အိုဒီဂတ်နဲ့ ပက်ပေကြောင့် စမစ်-ရိုးနဲ့ ဆာကာတို့ ထိခိုက်လာမှာလား

[UNICODE]

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဟောင်း မာတင် ကီယွန်က နီကိုလပ်စ် ပပ်ပေနဲ့ မာတင် အိုဒီဂတ်တို့ကြောင့် အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဘူကာယို ဆာကာနဲ့ အီမီလီ စမစ်-ရိုးတို့ ထိခိုက်လာမှာကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လက်တလောမှာ ခြေစွမ်းတည်ငြိမ်နေတဲ့ အိုဒီဂတ်နဲ့ ပက်ပေတို့ဟာ နည်းပြဖြစ်သူ အာတီတာရဲ့ စိတ်ကြိုက်ကစားသမားတွေဖြစ်ကြပြီး ဆာကာနဲ့ စမစ်-ရိုးတို့ကတော့ အာဆင်နယ်အသင်း ကျဉ်းထဲကျပ်ထဲရောက်နေချိန်မှာ ရုံးကန်ပြီး ရလဒ်တွေကို ဆွဲတင်ပေးခဲ့ကြတဲ့ လူငယ်ကြယ်ပွင့်တွေပါ။

နော်ဝေကြယ်ပွင့် အိုဒီဂတ်ကို ရီးရဲလ်ကနေ အငှားခေါ်ယူချိန်ကတည်းက စမစ်-ရိုးနဲ့ ကစားပေါက်ရော ကစားဟန်ပါတူနေတာကြောင့် အင်္ဂလိပ်ကြယ်ပွင့်ရဲ့ တိုးတက်မှုကို ထိခိုက်စေနိုင်တယ်ဆိုပြီး ဂန္တဝင်တွေက ကန့်ကွက်ခဲ့ကြဖူးပါတယ်။ ခုချိန်မှာဆိုရင်လည်း နည်းပြအာတီတာက အိုဒီဂတ်ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းနေပါပြီ။

တဖက်မှာလည်း ဆာကာဟာ အာတီတာလက်ထက်မှာ ခြေစွမ်းအတည်ငြိမ်ဆုံးကစားသမားဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ အဆုံးအဖြတ်အခိုက်အတန့်တွေမှာ မကြာခနပါဝင်ပတ်သက်ခဲ့သူပါ။ ပက်ပေကတော့ မကြာသေခင်ကမှ ခြေစွမ်းပြန်တည်ငြိမ်လာတာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့် ပြန်ရလာတာ မကြာသေးပါဘူး။ ဒါပေမယ့်လည်း နှစ်ဦးလုံးဟာ ဘယ်သန်ကစားသမားတွေဖြစ်ကြသလို ညာတောင်ပံတိုက်စစ်မှာ ပိုမိုအားသန်တာခြင်းလည်း တူညီနေတာမို့ ရေရှည်မှာ နေရာလုဘက်တွေဖြစ်လာနိုင်ခြေရှိနေသူတွေပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ကီယွန်က ခုလိုပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော့် အမြင်အရဆိုရင် အသင်းမှာရှိတဲ့ကစားမားတိုင်းဟာ သူ့လမ်းကြောင်းနဲ့သူ တိုးတက်နေသင့်တယ်လို့ ယူဆပါတယ်။ အထူးသဖြင့် လူငယ်ကြယ်ပွင့်တွေပေါ့။ ခုချိန်မှာဆိုရင် ပက်ပေက ဆာကာရဲ့ တက်လမ်းကိုပိတ်ဆို့လာနေတာမို့ ကျွန်တော် စိတ်ဆိုးမိပါတယ်။ သူက အသင်းကို ထမ်းပိုးတည်ဆောက်ပေးနေတဲ့ လူငယ်ကြယ်ပွင့်တစ်ယောက်ပါ။ အကယ်ဒမီထွက်ကစားသမားပါ။ တကယ်စိတ်ဆိုးစရာ ကောင်းပါတယ်။ အိုဒီဂတ်နဲ့ စမစ်-ရိုးတို့ဆိုရင်လည်း ဒီအတိုင်းပါပဲ”လို့ သူက ဆိုသွားခဲ့တာပါ။

