
[UNICODE]
နော်ဝေလူမျိုး ကွင်းလယ်တိုက်စစ်ကြယ်ပွင့် မာတင် အိုဒီဂတ်ကတော့ ယမန်နေ့တုန်းကပဲ အာဆင်နယ်အသင်းသား တရားဝင်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အငှားစာချုပ်နဲ့သာ ခေါ်ယူခဲ့တာဖြစ်ပေမယ့် အာဆင်နယ်အသင်းဘက်ကတော့ ရာသီကုန်မှာ အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့ မျှော်လင့်ချက်ကို မက်ဒရစ်ကလပ်ထံ အသိပေးထားပြီးသားပါ။ ဒါကြောင့် နော်ဝေသားဟာ အာဆင်နယ်အသင်းမှာ ၆ လထက်ပိုပြီး ရှိနေနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ခိုင်ခိုင်မာမာထွက်ပေါ်နေပါတယ်။
တကယ်တမ်းအားဖြင့် အာဆင်နယ်အသင်းက အိုဒီဂတ်ကို ခေါ်ယူခဲ့တာ အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်းကင်းမဲ့နေတဲ့ အခြေအနေတစ်ရပ်ကို ကုစားဖို့အတွက်ဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ လူငယ်ကစားသမား အီမီလီ စမစ်-ရိုးတစ်ယောက် တောက်လျှောက်ခြေစွမ်းပြသလာနေပေမယ့် ပွဲဆက်တွေများလာတဲ့အတွက် ပွဲပန်းမှုဒါဏ်ကို ခံစားနေရပါတယ်။

ဒီလိုအခြေအနေတွေရင်ဆိုင်နေရတဲ့ ဂန်းနားတွေက ကွင်းလယ်တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာပိုများလာဖို့နဲ့ လုပ်အားနှုန်း၊ စွမ်းဆောင်ရည်တွေ ပိုတက်လာစေဖို့အတွက် မာတင် အိုဒီဂတ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အိုဒီဂတ်ကို ခေါ်ယူလိုက်ရုံနဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်က အရမ်းကောင်းသွားမှာလား? လုပ်အားနှုန်းတွေ တက်လာမှာလား? ဆိုရင်တော့ ကံသေကံမပြောရခက်ပါတယ်။ ဒါပေမယ့် အိုဒီဂတ်မှာ ဘယ်လိုအရည်အသွေးတွေ ပိုင်ဆိုင်ထားပြီး သူဘာတွေ စွမ်းဆောင်ပြနိုင်ခြေရှိလဲဆိုတာကိုတော့ သုံးသပ်ပြချင်ပါတယ်။

အိုဒီဂတ် ဘယ်သူလဲ
မာတင် အိုဒီဂတ်ဆိုတာ ၁၃ နှစ်သားအရွယ်မှာကတည်းက ပထမအသင်းကြီးမှာ လေ့ကျင့်ခွင့်ရခဲ့ပြီး ၁၅ နှစ်သားအရွယ်မှာ စီနီယာပွဲထွက်ခွင့်စရခဲ့တဲ့ လူငယ်လေးတစ်ယောက်ပေါ့။ သိပ်မကြာခင်မှာပဲ ချန်ပီယံလိဂ်သွင်းဂိုး သွင်းယူနိုင်ခဲ့တာမို့ ဥရောပထိပ်တန်းအသင်းတွေရဲ့ မျက်စိကျခြင်းကိုခံခဲ့ရသူပါ။
အဲ့ဒီကတည်းက မန်ယူ၊ ဘိုင်ယန်၊ အာဆင်နယ်၊ လီဗာပူးလ်တို့နဲ့ စမ်းသပ်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်သွားခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်မှာရှိနေစဉ်ကာလတွေမှာတော့ ဗီတက်ဆီ၊ ဟီရန်ဗင်းနဲ့ ဆိုစီဒက်တို့ဆီ အငှားထွက် ကစားရင်း အချိန်အများစုကိုဖြတ်သန်းခဲ့ရသူပါ။ ခုတော့ အာဆင်နယ်ဆီ ရောက်လာတယ်ပေါ့။

