အိုဒီဂတ် အမ်းမရိတ်မှာ ရေရှည်အခြေချဖို့ လမ်းစဖွင့်ပေးလိုက်ပြီဖြစ်တဲ့ ရီးရဲလ်

[UNICODE]

၆ လ အငှားစာချုပ်နဲ့ အငှားခေါ်ယူထားတဲ့ မာတင် အိုဒီဂတ်ကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းလာနေတဲ့ အာဆင်နယ်အသင်းအတွက် ခိုင်မာအားကောင်းတဲ့ မျှော်လင့်ချက်ကောင်းတစ်ခု ရရှိလာခဲ့ပြီဖြစ်ပါတယ်။

အဲဒီမျှော်လင့်ချက်ကတော့ အသက် ၂၃ နှစ်အရွယ် နော်ဝေလက်ရွေးစင်ကွင်းလယ်လူရဲ့ အရောင်းအဝယ်ကိစ္စကို တရားဝင်ဆွေးနွေးဖို့ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေအကြားမှာ သဘောတူညီချက် ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။

အစောပိုင်းတုန်းက ရီးရဲလ်တာဝန်ရှိသူတွေဟာ မာတင် အိုဒီဂတ်ကို အာဆင်နယ်အသင်းထံ အပြီးအပြတ်ရောင်းချဖို့ စိတ်ဝင်စားမှုမရှိခဲ့ပေမယ့် နည်းပြဖြစ်သူ ဇီနဒင်း ဇီဒန်းက အိုဒီဂတ်ကို အသုံးချဖို့ စိတ်ပါဝင်စားမှုမရှိဖြစ်နေတာကြောင့် ခုလို ဆုံးဖြတ်ခဲ့တာလို့ သတင်းတွေကဆိုနေကြပါတယ်။

ဒါကြောင့် နှစ်ဘက်အသင်းတွေဟာ နော်ဝေသားရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပြောင်းရွှေ့ကြေးပမဏတွေကို လာမယ့် ရာသီကုန်မှာ စတင်ဆွေးနွေးကြတော့မှာဖြစ်ပြီး ခုချိန်မှာ ဆွေးနွေးမှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေကြပြီဖြစ်ပါတယ်။

ယခုလို အခွင့်အရေးကောင်းရလာပြီးတဲ့နောက်မှာ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်လက်ရှိရာသီကုန်မှာ မာတင် အိုဒီဂတ်ကို အပြီးသတ်ခေါ်ယူရေးကိစ္စကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ အထူးတလည် အာရုံစိုက်ထားတယ်လို့ Goal က ဖော်ပြသွားခဲ့ပါတယ်။

ဂန်းနားတွေဟာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ယူရို သန်း ၃၀၀ တန် စာချုပ်ဖျက်သိမ်းခ သတ်မှတ်ခံထားရတဲ့ အိုဒီဂတ်ကို စာချုပ်ဖျက်သိမ်းခ ပေးချေခေါ်ယူနိုင်စွမ်းမရှိပေမယ့် အပြီးသတ်ခေါ်ယူခွင့်သဘောတူညီချက်ပါဝင်တဲ့ ၁ ရာသီ အငှားသက်တမ်းတိုးမြှင့်တာမျိုး ဒါမှမဟုတ် သင့်လျော်တဲ့ တန်ကြေးတစ်ခုခု သတ်မှတ်ပြီး အပြီးသတ်ခေါ်ယူတာမျိုး ပြုလုပ်သွားဖို့ရှိနေပါတယ်။

Source: Goal, Express

[ZAWGYI]

၆ လ အငွားစာခ်ဳပ္နဲ႔ အငွားေခၚယူထားတဲ့ မာတင္ အိုဒီဂတ္ကို ရာသီကုန္မွာ အျပီးသတ္ေခၚယူဖို႔ အျပင္းအထန္ၾကိဳးပမ္းလာေနတဲ့ အာဆင္နယ္အသင္းအတြက္ ခိုင္မာအားေကာင္းတဲ့ ေမွ်ာ္လင့္ခ်က္ေကာင္းတစ္ခု ရရွိလာခဲ့ျပီျဖစ္ပါတယ္။

အဲဒီေမွ်ာ္လင့္ခ်က္ကေတာ့ အသက္ ၂၃ ႏွစ္အရြယ္ ေနာ္ေဝလက္ေရြးစင္ကြင္းလယ္လူရဲ႕ အေရာင္းအဝယ္ကိစၥကို တရားဝင္ေဆြးေႏြးဖို႔ အာဆင္နယ္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြအၾကားမွာ သေဘာတူညီခ်က္ ရရွိသြားခဲ့တာပဲျဖစ္ပါတယ္။

အေစာပိုင္းတုန္းက ရီးရဲလ္တာဝန္ရွိသူေတြဟာ မာတင္ အိုဒီဂတ္ကို အာဆင္နယ္အသင္းထံ အျပီးအျပတ္ေရာင္းခ်ဖို႔ စိတ္ဝင္စားမႈမရွိခဲ့ေပမယ့္ နည္းျပျဖစ္သူ ဇီနဒင္း ဇီဒန္းက အိုဒီဂတ္ကို အသံုးခ်ဖို႔ စိတ္ပါဝင္စားမႈမရွိျဖစ္ေနတာေၾကာင့္ ခုလို ဆံုးျဖတ္ခဲ့တာလို႔ သတင္းေတြကဆိုေနၾကပါတယ္။

ဒါေၾကာင့္ ႏွစ္ဘက္အသင္းေတြဟာ ေနာ္ေဝသားရဲ႕ အေျပာင္းအေရႊ႕ကိစၥနဲ႔ ေျပာင္းေရႊ႕ေၾကးပမဏေတြကို လာမယ့္ ရာသီကုန္မွာ စတင္ေဆြးေႏြးၾကေတာ့မွာျဖစ္ျပီး ခုခ်ိန္မွာ ေဆြးေႏြးမႈအတြက္ ၾကိဳတင္ျပင္ဆင္မႈေတြ စတင္ျပဳလုပ္ေနၾကျပီျဖစ္ပါတယ္။

ယခုလို အခြင့္အေရးေကာင္းရလာျပီးတဲ့ေနာက္မွာ အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္လက္ရွိရာသီကုန္မွာ မာတင္ အိုဒီဂတ္ကို အျပီးသတ္ေခၚယူေရးကိစၥကို ေအာင္ေအာင္ျမင္ျမင္ အေကာင္အထည္ေဖာ္ႏုိင္ဖို႔ အထူးတလည္ အာရံုစိုက္ထားတယ္လုိ႔ Goal က ေဖာ္ျပသြားခဲ့ပါတယ္။

ဂန္းနားေတြဟာ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးျပီး ယူရို သန္း ၃၀၀ တန္ စာခ်ဳပ္ဖ်က္သိမ္းခ သတ္မွတ္ခံထားရတဲ့ အိုဒီဂတ္ကို စာခ်ဳပ္ဖ်က္သိမ္းခ ေပးေခ်ေခၚယူႏုိင္စြမ္းမရွိေပမယ့္ အျပီးသတ္ေခၚယူခြင့္သေဘာတူညီခ်က္ပါဝင္တဲ့ ၁ ရာသီ အငွားသက္တမ္းတိုးျမွင့္တာမ်ိဳး ဒါမွမဟုတ္ သင့္ေလ်ာ္တဲ့ တန္ေၾကးတစ္ခုခု သတ္မွတ္ျပီး အျပီးသတ္ေခၚယူတာမ်ိဳး ျပဳလုပ္သြားဖို႔ရွိေနပါတယ္။

Source: Goal, Express

Leave a Reply