
[UNICODE]
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မာတင် အိုဒီဂတ်ဟာ လာမယ့်နာရီပိုင်းအတွင်းမှာ အာဆင်နယ်ကစားသမားဖြစ်လာဖို့ ရှိနေတယ်လို့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
The Athletic သတင်းဌာနရဲ့ ထိပ်တန်းသတင်းထောက် ဒေးဗစ် အွန်းစတိန်းကလည်း အိုဒီဂတ်ဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာဖို့ နီးစပ်နေပြီဖြစ်ပြီး စာရွက်စာတမ်းကိစ္စတွေ ၉၀% ပြီးစီးနေပြီလို့ ဆိုသွားခဲ့ပါတယ်။

အွန်းစတိန်းကတော့ အပြောင်းအရွှေ့ဟာ သေချာသေလာက်ရှိနေပြီဖြစ်ပေမယ့် အရေးပါတဲ့ အပိုင်းတွေကိုတော့ အပြီးသတ်နိုင်ဖို့ လိုအပ်နေဆဲလို့ ရေးသားဖော်ပြသွားပါတယ်။ ဒါ့အပြင် ကာယကံရှင်ဟာလည်း လန်ဒန်ကို လာရောက်ခြင်းမရှိသေးဘူးလို့ သူကဆိုခဲ့ပါသေးတယ်။
မက်ဒရစ်မြို့အခြေစိုက် စပိန်ထိပ်တန်းသတင်းစာတစ်ခုဖြစ်တဲ့ Marca ကတော့ အာဆင်နယ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား ညှိနှိုင်းမှုတွေ အဆင်ပြေအောင်မြင်သွားပြီလို့ ဖော်ပြခဲ့ပြီး အပြောင်းအရွှေ့ကို လာမယ့် နာရီပိုင်းအတွင်းကြေညာလိမ့်မယ်လို့ အခိုင်အမာဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးဟာ ၂၂ နှစ်သား နော်ဝေကြယ်ပွင့်ကို ၁၈ လ အငှား၊ ၂၀၂၂ မှာ အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့ သိထားရပါတာပါ။ တချို့သတင်းတွေမှာတော့ ၆ လအငှားလို့လည်း ဖော်ပြနေကြပါတယ်။
ကွင်းလယ်တိုက်စစ်၊ ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်ညာတောင်ပံတွေမှာ ကစားနိုင်တဲ့ နော်ဝလက်ရွေးစင်ကစားသမား မာတင် အိုဒီဂတ်ဟာ ၂၀၁၅ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းထံ စတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စပိန်ကလပ်ရဲ့ ကစားသမားဘဝ အချိန်တော်တော်များများကို ဟီရန်ဗင်း၊ ဗီတက်ဆီ၊ ရီးရဲလ်ဆိုစီဒက်စတဲ့အသင်းတွေမှာ အငှားသွားရောက်ကစားခဲ့သူဖြစ်ပါတယ်။
Source: The Athletic, Marca
[ZAWGYI]
ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မာတင္ အိုဒီဂတ္ဟာ လာမယ့္နာရီပိုင္းအတြင္းမွာ အာဆင္နယ္ကစားသမားျဖစ္လာဖို႔ ရွိေနတယ္လုိ႔ မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။
The Athletic သတင္းဌာနရဲ႕ ထိပ္တန္းသတင္းေထာက္ ေဒးဗစ္ အြန္းစတိန္းကလည္း အုိဒီဂတ္ဟာ အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕လာဖို႔ နီးစပ္ေနျပီျဖစ္ျပီး စာရြက္စာတမ္းကိစၥေတြ ၉၀% ျပီးစီးေနျပီလုိ႔ ဆိုသြားခဲ့ပါတယ္။

အြန္းစတိန္းကေတာ့ အေျပာင္းအေရႊ႕ဟာ ေသခ်ာေသလာက္ရွိေနျပီျဖစ္ေပမယ့္ အေရးပါတဲ့ အပိုင္းေတြကိုေတာ့ အျပီးသတ္ႏုိင္ဖို႔ လိုအပ္ေနဆဲလို႔ ေရးသားေဖာ္ျပသြားပါတယ္။ ဒါ့အျပင္ ကာယကံရွင္ဟာလည္း လန္ဒန္ကို လာေရာက္ျခင္းမရွိေသးဘူးလို႔ သူကဆိုခဲ့ပါေသးတယ္။
မက္ဒရစ္ျမိဳ႕အေျခစိုက္ စပိန္ထိပ္တန္းသတင္းစာတစ္ခုျဖစ္တဲ့ Marca ကေတာ့ အာဆင္နယ္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္တို႔အၾကား ညွိႏိႈင္းမႈေတြ အဆင္ေျပေအာင္ျမင္သြားျပီလို႔ ေဖာ္ျပခဲ့ျပီး အေျပာင္းအေရႊ႕ကို လာမယ့္ နာရီပိုင္းအတြင္းေၾကညာလိမ့္မယ္လုိ႔ အခိုင္အမာေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးဟာ ၂၂ ႏွစ္သား ေနာ္ေဝၾကယ္ပြင့္ကို ၁၈ လ အငွား၊ ၂၀၂၂ မွာ အၿပီးသတ္ေခၚယူခြင့္နဲ႔ ေခၚယူဖို႔ ညႇိႏႈိင္းေနတယ္လို႔ သိထားရပါတာပါ။ တခ်ိဳ႕သတင္းေတြမွာေတာ့ ၆ လအငွားလို႔လည္း ေဖာ္ျပေနၾကပါတယ္။
ကြင္းလယ္တိုက္စစ္၊ ကြင္းလယ္ဗဟိုနဲ႔ ကြင္းလယ္ညာေတာင္ပံေတြမွာ ကစားႏိုင္တဲ့ ေနာ္ဝလက္ေ႐ြးစင္ကစားသမား မာတင္ အိုဒီဂတ္ဟာ ၂၀၁၅ ခုႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္အသင္းထံ စတင္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး စပိန္ကလပ္ရဲ႕ ကစားသမားဘဝ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ဟီရန္ဗင္း၊ ဗီတက္ဆီ၊ ရီးရဲလ္ဆိုစီဒက္စတဲ့အသင္းေတြမွာ အငွားသြားေရာက္ကစားခဲ့သူျဖစ္ပါတယ္။
Source: The Athletic, Marca