အိုဒီဂတ်နဲ့ အာဆင်နယ် ဇာတ်လမ်းမှာ ဗီလိန်ဖြစ်လာတဲ့ ရီးရဲလ်

[UNICODE]

စပိန်မီဒီယာ Marca ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းထံ မာတင် အိုဒီဂတ်ကို အပြီးအပြတ်မရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတိုင်းကို တားဆီးဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လတ်တလောမှာ နော်ဝေကြယ်ပွင့်ကို အာဆင်နယ်အသင်းထံမှာ ရာသီဝက်စာချုပ်နဲ့ အငှားချထားပြီး ၂၂ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကြယ်ပွင့်ဟာ အကောင်းမွန်ဆုံးခြေစွမ်းတွေကို ထုတ်ဖော်ပြသနိုင်နေပါတယ်။

အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ အသက် ၁၆ နှစ်အရွယ်ကတည်းက ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မက်ဒရစ်ကစားသမားဘဝ အချိန်တော်တော်များများကို အငှားထွက်ကစားခြင်းဖြင့် အချိန်ဖြုန်းခဲ့ရသလို အသင်းကို ပြန်လည်ရောက်ရှိလာချိန်မှာလည်း ပွဲကစားခွင့်လုံလောက်စွာမရခဲ့တာကြောင့် ယခုရာသီဝက်မှာ အာဆင်နယ်ထံ ပြောင်းရွှေ့လာခဲ့သူပါ။

မာတင် အိုဒီဂတ်ဟာ အာဆင်နယ်ကို ရောက်ရှိလာပြီးတဲ့နောက်မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနိုင်ခဲ့ပြီး ပွဲထွက်ကစားသမားအဖြစ်လည်း ၁၂ ပွဲအထိပါဝင်ကစားခွင့်ရရှိထားသလို သွင်းဂိုး ၂ ဂိုးသွင်းယူကာ Pre-assist ၆ ကြိမ်အထိလည်းပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ရော နည်းပြအာတီတာနဲ့ပါ ဆက်ဆံရေးအဆင်ပြေနေသလို အသင်းဖော်တွေနဲ့ ပရိတ်သတ်တွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုတွေကြောင့်လည်း အိုဒီဂတ်ဟာ အာဆင်နယ်အသင်းဟာ သူ့ရဲ့ အိမ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး အာဆင်နယ်ကို အပြီးသတ်ပြောင်းရွှေ့လိုကြောင်းလည်း မကြာခန အရိပ်အမြွက်ပြောဆိုနေခဲ့သလို နည်းပြအာတီတာကလည်း သူ့ကို ခေါ်ယူလိုကြောင်း အတိတလင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ အငှားချထားစဉ်တုန်းက အိုဒီဂတ်ကို အပြီးအပြတ်ရောင်းထုတ်ဖို့ စဉ်းစားခဲ့ပေမယ့် ခုလိုခြေစွမ်းပြသနေချိန်မှာတော့ ရောင်းထုတ်ဖို့ အစီအစဉ်ကိုပယ်ဖျက်လိုက်ပြီး ရာသီကုန်ချိန်မှာ အသင်းထံ ပြန်လည်ခေါ်ယူဖို့ အပြင်းအထန်စိုင်းပြင်းလာတာဖြစ်ပါတယ်။

စပိန်သတင်းတွေကတော့ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ သက်တမ်းရှည်စာချုပ်ကျန်ရှိနေသေးပြီး ယူရို သန်း ၃၀၀ တန် စာချုပ်ဖျက်သိမ်းခလည်း ရှိနေတာမို့ အာဆင်နယ်အသင်းအနေနဲ့ အိုဒီဂတ်ကို ခေါ်ယူရာမှာ အတော်လေး ခက်ခဲလာနိုင်တယ်လို့ ဆိုနေကြပါတယ်။

Source: Marca, Daily Mail

[ZAWGYI]

