘောလုံးကစားသမားဘဝကို အဆုံးသတ်သွားတော့မှာဖြစ်ပြီး ဇနီးဖြစ်သူဟာလည်း တူရကီကို ပြောင်းရွှေ့သွားခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း အဆိုပါသတင်းကို ဥရောပတစ်လွှားက ထိပ်တန်းမီဒီယာအားလုံးက အတည်ပြုခဲ့ကြခြင်းမရှိသလို အိုဇေးလ်ရဲ့ အေးဂျင့်ဖြစ်သူ ဒေါက်တာ အာကွတ် ဆိုဂွတ်ကလည်း သူ့ကစားသမားဟာ ဇန်ဝါရီမှာ အသင်းကနေ ထွက်ခွာနိုင်ခြေရှိတယ်လို့ဆိုခဲ့ပေမယ့် သူတို့ဟာ ကျင့်ဝတ်နဲ့အညီ ယခုလအတွင်းမှာသာ ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တာကြောင့် ရာသီကုန်မှာ ထွက်ခွာတာက ပိုဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဒေါက်တာ ဆိုဂွတ်က အသင်းပြောင်းရွှေ့မယ်လို့ သတင်းတွေကြီးနေတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ရဲ့ အနာဂတ်ဟာ လာမယ့် ၇ ရက်ကနေ ၁၀ ရက်အတွင်းမှာ အဖြေထွက်လာလိမ့်မယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

လက်တလောမှာ မီဆွတ် အိုဇေးလ်ကို ခေါ်ယူဖို့ တူရကီကလပ် ဖီနာဘာချီအသင်းအပြင် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကလည်း ကြိုးပမ်းနေပြီး အဆိုပါအသင်းတွေ အခြေစိုက်ရာ အီစတန်ဘူလ်နဲ့ ဝါရှင်တန်ဒီစီတို့ဟာ အိုဇေးလ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ နေရာတွေဖြစ်ပါတယ်။

Source: Goal, TBR, DHA

[ZAWGYI]

အာဆင္နယ္အသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနတဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္တစ္ေယာက္ တူရကီကလပ္ ဖီနာဘာခ်ီအသင္းထံ ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီခ်က္ ရရွိသြားခဲ့ျပီျဖစ္တယ္ဆုိတဲ့ သတင္းတစ္ပုဒ္ ယမန္ေန႔တုန္းက အြန္လိုင္းမွာ တက္လာခဲ့ပါတယ္။

တူရကီအေျခစိုက္ မထင္မရွား သတင္းဝက္ဘ္ဆုိက္တစ္ခုျဖစ္တဲ့ DHA Spor က စတင္ေဖာ္ျပခဲ့တာျဖစ္ျပီး ဂ်ာမန္သားဟာ ဖီနာဘာခ်ီအသင္းထံကို တစ္ႏွစ္လုပ္ခ ေပါင္ ၄.၅ သန္း (တစ္ပတ္လုပ္ခ ေပါင္ ၈၇၀၀၀) နဲ႔ ၃ ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုကာ ေျပာင္းေရႊ႕ကစားဖို႔ သေဘာတူညီခဲ့ျပီျဖစ္တယ္လုိ႔ ေဖာ္ျပခဲ့တာပါ။ ဒါ့အျပင္ လက္မွတ္ထိုးေၾကးလည္း ေပါင္ ၂.၂၅ သန္း ရရွိဦးမွာျဖစ္တယ္လုိ႔ သတင္းမွာေဖာ္ျပခဲ့ပါတယ္။

အဆုိပါသတင္းအရ တူရကီကလပ္ရဲ႕ တာဝန္ရွိသူေတြနဲ႔ နီးစပ္မႈရွိေနတဲ့ အိုေဇးလ္ဟာ တူရကီမွာ ေဘာလံုးကစားသမားဘဝကို အဆံုးသတ္သြားေတာ့မွာျဖစ္ျပီး ဇနီးျဖစ္သူဟာလည္း တူရကီကို ေျပာင္းေရႊ႕သြားခဲ့ျပီလုိ႔ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း အဆုိပါသတင္းကို ဥေရာပတစ္လႊားက ထိပ္တန္းမီဒီယာအားလံုးက အတည္ျပဳခဲ့ၾကျခင္းမရွိသလို အိုေဇးလ္ရဲ႕ ေအးဂ်င့္ျဖစ္သူ ေဒါက္တာ အာကြတ္ ဆိုဂြတ္ကလည္း သူ႔ကစားသမားဟာ ဇန္ဝါရီမွာ အသင္းကေန ထြက္ခြာႏုိင္ေျခရွိတယ္လို႔ဆိုခဲ့ေပမယ့္ သူတို႔ဟာ က်င့္ဝတ္နဲ႔အညီ ယခုလအတြင္းမွာသာ ေဆြးေႏြးမႈေတြျပဳလုပ္သြားမွာျဖစ္တာေၾကာင့္ ရာသီကုန္မွာ ထြက္ခြာတာက ပိုျဖစ္ႏုိင္တယ္လုိ႔ ဆိုခဲ့ပါတယ္။

ေဒါက္တာ ဆိုဂြတ္က အသင္းေျပာင္းေရႊ႕မယ္လို႔ သတင္းေတြၾကီးေနတဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ရဲ႕ အနာဂတ္ဟာ လာမယ့္ ၇ ရက္ကေန ၁၀ ရက္အတြင္းမွာ အေျဖထြက္လာလိမ့္မယ္လို႔လည္း ေျပာဆိုသြားခဲ့ပါတယ္။

လက္တေလာမွာ မီဆြတ္ အိုေဇးလ္ကို ေခၚယူဖို႔ တူရကီကလပ္ ဖီနာဘာခ်ီအသင္းအျပင္ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏုိက္တက္အသင္းကလည္း ၾကိဳးပမ္းေနျပီး အဆုိပါအသင္းေတြ အေျခစိုက္ရာ အီစတန္ဘူလ္နဲ႔ ဝါရွင္တန္ဒီစီတို႔ဟာ အိုေဇးလ္ရဲ႕ စီးပြားေရးလုပ္ငန္းေတြနဲ႔ ဆက္ႏြယ္ေနတဲ့ ေနရာေတြျဖစ္ပါတယ္။

Source: Goal, TBR, DHA

Leave a Reply