ဒါ့အပြင် “အိုဒီဂတ်ဆိုရင် ခုဆို ပေါင် သန်း ၂၀ တောင်မဟုတ်တော့ပါဘူး။ သန်း ၅၀ တောင် အတောင်းဆိုခံနေရပါပြီ။ ဒီလို အပြီးသတ်ခေါ်ယူဖြစ်ဖို့ အခွင့်အလမ်းနည်းပါးတဲ့ ကစားသမားမျိုးကြောင့် အသင်းက လူငယ်တစ်ယောက် တက်လမ်းပိတ်ခံနေရတာကို ကျွန်တော် နားမလည်နိုင်ပါဘူး။ တကယ်ဆို ဒီလိုလူငယ်တွေကို အတွေ့အကြုံရင့်ပြီး ခြေစွမ်းထက်မြက်တဲ့ ကွာလတီကစားသမားတွေနဲ့ ပေါင်းစပ်ကစားရမှာပါ။ ခုက နေရာတူမှာ လူထပ်ပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိဖြစ်နေတာပါ” လို့ ကီယွန်က ထောက်ပြသွားခဲ့ပါတယ်။

Source: Daily Star, BT Sport

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ေဟာင္း မာတင္ ကီယြန္က နီကိုလပ္စ္ ပပ္ေပနဲ႔ မာတင္ အိုဒီဂတ္တို႔ေၾကာင့္ အကယ္ဒမီထြက္ လူငယ္ၾကယ္ပြင့္ေတြျဖစ္ၾကတဲ့ ဘူကာယို ဆာကာနဲ႔ အီမီလီ စမစ္-ရိုးတို႔ ထိခုိက္လာမွာကို စိုးရိမ္မိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

လက္တေလာမွာ ေျခစြမ္းတည္ျငိမ္ေနတဲ့ အိုဒီဂတ္နဲ႔ ပက္ေပတို႔ဟာ နည္းျပျဖစ္သူ အာတီတာရဲ႕ စိတ္ၾကိဳက္ကစားသမားေတြျဖစ္ၾကျပီး ဆာကာနဲ႔ စမစ္-ရိုးတို႔ကေတာ့ အာဆင္နယ္အသင္း က်ဥ္းထဲက်ပ္ထဲေရာက္ေနခ်ိန္မွာ ရံုးကန္ျပီး ရလဒ္ေတြကို ဆြဲတင္ေပးခဲ့ၾကတဲ့ လူငယ္ၾကယ္ပြင့္ေတြပါ။

ေနာ္ေဝၾကယ္ပြင့္ အိုဒီဂတ္ကို ရီးရဲလ္ကေန အငွားေခၚယူခ်ိန္ကတည္းက စမစ္-ရိုးနဲ႔ ကစားေပါက္ေရာ ကစားဟန္ပါတူေနတာေၾကာင့္ အဂၤလိပ္ၾကယ္ပြင့္ရဲ႕ တိုးတက္မႈကို ထိခိုက္ေစႏုိင္တယ္ဆိုျပီး ဂႏၱဝင္ေတြက ကန္႔ကြက္ခဲ့ၾကဖူးပါတယ္။ ခုခ်ိန္မွာဆိုရင္လည္း နည္းျပအာတီတာက အိုဒီဂတ္ကို အျပီးသတ္ေခၚယူဖို႔႔ ၾကိဳးပမ္းေနပါျပီ။