ကစားပုံစတိုင်လ်
မာတင် အိုဒီဂတ်က ညာတောင်ပံကစားသမားအဖြစ် ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပါတယ်။ တဖြေးဖြေးချင်းနဲ့ Traditional No.10 ဖြစ်လာခဲ့ပြီးတော့ နောက်ထပ် သူအားသန်တဲ့နေရာက No.8 နေရာပါ။ အာဆင်နယ်မှာတော့ No.10 နဲ့ No.8 နေရာ ၂ မျိုးလုံးမှာ အလျှဉ်းသင့်သလို ကစားသွားရဖို့ ရှိနေပါတယ်။
သူ့ရဲ့ ကစားဟန်က တစ်ဦးချင်းဖြတ်ကျော်နိုင်စွမ်းနဲ့ နည်းစနစ်ပိုင်း အရည်အသွေးကို ပေါင်းစပ်အသုံးချတဲ့ ပုံစံမျိုးဖြစ်ပြီးတော့ ဘောလုံးဆွဲပြေးဟန်က အိုဇေးလ်နဲ့ခပ်ဆင်ဆင်တူပါတယ်။ No.8 နေရာမှာ ကစားချိန်မှာဆိုရင် ဒေးဗစ် ဆေးလ်ဗားတို့ ဆန်တီ ကာဇိုလာတို့နဲ့ ဆင်တူတယ်လို့ မှတ်ချက်ပြုကြပေမယ့် ကျွန်တော်ကတော့ သူ့ရဲ့ ဘောလုံးဖြန့်ဝေပုံစတိုင်လ်အရ ဇာဗီ အလွန်ဆိုနဲ့ပိုဆင်တယ်လို့ ခံစားရပါတယ်။

အားသာချက်
အိုဒီဂတ်ရဲ့ အားသာချက်က ဘောလုံးကို ကောင်းကောင်းထိမ်းချုပ်နိုင်တာပါ။ သူက ဘောလုံးဆုံးရှုံးမှုနည်းတဲ့ ကွင်းလယ်လူအနည်းငယ်ထဲက တစ်ယောက်ပါ။ နောက်ထပ်အားသာချက်ကတော့ အခွင့်အရေးဖန်တီးနိုင်စွမ်းပါပဲ။ အိုဒီဂတ်ရဲ့ လာလီဂါစွမ်းဆောင်ရည်ဟာ တစ်ပွဲကို Key passes ၂ ကြိမ် နဲ့ ဂိုးကန်သွင်းချက် ၃.၂၂ ကြိမ်ပြုလုပ်နိုင်တယ်ဆိုတဲ့ မှတ်တမ်းကောင်းနဲ့ပါ။ သူ့ရဲ့ ဘောလုံးဖြန့်ဝေမှုစုစုပေါင်းရဲ့ ၃၂.၉၃% ဟာ Key passes တွေဖြစ်နေတဲ့အချက်ကတော့ တော်တော်လေးကောင်းမွန်တဲ့ မှတ်တမ်းကောင်းလို့ ဆိုရပါမယ်။
နောက်ထပ် အားသာချက်ကိုပြပါဆိုရင်တော့ဖြင့် အလိမ်အခေါက်စွမ်းရည်ကို ပြရပါလိမ့်မယ်။ အိုဒီဂတ်ဟာ တစ်ပွဲကိုပျမ်းမျှ ဘောလုံးဆွဲယူပြေးနိုင်မှု ၇.၅၈ ကြိမ်ရှိပါတယ်။ သူရဲ့ အလိမ်အခေါက် အောင်မြင်မှုနှုန်းကလည်း ၆၇.၀၂% ပါ။ တစ်ပွဲပျမ်းမျှ နေရာယူပုံလွဲမှားမှုကလည်း ၁.၂ ကြိမ်သာရှိပါတယ်။ တစ်ပွဲတည်းနဲ့ ၁၅ ကြိမ်ထက်မနည်း နေရယူမှားလေ့ရှိတဲ့ ပက်ပေ၊ ဝီလီယံတို့နဲ့ နှိုင်းယှဉ်တွေးတောနိုင်ပါတယ်။
တကယ်လို့ အိုဒီဂတ်ကို အိုဇေးလ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကွာခြားသွားမယ့်အချက်က ဘောလုံးဆုံးရှုံးချိန်မှာ ရွေ့လျားနိုင်စွမ်းဖြစ်ပါလိမ့်မယ်။ အိုဒီဂတ်ဟာ ဘောလုံးဆုံးရှုံးချိန်တွေမှာ ပြိုင်ဘက်ကို ဖိအားပေးနိုင်စွမ်း အကြိမ်ရေ ၁၄.၃၆ အထိရှိပါတယ်။