စပိန္မီဒီယာ Marca ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ အာဆင္နယ္အသင္းထံ မာတင္ အိုဒီဂတ္ကို အျပီးအျပတ္မေရာင္းခ်ဖို႔ ဆံုးျဖတ္ထားျပီး ျဖစ္ေပၚလာႏုိင္တဲ့အေျခအေနတုိင္းကို တားဆီးဖို႔ ၾကိဳးပမ္းသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ လတ္တေလာမွာ ေနာ္ေဝၾကယ္ပြင့္ကို အာဆင္နယ္အသင္းထံမွာ ရာသီဝက္စာခ်ဳပ္နဲ႔ အငွားခ်ထားျပီး ၂၂ ႏွစ္အရြယ္ ကြင္းလယ္တုိက္စစ္ၾကယ္ပြင့္ဟာ အေကာင္းမြန္ဆံုးေျခစြမ္းေတြကို ထုတ္ေဖာ္ျပသႏုိင္ေနပါတယ္။

အိုဒီဂတ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းထံ အသက္ ၁၆ ႏွစ္အရြယ္ကတည္းက ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး မက္ဒရစ္ကစားသမားဘဝ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အငွားထြက္ကစားျခင္းျဖင့္ အခ်ိန္ျဖဳန္းခဲ့ရသလို အသင္းကို ျပန္လည္ေရာက္ရွိလာခ်ိန္မွာလည္း ပြဲကစားခြင့္လံုေလာက္စြာမရခဲ့တာေၾကာင့္ ယခုရာသီဝက္မွာ အာဆင္နယ္ထံ ေျပာင္းေရႊ႕လာခဲ့သူပါ။

မာတင္ အိုဒီဂတ္ဟာ အာဆင္နယ္ကို ေရာက္ရွိလာျပီးတဲ့ေနာက္မွာ ေျခစြမ္းေကာင္းေတြ ဆက္တုိက္ျပသႏုိင္ခဲ့ျပီး ပြဲထြက္ကစားသမားအျဖစ္လည္း ၁၂ ပြဲအထိပါဝင္ကစားခြင့္ရရွိထားသလို သြင္းဂိုး ၂ ဂိုးသြင္းယူကာ Pre-assist ၆ ၾကိမ္အထိလည္းျပဳလုပ္ေပးႏုိင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းနဲ႔ေရာ နည္းျပအာတီတာနဲ႔ပါ ဆက္ဆံေရးအဆင္ေျပေနသလို အသင္းေဖာ္ေတြနဲ႔ ပရိတ္သတ္ေတြရဲ႕ ေႏြးေထြးတဲ့ၾကိဳဆိုမႈေတြေၾကာင့္လည္း အိုဒီဂတ္ဟာ အာဆင္နယ္အသင္းဟာ သူ႔ရဲ႕ အိမ္ျဖစ္တယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျပီး အာဆင္နယ္ကို အျပီးသတ္ေျပာင္းေရႊ႕လိုေၾကာင္းလည္း မၾကာခန အရိပ္အျမြက္ေျပာဆိုေနခဲ့သလုိ နည္းျပအာတီတာကလည္း သူ႔ကို ေခၚယူလိုေၾကာင္း အတိတလင္း ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ အငွားခ်ထားစဥ္တုန္းက အိုဒီဂတ္ကို အျပီးအျပတ္ေရာင္းထုတ္ဖို႔ စဥ္းစားခဲ့ေပမယ့္ ခုလိုေျခစြမ္းျပသေနခ်ိန္မွာေတာ့ ေရာင္းထုတ္ဖို႔ အစီအစဥ္ကိုပယ္ဖ်က္လိုက္ျပီး ရာသီကုန္ခ်ိန္မွာ အသင္းထံ ျပန္လည္ေခၚယူဖို႔ အျပင္းအထန္စိုင္းျပင္းလာတာျဖစ္ပါတယ္။

စပိန္သတင္းေတြကေတာ့ အိုဒီဂတ္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ သက္တမ္းရွည္စာခ်ဳပ္က်န္ရွိေနေသးျပီး ယူရို သန္း ၃၀၀ တန္ စာခ်ဳပ္ဖ်က္သိမ္းခလည္း ရွိေနတာမို႔ အာဆင္နယ္အသင္းအေနနဲ႔ အိုဒီဂတ္ကို ေခၚယူရာမွာ အေတာ္ေလး ခက္ခဲလာႏုိင္တယ္လုိ႔ ဆိုေနၾကပါတယ္။

Source: Marca, Daily Mail

Leave a Reply