တဖက္မွာလည္း ဆာကာဟာ အာတီတာလက္ထက္မွာ ေျခစြမ္းအတည္ျငိမ္ဆံုးကစားသမားျဖစ္ျပီး အသင္းအတြက္ အေရးပါတဲ့ အဆံုးအျဖတ္အခုိက္အတန္႔ေတြမွာ မၾကာခနပါဝင္ပတ္သက္ခဲ့သူပါ။ ပက္ေပကေတာ့ မၾကာေသခင္ကမွ ေျခစြမ္းျပန္တည္ျငိမ္လာတာျဖစ္ျပီး ပံုမွန္ပြဲထြက္ခြင့္ ျပန္ရလာတာ မၾကာေသးပါဘူး။ ဒါေပမယ့္လည္း ႏွစ္ဦးလံုးဟာ ဘယ္သန္ကစားသမားေတြျဖစ္ၾကသလို ညာေတာင္ပံတုိက္စစ္မွာ ပိုမိုအားသန္တာျခင္းလည္း တူညီေနတာမို႔ ေရရွည္မွာ ေနရာလုဘက္ေတြျဖစ္လာႏုိင္ေျခရွိေနသူေတြပါ။

ဒီကိစၥနဲ႔ပတ္သက္လို႔ ကီယြန္က ခုလိုေျပာဆိုသြားခဲ့ပါတယ္။ “ကၽြန္ေတာ့္ အျမင္အရဆိုရင္ အသင္းမွာရွိတဲ့ကစားမားတုိင္းဟာ သူ႔လမ္းေၾကာင္းနဲ႔သူ တိုးတက္ေနသင့္တယ္လုိ႔ ယူဆပါတယ္။ အထူးသျဖင့္ လူငယ္ၾကယ္ပြင့္ေတြေပါ့။ ခုခ်ိန္မွာဆိုရင္ ပက္ေပက ဆာကာရဲ႕ တက္လမ္းကိုပိတ္ဆို႔လာေနတာမို႔ ကၽြန္ေတာ္ စိတ္ဆိုးမိပါတယ္။ သူက အသင္းကို ထမ္းပိုးတည္ေဆာက္ေပးေနတဲ့ လူငယ္ၾကယ္ပြင့္တစ္ေယာက္ပါ။ အကယ္ဒမီထြက္ကစားသမားပါ။ တကယ္စိတ္ဆုိးစရာ ေကာင္းပါတယ္။ အိုဒီဂတ္နဲ႔ စမစ္-ရိုးတို႔ဆိုရင္လည္း ဒီအတုိင္းပါပဲ”လို႔ သူက ဆိုသြားခဲ့တာပါ။

ဒါ့အျပင္ “အိုဒီဂတ္ဆိုရင္ ခုဆို ေပါင္ သန္း ၂၀ ေတာင္မဟုတ္ေတာ့ပါဘူး။ သန္း ၅၀ ေတာင္ အေတာင္းဆိုခံေနရပါျပီ။ ဒီလို အျပီးသတ္ေခၚယူျဖစ္ဖို႔ အခြင့္အလမ္းနည္းပါးတဲ့ ကစားသမားမ်ိဳးေၾကာင့္ အသင္းက လူငယ္တစ္ေယာက္ တက္လမ္းပိတ္ခံေနရတာကို ကၽြန္ေတာ္ နားမလည္ႏိုင္ပါဘူး။ တကယ္ဆို ဒီလိုလူငယ္ေတြကို အေတြ႕အၾကံဳရင့္ျပီး ေျခစြမ္းထက္ျမက္တဲ့ ကြာလတီကစားသမားေတြနဲ႔ ေပါင္းစပ္ကစားရမွာပါ။ ခုက ေနရာတူမွာ လူထပ္ျပီး ဘယ္သူ႔အတြက္မွ အက်ိဳးမရွိျဖစ္ေနတာပါ” လို႔ ကီယြန္က ေထာက္ျပသြားခဲ့ပါတယ္။

Source: Daily Star, BT Sport

Leave a Reply