အားနည်းချက်
လူတိုင်းမှာ အားနည်းချက်ရှိတတ်တာမို့ အိုဒီဂတ်မှာလည်း အားနည်းချက်တွေနဲ့ပါ။ အသိသာဆုံးအားနည်းချက်ကတော့ အမြင့်ဘောလုယူနိုင်စွမ်းပါပဲ။ တော်ရုံမဟုတ်ပါဘူး၊ တစ်ပွဲကို ပျမ်းမျှ ဝ.၃ ကြိမ်သာ လုယူနိုင်စွမ်းရှိတဲ့အထိ ဆိုးဆိုးရွားရွားကို အားနည်းတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်လိုပြိုင်ပွဲမျိုးမှာ ဒီအချက် တော်တော်လေး စိန်ခေါ်မှုများတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ လက်တလောမှာ ပွဲဆက်ပြတ်နေတဲ့အချက်ပါ။ အာတီတာလို ကစားသမားတစ်ယောက်ကို ပွဲရှိန်ပြန်ရဖို့ အချိန်ယူတတ်တဲ့ နည်းပြမျိုးလက်အောက်မှာ သူ့အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အချိန်လုံလုံလောက်လောက်ရပါ့မလား စိုးရိမ်ရပါတယ်။

ဘယ်နေရာမှာ ကစားခွင့်ရမလဲ
အပေါ်မှာ ပြောခဲ့သလိုပဲ အိုဒီဂတ်က ကွင်းလယ်တိုက်စစ်၊ ကွင်းလယ်ဗဟိုနဲ့ ညာတောင်ပံတွေမှာ ကစားနိုင်ပါတယ်။ သူ့ရဲ့ Heat map တွေကို ကြည့်မယ်ဆိုရင် အမြဲတမ်း ကွင်းရဲ့ညာဘက်ခြမ်းမှာ အနေများတာကို မြင်ရပါလိမ့်မယ်။
လက်ရှိအာဆင်နယ်အသင်း ကစားနေတဲ့ ၄-၂-၃-၁ ကစားကွက်မှာဆိုရင် ကွင်းလယ်တိုက်စစ်၊ ကွင်းလယ်တိုက်စစ်ညာခြမ်းနဲ့ ကွင်းလယ်ဗဟိုတွေမှာ ထည့်သွင်းကစားခိုင်းလို့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းမှာ သူပါဝင်ကစားခွင့်ရနိုင်ခြေ အရှိဆုံးနေရာကတော့ ကွင်းလယ်တိုက်စစ်နေရာလို့ ဆိုရပါလိမ့်မယ်။

