
[UNICODE]
အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းက အသင်းမှာ အငှားလာရောက်ကစားပြီး ခြေစွမ်းကောင်းတွေ ပြသနေတဲ့ နော်ဝေကွင်းလယ်လူ မာတင် အိုဒီဂတ်တစ်ယောက် အာဆင်နယ်မှာ ဆက်ရှိနေဖို့ နားချစည်းရုံးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
နော်ဝေသားဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းတွေ ဆက်တိုက်ပြသနေတာကြောင့် သူ့ကို ခေါ်ယူချင်တဲ့အသင်းတွေများပြားလာနေပြီး ချယ်လ်ဆီး၊ လီဗာပူးလ်၊ ပီအက်စ်ဂျီ၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်စတဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေလည်း ပါဝင်လာပါတယ်။

ဒါ့အပြင် မိခင်ကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကလည်း အိုဒီဂတ်ရဲ့ လက်ရှိခြေစွမ်းကြောင့် နော်ဝေသားကို လက်လွှတ်ဖို့ အင်တင်တင်ဖြစ်နေပြီး ရောင်းထုတ်မယ်ဆိုရင်တောင်မှ မြင့်မားတဲ့ပြောင်းရွှေ့ကြေးမျိုးနဲ့ရောင်းချဖို့ စဉ်းစားလာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မာတင် အိုဒီဂတ်ကိုယ်တိုင်ကတော့ အာဆင်နယ်အသင်းဟာ သူ့အတွက် နွေးထွေးတဲ့ အိမ်လိုခံစားစေရတဲ့နေရာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားသလို အမ်းမရိတ်မှာ ဆက်ကစားလိုတဲ့ အရိပ်အယောင်တွေ ပြသနေသူပါ။

ခုလိုအချိန်မှာပဲ တိုက်စစ်မှူး အူဘာမီယန်းကတော့ အသင်းဖော် အိုဒီဂတ်တစ်ယောက် အာဆင်နယ်မှာပဲ ဆက်ကစားတော့မယ်ဆိုတဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်မျိုး ချမှတ်လာနိုင်ဖို့ သူ့ဘက်က ကူညီနားချစည်းရုံးသွားမှာဖြစ်တယ်လို့ ပရိတ်သတ်တွေကို အတိတလင်းပြောဆိုသွားခဲ့ပါတယ်။
အူဘာမီယန်းဟာ သူနဲ့စပွန်ဆာ စာချုပ်ချုပ်ဆိုထားတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း Twitch မှာ ပရိတ်သတ်တွေနဲ့ အင်တာဗျူးပြုလုပ်ရင်း ပရိတ်သတ်တွေရဲ့ မေးခွန်းကို ဖြေကြားရာမှာ “အိုဒီဂတ် အသင်းနဲ့ စာချုပ်ချုပ်ဖြစ်အောင် ကျွန်တော် သေချာပေါက် တိုက်တွန်းမှာပါ” လို့ ဖြေကြားပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
Source: Teamtalk
[ZAWGYI]
အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ တုိက္စစ္မွဴး ပီယာရီ-အမ္းမရစ္ အူဘာမီယန္းက အသင္းမွာ အငွားလာေရာက္ကစားျပီး ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ ေနာ္ေဝကြင္းလယ္လူ မာတင္ အိုဒီဂတ္တစ္ေယာက္ အာဆင္နယ္မွာ ဆက္ရွိေနဖို႔ နားခ်စည္းရုံးသြားမယ္လုိ႔ ေျပာဆိုလိုက္ပါတယ္။
ေနာ္ေဝသားဟာ အာဆင္နယ္အသင္းမွာ ေျခစြမ္းေတြ ဆက္တုိက္ျပသေနတာေၾကာင့္ သူ႔ကို ေခၚယူခ်င္တဲ့အသင္းေတြမ်ားျပားလာေနျပီး ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ ပီအက္စ္ဂ်ီ၊ မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္စတဲ့ ဥေရာပထိပ္တန္းအသင္းၾကီးေတြလည္း ပါဝင္လာပါတယ္။

ဒါ့အျပင္ မိခင္ကလပ္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကလည္း အိုဒီဂတ္ရဲ႕ လက္ရွိေျခစြမ္းေၾကာင့္ ေနာ္ေဝသားကို လက္လႊတ္ဖို႔ အင္တင္တင္ျဖစ္ေနျပီး ေရာင္းထုတ္မယ္ဆိုရင္ေတာင္မွ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးမ်ိဳးနဲ႔ေရာင္းခ်ဖို႔ စဥ္းစားလာေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
မာတင္ အိုဒီဂတ္ကိုယ္တုိင္ကေတာ့ အာဆင္နယ္အသင္းဟာ သူ႔အတြက္ ေႏြးေထြးတဲ့ အိမ္လိုခံစားေစရတဲ့ေနရာျဖစ္တယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုထားသလို အမ္းမရိတ္မွာ ဆက္ကစားလိုတဲ့ အရိပ္အေယာင္ေတြ ျပသေနသူပါ။

ခုလိုအခ်ိန္မွာပဲ တုိက္စစ္မွဴး အူဘာမီယန္းကေတာ့ အသင္းေဖာ္ အိုဒီဂတ္တစ္ေယာက္ အာဆင္နယ္မွာပဲ ဆက္ကစားေတာ့မယ္ဆုိတဲ့ ျပတ္သားတဲ့ဆံုးျဖတ္ခ်က္မ်ိဳး ခ်မွတ္လာႏုိင္ဖို႔ သူ႔ဘက္က ကူညီနားခ်စည္းရံုးသြားမွာျဖစ္တယ္လို႔ ပရိတ္သတ္ေတြကို အတိတလင္းေျပာဆိုသြားခဲ့ပါတယ္။
အူဘာမီယန္းဟာ သူနဲ႔စပြန္ဆာ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ဆိုရွယ္မီဒီယာ ပလက္ေဖာင္း Twitch မွာ ပရိတ္သတ္ေတြနဲ႔ အင္တာဗ်ဴးျပဳလုပ္ရင္း ပရိတ္သတ္ေတြရဲ႕ ေမးခြန္းကို ေျဖၾကားရာမွာ “အိုဒီဂတ္ အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ျဖစ္ေအာင္ ကၽြန္ေတာ္ ေသခ်ာေပါက္ တိုက္တြန္းမွာပါ” လို႔ ေျဖၾကားေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။
Source: Teamtalk