အချုပ်ဆိုရမယ်ဆိုရင်တော့ အိုဒီဂတ်ဟာ အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ်ကွင်းလယ်လူ တစ်ယောက်ပါ။ သူ့ဆီကနေ ထုတ်ယူလို့ရတဲ့ အားသာချက်တွေလည်း များပါတယ်။ အာဆင်နယ်အသင်းဟာ မှန်မှန်ကန်ကန် အကျိုးရှိရှိအသုံးချနိုင်မယ်ဆိုရင် အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ့် ကြယ်ပွင့်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
တစ်ဖက်မှာလည်း လိဂ်အသစ်မှာ သူ ချက်ခြင်းအံဝင်နိုင်ပါ့မလားဆိုတာနဲ့ သူ့ရဲ့ အမြင့်ဘောကစားနိုင်စွမ်းအားနည်းချက်တွေက စိန်ခေါ်မှုတွေအဖြစ် စောင့်ကြိုနေကြပါလေရဲ့။
[ZAWGYI]
ေနာ္ေဝလူမ်ိဳး ကြင္းလယ္တုိက္စစ္ၾကယ္ပြင့္ မာတင္ အိုဒီဂတ္ကေတာ့ ယမန္ေန႔တုန္းကပဲ အာဆင္နယ္အသင္းသား တရားဝင္ျဖစ္လာခဲ့ျပီျဖစ္ပါတယ္။ အငွားစာခ်ဳပ္နဲ႔သာ ေခၚယူခဲ့တာျဖစ္ေပမယ့္ အာဆင္နယ္အသင္းဘက္ကေတာ့ ရာသီကုန္မွာ အျပီးသတ္ေခၚယူမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို မက္ဒရစ္ကလပ္ထံ အသိေပးထားျပီးသားပါ။ ဒါေၾကာင့္ ေနာ္ေဝသားဟာ အာဆင္နယ္အသင္းမွာ ၆ လထက္ပိုျပီး ရွိေနႏုိင္တယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြလည္း ခုိင္ခုိင္မာမာထြက္ေပၚေနပါတယ္။
တကယ္တမ္းအားျဖင့္ အာဆင္နယ္အသင္းက အိုဒီဂတ္ကို ေခၚယူခဲ့တာ အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္းကင္းမဲ့ေနတဲ့ အေျခအေနတစ္ရပ္ကို ကုစားဖို႔အတြက္ျဖစ္ပါတယ္။ ေနာက္ပိုင္းပြဲစဥ္ေတြမွာ လူငယ္ကစားသမား အီမီလီ စမစ္-ရိုးတစ္ေယာက္ ေတာက္ေလွ်ာက္ေျခစြမ္းျပသလာေနေပမယ့္ ပြဲဆက္ေတြမ်ားလာတဲ့အတြက္ ပြဲပန္းမႈဒါဏ္ကို ခံစားေနရပါတယ္။

ဒီလိုအေျခအေနေတြရင္ဆုိင္ေနရတဲ့ ဂန္းနားေတြက ကြင္းလယ္တုိက္စစ္ပိုင္းမွာ ေရြးခ်ယ္စရာပိုမ်ားလာဖို႔နဲ႔ လုပ္အားႏႈန္း၊ စြမ္းေဆာင္ရည္ေတြ ပိုတက္လာေစဖို႔အတြက္ မာတင္ အိုဒီဂတ္ကို ေခၚယူခဲ့တာျဖစ္ပါတယ္။
အိုဒီဂတ္ကို ေခၚယူလိုက္ရံုနဲ႔ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္တုိက္စစ္က အရမ္းေကာင္းသြားမွာလား? လုပ္အားႏႈန္းေတြ တက္လာမွာလား? ဆိုရင္ေတာ့ ကံေသကံမေျပာရခက္ပါတယ္။ ဒါေပမယ့္ အိုဒီဂတ္မွာ ဘယ္လိုအရည္အေသြးေတြ ပိုင္ဆုိင္ထားျပီး သူဘာေတြ စြမ္းေဆာင္ျပႏုိင္ေျခရွိလဲဆုိတာကိုေတာ့ သံုးသပ္ျပခ်င္ပါတယ္။

အိုဒီဂတ္ ဘယ္သူလဲ
မာတင္ အုိဒီဂတ္ဆိုတာ ၁၃ ႏွစ္သားအရြယ္မွာကတည္းက ပထမအသင္းၾကီးမွာ ေလ့က်င့္ခြင့္ရခဲ့ျပီး ၁၅ ႏွစ္သားအရြယ္မွာ စီနီယာပြဲထြက္ခြင့္စရခဲ့တဲ့ လူငယ္ေလးတစ္ေယာက္ေပါ့။ သိပ္မၾကာခင္မွာပဲ ခ်န္ပီယံလိဂ္သြင္းဂိုး သြင္းယူႏိုင္ခဲ့တာမုိ႔ ဥေရာပထိပ္တန္းအသင္းေတြရဲ႕ မ်က္စိက်ျခင္းကိုခံခဲ့ရသူပါ။
အဲ့ဒီကတည္းက မန္ယူ၊ ဘုိင္ယန္၊ အာဆင္နယ္၊ လီဗာပူးလ္တုိ႔နဲ႔ စမ္းသပ္ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ျပီး ေနာက္ဆံုးမွာေတာ့ ရီးရဲလ္မက္ဒရစ္ကို ေရြးခ်ယ္သြားခဲ့သူျဖစ္ပါတယ္။ ရီးရဲလ္မွာရွိေနစဥ္ကာလေတြမွာေတာ့ ဗီတက္ဆီ၊ ဟီရန္ဗင္းနဲ႔ ဆိုစီဒက္တို႔ဆီ အငွားထြက္ ကစားရင္း အခ်ိန္အမ်ားစုကိုျဖတ္သန္းခဲ့ရသူပါ။ ခုေတာ့ အာဆင္နယ္ဆီ ေရာက္လာတယ္ေပါ့။

ကစားပံုစတုိင္လ္
မာတင္ အိုဒီဂတ္က ညာေတာင္ပံကစားသမားအျဖစ္ ကစားသမားဘဝကို စတင္ခဲ့သူျဖစ္ပါတယ္။ တေျဖးေျဖးခ်င္းနဲ႔ Traditional No.10 ျဖစ္လာခဲ့ျပီးေတာ့ ေနာက္ထပ္ သူအားသန္တဲ့ေနရာက No.8 ေနရာပါ။ အာဆင္နယ္မွာေတာ့ No.10 နဲ႔ No.8 ေနရာ ၂ မ်ိဳးလံုးမွာ အလွ်ဥ္းသင့္သလို ကစားသြားရဖို႔ ရွိေနပါတယ္။
သူ႔ရဲ႕ ကစားဟန္က တစ္ဦးခ်င္းျဖတ္ေက်ာ္ႏိုင္စြမ္းနဲ႔ နည္းစနစ္ပိုင္း အရည္အေသြးကို ေပါင္းစပ္အသံုးခ်တဲ့ ပံုစံမ်ိဳးျဖစ္ျပီးေတာ့ ေဘာလံုးဆြဲေျပးဟန္က အိုေဇးလ္နဲ႔ခပ္ဆင္ဆင္တူပါတယ္။ No.8 ေနရာမွာ ကစားခ်ိန္မွာဆိုရင္ ေဒးဗစ္ ေဆးလ္ဗားတုိ႔ ဆန္တီ ကာဇုိလာတို႔နဲ႔ ဆင္တူတယ္လုိ႔ မွတ္ခ်က္ျပဳၾကေပမယ့္ ကၽြန္ေတာ္ကေတာ့ သူ႔ရဲ႕ ေဘာလံုးျဖန္႔ေဝပံုစတုိင္လ္အရ ဇာဗီ အလြန္ဆိုနဲ႔ပိုဆင္တယ္လုိ႔ ခံစားရပါတယ္။

အားသာခ်က္
အိုဒီဂတ္ရဲ႕ အားသာခ်က္က ေဘာလံုးကို ေကာင္းေကာင္းထိမ္းခ်ဳပ္ႏုိင္တာပါ။ သူက ေဘာလံုးဆံုးရံႈးမႈနည္းတဲ့ ကြင္းလယ္လူအနည္းငယ္ထဲက တစ္ေယာက္ပါ။ ေနာက္ထပ္အားသာခ်က္ကေတာ့ အခြင့္အေရးဖန္တီးႏုိင္စြမ္းပါပဲ။ အိုဒီဂတ္ရဲ႕ လာလီဂါစြမ္းေဆာင္ရည္ဟာ တစ္ပြဲကို Key passes ၂ ၾကိမ္ နဲ႔ ဂိုးကန္သြင္းခ်က္ ၃.၂၂ ၾကိမ္ျပဳလုပ္ႏုိင္တယ္ဆိုတဲ့ မွတ္တမ္းေကာင္းနဲ႔ပါ။ သူ႔ရဲ႕ ေဘာလံုးျဖန္႔ေဝမႈစုစုေပါင္းရဲ႕ ၃၂.၉၃% ဟာ Key passes ေတြျဖစ္ေနတဲ့အခ်က္ကေတာ့ ေတာ္ေတာ္ေလးေကာင္းမြန္တဲ့ မွတ္တမ္းေကာင္းလို႔ ဆိုရပါမယ္။
ေနာက္ထပ္ အားသာခ်က္ကိုျပပါဆိုရင္ေတာ့ျဖင့္ အလိမ္အေခါက္စြမ္းရည္ကို ျပရပါလိမ့္မယ္။ အိုဒီဂတ္ဟာ တစ္ပြဲကိုပ်မ္းမွ် ေဘာလံုးဆြဲယူေျပးႏုိင္မႈ ၇.၅၈ ၾကိမ္ရွိပါတယ္။ သူရဲ႕ အလိမ္အေခါက္ ေအာင္ျမင္မႈႏႈန္းကလည္း ၆၇.၀၂% ပါ။ တစ္ပြဲပ်မ္းမွ် ေနရာယူပံုလြဲမွားမႈကလည္း ၁.၂ ၾကိမ္သာရွိပါတယ္။ တစ္ပြဲတည္းနဲ႔ ၁၅ ၾကိမ္ထက္မနည္း ေနရယူမွားေလ့ရွိတဲ့ ပက္ေပ၊ ဝီလီယံတို႔နဲ႔ ႏိႈင္းယွဥ္ေတြးေတာႏုိင္ပါတယ္။
တကယ္လုိ႔ အိုဒီဂတ္ကို အိုေဇးလ္နဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ ကြာျခားသြားမယ့္အခ်က္က ေဘာလံုးဆံုးရံႈးခ်ိန္မွာ ေရြ႕လ်ားႏုိင္စြမ္းျဖစ္ပါလိမ့္မယ္။ အိုဒီဂတ္ဟာ ေဘာလံုးဆံုးရံႈးခ်ိန္ေတြမွာ ျပိဳင္ဘက္ကို ဖိအားေပးႏုိင္စြမ္း အၾကိမ္ေရ ၁၄.၃၆ အထိရွိပါတယ္။

အားနည္းခ်က္
လူတုိင္းမွာ အားနည္းခ်က္ရွိတတ္တာမို႔ အိုဒီဂတ္မွာလည္း အားနည္းခ်က္ေတြနဲ႔ပါ။ အသိသာဆံုးအားနည္းခ်က္ကေတာ့ အျမင့္ေဘာလုယူႏုိင္စြမ္းပါပဲ။ ေတာ္ရံုမဟုတ္ပါဘူး၊ တစ္ပြဲကို ပ်မ္းမွ် ၀.၃ ၾကိမ္သာ လုယူႏုိင္စြမ္းရွိတဲ့အထိ ဆိုးဆိုးရြားရြားကို အားနည္းတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္လိုျပိဳင္ပြဲမ်ိဳးမွာ ဒီအခ်က္ ေတာ္ေတာ္ေလး စိန္ေခၚမႈမ်ားတဲ့ ကိစၥျဖစ္ပါတယ္။ ေနာက္ထပ္တစ္ခ်က္ကေတာ့ လက္တေလာမွာ ပြဲဆက္ျပတ္ေနတဲ့အခ်က္ပါ။ အာတီတာလို ကစားသမားတစ္ေယာက္ကို ပြဲရွိန္ျပန္ရဖို႔ အခ်ိန္ယူတတ္တဲ့ နည္းျပမ်ိဳးလက္ေအာက္မွာ သူ႔အေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ အခ်ိန္လံုလံုေလာက္ေလာက္ရပါ့မလား စိုးရိမ္ရပါတယ္။

ဘယ္ေနရာမွာ ကစားခြင့္ရမလဲ
အေပၚမွာ ေျပာခဲ့သလိုပဲ အိုဒီဂတ္က ကြင္းလယ္တုိက္စစ္၊ ကြင္းလယ္ဗဟိုနဲ႔ ညာေတာင္ပံေတြမွာ ကစားႏုိင္ပါတယ္။ သူ႔ရဲ႕ Heat map ေတြကို ၾကည့္မယ္ဆိုရင္ အျမဲတမ္း ကြင္းရဲ႕ညာဘက္ျခမ္းမွာ အေနမ်ားတာကို ျမင္ရပါလိမ့္မယ္။
လက္ရွိအာဆင္နယ္အသင္း ကစားေနတဲ့ ၄-၂-၃-၁ ကစားကြက္မွာဆိုရင္ ကြင္းလယ္တုိက္စစ္၊ ကြင္းလယ္တိုက္စစ္ညာျခမ္းနဲ႔ ကြင္းလယ္ဗဟိုေတြမွာ ထည့္သြင္းကစားခိုင္းလို႔ရပါတယ္။ ဒါေပမယ့္ အာဆင္နယ္အသင္းမွာ သူပါဝင္ကစားခြင့္ရႏိုင္ေျခ အရွိဆံုးေနရာကေတာ့ ကြင္းလယ္တုိက္စစ္ေနရာလို႔ ဆိုရပါလိမ့္မယ္။

အခ်ဳပ္ဆိုရမယ္ဆိုရင္ေတာ့ အိုဒီဂတ္ဟာ အလားအလာေကာင္းေတြပိုင္ဆုိင္ထားတဲ့ လူငယ္ကြင္းလယ္လူ တစ္ေယာက္ပါ။ သူ႔ဆီကေန ထုတ္ယူလို႔ရတဲ့ အားသာခ်က္ေတြလည္း မ်ားပါတယ္။ အာဆင္နယ္အသင္းဟာ မွန္မွန္ကန္ကန္ အက်ိဳးရွိရွိအသံုးခ်ႏုိင္မယ္ဆိုရင္ အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ လိုအပ္ခ်က္ကို အေကာင္းဆံုး ျဖည့္ဆည္းေပးႏုိင္မယ့္ ၾကယ္ပြင့္တစ္ေယာက္ျဖစ္လာႏုိင္ပါတယ္။
တစ္ဖက္မွာလည္း လိဂ္အသစ္မွာ သူ ခ်က္ျခင္းအံဝင္ႏုိင္ပါ့မလားဆိုတာနဲ႔ သူ႔ရဲ႕ အျမင့္ေဘာကစားႏိုင္စြမ္းအားနည္းခ်က္ေတြက စိန္ေခၚမႈေတြအျဖစ္ ေစာင့္ၾကိဳေနၾကပါေလရဲ႕။